Kantharyar Centre
×

iPhone ဟာ သူ႔ရဲ႕အံ့မခန္းဖြယ္ အသြင္အျပင္၊ ဒီဇုိင္းပုံစံေတြေၾကာင့္ လူေတြကို ရူးသြပ္သြားေစကာ ကမာၻမွာ လူၾကိဳက္အမ်ားဆုံး ဖုန္းျဖစ္ခဲ့ပါတယ္။ လူသန္းခ်ီ iPhone ကိုင္ၾကေပမယ့္ ဒီကိရိယာမွာ လ်ဳိ႕ဝွက္ထားတဲ့ အံ့အားသင့္ဖြယ္ feature အခ်ဳိ႕ကို သတိမထားမိၾကပါဘူး။ အဲဒါက iPhone သုံးစြဲသူအမ်ားစု မသိၾကတဲ့ လ်ဳိ႕ဝွက္ကုဒ္နံပါတ္ the secret codes ေတြပဲ ျဖစ္ပါတယ္။ ဒီ feature ေတြဟာ လုိင္းအား (signal strength) အတိအက် စစ္ေဆးတာကအစ ဖုန္းေခၚဆုိမႈ တဆင့္လႊဲေျပာင္းေပးျခင္း (call forwarding) အထိ အလြန္အသုံးတည့္မယ့္အခ်က္ေတြ ျဖစ္ပါတယ္။

ဒီလ်ဳိ႕ဝွက္ကုဒ္နံပါတ္ေတြဟာ (*) နဲ႔ (#) သေကၤတေတြနဲ႔ ေပါင္းစပ္အသုံးျပဳထားပါတယ္။

၁။ ဖုန္းေခၚဆုိသူရဲ႕ အုိင္ဒီကို ဘေလာ့ခ္လုပ္ထားျခင္း (Block Caller ID)

ဒီကုဒ္နံပါတ္ေလး အသုံးျပဳျခင္းျဖင့္ မိမိဖုန္းနံပါတ္ကို ေဖ်ာက္ထားႏုိင္ပါတယ္။ ဘယ္သူေခၚေနသလဲဆိုတာ တစ္ဖက္လူ မသိရပါဘူး။ ဒီလုိလုပ္ဖုိ႔အတြက္ *#31# နဲ႔ မိမိဖုန္းနံပါတ္ကို ႏွိပ္လိုက္ရုံပါပဲ။ ဖုန္းလက္ခံရရိွသူဆီ No Caller ID ဆိုျပီး သြားေပၚေနပါလိမ့္မယ္။

၂။ လုိင္းအား (Signal strength) စစ္ေဆးျခင္း

Signal ဘားတုံးေလးေတြဟာ လုိင္းေကာင္း မေကာင္းတုိင္းစစ္ဖုိ႔ အေျဖမွန္မရႏုိင္ပါဘူး။ *3001#12345#* ႏွိပ္ျပီး option list ေတြ တက္လာေစပါလိမ့္မယ္။ အေပၚဘယ္ဘက္ေထာင့္မွာ အတုံးေလးေတြ သုိ႔မဟုတ္ စက္ဝုိင္းေလးေတြအစား နံပါတ္ေတြ ေတြ႔ရပါလိမ့္မယ္။ နံပါတ္ -4 နဲ႔ -80 ၾကားဂဏန္းစဥ္က လုိင္းေကာင္းေၾကာင္း ညြန္းပါတယ္။ အဲဒီေအာက္ေလွ်ာ့ေနရင္ လုိင္းမေကာင္းဘူးဆုိတာ ျပပါတယ္။ -140 ထက္ေလွ်ာ့ေနရင္ လုိင္းမရိွတာပါ။

၃။ ဖုန္းရဲ႕ IMEI ကို ရွာေဖြစစ္ေဆးျခင္း

ဖုန္းတုိင္းမွာ phone settings အတြင္းပုိင္း ေဖာ္ျပေပးတဲ့ code identifier ဆိုတာ ရိွၾကပါတယ္။ *#06# ရုိက္ထည့္ျပီး ကိုယ္ပုိင္ကုဒ္ကို အလြယ္တကူ ၾကည့္ႏိုင္ပါတယ္။ 

