Property Expo
×

Frenzo tour နဲ႕ဂီတေဖ်ာ္ေျဖေရးေတြလုိက္ျဖစ္တာ တစ္ႏွစ္ၾကာၿပီလို႕ေျပာျပလာသူက G Fatt ပါ။ G Fatt ဟာ Frenzo ထုတ္လုပ္ေရးနဲ႕စာခ်ဳပ္ခ်ဳပ္ထားေပမဲ့ ညီအစ္ကိုပံုစံမ်ိဳးနဲ႕သာ သီခ်င္းေတြစုလုပ္ၾက၊ ရႈိးေတြထြက္ဆိုၾကနဲ႕ အရမ္းကို ေပ်ာ္စရာေကာင္းတယ္လို႕ေျပာလာပါတယ္။ တစ္ေယာက္တည္းနယ္ထြက္ဆိုရတာနဲ႕စာရင္ Frenzoနဲ႕သြားတာက ပိုၿပီးေပ်ာ္ဖို႕ေကာင္းတယ္လို႕ေျပာျပလာတဲ့ G Fatt ရဲ႕ ၿပီးဆံုးသြားၿပီျဖစ္တဲ့ အခ်စ္ေရးအေၾကာင္း၊ သရုပ္ေဆာင္မႈပိုင္းဆိုင္ရာမ်ား၊ လက္ရွိဖန္တီးျဖစ္ေနတဲ့ ဒုတိယအေခြအေၾကာင္းနဲ႕mini Album အေၾကာင္းေတြကို သြားေရာက္ေမးျမန္းျဖစ္တဲ့အခါ

-အခုလက္ရွိ ဂီတလႈပ္ရွားမႈ အေနနဲ႕ဘာေတြလုပ္ျဖစ္ေနလဲ။

ဂီတလႈပ္ရွားမႈအေနနဲ႕က ကၽြန္ေတာ္အခု VeVe anniversary အေခြထြက္မယ္။ ႏို၀င္ဘာထဲမွာထြက္မယ္။ ေနာက္ ကၽြန္ေတာ္ ျမဴးဇစ္ဗီဒီယိုလဲ ရုိက္ကူးဖို႕ရွိတယ္။ အဲ့ဒါကေတာ့ ေမြးေန႕အမွီထြက္ခ်င္တာပါ။ ဒါေပမဲ့ မွီခ်င္မွလဲမွီမယ္။ အဲ့ဒါက ဂ်င္အေခြရဲ႕ ျမဴးဇစ္ဗီဒီယိုမဟုတ္ဘူး။ mini album ေလးေပါ့။ သီခ်င္းအသစ္သံုးပုဒ္ေလာက္ထည့္ၿပီး အမွတ္တရထုတ္ဖို႕အတြက္စဥ္းစားေနပါတယ္။

-ဂ်င္အမ္တီဗီကေရာ ဘယ္လိုျဖစ္သြားၿပီလဲ။

ဂ်င္ျမဴးဆစ္ဗီဒီယိုကဘယ္လိုျဖစ္သြားလဲဆိုေတာ့ ၾကည့္ရမွာပါ။ အခုက ဒုတိယအယ္လ္ဘမ္လုပ္ထားတယ္။ Audio CD ေပါ့။ အခုဒီႏွစ္ထဲမွာ မွီရင္မွီ၊ မမွီရင္ေတာ့ ေနာက္ႏွစ္ထဲမွာ ထြက္ႏုိင္ဖို႕ၾကိဳးစားေနတယ္။ အဲ့ဒါထြက္ၿပီးရင္ေတာ့ ပထမ ဂ်င္အေခြထဲက ကၽြန္ေတာ္အရမ္းၾကိဳက္တဲ့ အပုဒ္ေတြရယ္၊ ဒုတိယအေခြထဲက ကၽြန္ေတာ္ၾကိဳက္တဲ့အပုဒ္ေတြရယ္ကိုစုၿပီး ျမဴးဆစ္ဗီဒီယိုကို နည္းနည္းေလးျခားၿပီး ျမဴးဇစ္ဗီဒီယိုထြက္ပါ့မယ္။

-အမ္တီဗီကို ဒုတိယအေခြနဲ႕မွ ေပါင္းရိုက္မယ္ဆိုတာက အခုအႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားၾကံဳေတြ႕ေနရတဲ့ link ေၾကာင့္မ်ားလား။

