Property Expo
×

Facebook အသံုးျပဳေနရတာ ဒီထက္မက ပိုအက်ိဳးထူး သင့္တယ္လို႔ ထင္ျမင္ယူဆသူမ်ား ရွိမယ္ထင္ပါတယ္။ အမွန္တကယ္လဲ ဟုတ္ပါတယ္။ တစ္ေန႔တစ္ေန႔ သူမ်ားပံု ဝင္ၾကည့္လိုက္၊ သတင္းေတြ ရွာဖတ္လိုက္၊ Chat လိုက္၊ Comment ေပးလိုက္၊ Like လုပ္လိုက္၊ ပံုတင္လိုက္၊ Share လိုက္၊ ဂိမ္းေဆာ့လိုက္နဲ႔ အခ်ိန္ေတြပိုေနသူ မ်ားလည္းရွိမယ္ထင္ပါတယ္။ အျခားလုပ္ငန္းေဆာင္တာမ်ား ရွိေနျပီး Facebook ကိုအပ်င္းေျပ သံုးေနတယ္ ဆုိရင္ေတာ့ ထားပါေတာ့။ Facebook ကို အားတိုင္း အခ်ိန္ျပည့္ အသံုးျပဳ ဝင္ၾကည့္ေနေသာ စာဖတ္သူမ်ားအတြက္ အက်ိဳးျဖစ္ထြန္းေစမယ့္ နည္းလမ္းကို မွ်ေဝခ်င္ပါတယ္။

ေခါင္းစဥ္ဖတ္လိုက္လို႔ စာဖတ္သူတို႔အတြက္ ထူးဆန္းမယ္ထင္ပါတယ္။ တကယ္လည္း ျမန္မာျပည္အတြက္ ထူးဆန္းတဲ့ ေမးခြန္း ျဖစ္ပါတယ္။ Facebook ေပၚမွာ ဝင္ေငြရွာတာေတာ့ ႏုိင္ငံတကာ မွာ ေတာ္ေတာ္ေလး ေရပန္းစားပါတယ္။ ဒီေတာ့ ျမန္မာျပည္ Facebook ကြန္ရက္မွာ ေငြမရွာခင္ ႏိုင္ငံတကာမွာ Facebook အသံုးျပဳျပီး ဘယ္လို ဝင္ေငြရသလဲ ဆုိတာကို သိရန္လိုအပ္လာပါတယ္။

Facebook မွာ ဝင္ေငြရွာႏိုင္တဲ့ အၾကမ္းဖ်င္း နည္းလမ္း ႏွစ္ခု ရွိပါတယ္။ Developer နဲ႔ Fan page ႏွစ္မ်ိဳး ျဖစ္ပါတယ္။ Developer ကေတာ့ ရွင္းပါတယ္။ Facebook အသံုးျပဳသူတို႔ ေဆာ့ကစားလို႔ ရမယ့္ Application တစ္ခုခုလုပ္လိုက္မယ္။ ျပီးေတာ့ ယင္း Application ကို User အေတာ္မ်ားမ်ားက ယူေဆာ့ပါမယ္။ ဒီေတာ့ အျခား စီးပြာေရး လုပ္ငန္းရွင္မ်ားက ယင္း App စာမ်က္ႏွာမွာ ေၾကာ္ျငာထည့္ လာတာမ်ိဳး ျဖစ္ပါတယ္။ ေရပန္းအစားဆံုး App ေတြသာ စီးပြားေရး တြက္ေျခကိုက္မွာ ျဖစ္ပါတယ္။ Application ကိုလူတိုင္းလုပ္ႏိုင္ပါတယ္။

သုိ႔ေပမယ့္ ယင္းအတြက္ Facebook ကို ေငြေပးေဆာင္ရပါတယ္။ Application ဖန္တီးလုိသူမ်ားက https://developers.facebook.com/apps ဒီလခ့္မွာ ဝင္ေရာက္ျပီး ျပဳလုပ္ၾကပါတယ္။ ဒါကလည္း မခက္ပါဘူး။ သို႔ေပမယ့္ ျမန္မာျပည္ကေနေတာ့ Application လုပ္လို႔ရမယ့္ ပံုမေပၚပါဘူး။ ဒီအတြက္ ေငြေပးေဆာင္ရပါတယ္။ ေပးရတဲ့ ေငြပမာဏ နည္းေပမယ့္ Facebook ဆီေငြေရာက္ေအာင္ ပို႔ေပးမယ့္ Paypal , eBay အစရွိသျဖင့္ ႏိုင္ငံတကာ အြန္လိုင္း ေငြ အိတ္ခ်ိန္းေတြ ျမန္မာျပည္မွာ မရွိလို႔ပဲ ျဖစ္ပါတယ္။ ယင္း ႏိုင္ငံတကာ အြန္လိုင္း ေငြ အိတ္ခ်ိန္းစနစ္တစ္ခု သာ ျမန္မာျပည္မွာ ရွိလာျပီဆုိရင္ အြန္လိုင္းမွာ ရုန္းကန္ေနတဲ့ ျမန္မာ့ အင္တာနက္ကြန္ရက္ေပၚက စီးပြားေရးလုပ္ငန္း မ်ား၊ ေဆာ့ဖ္ဝဲ၊ Developer သမားမ်ား ဒီထက္မက လမ္းပြင့္သြားႏိုင္ပါတယ္။

ဒီေတာ့ ျပည္ပေရာက္ ျမန္မာ မ်ားအတြက္ေတာ့ ေငြဒီနည္းနဲ႔ ရွာႏိုင္ပါတယ္။ ျမန္မာျပည္ေန Facebook အသံုးျပဳသူမ်ားအတြက္ကေတာ့ ဒီနည္းလမ္းနဲ႔ လက္ရွိေတာ့ မရႏိုင္ေသးပါဘူး။ ၾကားမွ တစ္ဆင့္ခံေပး မယ့္ ေအဂ်င္ဆီေတြရွိတဲ့အတြက္ ရတယ္ဆုိရင္ေတာ့ ေတာ္ေတာ္ေလး ခက္ခဲတဲ့အေျခအေနျဖစ္ပါတယ္။

ေနာက္ထပ္ဝင္ေငြရွာနည္းကေတာ့ Fan Page ပဲျဖစ္ပါတယ္။ ဒီေတာ့ ႏိုင္ငံတကာ Fan Page မွာ ဘယ္လိုေငြရွာသလဲဆုိတာကို အရင္ေလ့လာရ ပါအံုးမယ္။ စာဖတ္သူအခ်ိဳ ႔ျမင္ဖူးပါလိမ့္မယ္။ ႏိုင္ငံတကာ Fan Page ေတြမွာ ေအာ္ဒါမွာဝယ္ယူလို႔ရတာမ်ိဳးေတြ ျဖစ္ပါတယ္။ မစ္စတာ ဘင္း- Official Fan Page မွာဆုိရင္ သူ႔ ရဲ ႔ရုပ္ရွင္ေခြေတြ မွာလို႔႔ရပါတယ္။ ဟမ္ဘာဂါဆုိင္ Page တစ္ခုဆုိရင္ အြန္လိုင္းကေန တိုက္ရိုက္မွာယူႏိုင္ ပါတယ္။ သီခ်င္းအယ္လ္ဘမ္ေတြလည္း သက္ဆုိင္ရာမွာ ဝယ္ရရႏိုင္ပတယ္။ အစရွိသျဖင့္ Application ကိုတြဲျပီး Fan Page ကို ၾကားခံ ေစ်းဆိုင္အျဖစ္ အသံုးျပဳပါတယ္။ ဒီေတာ့ ကိုယ့္မွာ စီးပြားေရး လုပ္ငန္း တစ္ခုခုရွိမွသာ ဒီလို လုပ္ႏိုင္တဲ့အျပင္ အြန္လိုင္းအိတ္ခ်ိန္းလည္း ရွိေနရပါအံုးမယ္။ ျမန္မာျပည္ေန user မ်ား အတြက္ Facebook မွာေငြရွာဖို႔ အေတာ္ခက္ခဲသြားပါျပီ။