၄။ ဖုန္းေခၚဆုိမႈ တားဆီးျခင္း

ဒါက ဖုန္းအဝင္အထြက္ႏွစ္ခုလုံး ဘေလာ့ခ္လုပ္ေပးပါတယ္။ ဝန္ေဆာင္ခေတာ့ေပးရပါလိမ့္မယ္။ တကယ္လုိ႔ လုပ္ထားျပီးသားျဖစ္ပါက *33*PIN# ႏွိပ္ျပီး သုံးႏုိင္တယ္။ သုိ႔မဟုတ္ #33*PIN# ရုိက္ထည့္ျပီးလည္း ျပန္ျဖဳတ္ႏုိင္ပါတယ္။

၅။ ဖုန္းေခၚဆုိမႈေခတၱဆိုင္းထားျခင္း

ဒါကလည္း အခေၾကးေပးရတဲ့ ဝန္ေဆာင္မႈတစ္ခု ျဖစ္ပါတယ္။ သူက ဖုန္းအဝင္ သို႔မဟုတ္ လတ္တေလာဖုန္းအဝင္ေတြ ထိန္းထားေပးပါတယ္။ ON သုိ႔မဟုတ္ OFF လုပ္ထားႏုိင္သလုိ ကုဒ္နံပါတ္ေလးတခ်ဳိ႕နဲ႔လည္း လုပ္ႏုိင္ပါတယ္။ Call waiting အေၾကာင္းသိဖုိ႔ရန္အတြက္ *#43# ကို ႏွိပ္ပါ။ ON လုပ္ထားဖို႔အတြက္ *43# နဲ႔ OFF အတြက္ #43# ကို ႏွိပ္ရပါမယ္။

၆။ ဖုန္းေခၚဆုိမႈ တဆင့္လႊဲေျပာင္းေပးျခင္း (Call Forwarding)

Forwarding call ေတြ အသက္ဝင္ (activate) ျဖစ္မျဖစ္နဲ႔ ဘယ္ကို လႊဲေျပာင္းခ်ိတ္ေပးရမယ္ဆိုတာ စစ္ေဆးဖုိ႔ *#21# ကို ဝင္ပါ။

၇။ EFR Mode

EFR ဆုိတာ Enhanced Full Rate ကို ကုိယ္စားျပဳျပီး GSM ဝန္ေဆာင္မႈေတြအတြက္ အသံအရည္အေသြး ပိုမိုတိုးတက္ေကာင္းမြန္ေစတာပါ။ ဒါကို ဖြင့္ထားဖုိ႔အတြက္ *3370# ကို ႏွိပ္ပါ။ ဒါေပမယ့္ ဘကၳရီေတာ့ အနည္းငယ္ စားပါမယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

iPhone ဟာ သူ့ရဲ့အံ့မခန်းဖွယ် အသွင်အပြင်၊ ဒီဇိုင်းပုံစံတွေကြောင့် လူတွေကို ရူးသွပ်သွားစေကာ ကမ္ဘာမှာ လူကြိုက်အများဆုံး ဖုန်းဖြစ်ခဲ့ပါတယ်။ လူသန်းချီ iPhone ကိုင်ကြပေမယ့် ဒီကိရိယာမှာ လျို့ဝှက်ထားတဲ့ အံ့အားသင့်ဖွယ် feature အချို့ကို သတိမထားမိကြပါဘူး။ အဲဒါက iPhone သုံးစွဲသူအများစု မသိကြတဲ့ လျို့ဝှက်ကုဒ်နံပါတ် the secret codes တွေပဲ ဖြစ်ပါတယ်။ ဒီ feature တွေဟာ လိုင်းအား (signal strength) အတိအကျ စစ်ဆေးတာကအစ ဖုန်းခေါ်ဆိုမှု တဆင့်လွှဲပြောင်းပေးခြင်း (call forwarding) အထိ အလွန်အသုံးတည့်မယ့်အချက်တွေ ဖြစ်ပါတယ်။

ဒီလျို့ဝှက်ကုဒ်နံပါတ်တွေဟာ (*) နဲ့ (#) သင်္ကေတတွေနဲ့ ပေါင်းစပ်အသုံးပြုထားပါတယ်။

၁။ ဖုန်းခေါ်ဆိုသူရဲ့ အိုင်ဒီကို ဘလော့ခ်လုပ်ထားခြင်း (Block Caller ID)

