Kantharyar Centre
×

ကၽြႏ္ုပ္တို႔ရဲ ႔ နားထဲကို ထုတ္လိုက္ သြင္းလိုက္ ျပဳလုပ္ေလ့ရွိတဲ့ ဘယ္ကိရိယာကို မဆို သန္႔ရွင္းေရး ျပဳလုပ္ဖို႔ လိုအပ္လာလိမ့္မယ္ဆိုတာဟာ ၿပီးျပည့္စံုတဲ့ အေတြးအေခၚတစ္ခုပါ။ ဒါေပမယ့္ အရိုးသားဆံုး ေရးသားေဖာ္ျပရမယ္ဆိုရင္ေတာ့ iPhone ေတြမွာ အသံုးျပဳတဲ့ နားၾကပ္ရဲ ႔ အသံထြက္ ပလပ္ေတြဟာ အရမ္းကို ဂရုတစိုက္ ထိန္းသိမ္းဖို႔ လိုအပ္ပါတယ္။

အဲဒီ နားၾကပ္ရဲ ႔ အသံထြက္ပလပ္ေတြကို ကၽြႏု္ပ္တို႔ ရဲ ႔ ကိုင္တြယ္ပံု မွားယြင္းတဲ့အေလ်ာက္ ပ်က္စီးလြယ္သလို ၊ ေရာဂါ ေတြလည္း ျဖစ္ပြားဖို႔ လြယ္ကူပါတယ္။ iPhone နားၾကပ္ေတြကို အသံုးျပဳမႈ မ်ားျပားလာတဲ့အခါ (သို႔) လြယ္အိတ္ထဲမွာ ပစ္စလတ္ခတ္ ထည့္ထားမိေလ့ရွိတဲ့အခါ နားၾကပ္ရဲ ႔ အသံထြက္ ပလပ္ ေတြအတြင္းမွာ အညစ္အေၾကးေတြနဲ႔ ဘက္တီးရီးယားေတြ မ်ားစြာကို စုေဆာင္းလိုက္သလို ျဖစ္သြားပါတယ္။ အဲဒီ အညစ္အေၾကးေတြနဲ႔ ဘက္တီးရီးယားေတြကို သန္႔ရွင္းသြားတဲ့အထိ ဖယ္ရွားႏိုင္ေစမယ့္ တစ္ခုတည္းေသာ နည္းလမ္းကေတာ့ သြားၾကားထိုးတံ ပါပဲ။

သြားၾကားထိုးတံ ကို အသံုးျပဳၿပီး နားၾကပ္ရဲ ႔ အသံထြက္ ပလပ္မွာရွိတဲ့ အေပါက္ငယ္ေလးေတြ အားလံုးကို ဂရုတစိုက္နဲ႔ ထိုးသြင္းၿပီး သန္႔ရွင္းေရး လုပ္ေပးပါ။ ၿပီးရင္ေတာ့ ပိုးသတ္ေဆးလိုမ်ိဳး ဘက္တီးရီးယား ေတြဖယ္ရွားေပးႏိုင္တဲ့ ေဆးရည္ အနည္းငယ္ စြတ္ထားတဲ့ အ၀တ္စ ကိုသံုးၿပီး နားၾကပ္ရဲ ႔ က်န္တဲ့ အစိတ္အပိုင္းေတြကို ညင္သာစြာ ပြတ္တိုက္ေဆးေၾကာေပးပါ။ ဂရုစိုက္ဖို႔ အေရးႀကီးတာက အဲဒီ သန္႔စင္တဲ့ေဆးရည္ေတြကို နားၾကပ္ရဲ ႔ အသံထြက္ ပလပ္မွာရွိတဲ့ အေပါက္ငယ္ေလးေတြထဲ မ၀င္ေစဖို႔ပါ။

ေနာက္ဆိုရင္ေတာ့ သင့္ iPhone နားၾကပ္ဟာ အသံထြက္ ပံုမွန္မဟုတ္ေတာ့သလို ခံစားသိရွိသြားတဲ့အခါမ်ိဳးနဲ႔ အသံုးျပဳတဲ့အႀကိမ္ေတြ မ်ားျပားလာၿပီဆိုတာကို သတိထားမိတဲ့အခါမ်ိဳးေတြမွာ အထက္ပါ နည္းလမ္းေတြသံုးၿပီး iPhone နားၾကပ္ေတြကို သန္႔စင္ေပးကာ ၾကာရွည္အသံုးျပဳႏိုင္ဖို႔ ထိန္းသိမ္းလိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

