Property Expo
×

အခုေခတ္မွာ အဆင္သင္႕အစာ၊ အျမန္စာ စသျဖင္႕ ေခၚဆိုေနၾကတဲ့ FastFood ေတြ ေခတ္စားလာပါတယ္။ အိမ္မွာ ျပင္ဆင္ခ်က္ျပဳတ္ဖို့ အခ်ိန္ မရတဲ႕သူေတြက ဟမ္ဘာဂါ၊ ပီဇာ၊ ေခါက္ဆြဲထုပ္၊ အာလူးေခ်ာင္းေၾကာ္လို ဆီေၾကာ္စာစတဲ႕ အဆင္သင္႕အစာေတြကို အလြယ္တကူ ဝယ္ယူ စားေသာက္ တတ္ၾကပါတယ္။ အဆင္သင္႕အစာေတြမွာ ဆား၊ သၾကား၊ အဆီစတာေတြ ပါဝင္မႈျမင္႕မားတဲ႕အတြက္ ေအာက္ပါဆိုးက်ိဳးေတြကို ရရွိေစႏိုင္ပါတယ္။

(၁) ဆားအမ်ားအျပား ထည့္ၿပီး ၾကာရွည္ခံေအာင္ ျပင္ဆင္ေလ့ရွိပါတယ္။ ဆိုဒီယမ္ဆိုတာ ဆားမွာ ပါဝင္တဲ့ အစိတ္အပိုင္းတစ္ခုျဖစ္ ၿပီး အလြန္အမင္း စားရင္ ေသြးတိုးတာ၊ ေရဓာတ္စုေဆာင္းမႈ ျမင့္မားတာနဲ႔ အဝ လြန္တာတို႔ ျဖစ္ႏိုင္ေျခ မ်ားပါတယ္။ ဆို ဒီယမ္ ပါဝင္မႈလြန္ကဲတဲ့ အဆင္သင့္ အ စာေတြကို မ်ားမ်ားစားတာေၾကာင့္ ေလ ျဖတ္ႏိုင္ေျခကိုလည္း ျမင့္တက္ေစပါတယ္။

(၂) အဆီခ်ိစ္ဘာဂါ၊ မစ္ရွိတ္(Milk Shake) နဲ႔ ၾကက္ေၾကာ္ စတဲ့ အဆင္သင့္အစာေတြမွာ အဆီဓာတ္မ်ားစြာ ပါဝင္ပါတယ္။ အဆီ ဓာတ္ ပါဝင္မႈျမင့္မားတာက အဆင္သင့္အစာေတြရဲ႕ အရသာ ကို တိုးေစေပမယ့္ ထပ္ခါတလဲလဲ ေၾကာ္ထားတဲ့ ဆီထဲမွာ ထည့္ ေၾကာ္ထားတာေၾကာင့္ တစ္ခါစားရင္ အဆီဓာတ္ ၆၀ ဂရမ္ ေလာက္ ရရွိႏိုင္ပါတယ္။ ဒီလို အဆီဓာတ္ေတြေၾကာင့္ ေသြး တြင္းမေကာင္းတဲ့ ကိုလက္စထေရာအဆင့္ ျမင့္တက္သလို ကိုယ္ အေလးခ်ိန္ကိုလည္း တိုးေစႏိုင္ပါတယ္။

(၃) ကယ္လိုရီအဆင္သင့္အစာေတြ စားလို႔ ရလာႏိုင္တဲ့ ကယ္လိုရီေတြ က က်န္းမာေရးအတြက္ အႏၱရာယ္ရွိပါတယ္။ အဆင္သင့္အ စာအမ်ားစုဟာ ကယ္လိုရီမ်ားစြာ တိုးေစႏိုင္တာေၾကာင့္ အဝလြန္ ေစႏိုင္ပါတယ္။ အထူးသျဖင့္ အထိုင္မ်ားတဲ့ အေလ့အထ ရွိၿပီး ေလ့က်င့္ခန္း မလုပ္သူေတြမွာ အဝလြန္လာၿပီး အဝလြန္တာ ေၾကာင့္ ေနာက္ဆက္တြဲေရာဂါေဝဒနာေတြကို ရရွိေစႏိုင္ပါ တယ္။

(၄) ျပည္႕ဝဆီႏွင္႕ထရန့္စ္ဖက္စ္ၿပည့္ဝဆီနဲ႔ထရန္႔စ္ဖက္စ္ေတြကအခန္းအပူခ်ိန္မွာခဲႏိုင္ၿပီး ေသြးတြင္း
ကိုလက္စထေရာအဆင့္ ျမင့္တက္မႈနဲ႔ ႏွလံုးေရာဂါျဖစ္ ႏိုင္ေျခတိုးမႈေတြနဲ႔ဆက္စပ္ေနပါတယ္။အဆင္သင့္
အစာေတြကို ျပည့္ဝဆီနဲ႔ ျပဳျပင္ထားတာေၾကာင့္ ၾကာၾကာအထားခံတာ မွန္ေပ မယ့္ အေရျပားေအာက္မွာ အဆီအျဖစ္ အျမန္စုေဆာင္းေရာက္ရွိ ကာ က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။ ျပည့္ဝဆီနဲ႔ ထရန္႔စ္ ဖက္စ္ေတြက ေသြးတြင္း မေကာင္းတဲ့ ကိုလက္စထေရာကို ျမင့္ တက္ေစၿပီး ေကာင္းတဲ့ ကိုလက္စထေရာကို ေလ်ာ့က်ေစပါတယ္။

