Property Expo
×

"Fantastic Beasts and Where to Find Them" ရုပ္ရွင္ကေတာ့ သူ႔ရဲ႕ပြဲဦးထြက္မွာပဲ ဝင္ေငြ ေဒၚလာ၇၅သန္း ရရွိကာ ယခုအပတ္ box office ရဲ႕ ထိပ္ဆံုးေနရာကို လႊမ္မိုးထားလုိက္ပါျပီ။

ဒီရုပ္ရွင္ဟာ စုစုေပါင္း ငါးကားထြက္ရွိဖုိ႔စီစဥ္ထားျပီး ပြဲဦးထြက္မွာပဲအေျခအေနေကာင္းေသာေၾကာင့္ Warner Bros ထုတ္လုပ္ေရး ကုမၸဏီ အေနနဲ႔ ေနာက္ဇာတ္ကားေတြမွာ ေငြထပ္မံရင္းႏွီးျပီး ထုတ္လုပ္သြားဖုိ႔ ေမွ်ာ္လင့္ခ်က္ေကာင္းေတြေတာ့ ရရွိလာခဲ့ပါတယ္။

ရုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီဟာ ဒီဇာတ္ကားအတြက္ အကုန္အက်စုစုေပါင္း သန္း၁၈၀ ကုန္က်ခဲ့ပါတယ္။ေအာ္စကာဆုရွင္ Eddie Redmayne ဟာ ေမွာ္ေက်ာင္းဆရာ နဲ႔ ေမွာ္တိရစာၱန္ ေတြကိုလုိက္လံ ထိန္းသိမ္းတဲ့ ဇာတ္ေကာင္ Newt Scamander ေနရာကေနပါဝင္ထားျပီး ဇာတ္ညႊန္းကိုေတာ့ J.K.Rowling ကေရးသားကာ ဒါရိုက္တာ David Yates က ရိုက္ကူးထားတာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version

"Fantastic Beasts and Where to Find Them" ရုပ်ရှင်ကတော့ သူ့ရဲ့ပွဲဦးထွက်မှာပဲ ဝင်ငွေ ဒေါ်လာ၇၅သန်း ရရှိကာ ယခုအပတ် box office ရဲ့ ထိပ်ဆုံးနေရာကို လွှမ်မိုးထားလိုက်ပါပြီ။

ဒီရုပ်ရှင်ဟာ စုစုပေါင်း ငါးကားထွက်ရှိဖို့စီစဉ်ထားပြီး ပွဲဦးထွက်မှာပဲအခြေအနေကောင်းသောကြောင့် Warner Bros ထုတ်လုပ်ရေး ကုမ္ပဏီ အနေနဲ့ နောက်ဇာတ်ကားတွေမှာ ငွေထပ်မံရင်းနှီးပြီး ထုတ်လုပ်သွားဖို့ မျှော်လင့်ချက်ကောင်းတွေတော့ ရရှိလာခဲ့ပါတယ်။

ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီဟာ ဒီဇာတ်ကားအတွက် အကုန်အကျစုစုပေါင်း သန်း၁၈၀ ကုန်ကျခဲ့ပါတယ်။အော်စကာဆုရှင် Eddie Redmayne ဟာ မှော်ကျောင်းဆရာ နဲ့ မှော်တိရစ္တာန် တွေကိုလိုက်လံ ထိန်းသိမ်းတဲ့ ဇာတ်ကောင် Newt Scamander နေရာကနေပါဝင်ထားပြီး ဇာတ်ညွှန်းကိုတော့ J.K.Rowling ကရေးသားကာ ဒါရိုက်တာ David Yates က ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top