မဟုတ္ဘူးဗ်။ ကၽြန္ေတာ္ဒီ Download link ေတြကိုေၾကာက္လို႕စီးပြားေရးတစ္စံုတစ္ရာထိခုိက္မွာစိုးလို႕ဆိုတဲ့စိတ္နဲ႕မဟုတ္ပါဘူး။ ကၽြန္ေတာ္ျမင္တဲ့ အျမင္ကတစ္ေခြဆို ၁၂ ပုဒ္ေလာက္ရွိတယ္။ အဲ့ဒါကိုရိုက္ဖို႕ကအခ်ိန္အမ်ားၾကီးေပးရမယ္။ ၿပီးေတာ့ သီခ်င္းအသစ္ေတြကလဲ ကၽြန္ေတာ္သြင္းဖို႕ကတန္းစီထားတယ္။ သီခ်င္းအသစ္ေတြလဲ လုပ္ခ်င္တယ္။ တျခားအလုပ္ေတြကလဲပံုေနေတာ့ ဒီအမ္တီဗီအတြက္ဆိုရင္ တျခားအလုပ္ေတြကိုရပ္ၿပီး အမ္တီဗီတစ္ခုထဲကိုရုိက္ရမွာပါ။ အဲ့ဒီလိုမ်ိဳးအတြက္ အခ်ိန္မေပးႏိုင္တာေၾကာင့္ ၾကားထဲမွာေနာက္တစ္ေခြ ထပ္ထုတ္မယ္။ ၿပီးမွႏွစ္ေခြေပါင္းၿပီး ကၽြန္ေတာ္အၾကိိဳက္ဆံုးအပုဒ္ေတြကိုေရြးထုတ္ၿပီး ေသခ်ာေလးရုိက္ၿပီး အျပည့္အ၀ေပးမယ္လို႕စဥ္းစားထားလို႕ပါ။

-ဒုတိယအေခြမွာ ဂ်င္နဲ႕မတူတဲ့ ဘယ္လိုပံုစံမ်ိဳးေတြေတြ႕ရမလဲ။

ဒုတိယအေခြမွာက အေၾကာင္းအရာေတြမ်ားမယ္။ ပထမအေခြမွာကက်ေတာ့ ကၽြန္ေတာ့္ဘ၀နဲ႕နီးစပ္တယ္။ ပထမအေခြထက္ေကာင္းေအာင္ၾကိဳးစားမွာေပါ့။ အသည္းကြဲသီခ်င္းကေတာ့ ကၽြန္ေတာ္အဲ့ဒီရက္ေတြမွာအသည္းကြဲေနရင္ေတာ့ အသည္းကြဲသီခ်င္းေတြထည့္ျဖစ္မွာပါ။ အခုေလာေလာဆယ္ ၄ပုဒ္လုပ္ထားပါတယ္။ ဒါေပမဲ့ၾကားထဲမွာထြက္မဲ့ mini album ထဲကို ၃ပုဒ္ေပးမယ္ဆိုေတာ့ ၁ပုဒ္ေလာက္ပဲက်န္မွာေပါ့။

-အခုကပြင့္လင္းရာသီဆိုေတာ့ နယ္ရိႈးေတြေရာ လက္ခံထားတာရွိမလား။

နယ္ကေတာ့ေတာ္ေတာ္ေလးသြားျဖစ္တယ္။ အခု Frenzoနဲ႕ဆို ဒီဇင္ဘာမွ မႏၱေလး၊ မံုရြာ၊ မေကြးသြားဖို႕ရွိတယ္။ ျပင္ဦးလြင္ပန္းပြဲေတာ္ဆိုဖို႕ရွိတယ္။ အဲဒ့ါကလူစံုေပါ့။ တျခားျမိဳ႕ေတြ ထပ္သြားဖို႕ကိုလဲ ကုိစိုင္း plan ဆြဲေနတယ္။ တန္ေဆာင္တုိင္ကေတာ့ နယ္မွာပဲျဖစ္ဖို႕မ်ားပါတယ္။

