Property Expo
×

Google ဟာ Pixel လို႔ေခၚတဲ့ ဖုန္းအသစ္တစ္မ်ိဳးကို မၾကာေသးမီက မိတ္ဆက္ေၾကညာခဲ့ပါတယ္။ ၆၄၉ ေဒၚလာနဲ႔ ေရာင္းခ်မယ့္ Google Pixel ဟာ အလူမီနီယံ စမတ္ဖုန္းျဖစ္ၿပီး Apple ရဲ႕ ေနာက္ဆံုးေပၚ iPhone 7 နဲ႔ေတာင္မွ ႏိႈင္းယွဥ္မႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ ဒါေၾကာင့္ Google Pixel က Apple iPhone ထက္ ပိုေကာင္းတဲ့အခ်က္မ်ားကို ေဖာ္ျပလိုက္ပါတယ္။

(၁) ပိုေကာင္းၿပီး လ်င္ျမန္တဲ့ ကင္မရာ

Google Pixel မွာ f/2.0 aperture နဲ႔ 1.55-micron pixels တို႔ကို ေထာက္ပံ့ေပးထားတဲ့ 12.3 megapixel ကင္မရာ ပါဝင္ပါတယ္။ ဒါဟာ အျခားဖုန္းေတြထက္ ျမင့္မားတယ္လို႔ DXOMark က ေျပာၾကားခဲ့ပါတယ္။ 4K ဗီဒီယိုမ်ားနဲ႔ resolution ျမင့္မားတဲ့ ဓာတ္ပံုမ်ားကို ႐ိုက္ကူးႏိုင္ေပမယ့္ မွန္ဘီလူးတစ္ခုတည္းသာ ပါဝင္တာေၾကာင့္ iPhone 7 Plus လို zoom ခ်ဲ႕တာနဲ႔ ေနာက္ခံကိုအနည္းငယ္ဝါးၿပီး ဓာတ္ပံု႐ိုက္တာမ်ိဳးေတြ ျပဳလုပ္ႏိုင္မွာ မဟုတ္ပါဘူး။

(၂) ဘက္ထရီကို လ်င္ျမန္စြာအားသြင္းႏိုင္ျခင္း

Samsung ဖုန္းေတြလိုပဲ Pixel ကို ၁၅ မိနစ္ အားသြင္းၿပီး ၇ နာရီေလာက္ အသံုးျပဳႏိုင္ပါတယ္။ ဒီလုပ္ေဆာင္ခ်က္ဟာ ဖုန္းကို အားအျပည့္သြင္းဖို႔ အခ်ိန္မရသူေတြအတြက္ အေရးပါတဲ့ လုပ္ေဆာင္ခ်က္တစ္ခု ျဖစ္ပါတယ္။

(၃) Assistant က အျပန္အလွန္စကားေျပာဆိုမႈမ်ားကို နားလည္ႏိုင္ျခင္း

Google Allo app မွာ ပါဝင္ၿပီးသားျဖစ္တဲ့ Google Assistant ဟာ Pixel home ခလုတ္ကို အတန္ၾကာ ဖိထားတဲ့အခါမွာ အလုပ္လုပ္ပါတယ္။ လမ္းေၾကာင္းတည္ေနရာမ်ား ေမးျမန္းျခင္း၊ reminder မ်ားသတ္မွတ္ျခင္းတို႔ကို ေစခိုင္းႏိုင္ေပမယ့္ သံုးစြဲသူရဲ႕ အျပန္အလွန္စကားေျပာဆိုမႈေတြကို Assitant က သိရိွနားလည္ႏိုင္တာကေတာ့ အထင္ႀကီးစရာပါ။ သံုးစြဲသူက အစည္းအေဝးတည္ေနရာတစ္ခုအေၾကာင္း ေဆြးေႏြးတဲ့အခါမွာ Assistant က အလုပ္နဲ႔ စားေသာက္ဆုိင္ အကြာအေဝးကို ေျပာၾကားေပးႏိုင္ပါတယ္။

