Property Expo
×

အခုေနာက္ပိုင္းမွာ ခရီးသြားပရိုဂရမ္ေတြနဲ႕ အတူတြဲၿပီးေတြ႕လာရသူကေတာ့ ခရီးသြားရတာကို ၾကိဳက္တဲ့ ေအးျမတ္သူပါ။ ေအးျမတ္သူဟာ မေန႕ကမွ ကိုရီးယားကျပန္ေရာက္လာသလို လက္ရွိမွာ မေန႕ကျဖစ္သည္ဇာတ္ကားကို ျပန္လည္ရုိက္ကူးေနၿပီး ဘန္ေကာက္နဲ႕စင္ကာပူကိုလဲ သြားေရာက္လည္ပတ္ဖို႕ ရွိေနပါတယ္။ ဒါ့အျပင္ အသက္ သံုးဆယ္တစ္ႏွစ္အရြယ္ ရွိလာၿပီျဖစ္တဲ့ ေအးျမတ္သူဟာ သူမသံုးတဲ့ အင္စတာဂရမ္အေကာင့္မွာ သူမ crush ေနတယ္ဆိုတဲ့ caption နဲ႕ အမ်ိဳးသားတစ္ေယာက္ရဲ႕ပံုေလးေတြကိုလဲ အခုေနာက္ပိုင္းမွာ စဥ္ဆက္မျပတ္တင္လာတာကိုေတြ႕ရပါတယ္။ အဆုိပါပံုေတြကိုျမင္ရတဲ့ ပရိသတ္ေတြဟာ ေအးျမတ္သူ အပ်ိဳၾကီးဘ၀ကိုစြန္႕လႊတ္ေတာ့မွာလားဆိုတဲ့ စိတ္၀င္စားမႈေတြနဲ႕သိခ်င္ေနၾကတာေၾကာင့္ သူမရွိရာရႈတင္သို႕သြားေရာက္ေတြ႕ဆံုကာ သူမရဲ႕အခ်စ္ေရးကုိ ေမးျမန္းျဖစ္တဲ့အခါ

-ေအးျမတ္သူရဲ႕အခ်စ္ေရးနဲ႕ပတ္သက္ၿပီး အင္စတာဂရမ္မာ အနည္းငယ္လႈပ္ခတ္လာတာကိုေတြ႕လာရတယ္။ အႏုပညာလုပ္ခဲ့တဲ့ သက္တမ္းတစ္ေလွ်ာက္ ဘယ္အမ်ိဳးသားရဲ႕ပံုကိုမွတြဲမတင္ခဲ့ဘူး။ အခုေတာ့ အင္စတာဂရမ္မွာေတြ႕လာရၿပီဆိုေတာ့ အဲ့ဒီအေၾကာင္းေလးကုိလဲသိခ်င္ပါတယ္။

အဲ့ဒါကအခုေခတ္ဗန္းစကားေျပာရရင္ My Crush ေပါ့။ ကိုယ္က crush တာပါ။ ေအးျမတ္သူတစ္ခါမွ အဲ့ဒီလိုေတာ့မတင္ဖူးဘူး။ ဒါေပမဲ့တင္ျဖစ္သြားတာကလဲ သူမ်ားေတြကို အားက်လို႕ပါ။ သူမ်ားေတြက Crush တယ္။ ဘာညာဆိုေတာ့ ကုိယ္က အႏုပညာရွင္ဆိုေပမဲ့ အျပင္မိန္းကေလးတစ္ေယာက္ပဲဆိုေတာ့ အားက်ၿပီး Crush တယ္ဆိုၿပီး သူ႕ပံုေလးေတြတင္ျဖစ္တာပါ။

-ေအးျမတ္သူက Crush တယ္ဆိုေပမဲ့ အင္စတာမွာတင္တဲ့ပံုေတာ္ေတာ္မ်ားမ်ားမွာ ေအးျမတ္သူပါ ပါေနတာကိုလဲေတြ႕ရတယ္ေနာ္။

အျမဲတမ္းေတာ့ မဟုတ္ပါဘူးရွင့္။ တစ္ခါတစ္ေလမွပါ။ အဓိကေအးျမတ္သူသည္ သူမ်ားေတြကို အားက်တယ္။ အဲ့ဒါေၾကာင့္ ပံုေလးေတြတင္ျဖစ္တယ္။ အင္စတာသံုးတာကလဲ ေအးျမတ္သူအေနနဲ႕မဟုတ္ပဲ အျပင္မိန္းမတစ္ေယာက္အေနနဲ႕ပဲသံုးတာပါရွင့္။