-အခုေနာက္ပိုင္း Frenzo ရိႈးေတာ္ေတာ္မ်ားမ်ားမွာေတြ႕လာရတယ္ေနာ္။

ကၽြန္ေတာ္က အခုက Frenzo ပရိုဒက္ရွင္းက Artist တစ္ေယာက္ပါ။ စာခ်ဳပ္ခ်ဳပ္ထားတာေပါ့။ ဘယ္ေလာက္ဆိုတာထက္ေပါင္းၿပီးလုပ္ျဖစ္တာမ်ိဳးေပါ့။ အခုဆို တစ္ႏွစ္ရွိၿပီေပါ့။

-လက္ရွိမွာနားေထာင္ျဖစ္ေနတဲ့သီခ်င္းေလးေတြကိုလဲေျပာျပေပးပါဦး။

အခုကေတာ့ အေဟာင္းေတြျပန္နားေထာင္ျဖစ္ေနတယ္။  ၿပီးေတာ့ အဲ့ဒီလိုအရင္ကပံုစံမ်ိဳးေတြျပန္လုပ္ခ်င္ေနတယ္။ လတ္တေလာအရမ္းၾကိဳက္ၿပီး နားေထာင္ျဖစ္ေနတာက Tech N9ne အေခြေတြပဲ။ အေဟာင္းေတြလည္း ျပန္နားေထာင္ျဖစ္တယ္။

-အေရွ႕မွာလဲ အစ္ကုိဇာတ္လမ္းတိုေလးရုိက္ထားတယ္လို႕သိရတယ္။

အဲ့ဒီဟာက ပညာေပးဇာတ္လမ္းတိုေလးပါ။ အဲ့ဒီထဲမွာ ကၽြန္ေတာ္က စကားေျပာခန္းမပါဘူး။ မ်က္ႏွာအမူအရာနဲ႕ပဲသရုပ္ေဆာင္ရတယ္။ ကၽြန္ေတာ္နဲ႕ဦးေက်ာ္သူနဲ႕ေပါ့။ Feedback ဆိုတဲ့လူေတြကိ ပညာေပးခ်င္တဲ့ သံုးမိနစ္စာကားတိုေလးပါ။ ဦးေက်ာ္သူကအရမ္းေမာက္မာတယ္။ ကၽြန္ေတာ္က ပန္းေရာင္းတဲ့ခ်ာတိတ္ေပါ့။ အဲ့ဒါေလးကိုလဲ ဒီၾကားထဲတင္မယ္လို႕ၾကားပါတယ္။

-အစ္ကို႕အေရွ႕မွာလဲ ကိုယ့္သမိုင္းကုိယ္ေရးၾကသူမ်ားကားလဲရုိက္ထားတယ္။ အခုဇာတ္လမ္းတိုေလးမွာပဲ၀င္သရုပ္ေဆာင္ထားတယ္ဆုိေတာ့ သရုပ္ေဆာင္မႈအပိုင္းကိုေရာ စိတ္၀င္စားမႈရွိေနၿပီလား။

