Property Expo
×




Credit:Thit Htoo Lwin

#Unicode Version
Big Bang အဖွဲ့က နောက်ထပ်တစ်ကြိမ် Forbes မှာပါဝင်တဲ့ တစ်ဦးတည်းသော K-pop အနုပညာရှင်ဖြစ်လာပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ YG Entertainment ရဲ့ အဖွဲ့ဟာ Forbes မဂ္ဂဇင်း၏ ‘ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အသက် ၃၀အောက် အောင်မြင်ကျော်ကြားသူများ’စာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

အားကစားစတာတွေ၊ ထိပ်တန်းအဆိုတော်တွေ၊ rapper တွေအများကြီးကြားမှာ Big Bang အဖွဲ့က ဒေါ်လာ ၄၄ သန်း ဝင်ငွေနှင့် နံပါတ် ၁၃ နေရာရရှိခဲ့ပါတယ်။ စာရင်းထဲမှာပါဝင်တဲ့ တစ်ဦးတည်းသော K-pop အနုပညာရှင်ဖြစ်ပြီး Drake ၊ ဘောလုံးစတား Neymar ၊ Ed Sheeran ၊ Usain Bolt နှင့် တခြားသူတွေကို သူတို့ရဲ့အောင်မြင်မှုနှင့်အတူ ကျော်တက်နိုင်ခဲ့ပါတယ်။

အရင်ကလည်း Big Bang အဖွဲ့က Forbes မဂ္ဂဇင်း၏ ‘၂၀၁၆ ခုနှစ်၏ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အောင်မြင်ကျော်ကြားသူများ’ စာရင်မှာပါဝင်ခဲ့ဖူးပါတယ်။



 ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin

 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top