Kantharyar Centre
×

ပ်ိဳေမေတြ အသားအေရေတြ လွပသန္႕စင္ေနေစဖုိ႕ဆုိတာ အသားအေရကို အခ်ိန္ေပးျပီး ဂရုစိုက္ဖုိ႕လိုပါတယ္။ ဂရုစိုက္တဲ့အခါမွာလည္း အသားအေရအတြက္ အဆင့္ဆင့္လုပ္ေဆာင္ရမယ့္အရာေတြကို မပ်က္မကြက္လိုက္နာလုပ္ေဆာင္မွသာ လွပတဲ့အသားအေရကို ပိုင္ဆုိင္ႏိုင္ပါလိမ့္မယ္။ ဒါ့ေၾကာင့္ မ်က္ႏွာအသားအေရအတြက္ လုပ္ေဆာင္ရမယ့္အရာေတြကို ေရးသားေပးလိုက္ရပါတယ္။

၁- မ်က္ႏွာကို သန္႕စင္ပါ။
အသားအေရကို လံုး၀နွံ႔စပ္စြာ သန္႕ရွင္းဖို႕အတြက္ တစ္ေန႕၂ၾကိမ္ မ်က္ႏွာသစ္ေပးသင္႔ပါတယ္။ တစ္ခ်ိဳ႕အခါေတြမွာေတာ႔ မိတ္ကပ္ေတြကို ဖယ္ရွားေပးႏိုင္တဲ႔ သံလြင္ဆီကုိ ပထမဆံုးသံုးၿပီးမွ ကိုယ္႔ရဲ႕ အသားအေရနဲ႔ လိုက္ဖက္တဲ႔ မ်က္ႏွာသစ္ဆပ္ျပာကို သံုးၿပီး သန္႕စင္ေပးရပါမယ္။ မ်က္ႏွာတအသားအေရနဲ႔တသားတည္း ညီေအာင္ လည္ပင္းကို မိတ္ကပ္လိမ္းရတာမ်ိဳးေတြရွိတဲ႔အတြက္ လည္ပင္းကိုပါ မျဖစ္မေနသန္႕စင္ေပးဖို႕လိုအပ္ပါတယ္။

၂-မ်က္နွာကို scrubလုပ္ေပးပါ။
Scrubingလုပ္တာက သင္႔အသားအေရမွာရွိတဲ႔ ဆဲလ္အေသေတြကို ဖယ္ရွားေပးႏိုင္ၿပီး အသားအေရကို စိုေျပေတာက္ပေစပါတယ္။ ဒါ့အျပင္ ညလိမ္းခရင္မ္၊ Serumစတာေတြကို အေရျပားအတြင္းပိုင္းထိ ပိုၿပီး ထိေရာက္ေစပါတယ္။ဒါေၾကာင္႔မိမ္ိအသားအေရနဲ႔ လိုက္ဖက္တဲ႔ Exfoilator တစ္ခုခုကို ေရြးခ်ယ္ၿပီး ျပဳလုပ္သင္႔ပါတယ္။

၃-ေႏြးေထြးတဲ႕႔အ၀တ္စတစ္ခုနဲ႔ အေသးစား Facial Messageျပဳလုပ္ပါ။
မ်က္ႏွာသုတ္ပ၀ါအေသးစားေလးတစ္ခုကို ေရေႏြးထဲမွာ စိမ္ၿပီး ေရေတြကို ညွစ္ထုတ္ပါ။ၿပီးတဲ႔ေနာက္မွာေတာ့ ေသြးလွည္႔ပတ္မွုကို ျမွင္႔တင္လည္ပတ္ေစဖို႔နဲ႔ ေခြ်းေပါက္ေလးေတြ က်ဥ္းသြားေစဖို႔ မ်က္နွာေပၚမွာ ခဏတင္ထားပါ။အဆီ ဒါမွမဟုတ္ မ်က္နွာသစ္ခရင္မ္တစ္ခုခုကို လိမ္းၿပီး အေပၚဘက္ကို ညင္သာစြာ ပင့္တင္ ႏွိပ္နယ္ေပးရပါမယ္။

၄-မ်က္နွာေပါင္းတင္ကပ္ခြာ Facial Maskသံုးပါ။
Facial Maskကပ္တဲ႔အခါ Maskမွာပါတဲ့အရည္ ဒါမွမဟုတ္ ခရင္မ္ေတြကို မဖယ္ထုတ္ပစ္ဘဲ မ်က္ႏွာေပၚမွာ ကပ္ပါ။ ေရဓာတ္မ်ားတာ၊ အသားတင္းတာ၊အာဟာရျဖည္႔တာ စသည္ျဖင္႔ ကိုယ္႕အသားအေရနဲ႕လိုက္ဖက္တာကို ေရြးခ်ယ္ပါ။Maskကပ္ၿပီးေနာက္ အနည္းဆံုး၁၅မိနစ္ၾကာေအာင္ထားၿပီးမွေရေဆးခ်ပါ။ မ်က္လံုးအတြက္ကိုေတာ့ ၀ါဂြမ္းစမွာ  အရက္ျပန္မပါတဲ႔ တိုနာတစ္မ်ိဳးမိ်ဳးကို စြတ္ၿပီး ၁၀မိနစ္ေလာက္ထားပါ။ၿပီးမွေရေဆးခ်ပါ။

၅-Serumတစ္ခုခုလိမ္းပါ။
ေနာက္ဆံုးအဆင္႔မွာေတာ့ serum ဒါမွမဟုတ္ day cream၊ night cream ၊ gel တစ္ခုခုလိမ္းေပးသင္႔ပါတယ္။ ေန႕ခင္းဘက္အခ်ိန္ဆိုရင္ေတာ႔ ေနေရာင္ကာေဆးလူးဖိုု႔မေမ႔သင္႔ပါဘူးေနာ္။