သရုပ္ေဆာင္မႈက အခက္အခဲေတာ့ရွိပါတယ္။ ကၽြန္ေတာ္ကၽြမ္းက်င္တဲ့ အႏုပညာနယ္ပယ္မဟုတ္ေတာ့ေလ။ ဒါေပမဲ့ ကၽြန္ေတာ္ၾကိဳးစားၿပီးေတာ့လုပ္ပါတယ္။ ကိုယ့္သမုိင္းကုိယ္ေရးၾကသူမ်ားရုိက္တုန္းကလဲ ကင္မရာနဲ႕နည္းနည္းစိမ္းတယ္။ ဒါေပမဲ့ရုိက္ဖူးေတာ့ နီးစပ္မႈရွိတယ္လို႕ေျပာရမွာေပါ့။ ကိုယ့္သမုိင္းကုိယ္ေရးၾကသူမ်ားက ဆင္ဆာၾကၿပီလို႕ေတာ့ေျပာတယ္။ ရံုတင္ဖို႕ေစာင့္ေနတာပါ။ အဲ့ဒီထဲမွာလဲ မေအာင္ျမင္ေသးတဲ့ အဆုိေတာ္တစ္ေယာက္ရဲ႕ကာရိုက္တာပါပဲ။ လာေျပာထားတာေတြေတာ့ရွိတယ္။ ဗီဒီယိုေတြေရာ၊ ရုပ္ရွင္ေရာေပါ့။ ဒါေပမဲ့ကၽြန္ေတာ္ကႏုိင္ႏုိင္နင္းနင္မလုပ္ႏုိင္ေသးပဲနဲ႕လဲ ေျခစံုပစ္ၿပီး မလုပ္ခ်င္ေသးဘူး။ ကၽြန္ေတာ့္ရဲ႕အဓိကေမဂ်ာက အဆိုေတာ္ဆိုေတာ့ သရုပ္ေဆာင္ဖက္လုပ္ရင္ အဆုိေတာ္ဖက္ကိုေလ်ာ့သြားမွာမ်ိဳး စိုးရိမ္တယ္။ အခုေလာေလာဆယ္ေတာ့ ကၽြန္ေတာ္စဥ္းစားေနတုန္းပါပဲ။ ဒါေပမဲ့ ကၽြန္ေတာ္နဲ႕အဆင္ေျပၿပီး ကၽြန္ေတာ္လုပ္ႏုိင္တယ္လို႕ယူဆလို႕ရတဲ့ကားမ်ိဳးဆိုရင္ေတာ့ ရိုက္ျဖစ္မယ္ထင္ပါတယ္။ သရုပ္ေဆာင္ျဖစ္ရမယ္ဆိုတဲ့ ရည္ရြယ္ခ်က္မ်ိဳးငယ္ငယ္ကတည္းက မရွိခဲ့ေပမဲ့ ကၽြန္ေတာ္ကဒီဟာျဖစ္ၿပီးရင္ ဟိုဟာထပ္ျဖစ္ခ်င္တဲ့စိတ္ေတာ့ရွိတယ္။

-လက္ရွိ အခ်စ္ေရးကေရာ ဘယ္လိုရွိလဲ။

တစ္ေယာက္တည္းပါပဲ။ အခုကေတာ့ ပရိသတ္နဲ႕ကၽြန္ေတာ့္မိသားစုနဲ႕ကၽြန္ေတာ့္အလုပ္ေတြပဲရွိပါတယ္။

-တစ္ေယာက္တည္းျဖစ္သြားတဲ့အေပၚမွာ စိတ္ခံစားခ်က္ေတြကဘယ္လိုျဖစ္ေနလဲ။

တစ္ေယာက္တည္းျဖစ္သြားရတာက ကၽြန္ေတာ္တို႕က တစ္ေယာက္သစၥာေဖာက္လို႕တစ္ေယာက္ကမေကာင္းလို႕လမ္းခြဲတာမဟုတ္ဘူး။ ကၽြန္ေတာ္တို႕Relationship ကိုရပ္လိုက္တာက သူလဲသူ႕တက္လမ္း သူၾကိဳးစား၊ ကိုယ္လဲကိုယ့္တက္လမ္းကိုယ္ၾကိဳးစားဆိုတဲ့ သေဘာေပါ့။ ကၽြန္ေတာ္တို႕မုန္းၿပီး လမ္းခြဲၾကတာ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႕Relationship ကိုရပ္ထားတာပါ။ ကၽြန္ေတာ္လဲအလုပ္ေတြျပန္ၾကိဳးစားမယ္။ သူလဲအမ်ားၾကီးၾကိဳးစားေနမယ္ထင္ပါတယ္။

-အဲ့ဒါဆိုတစ္ခ်ိန္က်ရင္ ျပန္တြဲမယ္ဆိုတဲ့သေဘာလား။

အဲ့လိုမ်ိဳးလဲမဟုတ္ပါဘူး။ ေလာကၾကီးမွာက ဘယ္အရာမွ အတိအက်ေျပာလို႕မရဘူးေလ။ ကၽြန္ေတာ္လဲ ငယ္ငယ္ကတည္းက အတိအက်မွန္းခဲ့ဖူးတယ္။ အခ်စ္ေရးနဲ႕ပတ္သက္ၿပီးေတာ့ အတိအက်မွန္းခဲ့ဖူးတဲ့အရာေတြကတကယ္တမ္းျဖစ္မလာတဲ့အခါက်ေတာ့ ဘယ္အရာကုိမွမမွန္းထားရဲပါဘူး။ အဓိကဖူးစာပါပဲ။

