Property Expo
×

ၾကည္လင္ျပတ္သားမႈ(Resolution) အရည္အေသြး နိမ့္တဲ့ ဆယ္လ္ဖီ ဓါတ္ပံုေတြဟာ ၂၀၁၃ ခုႏွစ္ေလာက္မွာ က်န္ခဲ့ပါၿပီ။ လက္ရွိအခ်ိန္မွာေတာ့ အရည္အေသြး အေကာင္းဆံုး ဆယ္လ္ဖီ ဓါတ္ပံုတစ္ပံု ရိုက္ႏိုင္ဖို႔အတြက္ ဘယ္လို Apps  ေတြ ၊ Tools ေတြကို သံုးရမယ္ဆိုတာ အားလံုး သိၾကပါတယ္။ ဘာပဲ ျဖစ္ျဖစ္ သင့္ဆီမွာ iPhone တစ္လံုးရွိတယ္ဆိုရင္ေတာ့ သင္သိထားသင့္တဲ့ လွ်ိဳ႕၀ွက္ခ်က္ ေလးတစ္ခုကို ေျပာျပခ်င္ပါတယ္။ အဲဒါကေတာ့ HDR ဆိုတဲ့ Setting တစ္မ်ိဳးပဲ ျဖစ္ပါတယ္။

High Dynamic Range ဆိုတဲ့ HDR mode ရဲ ႔ သေဘာတရားကေတာ့ သင့္အေနနဲ႔ HDR သံုးၿပီး ဓါတ္ပံုတစ္ပံု ရိုက္လိုက္တဲ့အခါမွာ သင့္ဖုန္းဟာ ဓါတ္ပံု ၃ ပံုတိတိ တစ္ၿပိဳင္နက္ ရိုက္ယူထားလိုက္ပါတယ္။ တစ္ပံုကေတာ့ Overexposed ျဖစ္ၿပီး အလင္းနဲ႔ ေတာက္ပမႈ ပိုမိုေနမွာပါ။ ေနာက္တစ္ပံုကေတာ့ Underexposed ျဖစ္ၿပီး အေမွာင္ ဘက္ကို ပိုမို ထုတ္လုပ္ေပးထားမွာပါ။ ေနာက္ဆံုး တစ္ပံုကေတာ့ အဲဒီ ႏွစ္ပံုရဲ ႔ ၾကား အေနအထားမ်ိဳးပါ။ အဲဒီေနာက္မွာေတာ့ ဓါတ္ပံု ၃ ပံုလံုးကို ေပါင္းစပ္ေပးၿပီး မလိုအပ္တဲ့ အစိတ္အပိုင္းေလးေတြကို ဖယ္ရွားေပးၿပီး အေရာင္ေတြကို တိုးျမွင့္ ေပးလိုက္တဲ့အတြက္ အေကာင္းဆံုး အေနအထား ျဖစ္သြားတဲ့ ဓါတ္ပံု  ၁ ပံုကို သင္ပိုင္ဆိုင္လိုက္ရမွာပါ။