ဒါဆုိ ဘယ္လိုလုပ္ရေတာ့မလဲ။ ေက်ာင္း ဆက္တက္ဖို႔ ရန္ကုန္မွာ ရုန္းကန္ေနသူမ်ား ရွိပါတယ္။ မည္မည္ရရ ဘြဲ႔ရွိမထားလို႔ ၾကံဳရာ အလုပ္ဝင္လုပ္ျပီး ရန္ကုန္မွာ ေသာင္တင္ေနသူမ်ား ရွိပါတယ္။ ရန္ကုန္ရယ္လို႔ မဟုတ္ပဲ ျမိဳ ႔ၾကီး၊ ျမိဳ ႔ငယ္အသီးသီးမွာ ပညာတတ္ထားေပ မယ့္ အံကိုက္မျဖစ္လို႔ ဘဝရွံုးေနသူမ်ား ရွိေနပါေသးတယ္။ ဦးေႏွာက္ယိုစီး မွုကိုသာ အျပစ္တင္ျပီး Facebook မွာ Like, Share, Comment ေလာက္နဲ႔ပဲ ဘဝကို သာမန္ အလုပ္ေလး တစ္ခုနဲ႔ အခ်ိန္ကုန္ခံေနၾကရပါတယ္။

ဘာမွမလုပ္တတ္ မကိုင္တတ္လို႔ Facebook မွာပဲ ခံစားခ်က္ေတြ ထုတ္ေဖာ္ေနသူမ်ား ရွိပါတယ္။ Social Network မွာ သာမန္လူေတြထဲက လူလိုပဲ အခ်ိန္ကုန္ခံဖို႔ ဆံုးျဖတ္သူမ်ားလည္ ရွိပါတယ္။ အျခားသူမ်ားက အလုပ္ခိုင္ခိုင္မာမာ၊ စီးပြားေရး ခိုင္ခိုင္မာမာ၊ ေငြေၾကး ခိုင္ခိုင္မာမာရွိလို႔ Facebook ကို အပ်င္းေျပ အသံုးျပဳၾကတာ။ ေပ်ာ္စရာ အျဖစ္ အသံုးျပဳၾက တာ။ ဒီေတာ့ စားဝတ္ေနေရး အဆင္မေျပေသာ၊ အလုပ္ထပ္လုပ္ရန္လို အပ္ေနေသာ စာဖတ္သူမ်ားအေနျဖင့္ Facebook မွာ ေငြရွာရန္ စိတ္ကူးၾကည့္ဖူးပါသလား။ တကယ္ ေငြရွာလို႔ ရတဲ့ နည္းလမ္းျဖစ္ပါတယ္။ ေငြတိုက္ရိုက္ဝင္တာမ်ိဳးမဟုတ္ေပမယ့္ Facebook မွာတင္မဟုတ္ပဲ ျပင္ပမွာပါ ေငြဝင္လာမယ့္ နည္းလမ္း ျဖစ္ပါတယ္။
၁။Page တစ္ခုျပဳလုုပ္ျခင္း

စာဖတ္သူ ဘာကိုစိတ္ဝင္စားသလဲ။ စာဖတ္သူက ဘယ္ပညာနဲ႔ ေက်ာင္းျပီး ထားသလဲ။ အင္ဂ်င္ေနယာလား၊ ဆရာဝန္လား၊ ရိုးရိုး ဘြဲ႔ရသူလား၊ ဂိမ္း စိတ္ဝင္စားသူလား၊ သတင္းေတြ စပ္စုတက္သူလား။ အစရွိသျဖင့္ မိမိကုိယ္ကိုယ္ သံုးသပ္ျပီး အမည္တစ္ခုခုနဲ႔ Page လုပ္ရပါမယ္။ ဥပမာ- အဂၤလိပ္လို သတင္းေတြကုိ ဖတ္ျပီး ျမန္မာလိုျပန္ေရးက်င့္ရင္း သေဘာက်တာတုိ႔၊ ကဗ်ာေရးရတာ သေဘာက်တာ၊ ရုပ္ရွင္အေၾကာင္း သေဘာက်တာတို႔၊ ေဆာင္းပါးေရးတာတို႔ အစရွိသျဖင့္ ဝါသနာ အမ်ိဳးမ်ိဳး ရွိၾကပါမယ္။

၂။ Page တြင္ မိမိတတ္သမွ်၊ သိသမွ်၊ စိတ္ဝင္စားသမွ် မွ်ေဝတင္ျပျခင္း
သတင္းေတြ ဖတ္ျပီး ဘာသာျပန္ထားတယ္ဆုိပါစုိ႔။ ပံုေလးေတြပါ Download ဆြဲရင္း တြဲတြဲတင္သြားလိုက္မယ္ဆို တျဖည္းျဖည္းနဲ႔ သတင္းေတြ ျပည့္လာ ပါမယ္။ ကဗ်ာဆုိရင္ ကဗ်ာေတြ ေရးလာလိုက္တာ ေတာ္ေတာ္ေလး စံုလာပါမယ္။ ဟင္းခ်က္ဝါသနာပါသူဆုိရင္ ဟင္းခ်က္နည္းအဆင့္ ဆင့္ေတြ ေရးရင္း ဟင္းအမယ္ေလးေတြ မွ်ေဝရင္း Post ေတြမ်ားလာပါ မယ္။ ေဆာက္လုပ္ေရး အင္ဂ်င္ေနယာဆုိရင္လည္း အင္ဂ်င္ေနယာတို႔ အတြက္ အက်ိဳးရွိမယ့္ စာေတြ၊ သတင္းေတြ၊ အေဆာက္အအံုပံုေတြ၊ ဒီဇိုင္းေတြ မွ်ေဝမယ္။ Graphic ဒီဇိုင္နာသမားဆုိရင္လည္း မိမိရဲ ႔ဖန္တီးခ်က္မ်ားကို Page မွာ မွ်ေဝရပါမယ္။

ရုပ္ရွင္ ႏွစ္သက္သူကလည္း ရုပ္ရွင္ဆုိင္ရာ ေဆာင္းပါးေလးေတြ၊ review ေလးေတြကို မိမိသိသလိုေလးေရးတင္ပါမယ္။ သို႔ေပမယ့္ အားလံုးကို အမွန္အတိုင္းပဲ တင္ျပဖို႔လိုအပ္လာပါတယ္။ ဒီလိုေရးသားတင္ဆက္တယ္ ဆုိတာ မီဒီယာအလုပ္တစ္ခုကို လုပ္ကိုင္ေနျခင္း ျဖစ္ပါတယ္။ ကိုယ္က မွန္မွန္ကန္ကန္နဲ႔ မိမိစိတ္ထဲရွိတာ၊ ဝါသနာပါရာ၊ စပ္စုမိရာကို မွ်ေဝရာျဖစ္ေပမယ့္ အမ်ားဖတ္ဖို႔ ျဖစ္တဲ့အတြက္ မွန္ကန္ေနဖို႔ ေတာ့ လိုအပ္ပါတယ္။ ဒါမွသာ အမ်ားက သိလာျပီး စိတ္ဝင္တစား လာၾကည့္ၾကမွာ ျဖစ္ပါတယ္။