(၅) အသည္းထိခိုက္မႈ ၾကာလာတာနဲ႔အမွ် အသည္းအေပၚ ဝန္ပိၿပီး အရက္ ေသာက္သလို ထိခိုက္မႈ ျဖစ္ေစႏိုင္ပါ တယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:က်န္းမာေရးအေျကာင္းသိေကာင္းစရာမ်ား

#Unicode Version
အခုခေတ်မှာ အဆင်သင့်အစာ၊ အမြန်စာ စသဖြင့် ခေါ်ဆိုနေကြတဲ့ Fast Food တွေ ခေတ်စားလာပါတယ်။ အိမ်မှာ ပြင်ဆင်ချက်ပြုတ်ဖို့ အချိန် မရတဲ့သူတွေက ဟမ်ဘာဂါ၊ ပီဇာ၊ ခေါက်ဆွဲထုပ်၊ အာလူးချောင်းကြော်လို ဆီကြော်စာစတဲ့ အဆင်သင့်အစာတွေကို အလွယ်တကူ ဝယ်ယူ စားသောက် တတ်ကြပါတယ်။ အဆင်သင့်အစာတွေမှာ ဆား၊ သကြား၊ အဆီစတာတွေ ပါဝင်မှုမြင့်မားတဲ့အတွက် အောက်ပါဆိုးကျိုးတွေကို ရရှိစေနိုင်ပါတယ်။

(၁) ဆားအများအပြား ထည့်ပြီး ကြာရှည်ခံအောင် ပြင်ဆင်လေ့ရှိပါတယ်။ ဆိုဒီယမ်ဆိုတာ ဆားမှာ ပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ် ပြီး အလွန်အမင်း စားရင် သွေးတိုးတာ၊ ရေဓာတ်စုဆောင်းမှု မြင့်မားတာနဲ့ အဝ လွန်တာတို့ ဖြစ်နိုင်ခြေ များပါတယ်။ ဆို ဒီယမ် ပါဝင်မှုလွန်ကဲတဲ့ အဆင်သင့် အ စာတွေကို များများစားတာကြောင့် လေ ဖြတ်နိုင်ခြေကိုလည်း မြင့်တက်စေပါတယ်။

(၂) အဆီချိစ်ဘာဂါ၊ မစ်ရှိတ်(Milk Shake) နဲ့ ကြက်ကြော် စတဲ့ အဆင်သင့်အစာတွေမှာ အဆီဓာတ်များစွာ ပါဝင်ပါတယ်။ အဆီ ဓာတ် ပါဝင်မှုမြင့်မားတာက အဆင်သင့်အစာတွေရဲ့ အရသာ ကို တိုးစေပေမယ့် ထပ်ခါတလဲလဲ ကြော်ထားတဲ့ ဆီထဲမှာ ထည့် ကြော်ထားတာကြောင့် တစ်ခါစားရင် အဆီဓာတ် ၆၀ ဂရမ် လောက် ရရှိနိုင်ပါတယ်။ ဒီလို အဆီဓာတ်တွေကြောင့် သွေး တွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့် မြင့်တက်သလို ကိုယ် အလေးချိန်ကိုလည်း တိုးစေနိုင်ပါတယ်။

(၃) ကယ်လိုရီအဆင်သင့်အစာတွေ စားလို့ ရလာနိုင်တဲ့ ကယ်လိုရီတွေ က ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။ အဆင်သင့်အ စာအများစုဟာ ကယ်လိုရီများစွာ တိုးစေနိုင်တာကြောင့် အဝလွန် စေနိုင်ပါတယ်။ အထူးသဖြင့် အထိုင်များတဲ့ အလေ့အထ ရှိပြီး လေ့ကျင့်ခန်း မလုပ်သူတွေမှာ အဝလွန်လာပြီး အဝလွန်တာ ကြောင့် နောက်ဆက်တွဲရောဂါဝေဒနာတွေကို ရရှိစေနိုင်ပါ တယ်။

(၄) ပြည့်ဝဆီနှင့် ထရန့်စ်ဖက်စ်ပြည့်ဝဆီနဲ့ထရန့်စ်ဖက်စ်တွေကအခန်းအပူချိန်မှာခဲနိုင်ပြီး သွေးတွင်းကိုလက်စထရောအဆင့် မြင့်တက်မှုနဲ့ နှလုံးရောဂါဖြစ် နိုင်ခြေတိုးမှုတွေနဲ့ဆက်စပ်နေပါတယ်။အဆင်သင့်အစာတွေကို ပြည့်ဝဆီနဲ့ ပြုပြင်ထားတာကြောင့် ကြာကြာအထားခံတာ မှန်ပေ မယ့် အရေပြားအောက်မှာ အဆီအဖြစ် အမြန်စုဆောင်းရောက်ရှိ ကာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ပြည့်ဝဆီနဲ့ ထရန့်စ် ဖက်စ်တွေက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို မြင့် တက်စေပြီး ကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်။

(၅) အသည်းထိခိုက်မှု ကြာလာတာနဲ့အမျှ အသည်းအပေါ် ဝန်ပိပြီး အရက် သောက်သလို ထိခိုက်မှု ဖြစ်စေနိုင်ပါ တယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:ကျန်းမာရေးအကြောင်းသိကောင်းစရာများ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top