Property Expo
×

Dominoသည္နယူးဇီလန္ရိွ ေဖာက္သည္တစ္ဦးထံဒ႐ုန္းျဖင့္ပီဇာေပးပို႔မႈကို ေအာင္ျမင္စြာ ျပဳလုပ္ႏိုင္ခဲ့သည္။DRU Drone by Flirtey ဟုေခၚေသာ ဒ႐ုန္းသည္ GPS လမ္းညႊန္စနစ္ကို အသံုးျပဳကာ အလိုအေလ်ာက္ထိန္းခ်ဳပ္ေမာင္းႏွင္ႏိုင္ၿပီး ေအာ့ကလန္ၿမိဳ႕ ေျမာက္ဘက္ ၂၅ ကီလိုမီတာအကြာရိွ ဝမ္ဂါပါရာအိုဝါတြင္ ေနထိုင္သူတစ္ဦးထံ ေပးပို႔ခဲ့ျခင္းျဖစ္သည္။

Domino’s Group မွ အမႈေဆာင္အရာရိွခ်ဳပ္ႏွင့္ အုပ္ခ်ဳပ္မႈဒါ႐ိုက္တာ ဒြန္မစ္ခ်္က ဒ႐ုန္းျဖင့္ပစၥည္းေပးပို႔ျခင္းသည္ ကုမၸဏီ၏ ပီဇာေပးပို႔မႈလုပ္ငန္းစဥ္၏ အေျခခံလိုအပ္ခ်က္တစ္ခု ျဖစ္လာလိမ့္မည္ဟု ယံုၾကည္ေၾကာင္း ေျပာၾကားခဲ့သည္။

“ဝမ္ဂါပါရာအိုဝါစတိုးကေန ေဖာက္သည္ေတြဆီ ဒ႐ုန္းနဲ႔ကုန္ပစၥည္းေပးပို႔မႈေတြကို ပိုမိုျပဳလုပ္သြားပါမယ္။ လာမယ့္ႏွစ္က်ရင္ အရြယ္ႀကီးမားတဲ့ DRU Drone by Flirtey နဲ႔ ပစၥည္းေပးပို႔မယ့္ေဒသေတြကို တိုးခ်ဲ႕ေဆာင္ရြက္သြားပါမယ္။ DRU Drone by Flirtey က ကၽြန္ေတာ္တို႔ရဲ႕ အိမ္တိုင္ရာေရာက္ေပးပို႔တဲ့ ဝန္ေဆာင္မႈအတြက္ အေျခခံလိုအပ္ခ်က္တစ္ခု ျဖစ္လာပါလိမ့္မယ္” ဟု မစ္ခ်္က ေျပာၾကားခဲ့သည္။

ထိုကဲ့သ႔ို ေအာင္ျမင္စြာေပးပို႔မႈကို ဒ႐ုန္းျဖင့္ပီဇာေပးပို႔ရန္ Domino ႏွင့္ Flirtey တို႔ သေဘာတူညီမႈရရိွၿပီး သံုးလအၾကာတြင္ ျပဳလုပ္ႏိုင္ခဲ့ျခင္းျဖစ္သည္။ ကုမၸဏီအေနျဖင့္ အစားအေသာက္အပူခ်ိန္ စမ္းသပ္မႈ၊ အစိုးရႏွင့္ ညိႇႏိႈင္းတိုင္ပင္မႈအပါအဝင္ လုပ္ငန္းလည္ပတ္မႈႏွင့္ထုတ္ကုန္စမ္းသပ္မႈအခ်ိဳ႕ကို ျပဳလုပ္ၿပီးေနာက္ အထက္ပါအတိုင္း ေအာင္ျမင္စြာေပးပို႔ႏိုင္ခဲ့ျခင္း ျဖစ္သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Internet Journal

#Unicode Version
Dominoသည်နယူးဇီလန်ရှိ ဖောက်သည်တစ်ဦးထံဒရုန်းဖြင့်ပီဇာပေးပို့မှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။DRU Drone by Flirtey ဟုခေါ်သော ဒရုန်းသည် GPS လမ်းညွှန်စနစ်ကို အသုံးပြုကာ အလိုအလျောက်ထိန်းချုပ်မောင်းနှင်နိုင်ပြီး အော့ကလန်မြို့ မြောက်ဘက် ၂၅ ကီလိုမီတာအကွာရှိ ဝမ်ဂါပါရာအိုဝါတွင် နေထိုင်သူတစ်ဦးထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။

Domino’s Group မှ အမှုဆောင်အရာရှိချုပ်နှင့် အုပ်ချုပ်မှုဒါရိုက်တာ ဒွန်မစ်ချ်က ဒရုန်းဖြင့်ပစ္စည်းပေးပို့ခြင်းသည် ကုမ္ပဏီ၏ ပီဇာပေးပို့မှုလုပ်ငန်းစဉ်၏ အခြေခံလိုအပ်ချက်တစ်ခု ဖြစ်လာလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

“ဝမ်ဂါပါရာအိုဝါစတိုးကနေ ဖောက်သည်တွေဆီ ဒရုန်းနဲ့ကုန်ပစ္စည်းပေးပို့မှုတွေကို ပိုမိုပြုလုပ်သွားပါမယ်။ လာမယ့်နှစ်ကျရင် အရွယ်ကြီးမားတဲ့ DRU Drone by Flirtey နဲ့ ပစ္စည်းပေးပို့မယ့်ဒေသတွေကို တိုးချဲ့ဆောင်ရွက်သွားပါမယ်။ DRU Drone by Flirtey က ကျွန်တော်တို့ရဲ့ အိမ်တိုင်ရာရောက်ပေးပို့တဲ့ ဝန်ဆောင်မှုအတွက် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်လာပါလိမ့်မယ်” ဟု မစ်ချ်က ပြောကြားခဲ့သည်။

ထိုကဲ့သ့ို အောင်မြင်စွာပေးပို့မှုကို ဒရုန်းဖြင့်ပီဇာပေးပို့ရန် Domino နှင့် Flirtey တို့ သဘောတူညီမှုရရှိပြီး သုံးလအကြာတွင် ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီအနေဖြင့် အစားအသောက်အပူချိန် စမ်းသပ်မှု၊ အစိုးရနှင့် ညှိနှိုင်းတိုင်ပင်မှုအပါအဝင် လုပ်ငန်းလည်ပတ်မှုနှင့်ထုတ်ကုန်စမ်းသပ်မှုအချို့ကို ပြုလုပ်ပြီးနောက် အထက်ပါအတိုင်း အောင်မြင်စွာပေးပို့နိုင်ခဲ့ခြင်း ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Internet Journal
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top