မိမိရဲ ႔Personal အေကာင့္မွာလဲ အရင္အတိုင္း Like, Share လုပ္ေနရင္း၊ တစ္ဖက္ကလည္း မိမိရဲ ႔Page ကို အျမဲေစာင့္ၾကည့္ ျပီး Post ေလးေတြ တင္ေပးရပါမယ္။ ဒီမွာ စာဖတ္သူက အျခား ပညာေရးလမ္းေၾကာင္းေပၚ မွာ ေလွ်ာက္ေနသူဆုိရင္ အခ်ိန္ေပးမွုကို ကိုယ္တိုင္ စီမံထားေစခ်င္ပါတယ္။ Page ကိုလည္း အျမဲ Active ျဖစ္ေအာင္လုပ္ရင္း၊ သာမန္ လုပ္ငန္းေဆာင္ တာမ်ားလည္း မလစ္ဟင္းရပါဘူး။

ဒီလိုလုပ္လာတာ ၃ လေလာက္ဆုိရင္ ေတာ္ေတာ္ေလး ထူးျခားလာပါျပီ။ ကိုယ့္မွ်ေဝသမွ်သာ လာဖတ္သူမ်ားနဲ႔ ထပ္တူက်ရင္ ၃လ ေတာင္မၾကာပဲ ၁ လတည္းနဲ႔ေတာင္ လူသိမ်ား ရပန္းစားလာႏိုင္ပါတယ္။

ဒီမွာ စျပီးအက်ိဳးအျမတ္ရပါျပီ။ စာဖတ္သူက ကဗ်ာ Page လုပ္ထားတယ္ဆုိပါစုိ႔။ တကယ္လည္း ခံစားခ်က္အျပည့္နဲ႔ေရးထားတဲ့ ကဗ်ာေတြဆုိေတာ့ ေတာ္ေတာ္ကို ေပါက္ေနျပီ ဆုိပါစုိ႔။ ကဗ်ာစာအုပ္တိုက္မ်ား၊ စာနယ္ဇင္းတိုက္မ်ားကို သိေအာင္ လုပ္ပါ။ စာမ်က္ႏွာကို Print ထုတ္၍ ျပျခင္းေသာ္ လည္းေကာင္း၊ စာနယ္ဇင္းမ်ား အီးေမးလ္သို႔ မိမိဖန္တီးထားေသာPage ရဲ ႔ Link ကုိေပးပို႔ျခင္းျဖင့္ေသာ္ လည္းေကာင္း သိေအာင္လုပ္ရပါမယ္။ မိတ္ဆက္ရပါ မယ္။ ေတာင္းဆိုရ ပါမယ္။ ေတာင္းဆိုရမယ္ဆုိတာက မိမိတတ္ထားတဲ့၊ ဖန္တီးထားတဲ ပညာရပ္အတြက္ သက္ဆုိင္ရာနယ္ပယ္မွာ ဝင္ေရာက္ လိုေၾကာင္း ေတာင္းဆုိႏိုင္ပါတယ္။ ဥပမာ- သတင္းေတြ ဘာသာျပန္ျပီး Page လုပ္ထားတယ္ဆုိပါဆုိ႔။ သတင္းမီဒီယာ တစ္ခုခုနဲ႔ ခ်ိတ္မိေအာင္ ၾကိဳးစားျပီး မိမိဖန္တီခ်က္မ်ားကို သိေအာင္ ျပရပါမယ္။ ျပီးေတာ့ မီဒီယာေလာကမွာ ဘယ္လိုရပ္တည္ဖို႔အခြင့္အေရး ရွိတယ္ဆုိ တာ ေတာင္း ဆုိႏိုင္ပါတယ္။ အင္ဂ်င္ေနယာဆုိင္ရည္ နည္းပညာမ်ား မွ်ေဝရင္း၊ ေရးသား ထားတယ္ဆုိပါစုိ႔ အင္ဂ်င္ေနယာဆိုင္ရာ သတင္းအခ်က္အလက္မ်ား ေပးဖို႔ ၾကိဳးစားေနတဲ့ မီဒီယာမ်ားကို ခ်ိတ္ဆက္ျပီး မိမိဖန္တီးခ်က္မ်ားကို ျပရပါ မယ္။ ျပီေတာ့ မိမိအတြက္ ေနရာတစ္ခုခု ရရွိႏိုင္ပါတယ္။

သုိ႔ေပမယ့္ စာဖတ္သူရဲ ႔ဖန္တီးခ်က္ဟာလည္း ေကာင္းမြန္ေန ဖို႔လိုအပ္ပါ တယ္။ အမ်ားအျမင္မွာ အထင္ၾကီးေနေစဖို႔ လိုအပ္လာပါတယ္။ ယခုေနာက္ပိုင္း မီဒီယာလုပ္ငန္းစုမ်ား၊ စီးပြားေရး လုပ္ငန္းရွင္မ်ားဟာ Facebook ကုိေတာ္ေတာ္ အေလးထားလာပါျပီ။ Facebook ကိုအေျခခံျပီး ေအာင္ျမင္ေနတဲ့ သူေတြ၊ fan page ေတြကို ေစာင့္ၾကည့္ေန ပါတယ္။ မေအာင္ျမင္ေသးတဲ့ မိမိစီးပြားေရးလုပ္ငန္း၊ မီဒီယာမ်ား ကို ေအာင္ျမင္လာေအာင္ ဖန္တီးေပးမယ္ သူ လိုအပ္ေနပါ တယ္။ ေအာင္ျမင္ျပီးသားမ်ားကလည္း အင္အားပိုမိုေတာင့္တင္းလာေအာင္ တကယ္ အရည္အခ်င္းရွိတဲ့ Facebook ေပၚက ျမန္မာျပည္သားမ်ားကို ရွာေဖြေနၾကပါတယ္။ Facebook ဟာ တကယ္ပဲ အားကိုးရတဲ့ Advertising နည္းလမ္းတစ္ခုပဲ ဆုိတာ သိလာၾကပါျပီ။ ပရိုမိုးရွင္းေတြကို Facebook မွာျပဳလုပ္ေနၾကပါျပီ။

အြန္လိုင္းမွာ စာဖတ္ပရိတ္သတ္အခိုင္အမာရ သြားတဲ့ ေဆာင္းပါးရွင္ တစ္ေယာက္ဆိုရင္ စာအုပ္ထုပ္ရတဲ့ အထိ ေအာင္ျမင္သြားပါျပီ။ အျခား Professional လုပ္ငန္း ရွိေနသည့္တိုင္ Facebook ေၾကာင့္ တစ္ဖက္ကလည္း ဝင္ေငြရျပီး၊ ေအာင္ျမင္ပါေတာ့မယ္။ သတင္းေတြ၊ ေဆာင္းပါးေတြ ကိုယ္တိုင္ဖန္တီးသူ ကလည္း မီဒီယာလုပ္ငန္းေတာ္ေတာ္မ်ားမ်ားမွာ ဝင္ေရာက္လုပ္ကိုင္ေနရပါျပီ။ အေပ်ာ္တမ္း ေရးသားရကေန မီဒီယာက်င့္ ဝတ္နဲ႔ ညီညီ ေရးသားတင္ဆက္ေပးသူမ်ား ျဖစ္လာၾကပါတယ္။ အခ်ိဳ ႔က် Facebook မွာေအာင္ျမင္ျပီး ဝဘ္ဆိုဒ္ေတြ ပိုင္ဆိုင္ရရွိလာျပီး ကိုယ္ပိုင္ စီးပြားေရး လုပ္ငန္းရွင္ျဖစ္ဖို႔ လမ္းစေတြ ေပၚေပါက္လာပါတယ္။ အခ်ိဳ ႔က်ေတာ့ မိမိဖန္တီးထားတဲ့ ဒီဇိုင္းေတြေၾကာင့္ ဒီဇိုင္းကုမၼဏီမ်ားက ဖိတ္ေခၚျပီး အလုပ္ဆုိတာ ရွာစရာမလိုပဲ အလုပ္က လာရွာတာမ်ိဳး အထိ ျဖစ္လာပါတယ္။

