Property Expo
×

ေဆးလိပ္ေသာက္သည့္ HIV ဗိုင္းရပ္စ္ကူးစက္ခံထားရသူမ်ား သည္ ေရာဂါအေျခအေနေၾကာင့္ ေသဆံုးမႈထက္ ေဆးလိပ္ေသာက္ ျခင္းေၾကာင့္ အသက္ပုိတိုႏုိင္ေၾကာင္း ေလ့လာမႈတစ္ခုက ေဖာ္ျပ သည္။

HIV ေဆး၀ါးမ်ား မျပတ္ေသာက္ေနရေသာ လူနာတစ္ဦးသည္ HIV ႏွင့္ ေရာဂါဆက္စပ္ေသာ အေျခအေနေၾကာင့္မဟုတ္ဘဲ ေဆး လိပ္ေသာက္ျခင္းႏွင့္ ဆက္စပ္ေသာ ေရာဂါမ်ားျဖင့္ ေသဆံုးႏုိင္ေျခ ပုိမ်ားေၾကာင္း မန္ဆာခ်ဴးဆက္အေထြေထြေဆး႐ံုမွ သုေတသီမ်ား က ေျပာသည္။


HIV လူနာမ်ား ေဆးလိပ္ျဖတ္လိုက္ပါက သက္တမ္းသိသိသာသာ ပိုရွည္လာႏုိင္သျဖင့္ ၎တုိ႔ေဆးလိပ္ျဖတ္ရန္ အေရးႀကီးေၾကာင္း သုေတသီမ်ားကေျပာသည္။

ယခုအခါHIV ဗုိင္းရပ္စ္ကုိ တိုက္ဖ်က္ေသာ ေဆး၀ါးမ်ား အစြမ္းထက္လာၿပီး HIV လူနာမ်ား၏ သက္တမ္း ယခုထက္ပုိရွည္လာေစ ေရး အျခားေသာ ၾကား၀င္ေျဖရွင္းမႈမ်ား လိုအပ္ေနသည္ဟု သုေတ သီမ်ားက ေျပာသည္။

HIV ဗိုင္းရပ္စ္ ကူးစက္ခံထားရၿပီး ေဆးလိပ္ေသာက္သူမ်ား သည္ ေရာဂါအေျခအေနထက္ ေဆးလိပ္ေသာက္ျခင္းေၾကာင့္ အ သက္တုိႏုိင္ေျခ ႏွစ္ဆပိုမ်ားေၾကာင္း In Fectious Diseases ဂ်ာနယ္တြင္ ေဖာ္ျပထားသည္။

ေဆးလိပ္ေသာက္ျခင္းသည္ က်န္းမာေရးအတြက္ ဆုိးရြား ေၾကာင္းကုိ လူနာမ်ား ေကာင္းစြာသိထားၾကၿပီး ျဖစ္ေသာ္လည္းေဆးလိပ္ေသာက္ျခင္းက HIV လူနာမ်ားအတြက္ ပုိဆုိးေၾကာင္း ယခုေလ့လာမႈက ေဖာ္ျပထားသည္။

HIV လူနာမ်ားသည္ ေဆးပံုမွန္ေသာက္ၿပီး အျခားအႏၲရာယ္ရိွ ႏုိင္ေသာ အျပဳအမူမ်ားကို ေရွာင္ရွား၍ ေနထုိင္မည္ဆုိပါက သက္ တမ္းေစ့ေနႏုိင္သျဖင့္ ေဆးလိပ္ေသာက္ျခင္းကဲ့သို႔ ေရာဂါအေျခအ ေနပိုဆိုးေစေသာ မေကာင္းသည့္ အေလ့အထမ်ားကို စြန္႔လႊတ္သင့္ သည္ဟု သုေတသီမ်ားကေျပာသည္။        

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ဆးလိပ်သောက်သည့် HIV ဗိုင်းရပ်စ်ကူးစက်ခံထားရသူများ သည် ရောဂါအခြေအနေကြောင့် သေဆုံးမှုထက် ဆေးလိပ်သောက် ခြင်းကြောင့် အသက်ပိုတိုနိုင်ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြ သည်။

HIV ဆေးဝါးများ မပြတ်သောက်နေရသော လူနာတစ်ဦးသည် HIV နှင့် ရောဂါဆက်စပ်သော အခြေအနေကြောင့်မဟုတ်ဘဲ ဆေး လိပ်သောက်ခြင်းနှင့် ဆက်စပ်သော ရောဂါများဖြင့် သေဆုံးနိုင်ခြေ ပိုများကြောင်း မန်ဆာချူးဆက်အထွေထွေဆေးရုံမှ သုတေသီများ က ပြောသည်။


HIV လူနာများ ဆေးလိပ်ဖြတ်လိုက်ပါက သက်တမ်းသိသိသာသာ ပိုရှည်လာနိုင်သဖြင့် ၎င်းတို့ဆေးလိပ်ဖြတ်ရန် အရေးကြီးကြောင်း သုတေသီများကပြောသည်။

ယခုအခါHIV ဗိုင်းရပ်စ်ကို တိုက်ဖျက်သော ဆေးဝါးများ အစွမ်းထက်လာပြီး HIV လူနာများ၏ သက်တမ်း ယခုထက်ပိုရှည်လာစေ ရေး အခြားသော ကြားဝင်ဖြေရှင်းမှုများ လိုအပ်နေသည်ဟု သုတေ သီများက ပြောသည်။

HIV ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ဆေးလိပ်သောက်သူများ သည် ရောဂါအခြေအနေထက် ဆေးလိပ်သောက်ခြင်းကြောင့် အ သက်တိုနိုင်ခြေ နှစ်ဆပိုများကြောင်း In Fectious Diseases ဂျာနယ်တွင် ဖော်ပြထားသည်။

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးအတွက် ဆိုးရွား ကြောင်းကို လူနာများ ကောင်းစွာသိထားကြပြီး ဖြစ်သော်လည်းဆေးလိပ်သောက်ခြင်းက HIV လူနာများအတွက် ပိုဆိုးကြောင်း ယခုလေ့လာမှုက ဖော်ပြထားသည်။

HIV လူနာများသည် ဆေးပုံမှန်သောက်ပြီး အခြားအန္တရာယ်ရှိ နိုင်သော အပြုအမူများကို ရှောင်ရှား၍ နေထိုင်မည်ဆိုပါက သက် တမ်းစေ့နေနိုင်သဖြင့် ဆေးလိပ်သောက်ခြင်းကဲ့သို့ ရောဂါအခြေအ နေပိုဆိုးစေသော မကောင်းသည့် အလေ့အထများကို စွန့်လွှတ်သင့် သည်ဟု သုတေသီများကပြောသည်။        


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top