(၄) ဓာတ္ပံုနဲ႔ ဗီဒီယိုမ်ားကို အကန္႔အသတ္မရိွ သိမ္းဆည္းႏိုင္ျခင္း

Pixel ဖုန္းမွာ resolution ျမင့္မားတဲ့ ဓာတ္ပံုနဲ႔ 4K ဗီဒီယိုေတြကို အကန္႔အသတ္မရိွ သိမ္းဆည္းႏိုင္တဲ့ cloud storage ပါဝင္ပါတယ္။ ဖုန္းေပၚက Google ရဲ႕ Photos app ဟာ laptop နဲ႔ tablet က ဓာတ္ပံုေတြကို အလြယ္တကူ ရယူေပးႏိုင္သလို အလိုအေလ်ာက္ sync လုပ္ႏိုင္ပါတယ္။

(၅) ၃.၅ မီလီမီတာ နားၾကပ္ေပါက္ ပါဝင္ျခင္း

iPhone 7 နဲ႔ iPhone 7 Plus မွာ ၃.၅ မီလီမီတာနားၾကပ္ေပါက္အတြက္ Lightning adapter ေထာက္ပံ့ေပးထားတယ္ဆိုေပမယ့္ adapter ကို သြားေလရာ မသယ္သြားခ်င္သူေတြအတြက္ Pixel က စိတ္ေက်နပ္မႈ ေပးစြမ္းႏိုင္ပါလိမ့္မယ္။

(၆) Android နဲ႔ iOS မွာ အလုပ္လုပ္ႏိုင္တဲ့ Video chat app

Pixel မွာ ပါဝင္တဲ့ Duo app ဟာ Skype နဲ႔ FaceTime တို႔လို video call ေတြ ျပဳလုပ္ႏိုင္ၿပီး Android ေရာ iOS မွာပါ အလုပ္လုပ္ပါတယ္။ ဒါဟာ cross-platform ေပၚမွာ video-conference တစ္ခု အလ်င္အျမန္ ျပဳလုပ္လိုသူေတြအတြက္ တစ္မူထူးျခားမႈတစ္ရပ္ ျဖစ္ပါတယ္။ FaceTime က Apple ဖုန္း၊ tablet နဲ႔ ကြန္ပ်ဴတာေတြမွာပဲ အလုပ္လုပ္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Internet journal

#Unicode Version
Google ဟာ Pixel လို့ခေါ်တဲ့ ဖုန်းအသစ်တစ်မျိုးကို မကြာသေးမီက မိတ်ဆက်ကြေညာခဲ့ပါတယ်။ ၆၄၉ ဒေါ်လာနဲ့ ရောင်းချမယ့် Google Pixel ဟာ အလူမီနီယံ စမတ်ဖုန်းဖြစ်ပြီး Apple ရဲ့ နောက်ဆုံးပေါ် iPhone 7 နဲ့တောင်မှ နှိုင်းယှဉ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါကြောင့် Google Pixel က Apple iPhone ထက် ပိုကောင်းတဲ့အချက်များကို ဖော်ပြလိုက်ပါတယ်။

(၁) ပိုကောင်းပြီး လျင်မြန်တဲ့ ကင်မရာ

Google Pixel မှာ f/2.0 aperture နဲ့ 1.55-micron pixels တို့ကို ထောက်ပံ့ပေးထားတဲ့ 12.3 megapixel ကင်မရာ ပါဝင်ပါတယ်။ ဒါဟာ အခြားဖုန်းတွေထက် မြင့်မားတယ်လို့ DXOMark က ပြောကြားခဲ့ပါတယ်။ 4K ဗီဒီယိုများနဲ့ resolution မြင့်မားတဲ့ ဓာတ်ပုံများကို ရိုက်ကူးနိုင်ပေမယ့် မှန်ဘီလူးတစ်ခုတည်းသာ ပါဝင်တာကြောင့် iPhone 7 Plus လို zoom ချဲ့တာနဲ့ နောက်ခံကိုအနည်းငယ်ဝါးပြီး ဓာတ်ပုံရိုက်တာမျိုးတွေ ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။