-တစ္ေယာက္နဲ႕တစ္ေယာက္အေနေ၀းလို႕လမ္းခြဲလိုက္ၾကတာလား။

အဲ့ဒါေတြလဲအနည္းအက်ဥ္းပါမွာေပါ့ေလ။ ဒါေပမဲ့တျခားကိစၥေၾကာင့္ပါ။

-အစ္ကုိဆက္လုပ္သြားမဲ့ အေခြနဲ႕ပတ္သက္ၿပီးေတာ့ေရာ ပရိသတ္ကိုဘာေျပာခ်င္ေသးလဲ။

ကၽြန္ေတာ္ဆက္လုပ္သြားမဲ့အေခြထဲမွာ အေၾကာင္းအရာသစ္ေတြပါမယ္။ ကၽြန္ေတာ့္မွာပရိသတ္မသိေသးတဲ့ အေၾကာင္းအရာသစ္ေတြ အမ်ားၾကီးရွိပါတယ္။ အဲဒါကို သီခ်င္းအျဖစ္ဖန္တီးၿပီးေတာ့ သူတို႕ကိုကၽြန္ေတာ္ေျပာျပသြားမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

Frenzo tour နဲ့ဂီတဖျော်ဖြေရေးတွေလိုက်ဖြစ်တာ တစ်နှစ်ကြာပြီလို့ပြောပြလာသူက G Fatt ပါ။ G Fatt ဟာ Frenzo ထုတ်လုပ်ရေးနဲ့စာချုပ်ချုပ်ထားပေမဲ့ ညီအစ်ကိုပုံစံမျိုးနဲ့သာ သီချင်းတွေစုလုပ်ကြ၊ ရှိုးတွေထွက်ဆိုကြနဲ့ အရမ်းကို ပျော်စရာကောင်းတယ်လို့ပြောလာပါတယ်။ တစ်ယောက်တည်းနယ်ထွက်ဆိုရတာနဲ့စာရင် Frenzoနဲ့သွားတာက ပိုပြီးပျော်ဖို့ကောင်းတယ်လို့ပြောပြလာတဲ့ G Fatt ရဲ့ ပြီးဆုံးသွားပြီဖြစ်တဲ့ အချစ်ရေးအကြောင်း၊ သရုပ်ဆောင်မှုပိုင်းဆိုင်ရာများ၊ လက်ရှိဖန်တီးဖြစ်နေတဲ့ ဒုတိယအခွေအကြောင်းနဲ့mini Album အကြောင်းတွေကို သွားရောက်မေးမြန်းဖြစ်တဲ့အခါ

-အခုလက်ရှိ ဂီတလှုပ်ရှားမှု အနေနဲ့ဘာတွေလုပ်ဖြစ်နေလဲ။

ဂီတလှုပ်ရှားမှုအနေနဲ့က ကျွန်တော်အခု VeVe anniversary အခွေထွက်မယ်။ နိုဝင်ဘာထဲမှာထွက်မယ်။ နောက် ကျွန်တော် မြူးဇစ်ဗီဒီယိုလဲ ရိုက်ကူးဖို့ရှိတယ်။ အဲ့ဒါကတော့ မွေးနေ့အမှီထွက်ချင်တာပါ။ ဒါပေမဲ့ မှီချင်မှလဲမှီမယ်။ အဲ့ဒါက ဂျင်အခွေရဲ့ မြူးဇစ်ဗီဒီယိုမဟုတ်ဘူး။ mini album လေးပေါ့။ သီချင်းအသစ်သုံးပုဒ်လောက်ထည့်ပြီး အမှတ်တရထုတ်ဖို့အတွက်စဉ်းစားနေပါတယ်။

-ဂျင်အမ်တီဗီကရော ဘယ်လိုဖြစ်သွားပြီလဲ။

ဂျင်မြူးဆစ်ဗီဒီယိုကဘယ်လိုဖြစ်သွားလဲဆိုတော့ ကြည့်ရမှာပါ။ အခုက ဒုတိယအယ်လ်ဘမ်လုပ်ထားတယ်။ Audio CD ပေါ့။ အခုဒီနှစ်ထဲမှာ မှီရင်မှီ၊ မမှီရင်တော့ နောက်နှစ်ထဲမှာ ထွက်နိုင်ဖို့ကြိုးစားနေတယ်။ အဲ့ဒါထွက်ပြီးရင်တော့ ပထမ ဂျင်အခွေထဲက ကျွန်တော်အရမ်းကြိုက်တဲ့ အပုဒ်တွေရယ်၊ ဒုတိယအခွေထဲက ကျွန်တော်ကြိုက်တဲ့အပုဒ်တွေရယ်ကိုစုပြီး မြူးဆစ်ဗီဒီယိုကို နည်းနည်းလေးခြားပြီး မြူးဇစ်ဗီဒီယိုထွက်ပါ့မယ်။

