Property Expo
×

  ျမန္မာႏိုင္ငံ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဌာန (FDA) ေထာက္ခံခ်က္ယူ ထားသည့္ ေစ်းကြက္အတြင္းရွိ င႐ုတ္သီးမႈန္႔ အမွတ္တံဆိပ္အခ်ဳိ႕ သည္ က်န္းမာေရးႏွင့္ မကိုက္ညီ ေသာေၾကာင့္ ယင္းကုန္ပစၥည္းမ်ားကို ျပန္လည္သိမ္းယူၿပီး အ ရည္အေသြးျပည့္ ကုန္ပစၥည္းမ်ား ႏွင့္ အစားထုိး ေရာင္းခ်ျခင္းမ်ား လုပ္ေဆာင္ေနေၾကာင္း သတင္း ရရွိသည္။

ေစ်းကြက္အတြင္း ေရာင္း ခ်ေနေသာ င႐ုတ္သီးမႈန္႔မ်ား၏ ထက္ဝက္ေက်ာ္တြင္ မိႈအဆိပ္ (အယ္ဖာေတာက္ဆင္)ႏွင့္ ဆိုး ေဆးပါဝင္မႈမ်ား ေတြ႕ရ၍ FDA ေထာက္ခံခ်က္ ရယူထားသည့္ လုပ္ငန္းရွင္မ်ားအား တစ္ပတ္ အတြင္း မိမိကုန္ပစၥည္းမ်ားကို ျပန္လည္သိမ္းယူ ဖ်က္ဆီးရန္ ျမန္မာႏုိင္ငံ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဌာနက ႏုိဝင္ဘာ ၁၂ ရက္က ၫႊန္ၾကားခဲ့ျခင္း ေၾကာင့္ လုပ္ေဆာင္ေနျခင္းျဖစ္ သည္။


‘‘က်န္းမာေရးနဲ႔ မကိုက္ညီ တဲ့ဟာေတြကို အသုတ္လိုက္ ျပန္ ၿပီးေတာ့ သိမ္းေနၾကတယ္။ မိုး တြင္းကာလမွာ ထုတ္လုပ္ထားတဲ့ဟာေတြက်ေတာ့ ရာသီဥတု ေၾကာင့္ င႐ုတ္သီးမႈန္႔က မႈိတက္ တယ္။ မိုးတြင္းမွာထုတ္တဲ့ ကုန္ ပစၥည္းအသုတ္ကို ျပန္သိမ္းၿပီး အရည္အေသြးျပည့္မီတဲ့ ကုန္ ပစၥည္းနဲ႔ အစားထုိးတယ္။ မိုးတြင္းကုန္သြားၿပီဆိုတာနဲ႔ ရာသီဥတု ပူလာရင္ မႈိတက္တာ ေလ်ာ့ တယ္ေပါ့။ လက္ရွိမွာ လုပ္ငန္းရွင္ေတြအေနနဲ႔ တာဝန္ယူၿပီး လဲေပးေနၾကတယ္။ ေစ်းကြက္မွာ ကိုယ့္နာမည္ရရွိဖို႔ လြယ္တာမဟုတ္ ဘူး။ အခက္အခဲေတြ ရွိေပမယ့္ ႀကိဳးစားၿပီး လုပ္ေနၾကပါတယ္’’ဟု င႐ုတ္သီးမႈန္႔ထုတ္လုပ္ေရာင္းခ်သည့္ ျမန္မာ့ရနံ႔အမွတ္တံဆိပ္ လုပ္ငန္းရွင္ ဦးသန္းလြင္ကေျပာ သည္။