-တင္ထားတဲ့ပံုေလးေတြအေပၚ ပရိသတ္အခ်ိဳ႕ကလဲ ေအးျမတ္သူအိမ္ေထာင္ျပဳေတာ့မွာလားဆိုၿပီး သိခ်င္ေနၾကတယ္။

အိမ္ေထာင္ကေတာ့ ျပဳခ်င္ပါတယ္။ ကိုယ္ကုိတိုင္လဲျပဳသင့္တဲ့အရြယ္ကိုေရာက္ေနပါၿပီ။ ဒါေပမဲ့ အဲ့ဒါေတြကေတာ့ ေျပာဖို႕ေစာေနပါေသးတယ္။ တိက်ေသခ်ာတဲ့အခါက်ရင္ေျပာပါ့မယ္ရွင့္။ အခုခ်ိန္မွာေတာ့ ေအးျမတ္သူက Crush ေနတယ္လို႕ပဲ သတ္မွတ္လိုက္ပါလို႕။

-အသက္ ၃၀ ၊ ၃၁ ေလာက္မွာအိမ္ ေထာင္ျပဳခ်င္တယ္လို႕ေျပာထားဖူးတယ္။ ဒီကာလမွာပဲ ထူးျခားတဲ့ဒီစံုတြဲပံုေလးေတြတက္လာေတာ့ အဲ့ဒီႏွစ္ခုၾကားကစပ္ဆက္မႈကုိလဲသိခ်င္ပါတယ္။

ဒီႏွစ္ပိုင္းမွာေတာ့ ေအးျမတ္သူအိမ္ေထာင္ျပဳဖို႕မရွိပါဘူး။ ၂၀၁၇မွာလဲမျဖစ္ႏုိင္ေသးဘူးေပါ့။ အဲ့ဒီေနာက္ပိုင္းကေတာ့ မေျပာတတ္ေသးပါဘူး။

-ပရိသတ္ေတြကလဲ ဘယ္ေတာ့ အပ်ိဳၾကီးဘ၀ကိုစြန္႕လႊတ္မွာလဲဆိုတာသိခ်င္ေနၾကတယ္။

ေအးျမတ္သူကို ပရိသတ္ေတြကခ်စ္ၾကတယ္။ အပ်ိဳၾကီးဘ၀ကေနလဲ ျမန္ျမန္ကၽြတ္ေစခ်င္ၾကတယ္ ထင္ပါတယ္။ အဲ့ဒီလိုၾကားရတဲ့အတြက္လဲ ေအးျမတ္သူ၀မ္းသာပါတယ္။ အရင္ကဆို ခ်စ္သူရည္းစားရွိရင္ေတာင္ သိပ္နားလည္မႈမေပးႏုိင္ၾကတဲ့ ပရိသတ္ေတြက အခုဆို ျမန္ျမန္ယူေစခ်င္ၾကတာကိုေတြ႕ရေတာ့ ၀မ္းသာပါတယ္။ အဲ့ဒီလိုအင္စတာမွာ ပံုေလးေတြတင္ျဖစ္တာကိုေတြ႕တဲ့ပရိသတ္ေတြအကုန္လံုးက ဘယ္ေတာ့စားရမွာလဲဆိုတာခ်ည္းပဲေမးေနၾကတယ္။ ဒါေပမဲ့ ေအးျမတ္သူဖက္ကလဲ ေသခ်ာေအာင္၊ ခုိင္ျမဲေအာင္ ကုိယ့္ရဲ႕အိမ္ေထာင္ေရးတစ္ခုကုိ ခုိင္ျမဲေအာင္အခ်ိန္ယူေနရတဲ့အတြက္ ပရိသတ္ကို မခ်ျပေသးပဲ လွ်ိဳ႕၀ွက္ထားရတာပါ။ ဒါေပမဲ့ အရမ္းၾကီးေတာ့လွ်ိဳ႕၀ွက္မထားပါဘူး။