အလုပ္အကိုင္အခြင့္အလမ္းရွာေဖြရာမွာ မိမိ ဖန္တီခ်က္မ်ားကို အလြယ္တကူ ခ်ျပလုိ႔ရတဲ့ Facebook မွ မွတ္ေက်ာက္တင္ထားျခင္းျဖင့္ ၾကိမ္းေသ အသံုးဝင္ပါတယ္။ မိမိက အလုပ္တစ္ခုခုကို ေလွ်ာက္ရင္ မိမိဖန္တီးထားမွု မ်ားကို ဘြဲ႔လက္မွတ္နဲ႔ ျပလို႔ မလံုေလာက္ေတာ့ပါဘူး။ ဒီေတာ့ မိမိဖန္တီးထားတာေတြကို ျပရေတာမွာ ျဖစ္ပါတယ္။ ဒီမွာ Facebook က ေတာ္ေတာ္ေလး အသံုးဝင္ပါတယ္။ သို႔တည္းမဟုတ္ အျခားအလုပ္မ်ား လုပ္ေနရင္း ကိုယ္ဝါသနာပါရာကို Facebook မွာေရးေနရင္း အျခား အလြတ္တန္း အလုပ္တစ္ခုခုလည္း အလြယ္တကူ ရႏိုင္တဲ့ နည္းလမ္း ျဖစ္ပါတယ္။ အျခားအက်ဳိးထူးေျမာက္မ်ားစြာလည္း ရွိေနပါေသးတယ္။ သုိ႔ေပမယ့္ ေကာင္းက်ိဳးရသြားတဲ့ အေရအတြက္ဟာ အင္မတန္ နည္းေနပါေသးတယ္။

Facebook page ကို မိမိရဲ ႔ပညာရပ္ အေထာက္အပံ့ပစၥည္းအျဖစ္ အသံုးျပဳႏိုင္ပါတယ္။ အလုပ္အေတာ္မ်ားမ်ားက အေတြ႔အၾကံဳရွိသူမ်ားကို ပိုမိုႏွစ္သက္ၾကပါတယ္။ ဘာမွအေတြ ႔အၾကံဳမရွိသူမ်ားအေနနဲ႔ မိမိတို႔ ဘယ္ေလာက္ထိ တတ္တယ္ဆုိတာကို Page မွာတင္ျပထားျခင္းျဖင့္ သက္ေသျပႏိုင္ပါတယ္။ ဘြဲ႔လက္မွတ္မွာတင္မဟုတ္ပဲ မိမိဟာ တကယ္ပဲ တတ္ေျမာက္ျပီး ဒီလိုအက်ိဳးရွိရာေတြကို ျပန္လည္မွ်ေဝေပးေနပါတယ္ ဆုိတာကို တင္ျပႏိုင္ရင္ အလုပ္ရွာရခက္တဲ့ အျဖစ္ဖို႔မ်ိဳးက အနည္းနဲ႔ အမ်ားေတာ့ ကင္းေဝးမွာ ျဖစ္ပါတယ္။ မိမိက ေဆာ့ဖ္ဝဲနည္း ပညာရွင္ တစ္ေယာက္ ျဖစ္တယ္ဆုိတာကို စာရြက္နဲ႔တင္မဟုတ္ပဲ မိမိတင္ဆက္ျပ သထားတာေတြနဲ႔ သက္ေသျပႏိုင္မွာ ျဖစ္ပါတယ္။ Facebook ရယ္လုိ႔မွ မဟုတ္ပဲ Blogspot လုပ္ျပီးလည္း ထိုနည္းတူစြာ တင္ျပႏိုင္မွာ ျဖစ္ပါတယ္။

ဒီအတြက္ စာဖတ္သူတို႔ ဘယ္ေလာက္အခ်ိန္ေပးသင့္သလဲ။ ရည္ရြယ္ခ်က္ကို Facebook မွာ ေရေရရာရာမရွိ ဟိုဟုိဒီဒီ ၾကည့္ရွုေနရသူမ်ား အတြက္ ျဖစ္ပါ တယ္။ ဒီလို မိမိခံစားခ်က္ေတြ၊ ဖန္တီးခ်က္ေတြကို ဖန္တီးဖို႔အတြက္ ထူးထူးျခားျခား အခ်ိန္ေပးစရာ မလိုပါဘူး။ တစ္ရက္မွာ မိမိအားတဲ့ တစ္နာရီေသာ္လည္းေကာင္း၊ ႏွစ္နာရီေသာ္လည္းေကာင္း အခ်ိန္အခိုက္ အတန္႔အတြင္း ေရးသားတင္ျပရင္း ဆက္သြားႏိုင္ပါတယ္။ ဒီတာ့ Facebook နဲ႔ ဘယ္လိုေငြရွာမလဲ၊ ေခါင္းစဥ္ Facebook ေပၚမွာ ဘယ္လို အလုပ္ရွာမလဲ လို႔ေတာင္ ျဖစ္သင့္ပါေသးတယ္။ စာဖတ္သူတို႔ သံသယျဖစ္ေနျပီလုိ႔ ယူဆပါတယ္။ ဒီလိုလုပ္လို႔ တကယ္ျဖစ္ႏိုင္ပါ့မလားလို႔ သံသယေတြ ဝင္ေနေလာက္ပါျပီ။

ယခုစာေရးသူဟာလည္း Facebook မွာ မိမိဝါသနာ ပါရာ သတင္း၊ ေဆာင္း ပါးမ်ားအား ဘာသာျပန္တင္ျပရင္း အျခား လုပ္ငန္းေဆာင္တာ မ်ားမပ်က္ ယြင္းပဲ ရန္ကုန္တြင္ ေနထိုင္စားေသာက္ရန္ လံုေလာက္ေသာ ဝင္ေငြတစ္ခု ရရွိခဲ့ ပါတယ္။ အေပ်ာ္တမ္းေရးရာကေန မီဒီယာ လုပ္ငန္းၾကီးမ်ားရဲ ႔ လက္တြဲေခၚဆုိမွုေၾကာင့္ အေျခအေနေကာင္း တစ္ခုရရွိေနပါျပီ။ မီဒီယာ လုပ္ငန္းေတာ္ေတာ္မ်ားမ်ားမွာလည္း ဝင္ေရာက္လုပ္ကုိင္ရန္ ကမ္းလွမ္းမွု မ်ား ရရွိခဲ့ဖူးျပီး လက္တြဲလည္း လုပ္ကိုင္ခဲ့ပါတယ္။ လက္တြဲလုပ္ကိုင္ရန္ ကမ္းလွမ္းခ်က္မ်ား ရရွိခဲ့ပါတယ္။ ၆ လေက်ာ္အတြင္း ထူးျခားလာ မွုမ်ားက တစ္ႏွစ္ျပည့္နီးနီးမွာ ပို၍ ေအာင္ျမင္သြားပါတယ္။ စာေရးသူက မီဒီယာေက်ာင္းဆင္းလည္း မဟုတ္ရပါ။ အိုင္တီ ေက်ာင္းဆင္းလည္း မဟုတ္။ တစ္ဖက္ကလည္း မိမိႏွစ္သက္ရာ ဘာသာရပ္တစ္ခု အထူးျပဳ သင္ယူ ေလ့လာေနဆဲသာ ျဖစ္ပါတယ္။ ကိုယ္ရည္ေသြးျခင္း မဟုတ္ရပါ။ စာဖတ္သူ တို႔ ျဖစ္ေကာျဖစ္ႏုိင္ပါ့မလား ဟူေသာ သံသယ ကင္းေဝး ေစရန္ ျဖစ္ပါတယ္။