-အမ်တီဗီကို ဒုတိယအခွေနဲ့မှ ပေါင်းရိုက်မယ်ဆိုတာက အခုအနုပညာရှင်တော်တော်များများကြုံတွေ့နေရတဲ့ link ကြောင့်များလား။

မဟုတ်ဘူးဗျ။ ကျွန်တော်ဒီ Download link တွေကိုကြောက်လို့စီးပွားရေးတစ်စုံတစ်ရာထိခိုက်မှာစိုးလို့ဆိုတဲ့စိတ်နဲ့မဟုတ်ပါဘူး။ ကျွန်တော်မြင်တဲ့ အမြင်ကတစ်ခွေဆို ၁၂ ပုဒ်လောက်ရှိတယ်။ အဲ့ဒါကိုရိုက်ဖို့ကအချိန်အများကြီးပေးရမယ်။ ပြီးတော့ သီချင်းအသစ်တွေကလဲ ကျွန်တော်သွင်းဖို့ကတန်းစီထားတယ်။ သီချင်းအသစ်တွေလဲ လုပ်ချင်တယ်။ တခြားအလုပ်တွေကလဲပုံနေတော့ ဒီအမ်တီဗီအတွက်ဆိုရင် တခြားအလုပ်တွေကိုရပ်ပြီး အမ်တီဗီတစ်ခုထဲကိုရိုက်ရမှာပါ။ အဲ့ဒီလိုမျိုးအတွက် အချိန်မပေးနိုင်တာကြောင့် ကြားထဲမှာနောက်တစ်ခွေ ထပ်ထုတ်မယ်။ ပြီးမှနှစ်ခွေပေါင်းပြီး ကျွန်တော်အကြိုက်ဆုံးအပုဒ်တွေကိုရွေးထုတ်ပြီး သေချာလေးရိုက်ပြီး အပြည့်အဝပေးမယ်လို့စဉ်းစားထားလို့ပါ။

-ဒုတိယအခွေမှာ ဂျင်နဲ့မတူတဲ့ ဘယ်လိုပုံစံမျိုးတွေတွေ့ရမလဲ။

ဒုတိယအခွေမှာက အကြောင်းအရာတွေများမယ်။ ပထမအခွေမှာကကျတော့ ကျွန်တော့်ဘဝနဲ့နီးစပ်တယ်။ ပထမအခွေထက်ကောင်းအောင်ကြိုးစားမှာပေါ့။ အသည်းကွဲသီချင်းကတော့ ကျွန်တော်အဲ့ဒီရက်တွေမှာအသည်းကွဲနေရင်တော့ အသည်းကွဲသီချင်းတွေထည့်ဖြစ်မှာပါ။ အခုလောလောဆယ် ၄ပုဒ်လုပ်ထားပါတယ်။ ဒါပေမဲ့ကြားထဲမှာထွက်မဲ့ mini album ထဲကို ၃ပုဒ်ပေးမယ်ဆိုတော့ ၁ပုဒ်လောက်ပဲကျန်မှာပေါ့။

-အခုကပွင့်လင်းရာသီဆိုတော့ နယ်ရှိုးတွေရော လက်ခံထားတာရှိမလား။

နယ်ကတော့တော်တော်လေးသွားဖြစ်တယ်။ အခု Frenzoနဲ့ဆို ဒီဇင်ဘာမှ မန္တလေး၊ မုံရွာ၊ မကွေးသွားဖို့ရှိတယ်။ ပြင်ဦးလွင်ပန်းပွဲတော်ဆိုဖို့ရှိတယ်။ အဲဒ့ါကလူစုံပေါ့။ တခြားမြို့တွေ ထပ်သွားဖို့ကိုလဲ ကိုစိုင်း plan ဆွဲနေတယ်။ တန်ဆောင်တိုင်ကတော့ နယ်မှာပဲဖြစ်ဖို့များပါတယ်။