-အေရွ႕မွာသြားေရာက္လည္ပတ္ခဲ့တဲ့ ကိုရီးယားခရီးစဥ္ေလးအေၾကာင္းကို ေျပာျပေပးပါဦး။

အဲ့ဒါက ကုိရီးယား air line က စပြန္ဆာေပးတယ္။ ကုိရီးယားကို ၂၀၁၈ မွာသူတုိ႕Winner Olympic လုပ္မယ္။ ကုိရီးယားရဲ႕ ေျဖာင္ခ်န္းဆိုတဲ့ျမိဳ႕မွာသူတုိ႕ Winner Olympic လုပ္မွာဆိုေတာ့ အသိေပးခ်င္တာရယ္၊ ကုိရီးယားခရီးသြားလုပ္ငန္းကို ဗမာျပည္ကလူေတြသိေအာင္ျမွင့္တင္ခ်င္တာရယ္ေၾကာင့္ ပရိုမိုးရွင္းအေနနဲ႕သြားတာပါ။

-ဘယ္ႏွစ္ရက္ေလာက္ၾကာခဲ့လဲ။

ေအးျမတ္သူ သံုးညအိပ္ေလးရက္ၾကာခဲ့ပါတယ္။ ၂ ျမိဳ႕ေလာက္ပဲ သြားခဲ့တယ္။ ဆိုးလ္နဲ႕ေျဖာင္ခ်န္းေပါ့။ ဆိုးလ္ကေတာ အရင္ကလဲ ႏွစ္ေခါက္ေလာက္ေရာက္ဖူးတယ္။ ေအးျမတ္သူအတြက္ တအားၾကီးထူးဆန္းမေနဘူး။ ေျဖာင္ခ်န္းကေတာ့ ေအးျမတ္သူအတြက္ထူးျခားတယ္။ တုိက္တာအေဆာက္အဦးေတြပဲျမင္ေနရာကေန တကယ့္ကို ေဆာင္းဦးရြက္ေၾကြခ်စ္သက္ေသကားထဲက သစ္ရြက္ေလးေတြအမ်ားၾကီးေတြ႕ခဲ့တယ္။ ေဆာင္းဦးေပါက္ဆိုေတာ့ေလ။ အေရာင္ေလးေတြကလဲေျပာင္းေနတယ္။ ေနာက္သူတို႕ဆီက အျမင့္ဆံုးေတာင္ထိပ္ကိုေရာက္ခဲ့တယ္။ ေနာက္အိုလံပစ္က်င္းပမဲ့ ကြင္းၾကီးရွိတယ္။ ႏွင္းေလွ်ာစီးလို႕လဲရတယ္။ အဲ့ဒီျမိဳ႕ကေဖေဖာ္၀ါရီလဆိုရင္ တစ္ျမိဳ႕လံုးႏွင္းေတြဖံုးေနတာ ေရခဲေတြဆိုတူးရတာ ဆယ္ေပေလာက္ထိနက္တယ္ေျပာတယ္။ အရမ္းကိုလွတဲ့ျမိဳ႕ပါ။ ေအးျမတ္သူကႏွင္းလဲတစ္အားသေဘာက်တယ္။ ႏွင္းအရမ္းကုိင္ခ်င္တာက ေအးျမတ္သူရဲ႕အိပ္မက္ပါ။ ဒါေပမဲ့အခုထိမျပည့္ေသးဘူး။

-ထပ္သြားဖို႕ေရာရွိဦးမလား။

အက်ိဳးအေၾကာင္းတုိက္ဆိုင္ရင္ေတာ့ လာမဲ့ ၂၀၁၈ အိုလံပစ္ပြဲကိုသြားခ်င္ပါတယ္။

-ရန္ကုန္မွာဆုိ ရႈတင္ေတြနဲ႕ျပည့္ေနတယ္ဆိုေတာ့ အခုကုိရီးယားကိုသြားလိုက္တဲ့အတြက္ဘယ္လိုစိတ္အေျပာင္းအလဲေတြေရာ ရွိလဲ။