ဒီကုဒ်နံပါတ်လေး အသုံးပြုခြင်းဖြင့် မိမိဖုန်းနံပါတ်ကို ဖျောက်ထားနိုင်ပါတယ်။ ဘယ်သူခေါ်နေသလဲဆိုတာ တစ်ဖက်လူ မသိရပါဘူး။ ဒီလိုလုပ်ဖို့အတွက် *#31# နဲ့ မိမိဖုန်းနံပါတ်ကို နှိပ်လိုက်ရုံပါပဲ။ ဖုန်းလက်ခံရရှိသူဆီ No Caller ID ဆိုပြီး သွားပေါ်နေပါလိမ့်မယ်။

၂။ လိုင်းအား (Signal strength) စစ်ဆေးခြင်း

Signal ဘားတုံးလေးတွေဟာ လိုင်းကောင်း မကောင်းတိုင်းစစ်ဖို့ အဖြေမှန်မရနိုင်ပါဘူး။ *3001#12345#* နှိပ်ပြီး option list တွေ တက်လာစေပါလိမ့်မယ်။ အပေါ်ဘယ်ဘက်ထောင့်မှာ အတုံးလေးတွေ သို့မဟုတ် စက်ဝိုင်းလေးတွေအစား နံပါတ်တွေ တွေ့ရပါလိမ့်မယ်။ နံပါတ် -4 နဲ့ -80 ကြားဂဏန်းစဉ်က လိုင်းကောင်းကြောင်း ညွန်းပါတယ်။ အဲဒီအောက်လျှော့နေရင် လိုင်းမကောင်းဘူးဆိုတာ ပြပါတယ်။ -140 ထက်လျှော့နေရင် လိုင်းမရှိတာပါ။

၃။ ဖုန်းရဲ့ IMEI ကို ရှာဖွေစစ်ဆေးခြင်း

ဖုန်းတိုင်းမှာ phone settings အတွင်းပိုင်း ဖော်ပြပေးတဲ့ code identifier ဆိုတာ ရှိကြပါတယ်။ *#06# ရိုက်ထည့်ပြီး ကိုယ်ပိုင်ကုဒ်ကို အလွယ်တကူ ကြည့်နိုင်ပါတယ်။

၄။ ဖုန်းခေါ်ဆိုမှု တားဆီးခြင်း

ဒါက ဖုန်းအဝင်အထွက်နှစ်ခုလုံး ဘလော့ခ်လုပ်ပေးပါတယ်။ ဝန်ဆောင်ခတော့ပေးရပါလိမ့်မယ်။ တကယ်လို့ လုပ်ထားပြီးသားဖြစ်ပါက *33*PIN# နှိပ်ပြီး သုံးနိုင်တယ်။ သို့မဟုတ် #33*PIN# ရိုက်ထည့်ပြီးလည်း ပြန်ဖြုတ်နိုင်ပါတယ်။

၅။ ဖုန်းခေါ်ဆိုမှုခေတ္တဆိုင်းထားခြင်း

ဒါကလည်း အခကြေးပေးရတဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ သူက ဖုန်းအဝင် သို့မဟုတ် လတ်တလောဖုန်းအဝင်တွေ ထိန်းထားပေးပါတယ်။ ON သို့မဟုတ် OFF လုပ်ထားနိုင်သလို ကုဒ်နံပါတ်လေးတချို့နဲ့လည်း လုပ်နိုင်ပါတယ်။ Call waiting အကြောင်းသိဖို့ရန်အတွက် *#43# ကို နှိပ်ပါ။ ON လုပ်ထားဖို့အတွက် *43# နဲ့ OFF အတွက် #43# ကို နှိပ်ရပါမယ်။

၆။ ဖုန်းခေါ်ဆိုမှု တဆင့်လွှဲပြောင်းပေးခြင်း (Call Forwarding)

Forwarding call တွေ အသက်ဝင် (activate) ဖြစ်မဖြစ်နဲ့ ဘယ်ကို လွှဲပြောင်းချိတ်ပေးရမယ်ဆိုတာ စစ်ဆေးဖို့ *#21# ကို ဝင်ပါ။

၇။ EFR Mode

EFR ဆိုတာ Enhanced Full Rate ကို ကိုယ်စားပြုပြီး GSM ဝန်ဆောင်မှုတွေအတွက် အသံအရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်စေတာပါ။ ဒါကို ဖွင့်ထားဖို့အတွက် *3370# ကို နှိပ်ပါ။ ဒါပေမယ့် ဘက္ထရီတော့ အနည်းငယ် စားပါမယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top