စာေရးသူထက္ အဆေပါင္းမ်ားစြာ အက်ိဳးထူး ခြ်န္ျပီး ေအာင္ျမင္ ေနေသာ ျမန္မာျပည္ မွ Facebook user မ်ားလည္း အေျမာက္အမ်ားရွိပါတယ္။ မီဒီယာ လုပ္ငန္းကိုသာ မဆုိလို။ အျခား မိမိကြ်မ္းက်င္ရာ နယ္ပယ္အေလ်ာက္ တင္ျပခ်က္ကို အေျခခံျပီး ျပင္ပေလာ ကမွာ ေကာင္းေကာင္းၾကီး ျပန္လည္ အသံုးခ်ႏိုင္မွာ ျဖစ္ပါတယ္။

ယခုစာက Facebook ကုိအေပ်ာ္တန္း၊ အပ်င္းေျပသံုးေနေသာ အျခား Professional မ်ားအတြက္ မဟုတ္ရပါ။ တကယ္ပဲ အလုပ္ရွာရခက္ျပီး၊ အြန္လိုင္းမွာ မေရမရာ ျဖစ္ေနသူမ်ားအတြက္ ရည္ရြယ္ျခင္း ျဖစ္ပါတယ္။ ပညာအရည္အခ်င္း ရွိေသာလည္း ရြံ ႔ႏြံတြင္းမွ ပတၱျပားကဲ့ သုိ႔ ျမွဳပ္ေန သူမ်ားအတြက္ ျဖစ္ပါတယ္။ တတ္စြမ္း သေလာက္ၾကိဳး စားေသာ္လည္း အရာမေရာက္ေသးသူမ်ား အတြက္ လည္း ျဖစ္ပါတယ္။ တကယ္ပဲ Facebook ကုိအက်ိဳးရွိရွိ အသံုးခ် လို႔ ေက်ာင္းက်ိဳးေပါင္း မ်ားစြာ ျဖစ္ ထြန္းလာဖုိ႔ ဆႏၵျပဳ ေရးသားလိုက္ရပါ တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yoyarlay

#Unicode Version
Facebook အသုံးပြုနေရတာ ဒီထက်မက ပိုအကျိုးထူး သင့်တယ်လို့ ထင်မြင်ယူဆသူများ ရှိမယ်ထင်ပါတယ်။ အမှန်တကယ်လဲ ဟုတ်ပါတယ်။ တစ်နေ့တစ်နေ့ သူများပုံ ဝင်ကြည့်လိုက်၊ သတင်းတွေ ရှာဖတ်လိုက်၊ Chat လိုက်၊ Comment ပေးလိုက်၊ Like လုပ်လိုက်၊ ပုံတင်လိုက်၊ Share လိုက်၊ ဂိမ်းဆော့လိုက်နဲ့ အချိန်တွေပိုနေသူ များလည်းရှိမယ်ထင်ပါတယ်။ အခြားလုပ်ငန်းဆောင်တာများ ရှိနေပြီး Facebook ကိုအပျင်းပြေ သုံးနေတယ် ဆိုရင်တော့ ထားပါတော့။ Facebook ကို အားတိုင်း အချိန်ပြည့် အသုံးပြု ဝင်ကြည့်နေသော စာဖတ်သူများအတွက် အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းကို မျှဝေချင်ပါတယ်။

ခေါင်းစဉ်ဖတ်လိုက်လို့ စာဖတ်သူတို့အတွက် ထူးဆန်းမယ်ထင်ပါတယ်။ တကယ်လည်း မြန်မာပြည်အတွက် ထူးဆန်းတဲ့ မေးခွန်း ဖြစ်ပါတယ်။ Facebook ပေါ်မှာ ဝင်ငွေရှာတာတော့ နိုင်ငံတကာ မှာ တော်တော်လေး ရေပန်းစားပါတယ်။ ဒီတော့ မြန်မာပြည် Facebook ကွန်ရက်မှာ ငွေမရှာခင် နိုင်ငံတကာမှာ Facebook အသုံးပြုပြီး ဘယ်လို ဝင်ငွေရသလဲ ဆိုတာကို သိရန်လိုအပ်လာပါတယ်။

Facebook မှာ ဝင်ငွေရှာနိုင်တဲ့ အကြမ်းဖျင်း နည်းလမ်း နှစ်ခု ရှိပါတယ်။ Developer နဲ့ Fan page နှစ်မျိုး ဖြစ်ပါတယ်။ Developer ကတော့ ရှင်းပါတယ်။ Facebook အသုံးပြုသူတို့ ဆော့ကစားလို့ ရမယ့် Application တစ်ခုခုလုပ်လိုက်မယ်။ ပြီးတော့ ယင်း Application ကို User အတော်များများက ယူဆော့ပါမယ်။ ဒီတော့ အခြား စီးပွာရေး လုပ်ငန်းရှင်များက ယင်း App စာမျက်နှာမှာ ကြော်ငြာထည့် လာတာမျိုး ဖြစ်ပါတယ်။ ရေပန်းအစားဆုံး App တွေသာ စီးပွားရေး တွက်ခြေကိုက်မှာ ဖြစ်ပါတယ်။ Application ကိုလူတိုင်းလုပ်နိုင်ပါတယ်။

သို့ပေမယ့် ယင်းအတွက် Facebook ကို ငွေပေးဆောင်ရပါတယ်။ Application ဖန်တီးလိုသူများက https://developers.facebook.com/apps ဒီလခ့်မှာ ဝင်ရောက်ပြီး ပြုလုပ်ကြပါတယ်။ ဒါကလည်း မခက်ပါဘူး။ သို့ပေမယ့် မြန်မာပြည်ကနေတော့ Application လုပ်လို့ရမယ့် ပုံမပေါ်ပါဘူး။ ဒီအတွက် ငွေပေးဆောင်ရပါတယ်။ ပေးရတဲ့ ငွေပမာဏ နည်းပေမယ့် Facebook ဆီငွေရောက်အောင် ပို့ပေးမယ့် Paypal , eBay အစရှိသဖြင့် နိုင်ငံတကာ အွန်လိုင်း ငွေ အိတ်ချိန်းတွေ မြန်မာပြည်မှာ မရှိလို့ပဲ ဖြစ်ပါတယ်။ ယင်း နိုင်ငံတကာ အွန်လိုင်း ငွေ အိတ်ချိန်းစနစ်တစ်ခု သာ မြန်မာပြည်မှာ ရှိလာပြီဆိုရင် အွန်လိုင်းမှာ ရုန်းကန်နေတဲ့ မြန်မာ့ အင်တာနက်ကွန်ရက်ပေါ်က စီးပွားရေးလုပ်ငန်း များ၊ ဆော့ဖ်ဝဲ၊ Developer သမားများ ဒီထက်မက လမ်းပွင့်သွားနိုင်ပါတယ်။

ဒီတော့ ပြည်ပရောက် မြန်မာ များအတွက်တော့ ငွေဒီနည်းနဲ့ ရှာနိုင်ပါတယ်။ မြန်မာပြည်နေ Facebook အသုံးပြုသူများအတွက်ကတော့ ဒီနည်းလမ်းနဲ့ လက်ရှိတော့ မရနိုင်သေးပါဘူး။ ကြားမှ တစ်ဆင့်ခံပေး မယ့် အေဂျင်ဆီတွေရှိတဲ့အတွက် ရတယ်ဆိုရင်တော့ တော်တော်လေး ခက်ခဲတဲ့အခြေအနေဖြစ်ပါတယ်။