ေအးျမတ္သူကခရီးသြားရရင္အရမ္းေပ်ာ္တယ္။ ခရီးသြားေနရတာကိုၾကိဳက္တယ္။ ျပည္တြင္းပဲသြားသြား၊ ျပည္ပပဲသြားသြားေပါ့။ ဒါေပမဲ့ေနာက္ပိုင္းသြားတာေတြေတာ္ေတာ္မ်ားမ်ားက အလုပ္ဆိုတာထက္ ပရိုဂရမ္ရုိက္တာတို႕ဘာတို႕နဲ႕ပဲသြားရတယ္။ အဲ့ဒီလိုသြားရတာကပိုလဲလြတ္လပ္တယ္။ ဥပမာကားရိုက္နဲ႕သြားရရင္ မလြတ္လပ္ဘူး။ မနက္ ကိုး၊ ညေျခာက္ထိဆိုေတာ့ ဘယ္မွမသြားရဘူး။ သြားရင္လဲျပင္ဦးလြင္၊ မႏၱေလး၊ ေတာင္ၾကီးဒီေလာက္ပဲဆိုေတာ့ တျခားေနရာေတြသြားရတာအရမ္းေပ်ာ္တယ္။ အလုပ္နဲ႕ဆိုေပမဲ့အလုပ္ကေပါ့ေပါ့ပါးပါးေလးဆိုေတာ့ အဆင္ေျပတယ္ရွင့္။ ခရီးသြားရင္မပင္ပန္းဘူး။ ပိုပို၀လာတယ္။ အခ်ိန္မွန္စားရတယ္။ အခ်ိန္မွန္အိပ္တယ္။ အဲ့ဒီေတာ့နည္းနည္းလဲပို၀လာတယ္။

-ဘြေႏၵာၾကက္သူခုိးကားေလးက ပရိသတ္ေတာ္ေတာ္အားေပးတဲ့ကားတစ္ကားျဖစ္ခဲ့တယ္ေနာ္။

ကိုယ္ပါ၀င္ရတယ္။ တစ္ခန္းျဖစ္ျဖစ္ႏွစ္ခန္းျဖစ္ျဖစ္ေပါ့။ ဒါေပမဲ့ကိုယ္ပါ၀င္ရတဲ့ကားက ပရိသတ္အၾကိဳက္ေတြ႕တယ္။ တကယ္ကို ေကာင္းတဲ့ကြာလတီကားေလးျဖစ္တဲ့အတြက္ ပရိသတ္ေတြ အရမ္းၾကိဳက္တာေတြ႕ရေတာ့ေအးျမတ္သူအရမ္း၀မ္းသာတယ္။ ကားေကာင္းတစ္ကားမွာ ပါ၀င္ခဲ့ရတယ္။ အဲ့ဒီလိုမွန္းသိလို႕အဲ့ဒီကားကို လက္ခံခဲ့တာပါ။ ဆင္းန္နည္းတာမ်ားတာကိုေအးျမတ္သူ မၾကည့္ပါဘူး။ အဲ့ဒီထဲမွာ ၀တ္တာေလးေတြကိုလဲ ပရိသတ္ေတြၾကိဳက္ၾကတယ္။ ကုိယ့္အိုက္တင္ေတြကိုေတာ့ သူတို႕သိပ္အားမရၾကဘူး။ ဇာတ္ပို႕လား။ ဇာတ္ရန္လားေပါ့။ ဘာမွန္းမသိဘူးေပါ့။ ဒါကေတာ့ ကိုယ့္ကိုခ်စ္တဲ့စိတ္ေလးနဲ႕ေျပာၾကတာဆိုေတာ့ အားမလိုအားမရစိတ္ေလးနဲ႕ေပါ့ေလ။