-အခုနောက်ပိုင်း Frenzo ရှိုးတော်တော်များများမှာတွေ့လာရတယ်နော်။

ကျွန်တော်က အခုက Frenzo ပရိုဒက်ရှင်းက Artist တစ်ယောက်ပါ။ စာချုပ်ချုပ်ထားတာပေါ့။ ဘယ်လောက်ဆိုတာထက်ပေါင်းပြီးလုပ်ဖြစ်တာမျိုးပေါ့။ အခုဆို တစ်နှစ်ရှိပြီပေါ့။

-လက်ရှိမှာနားထောင်ဖြစ်နေတဲ့သီချင်းလေးတွေကိုလဲပြောပြပေးပါဦး။

အခုကတော့ အဟောင်းတွေပြန်နားထောင်ဖြစ်နေတယ်။  ပြီးတော့ အဲ့ဒီလိုအရင်ကပုံစံမျိုးတွေပြန်လုပ်ချင်နေတယ်။ လတ်တလောအရမ်းကြိုက်ပြီး နားထောင်ဖြစ်နေတာက Tech N9ne အခွေတွေပဲ။ အဟောင်းတွေလည်း ပြန်နားထောင်ဖြစ်တယ်။

-အရှေ့မှာလဲ အစ်ကိုဇာတ်လမ်းတိုလေးရိုက်ထားတယ်လို့သိရတယ်။

အဲ့ဒီဟာက ပညာပေးဇာတ်လမ်းတိုလေးပါ။ အဲ့ဒီထဲမှာ ကျွန်တော်က စကားပြောခန်းမပါဘူး။ မျက်နှာအမူအရာနဲ့ပဲသရုပ်ဆောင်ရတယ်။ ကျွန်တော်နဲ့ဦးကျော်သူနဲ့ပေါ့။ Feedback ဆိုတဲ့လူတွေကိ ပညာပေးချင်တဲ့ သုံးမိနစ်စာကားတိုလေးပါ။ ဦးကျော်သူကအရမ်းမောက်မာတယ်။ ကျွန်တော်က ပန်းရောင်းတဲ့ချာတိတ်ပေါ့။ အဲ့ဒါလေးကိုလဲ ဒီကြားထဲတင်မယ်လို့ကြားပါတယ်။

-အစ်ကို့အရှေ့မှာလဲ ကိုယ့်သမိုင်းကိုယ်ရေးကြသူများကားလဲရိုက်ထားတယ်။ အခုဇာတ်လမ်းတိုလေးမှာပဲဝင်သရုပ်ဆောင်ထားတယ်ဆိုတော့ သရုပ်ဆောင်မှုအပိုင်းကိုရော စိတ်ဝင်စားမှုရှိနေပြီလား။

သရုပ်ဆောင်မှုက အခက်အခဲတော့ရှိပါတယ်။ ကျွန်တော်ကျွမ်းကျင်တဲ့ အနုပညာနယ်ပယ်မဟုတ်တော့လေ။ ဒါပေမဲ့ ကျွန်တော်ကြိုးစားပြီးတော့လုပ်ပါတယ်။ ကိုယ့်သမိုင်းကိုယ်ရေးကြသူများရိုက်တုန်းကလဲ ကင်မရာနဲ့နည်းနည်းစိမ်းတယ်။ ဒါပေမဲ့ရိုက်ဖူးတော့ နီးစပ်မှုရှိတယ်လို့ပြောရမှာပေါ့။ ကိုယ့်သမိုင်းကိုယ်ရေးကြသူများက ဆင်ဆာကြပြီလို့တော့ပြောတယ်။ ရုံတင်ဖို့စောင့်နေတာပါ။ အဲ့ဒီထဲမှာလဲ မအောင်မြင်သေးတဲ့ အဆိုတော်တစ်ယောက်ရဲ့ကာရိုက်တာပါပဲ။ လာပြောထားတာတွေတော့ရှိတယ်။ ဗီဒီယိုတွေရော၊ ရုပ်ရှင်ရောပေါ့။ ဒါပေမဲ့ကျွန်တော်ကနိုင်နိုင်နင်းနင်မလုပ်နိုင်သေးပဲနဲ့လဲ ခြေစုံပစ်ပြီး မလုပ်ချင်သေးဘူး။ ကျွန်တော့်ရဲ့အဓိကမေဂျာက အဆိုတော်ဆိုတော့ သရုပ်ဆောင်ဖက်လုပ်ရင် အဆိုတော်ဖက်ကိုလျော့သွားမှာမျိုး စိုးရိမ်တယ်။ အခုလောလောဆယ်တော့ ကျွန်တော်စဉ်းစားနေတုန်းပါပဲ။ ဒါပေမဲ့ ကျွန်တော်နဲ့အဆင်ပြေပြီး ကျွန်တော်လုပ်နိုင်တယ်လို့ယူဆလို့ရတဲ့ကားမျိုးဆိုရင်တော့ ရိုက်ဖြစ်မယ်ထင်ပါတယ်။ သရုပ်ဆောင်ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးငယ်ငယ်ကတည်းက မရှိခဲ့ပေမဲ့ ကျွန်တော်ကဒီဟာဖြစ်ပြီးရင် ဟိုဟာထပ်ဖြစ်ချင်တဲ့စိတ်တော့ရှိတယ်။