နောက်ထပ်ဝင်ငွေရှာနည်းကတော့ Fan Page ပဲဖြစ်ပါတယ်။ ဒီတော့ နိုင်ငံတကာ Fan Page မှာ ဘယ်လိုငွေရှာသလဲဆိုတာကို အရင်လေ့လာရ ပါအုံးမယ်။ စာဖတ်သူအချို့မြင်ဖူးပါလိမ့်မယ်။ နိုင်ငံတကာ Fan Page တွေမှာ အော်ဒါမှာဝယ်ယူလို့ရတာမျိုးတွေ ဖြစ်ပါတယ်။ မစ်စတာ ဘင်း- Official Fan Page မှာဆိုရင် သူ့ ရဲ့ရုပ်ရှင်ခွေတွေ မှာလို့ရပါတယ်။ ဟမ်ဘာဂါဆိုင် Page တစ်ခုဆိုရင် အွန်လိုင်းကနေ တိုက်ရိုက်မှာယူနိုင် ပါတယ်။ သီချင်းအယ်လ်ဘမ်တွေလည်း သက်ဆိုင်ရာမှာ ဝယ်ရရနိုင်ပတယ်။ အစရှိသဖြင့် Application ကိုတွဲပြီး Fan Page ကို ကြားခံ ဈေးဆိုင်အဖြစ် အသုံးပြုပါတယ်။ ဒီတော့ ကိုယ့်မှာ စီးပွားရေး လုပ်ငန်း တစ်ခုခုရှိမှသာ ဒီလို လုပ်နိုင်တဲ့အပြင် အွန်လိုင်းအိတ်ချိန်းလည်း ရှိနေရပါအုံးမယ်။ မြန်မာပြည်နေ user များ အတွက် Facebook မှာငွေရှာဖို့ အတော်ခက်ခဲသွားပါပြီ။

ဒါဆို ဘယ်လိုလုပ်ရတော့မလဲ။ ကျောင်း ဆက်တက်ဖို့ ရန်ကုန်မှာ ရုန်းကန်နေသူများ ရှိပါတယ်။ မည်မည်ရရ ဘွဲ့ရှိမထားလို့ ကြုံရာ အလုပ်ဝင်လုပ်ပြီး ရန်ကုန်မှာ သောင်တင်နေသူများ ရှိပါတယ်။ ရန်ကုန်ရယ်လို့ မဟုတ်ပဲ မြို့ကြီး၊ မြို့ငယ်အသီးသီးမှာ ပညာတတ်ထားပေ မယ့် အံကိုက်မဖြစ်လို့ ဘဝရှုံးနေသူများ ရှိနေပါသေးတယ်။ ဦးနှောက်ယိုစီး မှုကိုသာ အပြစ်တင်ပြီး Facebook မှာ Like, Share, Comment လောက်နဲ့ပဲ ဘဝကို သာမန် အလုပ်လေး တစ်ခုနဲ့ အချိန်ကုန်ခံနေကြရပါတယ်။

ဘာမှမလုပ်တတ် မကိုင်တတ်လို့ Facebook မှာပဲ ခံစားချက်တွေ ထုတ်ဖော်နေသူများ ရှိပါတယ်။ Social Network မှာ သာမန်လူတွေထဲက လူလိုပဲ အချိန်ကုန်ခံဖို့ ဆုံးဖြတ်သူများလည် ရှိပါတယ်။ အခြားသူများက အလုပ်ခိုင်ခိုင်မာမာ၊ စီးပွားရေး ခိုင်ခိုင်မာမာ၊ ငွေကြေး ခိုင်ခိုင်မာမာရှိလို့ Facebook ကို အပျင်းပြေ အသုံးပြုကြတာ။ ပျော်စရာ အဖြစ် အသုံးပြုကြ တာ။ ဒီတော့ စားဝတ်နေရေး အဆင်မပြေသော၊ အလုပ်ထပ်လုပ်ရန်လို အပ်နေသော စာဖတ်သူများအနေဖြင့် Facebook မှာ ငွေရှာရန် စိတ်ကူးကြည့်ဖူးပါသလား။ တကယ် ငွေရှာလို့ ရတဲ့ နည်းလမ်းဖြစ်ပါတယ်။ ငွေတိုက်ရိုက်ဝင်တာမျိုးမဟုတ်ပေမယ့် Facebook မှာတင်မဟုတ်ပဲ ပြင်ပမှာပါ ငွေဝင်လာမယ့် နည်းလမ်း ဖြစ်ပါတယ်။

Page တစ်ခုပြုလုုပ်ခြင်း

စာဖတ်သူ ဘာကိုစိတ်ဝင်စားသလဲ။ စာဖတ်သူက ဘယ်ပညာနဲ့ ကျောင်းပြီး ထားသလဲ။ အင်ဂျင်နေယာလား၊ ဆရာဝန်လား၊ ရိုးရိုး ဘွဲ့ရသူလား၊ ဂိမ်း စိတ်ဝင်စားသူလား၊ သတင်းတွေ စပ်စုတက်သူလား။ အစရှိသဖြင့် မိမိကိုယ်ကိုယ် သုံးသပ်ပြီး အမည်တစ်ခုခုနဲ့ Page လုပ်ရပါမယ်။ ဥပမာ- အင်္ဂလိပ်လို သတင်းတွေကို ဖတ်ပြီး မြန်မာလိုပြန်ရေးကျင့်ရင်း သဘောကျတာတို့၊ ကဗျာရေးရတာ သဘောကျတာ၊ ရုပ်ရှင်အကြောင်း သဘောကျတာတို့၊ ဆောင်းပါးရေးတာတို့ အစရှိသဖြင့် ဝါသနာ အမျိုးမျိုး ရှိကြပါမယ်။

၂။ Page တွင် မိမိတတ်သမျှ၊ သိသမျှ၊ စိတ်ဝင်စားသမျှ မျှဝေတင်ပြခြင်း

သတင်းတွေ ဖတ်ပြီး ဘာသာပြန်ထားတယ်ဆိုပါစို့။ ပုံလေးတွေပါ Download ဆွဲရင်း တွဲတွဲတင်သွားလိုက်မယ်ဆို တဖြည်းဖြည်းနဲ့ သတင်းတွေ ပြည့်လာ ပါမယ်။ ကဗျာဆိုရင် ကဗျာတွေ ရေးလာလိုက်တာ တော်တော်လေး စုံလာပါမယ်။ ဟင်းချက်ဝါသနာပါသူဆိုရင် ဟင်းချက်နည်းအဆင့် ဆင့်တွေ ရေးရင်း ဟင်းအမယ်လေးတွေ မျှဝေရင်း Post တွေများလာပါ မယ်။ ဆောက်လုပ်ရေး အင်ဂျင်နေယာဆိုရင်လည်း အင်ဂျင်နေယာတို့ အတွက် အကျိုးရှိမယ့် စာတွေ၊ သတင်းတွေ၊ အဆောက်အအုံပုံတွေ၊ ဒီဇိုင်းတွေ မျှဝေမယ်။ Graphic ဒီဇိုင်နာသမားဆိုရင်လည်း မိမိရဲ့ဖန်တီးချက်များကို Page မှာ မျှဝေရပါမယ်။

ရုပ်ရှင် နှစ်သက်သူကလည်း ရုပ်ရှင်ဆိုင်ရာ ဆောင်းပါးလေးတွေ၊ review လေးတွေကို မိမိသိသလိုလေးရေးတင်ပါမယ်။ သို့ပေမယ့် အားလုံးကို အမှန်အတိုင်းပဲ တင်ပြဖို့လိုအပ်လာပါတယ်။ ဒီလိုရေးသားတင်ဆက်တယ် ဆိုတာ မီဒီယာအလုပ်တစ်ခုကို လုပ်ကိုင်နေခြင်း ဖြစ်ပါတယ်။ ကိုယ်က မှန်မှန်ကန်ကန်နဲ့ မိမိစိတ်ထဲရှိတာ၊ ဝါသနာပါရာ၊ စပ်စုမိရာကို မျှဝေရာဖြစ်ပေမယ့် အများဖတ်ဖို့ ဖြစ်တဲ့အတွက် မှန်ကန်နေဖို့ တော့ လိုအပ်ပါတယ်။ ဒါမှသာ အများက သိလာပြီး စိတ်ဝင်တစား လာကြည့်ကြမှာ ဖြစ်ပါတယ်။

