Property Expo
×

ႏုိင္ငံတကာ ေအအုိင္ဒီအက္စ္ ေရာဂါစစ္ေဆးရွာေဖြေရး အဖြဲ႕အ စည္းရဲ႕ ထုတ္ျပန္ခ်က္အရ ေရာဂါစစ္ေဆးေတြ႕ရွိမႈေတြမွာဆုိရင္ HIV ေရာဂါပိုးရွိသူ လူေျခာက္ဦးမွာတစ္ဦးက သူတုိ႔ကုိယ္တုိင္မွာ ပုိးရွိေၾကာင္းကုိ သတိမထားမိခဲ့ၾကဘူးဆုိတာကုိ ေတြ႔ရွိခဲ့ရပါတယ္။ သူတုိ႔ကုိယ္တုိင္ HIV ပုိးကူးစက္ခံေနရတာကုိ မသိၾကပဲ အေဖာ္နဲ႔ အတူေနထုိင္ျခင္းေတြ ရွိခဲ့ၾကတာက တဆင့္ကူးစက္မႈေတြ ျဖစ္လာ တာလည္း ျဖစ္တယ္လုိ႔ သိရပါတယ္။

ဒါ့ေၾကာင့္မုိ႔လုိ႔ အဖြဲ႕အစည္းက ေရာဂါပိုးကူးစက္မႈထိန္းခ်ဳပ္မႈ အသိ ေပးလႈံ႔ေဆာ္ဖုိ႔အတြက္ လူေတြမွာ ေရာဂါပိုးရွိမရွိ စစ္ေဆးၾကဖုိ႔ အသိ ေပးမႈေတြ ျပဳလုပ္သြားဖုိ႔ ေမွ်ာ္လင့္ထားတယ္လုိ႔လည္း သိရပါတယ္။

HIV ပိုး ရွိမရွိ စစ္ေဆးဖုိ႔အတြက္ ေၾကာက္ရြ႕ံတုန္လႈပ္ေနစရာမလုိပဲ အပန္းမႀကီးႏုိင္ေၾကာင္းနဲ႔ နာက်င္မႈ မရွိေၾကာင္း၊ အကယ္၍ ေရာဂါ ပုိးရွိေနခဲ့တယ္ဆုိရင္လည္း မိမိဘဝအတြက္ အဆံုးသတ္မဟုတ္ ေၾကာင္းအဖြဲ႕အစည္းက ထုတ္ျပန္ေျပာၾကားထားပါတယ္။
ၿဗိတိန္မွာဆုိရင္ လြန္ခဲ့တဲ့တစ္ႏွစ္က HIV ေရာဂါပိုးကူးစက္ခံေနရသူ ဆယ္ဦးမွာ ေလးဦးက ေရာဂါလကၡဏာကုိ အခ်ိန္အၾကာႀကီးေနမွ ျပၿပီးေတာ့ သတိထားမိလာတယ္လုိ႔လည္း သိရပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။

Unicode Version

နိုင်ငံတကာ အေအိုင်ဒီအက်စ် ရောဂါစစ်ဆေးရှာဖွေရေး အဖွဲ့အ စည်းရဲ့ ထုတ်ပြန်ချက်အရ ရောဂါစစ်ဆေးတွေ့ရှိမှုတွေမှာဆိုရင် HIV ရောဂါပိုးရှိသူ လူခြောက်ဦးမှာတစ်ဦးက သူတို့ကိုယ်တိုင်မှာ ပိုးရှိကြောင်းကို သတိမထားမိခဲ့ကြဘူးဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ သူတို့ကိုယ်တိုင် HIV ပိုးကူးစက်ခံနေရတာကို မသိကြပဲ အဖော်နဲ့ အတူနေထိုင်ခြင်းတွေ ရှိခဲ့ကြတာက တဆင့်ကူးစက်မှုတွေ ဖြစ်လာ တာလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့်မို့လို့ အဖွဲ့အစည်းက ရောဂါပိုးကူးစက်မှုထိန်းချုပ်မှု အသိ ပေးလှုံ့ဆော်ဖို့အတွက် လူတွေမှာ ရောဂါပိုးရှိမရှိ စစ်ဆေးကြဖို့ အသိ ပေးမှုတွေ ပြုလုပ်သွားဖို့ မျှော်လင့်ထားတယ်လို့လည်း သိရပါတယ်။

HIV ပိုး ရှိမရှိ စစ်ဆေးဖို့အတွက် ကြောက်ရွံ့တုန်လှုပ်နေစရာမလိုပဲ အပန်းမကြီးနိုင်ကြောင်းနဲ့ နာကျင်မှု မရှိကြောင်း၊ အကယ်၍ ရောဂါ ပိုးရှိနေခဲ့တယ်ဆိုရင်လည်း မိမိဘဝအတွက် အဆုံးသတ်မဟုတ် ကြောင်းအဖွဲ့အစည်းက ထုတ်ပြန်ပြောကြားထားပါတယ်။
ဗြိတိန်မှာဆိုရင် လွန်ခဲ့တဲ့တစ်နှစ်က HIV ရောဂါပိုးကူးစက်ခံနေရသူ ဆယ်ဦးမှာ လေးဦးက ရောဂါလက္ခဏာကို အချိန်အကြာကြီးနေမှ ပြပြီးတော့ သတိထားမိလာတယ်လို့လည်း သိရပါတယ်။


Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top