ေစ်းကြက္အတြင္းရွိ င႐ုတ္ သီးမႈန္႔မ်ား ျပန္လည္သိမ္းယူဖ်က္ ဆီးရန္ FDA ၏ ၫႊန္ၾကားခ်က္ ေၾကာင့္ ေရာင္းခ်သူႏွင့္ စားသံုးသူ မ်ားအၾကား ဂယက္႐ိုက္ခတ္မႈမ်ားရွိခဲ့ၿပီး အေရာင္းေစ်းကြက္အေျခအေနလည္း အနည္းငယ္က်ဆင္းကာ စားသံုးသူအခ်ဳိ႕က ေျပာင္းလဲအသံုးျပဳျခင္းမ်ား ရွိေန ေၾကာင္း ထုတ္လုပ္သူႏွင့္ ျဖန္႔ျဖဴး ေရာင္းခ်သူအခ်ဳိ႕ကဆိုသည္။

‘‘င႐ုတ္သီးမႈန္႔မ်ဳိးစံုကို ေစ်း ကြက္ထဲမွာ ပံုမွန္ေရာင္းေနတုန္း ပဲ။ ေစ်းႏႈန္းလည္း မေျပာင္းလဲ ဘူး။ လက္လီဆိုင္ေတြမွာေတာ့ စားသံုးသူက ႏွစ္မ်ဳိးကြဲသြားတယ္။ သာမန္အေျခခံ လူတန္းစားေတြ က ပံုမွန္စားေနက်ဟာကိုပဲ ဝယ္ ၾကတယ္။ သတင္းစာ၊ ဂ်ာနယ္ ဖတ္တဲ့သူေတြက်ေတာ့ သတင္း သိၿပီးေတာ့ မစားၾကေတာ့ဘူး။ သူတို႔က င႐ုတ္သီးအပုေတာင့္ကို ဝယ္ၿပီး ကိုယ့္ဟာကိုယ္ ေထာင္း စားၾကတယ္။ လက္လီဆိုင္ေစ်း ကြက္မွာ အေရာင္းက တစ္ဝက္ ေလာက္က်သြားတယ္’’ဟု မရမ္း ကုန္းၿမိဳ႕နယ္ သမိုင္း(၂)ရပ္ကြက္ မွ ကုန္စံုဆိုင္ပိုင္ရွင္ ကိုဖိုးေက်ာ္ က ေျပာသည္။

FDA ၫႊန္ၾကားခ်က္သည္ အရည္အေသြးမျပည့္မီသည့္ ကုန္ ပစၥည္းမ်ား ေစ်းကြက္အတြင္းမွ ေပ်ာက္သြားမည္ကို လက္ခံႀကိဳ ဆိုေသာ္လည္း တစ္ႏိုင္ငံလံုးရွိ စားသံုးသူမ်ား လက္ခံႏိုင္ရန္ အေရးႀကီးသည္ဟု င႐ုတ္သီးမႈန္႔ ထုတ္လုပ္ေရာင္းခ်သည့္ လုပ္ငန္း ရွင္တစ္ဦးကဆုိသည္။

‘‘FDA ထုတ္ျပန္မႈအေပၚ မူတည္ၿပီး အညံ့လိုင္းကေတာ့ ေပ်ာက္သြားမွာေပါ့။ ေရာင္းတဲ့သူ အေနနဲ႔ အေကာင္းပဲ ေရာင္းခ်င္ တယ္။ ျမန္မာျပည္မွာ လက္လုပ္ လက္စား လူတန္းစားေတြမ်ား တယ္။ သူတို႔ရဲ႕အေျခအေနလည္း ၾကည့္ရမယ္။ ေစ်းအရမ္းျမင့္ေန ရင္ မစားႏိုင္တာရွိတယ္။ ေလာ ေလာဆယ္ေတာ့ အေရာင္းအ ဝယ္ တန္႔ေနတယ္။ ဒီဂယက္က ေတာ္ေတာ္ေလး ႐ိုက္တယ္’’ဟု ယင္းလုပ္ငန္းရွင္ကဆိုသည္။