မိမိရဲ့Personal အကောင့်မှာလဲ အရင်အတိုင်း Like, Share လုပ်နေရင်း၊ တစ်ဖက်ကလည်း မိမိရဲ့Page ကို အမြဲစောင့်ကြည့် ပြီး Post လေးတွေ တင်ပေးရပါမယ်။ ဒီမှာ စာဖတ်သူက အခြား ပညာရေးလမ်းကြောင်းပေါ် မှာ လျှောက်နေသူဆိုရင် အချိန်ပေးမှုကို ကိုယ်တိုင် စီမံထားစေချင်ပါတယ်။ Page ကိုလည်း အမြဲ Active ဖြစ်အောင်လုပ်ရင်း၊ သာမန် လုပ်ငန်းဆောင် တာများလည်း မလစ်ဟင်းရပါဘူး။

ဒီလိုလုပ်လာတာ ၃ လလောက်ဆိုရင် တော်တော်လေး ထူးခြားလာပါပြီ။ ကိုယ့်မျှဝေသမျှသာ လာဖတ်သူများနဲ့ ထပ်တူကျရင် ၃လ တောင်မကြာပဲ ၁ လတည်းနဲ့တောင် လူသိများ ရပန်းစားလာနိုင်ပါတယ်။

ဒီမှာ စပြီးအကျိုးအမြတ်ရပါပြီ။ စာဖတ်သူက ကဗျာ Page လုပ်ထားတယ်ဆိုပါစို့။ တကယ်လည်း ခံစားချက်အပြည့်နဲ့ရေးထားတဲ့ ကဗျာတွေဆိုတော့ တော်တော်ကို ပေါက်နေပြီ ဆိုပါစို့။ ကဗျာစာအုပ်တိုက်များ၊ စာနယ်ဇင်းတိုက်များကို သိအောင် လုပ်ပါ။ စာမျက်နှာကို Print ထုတ်၍ ပြခြင်းသော် လည်းကောင်း၊ စာနယ်ဇင်းများ အီးမေးလ်သို့ မိမိဖန်တီးထားသောPage ရဲ့ Link ကိုပေးပို့ခြင်းဖြင့်သော် လည်းကောင်း သိအောင်လုပ်ရပါမယ်။ မိတ်ဆက်ရပါ မယ်။ တောင်းဆိုရ ပါမယ်။ တောင်းဆိုရမယ်ဆိုတာက မိမိတတ်ထားတဲ့၊ ဖန်တီးထားတဲ ပညာရပ်အတွက် သက်ဆိုင်ရာနယ်ပယ်မှာ ဝင်ရောက် လိုကြောင်း တောင်းဆိုနိုင်ပါတယ်။ ဥပမာ- သတင်းတွေ ဘာသာပြန်ပြီး Page လုပ်ထားတယ်ဆိုပါဆို့။ သတင်းမီဒီယာ တစ်ခုခုနဲ့ ချိတ်မိအောင် ကြိုးစားပြီး မိမိဖန်တီချက်များကို သိအောင် ပြရပါမယ်။ ပြီးတော့ မီဒီယာလောကမှာ ဘယ်လိုရပ်တည်ဖို့အခွင့်အရေး ရှိတယ်ဆို တာ တောင်း ဆိုနိုင်ပါတယ်။ အင်ဂျင်နေယာဆိုင်ရည် နည်းပညာများ မျှဝေရင်း၊ ရေးသား ထားတယ်ဆိုပါစို့ အင်ဂျင်နေယာဆိုင်ရာ သတင်းအချက်အလက်များ ပေးဖို့ ကြိုးစားနေတဲ့ မီဒီယာများကို ချိတ်ဆက်ပြီး မိမိဖန်တီးချက်များကို ပြရပါ မယ်။ ပြီတော့ မိမိအတွက် နေရာတစ်ခုခု ရရှိနိုင်ပါတယ်။

သို့ပေမယ့် စာဖတ်သူရဲ့ဖန်တီးချက်ဟာလည်း ကောင်းမွန်နေ ဖို့လိုအပ်ပါ တယ်။ အများအမြင်မှာ အထင်ကြီးနေစေဖို့ လိုအပ်လာပါတယ်။ ယခုနောက်ပိုင်း မီဒီယာလုပ်ငန်းစုများ၊ စီးပွားရေး လုပ်ငန်းရှင်များဟာ Facebook ကိုတော်တော် အလေးထားလာပါပြီ။ Facebook ကိုအခြေခံပြီး အောင်မြင်နေတဲ့ သူတွေ၊ fan page တွေကို စောင့်ကြည့်နေ ပါတယ်။ မအောင်မြင်သေးတဲ့ မိမိစီးပွားရေးလုပ်ငန်း၊ မီဒီယာများ ကို အောင်မြင်လာအောင် ဖန်တီးပေးမယ် သူ လိုအပ်နေပါ တယ်။ အောင်မြင်ပြီးသားများကလည်း အင်အားပိုမိုတောင့်တင်းလာအောင် တကယ် အရည်အချင်းရှိတဲ့ Facebook ပေါ်က မြန်မာပြည်သားများကို ရှာဖွေနေကြပါတယ်။ Facebook ဟာ တကယ်ပဲ အားကိုးရတဲ့ Advertising နည်းလမ်းတစ်ခုပဲ ဆိုတာ သိလာကြပါပြီ။ ပရိုမိုးရှင်းတွေကို Facebook မှာပြုလုပ်နေကြပါပြီ။

အွန်လိုင်းမှာ စာဖတ်ပရိတ်သတ်အခိုင်အမာရ သွားတဲ့ ဆောင်းပါးရှင် တစ်ယောက်ဆိုရင် စာအုပ်ထုပ်ရတဲ့ အထိ အောင်မြင်သွားပါပြီ။ အခြား Professional လုပ်ငန်း ရှိနေသည့်တိုင် Facebook ကြောင့် တစ်ဖက်ကလည်း ဝင်ငွေရပြီး၊ အောင်မြင်ပါတော့မယ်။ သတင်းတွေ၊ ဆောင်းပါးတွေ ကိုယ်တိုင်ဖန်တီးသူ ကလည်း မီဒီယာလုပ်ငန်းတော်တော်များများမှာ ဝင်ရောက်လုပ်ကိုင်နေရပါပြီ။ အပျော်တမ်း ရေးသားရကနေ မီဒီယာကျင့် ဝတ်နဲ့ ညီညီ ရေးသားတင်ဆက်ပေးသူများ ဖြစ်လာကြပါတယ်။ အချို့ကျ Facebook မှာအောင်မြင်ပြီး ဝဘ်ဆိုဒ်တွေ ပိုင်ဆိုင်ရရှိလာပြီး ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းရှင်ဖြစ်ဖို့ လမ်းစတွေ ပေါ်ပေါက်လာပါတယ်။ အချို့ကျတော့ မိမိဖန်တီးထားတဲ့ ဒီဇိုင်းတွေကြောင့် ဒီဇိုင်းကုမ္မဏီများက ဖိတ်ခေါ်ပြီး အလုပ်ဆိုတာ ရှာစရာမလိုပဲ အလုပ်က လာရှာတာမျိုး အထိ ဖြစ်လာပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းရှာဖွေရာမှာ မိမိ ဖန်တီချက်များကို အလွယ်တကူ ချပြလို့ရတဲ့ Facebook မှ မှတ်ကျောက်တင်ထားခြင်းဖြင့် ကြိမ်းသေ အသုံးဝင်ပါတယ်။ မိမိက အလုပ်တစ်ခုခုကို လျှောက်ရင် မိမိဖန်တီးထားမှု များကို ဘွဲ့လက်မှတ်နဲ့ ပြလို့ မလုံလောက်တော့ပါဘူး။ ဒီတော့ မိမိဖန်တီးထားတာတွေကို ပြရတောမှာ ဖြစ်ပါတယ်။ ဒီမှာ Facebook က တော်တော်လေး အသုံးဝင်ပါတယ်။ သို့တည်းမဟုတ် အခြားအလုပ်များ လုပ်နေရင်း ကိုယ်ဝါသနာပါရာကို Facebook မှာရေးနေရင်း အခြား အလွတ်တန်း အလုပ်တစ်ခုခုလည်း အလွယ်တကူ ရနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ အခြားအကျိုးထူးမြောက်များစွာလည်း ရှိနေပါသေးတယ်။ သို့ပေမယ့် ကောင်းကျိုးရသွားတဲ့ အရေအတွက်ဟာ အင်မတန် နည်းနေပါသေးတယ်။