ကဲ အိမ္မွာပဲ မိမိဘာသာလုပ္နိုင္တဲ႔ Facail Cleaningေလးကို အခ်ိန္မကုန္ေငြမကုန္ လူမပင္ပန္းဘဲ လိုက္လုပ္ၾကည္႔လိုက္ရေအာင္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

ပျိုမေတွေ အသားအရေတွေ လှပသန့်စင်နေစေဖို့ဆိုတာ အသားအရေကို အချိန်ပေးပြီး ဂရုစိုက်ဖို့လိုပါတယ်။ ဂရုစိုက်တဲ့အခါမှာလည်း အသားအရေအတွက် အဆင့်ဆင့်လုပ်ဆောင်ရမယ့်အရာတွေကို မပျက်မကွက်လိုက်နာလုပ်ဆောင်မှသာ လှပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် မျက်နှာအသားအရေအတွက် လုပ်ဆောင်ရမယ့်အရာတွေကို ရေးသားပေးလိုက်ရပါတယ်။

၁- မျက်နှာကို သန့်စင်ပါ။
အသားအရေကို လုံးဝနှံ့စပ်စွာ သန့်ရှင်းဖို့အတွက် တစ်နေ့၂ကြိမ် မျက်နှာသစ်ပေးသင့်ပါတယ်။ တစ်ချို့အခါတွေမှာတော့ မိတ်ကပ်တွေကို ဖယ်ရှားပေးနိုင်တဲ့ သံလွင်ဆီကို ပထမဆုံးသုံးပြီးမှ ကိုယ့်ရဲ့ အသားအရေနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆပ်ပြာကို သုံးပြီး သန့်စင်ပေးရပါမယ်။ မျက်နှာတအသားအရေနဲ့တသားတည်း ညီအောင် လည်ပင်းကို မိတ်ကပ်လိမ်းရတာမျိုးတွေရှိတဲ့အတွက် လည်ပင်းကိုပါ မဖြစ်မနေသန့်စင်ပေးဖို့လိုအပ်ပါတယ်။

၂-မျက်နှာကို scrubလုပ်ပေးပါ။
Scrubingလုပ်တာက သင့်အသားအရေမှာရှိတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို စိုပြေတောက်ပစေပါတယ်။ ဒါ့အပြင် ညလိမ်းခရင်မ်၊ Serumစတာတွေကို အရေပြားအတွင်းပိုင်းထိ ပိုပြီး ထိရောက်စေပါတယ်။ဒါကြောင့်မိမိအသားအရေနဲ့ လိုက်ဖက်တဲ့ Exfoilator တစ်ခုခုကို ရွေးချယ်ပြီး ပြုလုပ်သင့်ပါတယ်။

၃-နွေးထွေးတဲ့အဝတ်စတစ်ခုနဲ့ အသေးစား Facial Messageပြုလုပ်ပါ။
မျက်နှာသုတ်ပဝါအသေးစားလေးတစ်ခုကို ရေနွေးထဲမှာ စိမ်ပြီး ရေတွေကို ညှစ်ထုတ်ပါ။ပြီးတဲ့နောက်မှာတော့ သွေးလှည့်ပတ်မှုကို မြှင့်တင်လည်ပတ်စေဖို့နဲ့ ချွေးပေါက်လေးတွေ ကျဉ်းသွားစေဖို့ မျက်နှာပေါ်မှာ ခဏတင်ထားပါ။အဆီ ဒါမှမဟုတ် မျက်နှာသစ်ခရင်မ်တစ်ခုခုကို လိမ်းပြီး အပေါ်ဘက်ကို ညင်သာစွာ ပင့်တင် နှိပ်နယ်ပေးရပါမယ်။

၄-မျက်နှာပေါင်းတင်ကပ်ခွာ Facial Maskသုံးပါ။
Facial Maskကပ်တဲ့အခါ Maskမှာပါတဲ့အရည် ဒါမှမဟုတ် ခရင်မ်တွေကို မဖယ်ထုတ်ပစ်ဘဲ မျက်နှာပေါ်မှာ ကပ်ပါ။ ရေဓာတ်များတာ၊ အသားတင်းတာ၊အာဟာရဖြည့်တာ စသည်ဖြင့် ကိုယ့်အသားအရေနဲ့လိုက်ဖက်တာကို ရွေးချယ်ပါ။Maskကပ်ပြီးနောက် အနည်းဆုံး၁၅မိနစ်ကြာအောင်ထားပြီးမှရေဆေးချပါ။ မျက်လုံးအတွက်ကိုတော့ ဝါဂွမ်းစမှာ  အရက်ပြန်မပါတဲ့ တိုနာတစ်မျိုးမျိုးကို စွတ်ပြီး ၁၀မိနစ်လောက်ထားပါ။ပြီးမှရေဆေးချပါ။

၅-Serumတစ်ခုခုလိမ်းပါ။
နောက်ဆုံးအဆင့်မှာတော့ serum ဒါမှမဟုတ် day cream၊ night cream ၊ gel တစ်ခုခုလိမ်းပေးသင့်ပါတယ်။ နေ့ခင်းဘက်အချိန်ဆိုရင်တော့ နေရောင်ကာဆေးလူးဖိုု့မမေ့သင့်ပါဘူးနော်။

ကဲ အိမ်မှာပဲ မိမိဘာသာလုပ်နိုင်တဲ့ Facail Cleaningလေးကို အချိန်မကုန်ငွေမကုန် လူမပင်ပန်းဘဲ လိုက်လုပ်ကြည့်လိုက်ရအောင်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top