 ျမန္မာႏိုင္ငံ အစားအ ေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး ဌာနက ၎တို႔၏ ေထာက္ခံခ်က္ မယူထားေသာ အမွတ္တံဆိပ္မ်ား ကို ေၾကညာမည္ျဖစ္ၿပီး ေထာက္ခံခ်က္ယူထားေသာ အမွတ္တံ ဆိပ္မ်ားကို တစ္ပတ္အတြင္း ေစ်း ကြက္မွ ျပန္လည္သိမ္းယူဖ်က္ဆီး ရန္ ၫႊန္ၾကားထားသည္။ ယင္း အေျခအေနမ်ားကို ေလ့လာ ေစာင့္ၾကည့္ေနၿပီး တစ္ပတ္ေက်ာ္လြန္၍ ေစ်းကြက္အတြင္း ေထာက္လွမ္းၾကည့္႐ႈသည့္အခါ ဖ်က္ဆီးရမည့္ ကုန္ပစၥည္းမ်ား ထပ္မံေတြ႕ရွိပါက စားသံုးရန္မသင့္ အမွတ္တံဆိပ္အျဖစ္ ေၾကညာမည္ျဖစ္ကာ သက္ဆိုင္ရာတာဝန္ရွိ သူ အဆင့္အလိုက္ တရားစြဲဆို အေရးယူမည္ျဖစ္သည္။

လက္ရွိတြင္ ၫႊန္ၾကားခ်က္ ထြက္ၿပီး ႏွစ္ပတ္အတြင္း ေရာက္ ရွိလာၿပီျဖစ္၍ FDA သို႔ ဆက္သြယ္ေမးျမန္းရာ ‘‘တစ္ပတ္အတြင္း ျပန္သိမ္းခိုင္းတဲ့အခါ တစ္ႏိုင္ငံလံုး ျဖန္႔ၾကက္ထားတဲ့ အေနအ ထားက်ေတာ့ နည္းနည္းေတာ့ ခက္မွာေပါ့။ အခ်ိန္နည္းနည္း ေစာင့္ေပးေနတဲ့ သေဘာရွိတယ္။ FDA ေထာက္ခံခ်က္မယူထားတဲ့ အမွတ္တံဆိပ္ေတြကို ဆိုင္မွာ တင္ခြင့္မရွိေအာင္ စည္ပင္ကို ၫႊန္ၾကားခ်က္ သီးသန္႔ထြက္ဖို႔ရွိတယ္။ FDA မွတ္ပံုမတင္ထားတဲ့အခါ အမွန္က ေရာင္းလို႔ကိုမရဘူး။ FDA မွာ မွတ္ပံုတင္ေလွ်ာက္ခ်င္ေလွ်ာက္၊ မေလွ်ာက္ဘူးဆို ရင္ ဖ်က္သိမ္းရလိမ့္မယ္’’ဟု လက္ေထာက္ ၫႊန္ၾကားေရးမွဴး ေဒါက္တာဥကၠာၿဖိဳးက ေျပာၾကား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

  မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ထောက်ခံချက်ယူ ထားသည့် ဈေးကွက်အတွင်းရှိ ငရုတ်သီးမှုန့် အမှတ်တံဆိပ်အချို့ သည် ကျန်းမာရေးနှင့် မကိုက်ညီ သောကြောင့် ယင်းကုန်ပစ္စည်းများကို ပြန်လည်သိမ်းယူပြီး အ ရည်အသွေးပြည့် ကုန်ပစ္စည်းများ နှင့် အစားထိုး ရောင်းချခြင်းများ လုပ်ဆောင်နေကြောင်း သတင်း ရရှိသည်။

ဈေးကွက်အတွင်း ရောင်း ချနေသော ငရုတ်သီးမှုန့်များ၏ ထက်ဝက်ကျော်တွင် မှိုအဆိပ် (အယ်ဖာတောက်ဆင်)နှင့် ဆိုး ဆေးပါဝင်မှုများ တွေ့ရ၍ FDA ထောက်ခံချက် ရယူထားသည့် လုပ်ငန်းရှင်များအား တစ်ပတ် အတွင်း မိမိကုန်ပစ္စည်းများကို ပြန်လည်သိမ်းယူ ဖျက်ဆီးရန် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက နိုဝင်ဘာ ၁၂ ရက်က ညွှန်ကြားခဲ့ခြင်း ကြောင့် လုပ်ဆောင်နေခြင်းဖြစ် သည်။