Facebook page ကို မိမိရဲ့ပညာရပ် အထောက်အပံ့ပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။ အလုပ်အတော်များများက အတွေ့အကြုံရှိသူများကို ပိုမိုနှစ်သက်ကြပါတယ်။ ဘာမှအတွေ့အကြုံမရှိသူများအနေနဲ့ မိမိတို့ ဘယ်လောက်ထိ တတ်တယ်ဆိုတာကို Page မှာတင်ပြထားခြင်းဖြင့် သက်သေပြနိုင်ပါတယ်။ ဘွဲ့လက်မှတ်မှာတင်မဟုတ်ပဲ မိမိဟာ တကယ်ပဲ တတ်မြောက်ပြီး ဒီလိုအကျိုးရှိရာတွေကို ပြန်လည်မျှဝေပေးနေပါတယ် ဆိုတာကို တင်ပြနိုင်ရင် အလုပ်ရှာရခက်တဲ့ အဖြစ်ဖို့မျိုးက အနည်းနဲ့ အများတော့ ကင်းဝေးမှာ ဖြစ်ပါတယ်။ မိမိက ဆော့ဖ်ဝဲနည်း ပညာရှင် တစ်ယောက် ဖြစ်တယ်ဆိုတာကို စာရွက်နဲ့တင်မဟုတ်ပဲ မိမိတင်ဆက်ပြ သထားတာတွေနဲ့ သက်သေပြနိုင်မှာ ဖြစ်ပါတယ်။ Facebook ရယ်လို့မှ မဟုတ်ပဲ Blogspot လုပ်ပြီးလည်း ထိုနည်းတူစွာ တင်ပြနိုင်မှာ ဖြစ်ပါတယ်။

ဒီအတွက် စာဖတ်သူတို့ ဘယ်လောက်အချိန်ပေးသင့်သလဲ။ ရည်ရွယ်ချက်ကို Facebook မှာ ရေရေရာရာမရှိ ဟိုဟိုဒီဒီ ကြည့်ရှုနေရသူများ အတွက် ဖြစ်ပါ တယ်။ ဒီလို မိမိခံစားချက်တွေ၊ ဖန်တီးချက်တွေကို ဖန်တီးဖို့အတွက် ထူးထူးခြားခြား အချိန်ပေးစရာ မလိုပါဘူး။ တစ်ရက်မှာ မိမိအားတဲ့ တစ်နာရီသော်လည်းကောင်း၊ နှစ်နာရီသော်လည်းကောင်း အချိန်အခိုက် အတန့်အတွင်း ရေးသားတင်ပြရင်း ဆက်သွားနိုင်ပါတယ်။ ဒီတာ့ Facebook နဲ့ ဘယ်လိုငွေရှာမလဲ၊ ခေါင်းစဉ် Facebook ပေါ်မှာ ဘယ်လို အလုပ်ရှာမလဲ လို့တောင် ဖြစ်သင့်ပါသေးတယ်။ စာဖတ်သူတို့ သံသယဖြစ်နေပြီလို့ ယူဆပါတယ်။ ဒီလိုလုပ်လို့ တကယ်ဖြစ်နိုင်ပါ့မလားလို့ သံသယတွေ ဝင်နေလောက်ပါပြီ။

ယခုစာရေးသူဟာလည်း Facebook မှာ မိမိဝါသနာ ပါရာ သတင်း၊ ဆောင်း ပါးများအား ဘာသာပြန်တင်ပြရင်း အခြား လုပ်ငန်းဆောင်တာ များမပျက် ယွင်းပဲ ရန်ကုန်တွင် နေထိုင်စားသောက်ရန် လုံလောက်သော ဝင်ငွေတစ်ခု ရရှိခဲ့ ပါတယ်။ အပျော်တမ်းရေးရာကနေ မီဒီယာ လုပ်ငန်းကြီးများရဲ့ လက်တွဲခေါ်ဆိုမှုကြောင့် အခြေအနေကောင်း တစ်ခုရရှိနေပါပြီ။ မီဒီယာ လုပ်ငန်းတော်တော်များများမှာလည်း ဝင်ရောက်လုပ်ကိုင်ရန် ကမ်းလှမ်းမှု များ ရရှိခဲ့ဖူးပြီး လက်တွဲလည်း လုပ်ကိုင်ခဲ့ပါတယ်။ လက်တွဲလုပ်ကိုင်ရန် ကမ်းလှမ်းချက်များ ရရှိခဲ့ပါတယ်။ ၆ လကျော်အတွင်း ထူးခြားလာ မှုများက တစ်နှစ်ပြည့်နီးနီးမှာ ပို၍ အောင်မြင်သွားပါတယ်။ စာရေးသူက မီဒီယာကျောင်းဆင်းလည်း မဟုတ်ရပါ။ အိုင်တီ ကျောင်းဆင်းလည်း မဟုတ်။ တစ်ဖက်ကလည်း မိမိနှစ်သက်ရာ ဘာသာရပ်တစ်ခု အထူးပြု သင်ယူ လေ့လာနေဆဲသာ ဖြစ်ပါတယ်။ ကိုယ်ရည်သွေးခြင်း မဟုတ်ရပါ။ စာဖတ်သူ တို့ ဖြစ်ကောဖြစ်နိုင်ပါ့မလား ဟူသော သံသယ ကင်းဝေး စေရန် ဖြစ်ပါတယ်။

စာရေးသူထက် အဆပေါင်းများစွာ အကျိုးထူး ချွန်ပြီး အောင်မြင် နေသော မြန်မာပြည် မှ Facebook user များလည်း အမြောက်အများရှိပါတယ်။ မီဒီယာ လုပ်ငန်းကိုသာ မဆိုလို။ အခြား မိမိကျွမ်းကျင်ရာ နယ်ပယ်အလျောက် တင်ပြချက်ကို အခြေခံပြီး ပြင်ပလော ကမှာ ကောင်းကောင်းကြီး ပြန်လည် အသုံးချနိုင်မှာ ဖြစ်ပါတယ်။

ယခုစာက Facebook ကိုအပျော်တန်း၊ အပျင်းပြေသုံးနေသော အခြား Professional များအတွက် မဟုတ်ရပါ။ တကယ်ပဲ အလုပ်ရှာရခက်ပြီး၊ အွန်လိုင်းမှာ မရေမရာ ဖြစ်နေသူများအတွက် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ ပညာအရည်အချင်း ရှိသောလည်း ရွံ့နွံတွင်းမှ ပတ္တပြားကဲ့ သို့ မြှုပ်နေ သူများအတွက် ဖြစ်ပါတယ်။ တတ်စွမ်း သလောက်ကြိုး စားသော်လည်း အရာမရောက်သေးသူများ အတွက် လည်း ဖြစ်ပါတယ်။ တကယ်ပဲ Facebook ကိုအကျိုးရှိရှိ အသုံးချ လို့ ကျောင်းကျိုးပေါင်း များစွာ ဖြစ် ထွန်းလာဖို့ ဆန္ဒပြု ရေးသားလိုက်ရပါ တယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Yoyarlay
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top