-လက်ရှိ အချစ်ရေးကရော ဘယ်လိုရှိလဲ။

တစ်ယောက်တည်းပါပဲ။ အခုကတော့ ပရိသတ်နဲ့ကျွန်တော့်မိသားစုနဲ့ကျွန်တော့်အလုပ်တွေပဲရှိပါတယ်။

-တစ်ယောက်တည်းဖြစ်သွားတဲ့အပေါ်မှာ စိတ်ခံစားချက်တွေကဘယ်လိုဖြစ်နေလဲ။

တစ်ယောက်တည်းဖြစ်သွားရတာက ကျွန်တော်တို့က တစ်ယောက်သစ္စာဖောက်လို့တစ်ယောက်ကမကောင်းလို့လမ်းခွဲတာမဟုတ်ဘူး။ ကျွန်တော်တို့Relationship ကိုရပ်လိုက်တာက သူလဲသူ့တက်လမ်း သူကြိုးစား၊ ကိုယ်လဲကိုယ့်တက်လမ်းကိုယ်ကြိုးစားဆိုတဲ့ သဘောပေါ့။ ကျွန်တော်တို့မုန်းပြီး လမ်းခွဲကြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့Relationship ကိုရပ်ထားတာပါ။ ကျွန်တော်လဲအလုပ်တွေပြန်ကြိုးစားမယ်။ သူလဲအများကြီးကြိုးစားနေမယ်ထင်ပါတယ်။

-အဲ့ဒါဆိုတစ်ချိန်ကျရင် ပြန်တွဲမယ်ဆိုတဲ့သဘောလား။

အဲ့လိုမျိုးလဲမဟုတ်ပါဘူး။ လောကကြီးမှာက ဘယ်အရာမှ အတိအကျပြောလို့မရဘူးလေ။ ကျွန်တော်လဲ ငယ်ငယ်ကတည်းက အတိအကျမှန်းခဲ့ဖူးတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီးတော့ အတိအကျမှန်းခဲ့ဖူးတဲ့အရာတွေကတကယ်တမ်းဖြစ်မလာတဲ့အခါကျတော့ ဘယ်အရာကိုမှမမှန်းထားရဲပါဘူး။ အဓိကဖူးစာပါပဲ။

-တစ်ယောက်နဲ့တစ်ယောက်အနေဝေးလို့လမ်းခွဲလိုက်ကြတာလား။

အဲ့ဒါတွေလဲအနည်းအကျဉ်းပါမှာပေါ့လေ။ ဒါပေမဲ့တခြားကိစ္စကြောင့်ပါ။

-အစ်ကိုဆက်လုပ်သွားမဲ့ အခွေနဲ့ပတ်သက်ပြီးတော့ရော ပရိသတ်ကိုဘာပြောချင်သေးလဲ။

ကျွန်တော်ဆက်လုပ်သွားမဲ့အခွေထဲမှာ အကြောင်းအရာသစ်တွေပါမယ်။ ကျွန်တော့်မှာပရိသတ်မသိသေးတဲ့ အကြောင်းအရာသစ်တွေ အများကြီးရှိပါတယ်။ အဲဒါကို သီချင်းအဖြစ်ဖန်တီးပြီးတော့ သူတို့ကိုကျွန်တော်ပြောပြသွားမှာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top