‘‘ကျန်းမာရေးနဲ့ မကိုက်ညီ တဲ့ဟာတွေကို အသုတ်လိုက် ပြန် ပြီးတော့ သိမ်းနေကြတယ်။ မိုး တွင်းကာလမှာ ထုတ်လုပ်ထားတဲ့ဟာတွေကျတော့ ရာသီဥတု ကြောင့် ငရုတ်သီးမှုန့်က မှိုတက် တယ်။ မိုးတွင်းမှာထုတ်တဲ့ ကုန် ပစ္စည်းအသုတ်ကို ပြန်သိမ်းပြီး အရည်အသွေးပြည့်မီတဲ့ ကုန် ပစ္စည်းနဲ့ အစားထိုးတယ်။ မိုးတွင်းကုန်သွားပြီဆိုတာနဲ့ ရာသီဥတု ပူလာရင် မှိုတက်တာ လျော့ တယ်ပေါ့။ လက်ရှိမှာ လုပ်ငန်းရှင်တွေအနေနဲ့ တာဝန်ယူပြီး လဲပေးနေကြတယ်။ ဈေးကွက်မှာ ကိုယ့်နာမည်ရရှိဖို့ လွယ်တာမဟုတ် ဘူး။ အခက်အခဲတွေ ရှိပေမယ့် ကြိုးစားပြီး လုပ်နေကြပါတယ်’’ဟု ငရုတ်သီးမှုန့်ထုတ်လုပ်ရောင်းချသည့် မြန်မာ့ရနံ့အမှတ်တံဆိပ် လုပ်ငန်းရှင် ဦးသန်းလွင်ကပြော သည်။

ဈေးကွက်အတွင်းရှိ ငရုတ် သီးမှုန့်များ ပြန်လည်သိမ်းယူဖျက် ဆီးရန် FDA ၏ ညွှန်ကြားချက် ကြောင့် ရောင်းချသူနှင့် စားသုံးသူ များအကြား ဂယက်ရိုက်ခတ်မှုများရှိခဲ့ပြီး အရောင်းဈေးကွက်အခြေအနေလည်း အနည်းငယ်ကျဆင်းကာ စားသုံးသူအချို့က ပြောင်းလဲအသုံးပြုခြင်းများ ရှိနေ ကြောင်း ထုတ်လုပ်သူနှင့် ဖြန့်ဖြူး ရောင်းချသူအချို့ကဆိုသည်။

‘‘ငရုတ်သီးမှုန့်မျိုးစုံကို ဈေး ကွက်ထဲမှာ ပုံမှန်ရောင်းနေတုန်း ပဲ။ ဈေးနှုန်းလည်း မပြောင်းလဲ ဘူး။ လက်လီဆိုင်တွေမှာတော့ စားသုံးသူက နှစ်မျိုးကွဲသွားတယ်။ သာမန်အခြေခံ လူတန်းစားတွေ က ပုံမှန်စားနေကျဟာကိုပဲ ဝယ် ကြတယ်။ သတင်းစာ၊ ဂျာနယ် ဖတ်တဲ့သူတွေကျတော့ သတင်း သိပြီးတော့ မစားကြတော့ဘူး။ သူတို့က ငရုတ်သီးအပုတောင့်ကို ဝယ်ပြီး ကိုယ့်ဟာကိုယ် ထောင်း စားကြတယ်။ လက်လီဆိုင်ဈေး ကွက်မှာ အရောင်းက တစ်ဝက် လောက်ကျသွားတယ်’’ဟု မရမ်း ကုန်းမြို့နယ် သမိုင်း(၂)ရပ်ကွက် မှ ကုန်စုံဆိုင်ပိုင်ရှင် ကိုဖိုးကျော် က ပြောသည်။