(၂) ဘက်ထရီကို လျင်မြန်စွာအားသွင်းနိုင်ခြင်း

Samsung ဖုန်းတွေလိုပဲ Pixel ကို ၁၅ မိနစ် အားသွင်းပြီး ၇ နာရီလောက် အသုံးပြုနိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ဖုန်းကို အားအပြည့်သွင်းဖို့ အချိန်မရသူတွေအတွက် အရေးပါတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။

(၃) Assistant က အပြန်အလှန်စကားပြောဆိုမှုများကို နားလည်နိုင်ခြင်း

Google Allo app မှာ ပါဝင်ပြီးသားဖြစ်တဲ့ Google Assistant ဟာ Pixel home ခလုတ်ကို အတန်ကြာ ဖိထားတဲ့အခါမှာ အလုပ်လုပ်ပါတယ်။ လမ်းကြောင်းတည်နေရာများ မေးမြန်းခြင်း၊ reminder များသတ်မှတ်ခြင်းတို့ကို စေခိုင်းနိုင်ပေမယ့် သုံးစွဲသူရဲ့ အပြန်အလှန်စကားပြောဆိုမှုတွေကို Assitant က သိရှိနားလည်နိုင်တာကတော့ အထင်ကြီးစရာပါ။ သုံးစွဲသူက အစည်းအဝေးတည်နေရာတစ်ခုအကြောင်း ဆွေးနွေးတဲ့အခါမှာ Assistant က အလုပ်နဲ့ စားသောက်ဆိုင် အကွာအဝေးကို ပြောကြားပေးနိုင်ပါတယ်။

(၄) ဓာတ်ပုံနဲ့ ဗီဒီယိုများကို အကန့်အသတ်မရှိ သိမ်းဆည်းနိုင်ခြင်း

Pixel ဖုန်းမှာ resolution မြင့်မားတဲ့ ဓာတ်ပုံနဲ့ 4K ဗီဒီယိုတွေကို အကန့်အသတ်မရှိ သိမ်းဆည်းနိုင်တဲ့ cloud storage ပါဝင်ပါတယ်။ ဖုန်းပေါ်က Google ရဲ့ Photos app ဟာ laptop နဲ့ tablet က ဓာတ်ပုံတွေကို အလွယ်တကူ ရယူပေးနိုင်သလို အလိုအလျောက် sync လုပ်နိုင်ပါတယ်။

(၅) ၃.၅ မီလီမီတာ နားကြပ်ပေါက် ပါဝင်ခြင်း

iPhone 7 နဲ့ iPhone 7 Plus မှာ ၃.၅ မီလီမီတာနားကြပ်ပေါက်အတွက် Lightning adapter ထောက်ပံ့ပေးထားတယ်ဆိုပေမယ့် adapter ကို သွားလေရာ မသယ်သွားချင်သူတွေအတွက် Pixel က စိတ်ကျေနပ်မှု ပေးစွမ်းနိုင်ပါလိမ့်မယ်။

(၆) Android နဲ့ iOS မှာ အလုပ်လုပ်နိုင်တဲ့ Video chat app

Pixel မှာ ပါဝင်တဲ့ Duo app ဟာ Skype နဲ့ FaceTime တို့လို video call တွေ ပြုလုပ်နိုင်ပြီး Android ရော iOS မှာပါ အလုပ်လုပ်ပါတယ်။ ဒါဟာ cross-platform ပေါ်မှာ video-conference တစ်ခု အလျင်အမြန် ပြုလုပ်လိုသူတွေအတွက် တစ်မူထူးခြားမှုတစ်ရပ် ဖြစ်ပါတယ်။ FaceTime က Apple ဖုန်း၊ tablet နဲ့ ကွန်ပျူတာတွေမှာပဲ အလုပ်လုပ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Internet journal
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top