ကျွန်ုပ်တို့ရဲ့ နားထဲကို ထုတ်လိုက် သွင်းလိုက် ပြုလုပ်လေ့ရှိတဲ့ ဘယ်ကိရိယာကို မဆို သန့်ရှင်းရေး ပြုလုပ်ဖို့ လိုအပ်လာလိမ့်မယ်ဆိုတာဟာ ပြီးပြည့်စုံတဲ့ အတွေးအခေါ်တစ်ခုပါ။ ဒါပေမယ့် အရိုးသားဆုံး ရေးသားဖော်ပြရမယ်ဆိုရင်တော့ iPhone တွေမှာ အသုံးပြုတဲ့ နားကြပ်ရဲ့ အသံထွက် ပလပ်တွေဟာ အရမ်းကို ဂရုတစိုက် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

အဲဒီ နားကြပ်ရဲ့ အသံထွက်ပလပ်တွေကို ကျွနု်ပ်တို့ ရဲ့ ကိုင်တွယ်ပုံ မှားယွင်းတဲ့အလျောက် ပျက်စီးလွယ်သလို ၊ ရောဂါ တွေလည်း ဖြစ်ပွားဖို့ လွယ်ကူပါတယ်။ iPhone နားကြပ်တွေကို အသုံးပြုမှု များပြားလာတဲ့အခါ (သို့) လွယ်အိတ်ထဲမှာ ပစ်စလတ်ခတ် ထည့်ထားမိလေ့ရှိတဲ့အခါ နားကြပ်ရဲ့ အသံထွက် ပလပ် တွေအတွင်းမှာ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေ များစွာကို စုဆောင်းလိုက်သလို ဖြစ်သွားပါတယ်။ အဲဒီ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေကို သန့်ရှင်းသွားတဲ့အထိ ဖယ်ရှားနိုင်စေမယ့် တစ်ခုတည်းသော နည်းလမ်းကတော့ သွားကြားထိုးတံ ပါပဲ။

သွားကြားထိုးတံ ကို အသုံးပြုပြီး နားကြပ်ရဲ့ အသံထွက် ပလပ်မှာရှိတဲ့ အပေါက်ငယ်လေးတွေ အားလုံးကို ဂရုတစိုက်နဲ့ ထိုးသွင်းပြီး သန့်ရှင်းရေး လုပ်ပေးပါ။ ပြီးရင်တော့ ပိုးသတ်ဆေးလိုမျိုး ဘက်တီးရီးယား တွေဖယ်ရှားပေးနိုင်တဲ့ ဆေးရည် အနည်းငယ် စွတ်ထားတဲ့ အဝတ်စ ကိုသုံးပြီး နားကြပ်ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေကို ညင်သာစွာ ပွတ်တိုက်ဆေးကြောပေးပါ။ ဂရုစိုက်ဖို့ အရေးကြီးတာက အဲဒီ သန့်စင်တဲ့ဆေးရည်တွေကို နားကြပ်ရဲ့ အသံထွက် ပလပ်မှာရှိတဲ့ အပေါက်ငယ်လေးတွေထဲ မဝင်စေဖို့ပါ။

နောက်ဆိုရင်တော့ သင့် iPhone နားကြပ်ဟာ အသံထွက် ပုံမှန်မဟုတ်တော့သလို ခံစားသိရှိသွားတဲ့အခါမျိုးနဲ့ အသုံးပြုတဲ့အကြိမ်တွေ များပြားလာပြီဆိုတာကို သတိထားမိတဲ့အခါမျိုးတွေမှာ အထက်ပါ နည်းလမ်းတွေသုံးပြီး iPhone နားကြပ်တွေကို သန့်စင်ပေးကာ ကြာရှည်အသုံးပြုနိုင်ဖို့ ထိန်းသိမ်းလိုက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top