FDA ညွှန်ကြားချက်သည် အရည်အသွေးမပြည့်မီသည့် ကုန် ပစ္စည်းများ ဈေးကွက်အတွင်းမှ ပျောက်သွားမည်ကို လက်ခံကြို ဆိုသော်လည်း တစ်နိုင်ငံလုံးရှိ စားသုံးသူများ လက်ခံနိုင်ရန် အရေးကြီးသည်ဟု ငရုတ်သီးမှုန့် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်း ရှင်တစ်ဦးကဆိုသည်။

‘‘FDA ထုတ်ပြန်မှုအပေါ် မူတည်ပြီး အညံ့လိုင်းကတော့ ပျောက်သွားမှာပေါ့။ ရောင်းတဲ့သူ အနေနဲ့ အကောင်းပဲ ရောင်းချင် တယ်။ မြန်မာပြည်မှာ လက်လုပ် လက်စား လူတန်းစားတွေများ တယ်။ သူတို့ရဲ့အခြေအနေလည်း ကြည့်ရမယ်။ ဈေးအရမ်းမြင့်နေ ရင် မစားနိုင်တာရှိတယ်။ လော လောဆယ်တော့ အရောင်းအ ဝယ် တန့်နေတယ်။ ဒီဂယက်က တော်တော်လေး ရိုက်တယ်’’ဟု ယင်းလုပ်ငန်းရှင်ကဆိုသည်။

 မြန်မာနိုင်ငံ အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနက ၎င်းတို့၏ ထောက်ခံချက် မယူထားသော အမှတ်တံဆိပ်များ ကို ကြေညာမည်ဖြစ်ပြီး ထောက်ခံချက်ယူထားသော အမှတ်တံ ဆိပ်များကို တစ်ပတ်အတွင်း ဈေး ကွက်မှ ပြန်လည်သိမ်းယူဖျက်ဆီး ရန် ညွှန်ကြားထားသည်။ ယင်း အခြေအနေများကို လေ့လာ စောင့်ကြည့်နေပြီး တစ်ပတ်ကျော်လွန်၍ ဈေးကွက်အတွင်း ထောက်လှမ်းကြည့်ရှုသည့်အခါ ဖျက်ဆီးရမည့် ကုန်ပစ္စည်းများ ထပ်မံတွေ့ရှိပါက စားသုံးရန်မသင့် အမှတ်တံဆိပ်အဖြစ် ကြေညာမည်ဖြစ်ကာ သက်ဆိုင်ရာတာဝန်ရှိ သူ အဆင့်အလိုက် တရားစွဲဆို အရေးယူမည်ဖြစ်သည်။

လက်ရှိတွင် ညွှန်ကြားချက် ထွက်ပြီး နှစ်ပတ်အတွင်း ရောက် ရှိလာပြီဖြစ်၍ FDA သို့ ဆက်သွယ်မေးမြန်းရာ ‘‘တစ်ပတ်အတွင်း ပြန်သိမ်းခိုင်းတဲ့အခါ တစ်နိုင်ငံလုံး ဖြန့်ကြက်ထားတဲ့ အနေအ ထားကျတော့ နည်းနည်းတော့ ခက်မှာပေါ့။ အချိန်နည်းနည်း စောင့်ပေးနေတဲ့ သဘောရှိတယ်။ FDA ထောက်ခံချက်မယူထားတဲ့ အမှတ်တံဆိပ်တွေကို ဆိုင်မှာ တင်ခွင့်မရှိအောင် စည်ပင်ကို ညွှန်ကြားချက် သီးသန့်ထွက်ဖို့ရှိတယ်။ FDA မှတ်ပုံမတင်ထားတဲ့အခါ အမှန်က ရောင်းလို့ကိုမရဘူး။ FDA မှာ မှတ်ပုံတင်လျှောက်ချင်လျှောက်၊ မလျှောက်ဘူးဆို ရင် ဖျက်သိမ်းရလိမ့်မယ်’’ဟု လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဥက္ကာဖြိုးက ပြောကြား သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top