Kantharyar Centre
×

ရဲစခန္းကို ေရာက္မလာတဲ့ အလဲဗင္းမီဒီယာဂ႐ု(ပ္) စီအီးအို ေဒါက္တာသန္းထြဋ္္ေအာင္နဲ႔ သတင္းစာအယ္ဒီတာခ်ဳပ္ ဦးေဝၿဖိဳးတို႔ကို လိုက္လံရွာေဖြေနတယ္လို႔ သိရပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၆(ဃ) နဲ႔ အမႈဖြင့္ထားတာေၾကာင့္ စံုစမ္းစစ္ေဆးဖို႔ ရဲစခန္းကို ဆင့္ေခၚရာမွာ မလာေရာက္တာေၾကာင့္ လိုက္လံရွာေဖြေနတာ ျဖစ္ပါတယ္။

တိမ္းေရွာင္ေနလို႔ ပုဒ္မခ်က္ခ်င္းတိုးတာမရွိေသးဘဲ  ရေအာင္စံုစမ္း ဖမ္းဆီးေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ အေရွ႕ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႕ ဒုတိယရဲမွဴးႀကီးျမင့္ေထြးက ႏိုဝင္ဘာ ၁၀ ရက္ညက သတင္းေထာက္ေတြကို ေျပာၾကားထားတယ္လို႔လည္း သိရပါတယ္။

တာေမြရဲစခန္းကို အမႈအတြက္ လိုအပ္တဲ့ စစ္ေဆးမႈေတြ ျပဳလုပ္ဖို႔ ဆင့္ေခၚထားသူ စီးပြားေရးလုပ္ငန္းရွင္ ဦးေမာင္ဝိတ္ကေတာ့ မေန႔ကညေနက ေရာက္ရွိလာကာ စစ္ေဆးမႈခံယူျပီး ျပန္လည္ထြက္ခြာသြားတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version

ရဲစခန်းကို ရောက်မလာတဲ့ အလဲဗင်းမီဒီယာဂရု(ပ်) စီအီးအို ဒေါက်တာသန်းထွဋ်အောင်နဲ့ သတင်းစာအယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ထားတာကြောင့် စုံစမ်းစစ်ဆေးဖို့ ရဲစခန်းကို ဆင့်ခေါ်ရာမှာ မလာရောက်တာကြောင့် လိုက်လံရှာဖွေနေတာ ဖြစ်ပါတယ်။

တိမ်းရှောင်နေလို့ ပုဒ်မချက်ချင်းတိုးတာမရှိသေးဘဲ  ရအောင်စုံစမ်း ဖမ်းဆီးဆောင်ရွက်သွားမှာဖြစ်တယ်လို့ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးမြင့်ထွေးက နိုဝင်ဘာ ၁၀ ရက်ညက သတင်းထောက်တွေကို ပြောကြားထားတယ်လို့လည်း သိရပါတယ်။

တာမွေရဲစခန်းကို အမှုအတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဆင့်ခေါ်ထားသူ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ကတော့ မနေ့ကညနေက ရောက်ရှိလာကာ စစ်ဆေးမှုခံယူပြီး ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top