သင့္ ဘက္က လုပ္ေဆာင္ဖို႔လိုအပ္တာကေတာ့ HDR mode ကို ဖြင့္လိုက္ဖို႔ပါပဲ။ သင့္ iPhone နဲ႔ ဓါတ္ပံု ရိုက္ေတာ့မယ္ဆိုရင္ ကင္မရာ အက္ပလီေကးရွင္း ရဲ ႔ ဘယ္ဘက္ အေပၚေထာင့္မွာ ရွိတဲ့ HDR ဆိုတဲ့ စာသားေလးကို ႏွိပ္လိုက္ရံုပါပဲ။ ဒါ့အျပင္ အလိုေလ်ာက္စနစ္ အျဖစ္လည္း Auto HDR ကို အသံုးျပဳႏိုင္ပါတယ္။ Auto HDR mode ကေတာ့ သင္ရိုက္ကူးလိုက္တဲ့ ဓါတ္ပံုမွာ အလင္း ၊ အေမွာင္ နဲ႔ အေရာင္ ေတြ လိုအပ္မႈ ရွိတယ္လို႔ ဖုန္းက ခံစားမိရင္ HDR mode ကို အလိုေလ်ာက္ ဖြင့္ေပးမွာ ျဖစ္ပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
ကြည်လင်ပြတ်သားမှု(Resolution) အရည်အသွေး နိမ့်တဲ့ ဆယ်လ်ဖီ ဓါတ်ပုံတွေဟာ ၂၀၁၃ ခုနှစ်လောက်မှာ ကျန်ခဲ့ပါပြီ။ လက်ရှိအချိန်မှာတော့ အရည်အသွေး အကောင်းဆုံး ဆယ်လ်ဖီ ဓါတ်ပုံတစ်ပုံ ရိုက်နိုင်ဖို့အတွက် ဘယ်လို Apps  တွေ ၊ Tools တွေကို သုံးရမယ်ဆိုတာ အားလုံး သိကြပါတယ်။ ဘာပဲ ဖြစ်ဖြစ် သင့်ဆီမှာ iPhone တစ်လုံးရှိတယ်ဆိုရင်တော့ သင်သိထားသင့်တဲ့ လျှို့ဝှက်ချက် လေးတစ်ခုကို ပြောပြချင်ပါတယ်။ အဲဒါကတော့ HDR ဆိုတဲ့ Setting တစ်မျိုးပဲ ဖြစ်ပါတယ်။

High Dynamic Range ဆိုတဲ့ HDR mode ရဲ့ သဘောတရားကတော့ သင့်အနေနဲ့ HDR သုံးပြီး ဓါတ်ပုံတစ်ပုံ ရိုက်လိုက်တဲ့အခါမှာ သင့်ဖုန်းဟာ ဓါတ်ပုံ ၃ ပုံတိတိ တစ်ပြိုင်နက် ရိုက်ယူထားလိုက်ပါတယ်။ တစ်ပုံကတော့ Overexposed ဖြစ်ပြီး အလင်းနဲ့ တောက်ပမှု ပိုမိုနေမှာပါ။ နောက်တစ်ပုံကတော့ Underexposed ဖြစ်ပြီး အမှောင် ဘက်ကို ပိုမို ထုတ်လုပ်ပေးထားမှာပါ။ နောက်ဆုံး တစ်ပုံကတော့ အဲဒီ နှစ်ပုံရဲ့ ကြား အနေအထားမျိုးပါ။ အဲဒီနောက်မှာတော့ ဓါတ်ပုံ ၃ ပုံလုံးကို ပေါင်းစပ်ပေးပြီး မလိုအပ်တဲ့ အစိတ်အပိုင်းလေးတွေကို ဖယ်ရှားပေးပြီး အရောင်တွေကို တိုးမြှင့် ပေးလိုက်တဲ့အတွက် အကောင်းဆုံး အနေအထား ဖြစ်သွားတဲ့ ဓါတ်ပုံ  ၁ ပုံကို သင်ပိုင်ဆိုင်လိုက်ရမှာပါ။

သင့် ဘက်က လုပ်ဆောင်ဖို့လိုအပ်တာကတော့ HDR mode ကို ဖွင့်လိုက်ဖို့ပါပဲ။ သင့် iPhone နဲ့ ဓါတ်ပုံ ရိုက်တော့မယ်ဆိုရင် ကင်မရာ အက်ပလီကေးရှင်း ရဲ့ ဘယ်ဘက် အပေါ်ထောင့်မှာ ရှိတဲ့ HDR ဆိုတဲ့ စာသားလေးကို နှိပ်လိုက်ရုံပါပဲ။ ဒါ့အပြင် အလိုလျောက်စနစ် အဖြစ်လည်း Auto HDR ကို အသုံးပြုနိုင်ပါတယ်။ Auto HDR mode ကတော့ သင်ရိုက်ကူးလိုက်တဲ့ ဓါတ်ပုံမှာ အလင်း ၊ အမှောင် နဲ့ အရောင် တွေ လိုအပ်မှု ရှိတယ်လို့ ဖုန်းက ခံစားမိရင် HDR mode ကို အလိုလျောက် ဖွင့်ပေးမှာ ဖြစ်ပါတယ်။



 ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top