-ဒါၿပီးရင္ေရာဘာေတြရွိဦးမလဲ။

ဘန္ေကာက္ကို မဂၢဇင္းကာဗာရိုက္တစ္ခုအတြက္သြားမယ္။ ၿပီးရင္စင္ကာပူကုိ အေပ်ာ္ပဲ။ ခရီးသြားေအဂ်င္စီတစ္ခုကစပြန္ဆာေပးတာပါ။ Maldives သြားတဲ့ဆီကပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
အခုနောက်ပိုင်းမှာ ခရီးသွားပရိုဂရမ်တွေနဲ့ အတူတွဲပြီးတွေ့လာရသူကတော့ ခရီးသွားရတာကို ကြိုက်တဲ့ အေးမြတ်သူပါ။ အေးမြတ်သူဟာ မနေ့ကမှ ကိုရီးယားကပြန်ရောက်လာသလို လက်ရှိမှာ မနေ့ကဖြစ်သည်ဇာတ်ကားကို ပြန်လည်ရိုက်ကူးနေပြီး ဘန်ကောက်နဲ့စင်ကာပူကိုလဲ သွားရောက်လည်ပတ်ဖို့ ရှိနေပါတယ်။ ဒါ့အပြင် အသက် သုံးဆယ်တစ်နှစ်အရွယ် ရှိလာပြီဖြစ်တဲ့ အေးမြတ်သူဟာ သူမသုံးတဲ့ အင်စတာဂရမ်အကောင့်မှာ သူမ crush နေတယ်ဆိုတဲ့ caption နဲ့ အမျိုးသားတစ်ယောက်ရဲ့ပုံလေးတွေကိုလဲ အခုနောက်ပိုင်းမှာ စဉ်ဆက်မပြတ်တင်လာတာကိုတွေ့ရပါတယ်။ အဆိုပါပုံတွေကိုမြင်ရတဲ့ ပရိသတ်တွေဟာ အေးမြတ်သူ အပျိုကြီးဘဝကိုစွန့်လွှတ်တော့မှာလားဆိုတဲ့ စိတ်ဝင်စားမှုတွေနဲ့သိချင်နေကြတာကြောင့် သူမရှိရာရှုတင်သို့သွားရောက်တွေ့ဆုံကာ သူမရဲ့အချစ်ရေးကို မေးမြန်းဖြစ်တဲ့အခါ

-အေးမြတ်သူရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး အင်စတာဂရမ်မာ အနည်းငယ်လှုပ်ခတ်လာတာကိုတွေ့လာရတယ်။ အနုပညာလုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက် ဘယ်အမျိုးသားရဲ့ပုံကိုမှတွဲမတင်ခဲ့ဘူး။ အခုတော့ အင်စတာဂရမ်မှာတွေ့လာရပြီဆိုတော့ အဲ့ဒီအကြောင်းလေးကိုလဲသိချင်ပါတယ်။

အဲ့ဒါကအခုခေတ်ဗန်းစကားပြောရရင် My Crush ပေါ့။ ကိုယ်က crush တာပါ။ အေးမြတ်သူတစ်ခါမှ အဲ့ဒီလိုတော့မတင်ဖူးဘူး။ ဒါပေမဲ့တင်ဖြစ်သွားတာကလဲ သူများတွေကို အားကျလို့ပါ။ သူများတွေက Crush တယ်။ ဘာညာဆိုတော့ ကိုယ်က အနုပညာရှင်ဆိုပေမဲ့ အပြင်မိန်းကလေးတစ်ယောက်ပဲဆိုတော့ အားကျပြီး Crush တယ်ဆိုပြီး သူ့ပုံလေးတွေတင်ဖြစ်တာပါ။

-အေးမြတ်သူက Crush တယ်ဆိုပေမဲ့ အင်စတာမှာတင်တဲ့ပုံတော်တော်များများမှာ အေးမြတ်သူပါ ပါနေတာကိုလဲတွေ့ရတယ်နော်။

အမြဲတမ်းတော့ မဟုတ်ပါဘူးရှင့်။ တစ်ခါတစ်လေမှပါ။ အဓိကအေးမြတ်သူသည် သူများတွေကို အားကျတယ်။ အဲ့ဒါကြောင့် ပုံလေးတွေတင်ဖြစ်တယ်။ အင်စတာသုံးတာကလဲ အေးမြတ်သူအနေနဲ့မဟုတ်ပဲ အပြင်မိန်းမတစ်ယောက်အနေနဲ့ပဲသုံးတာပါရှင့်။

-တင်ထားတဲ့ပုံလေးတွေအပေါ် ပရိသတ်အချို့ကလဲ အေးမြတ်သူအိမ်ထောင်ပြုတော့မှာလားဆိုပြီး သိချင်နေကြတယ်။

အိမ်ထောင်ကတော့ ပြုချင်ပါတယ်။ ကိုယ်ကိုတိုင်လဲပြုသင့်တဲ့အရွယ်ကိုရောက်နေပါပြီ။ ဒါပေမဲ့ အဲ့ဒါတွေကတော့ ပြောဖို့စောနေပါသေးတယ်။ တိကျသေချာတဲ့အခါကျရင်ပြောပါ့မယ်ရှင့်။ အခုချိန်မှာတော့ အေးမြတ်သူက Crush နေတယ်လို့ပဲ သတ်မှတ်လိုက်ပါလို့။

-အသက် ၃၀ ၊ ၃၁ လောက်မှာအိမ်ထောင်ပြုချင်တယ်လို့ပြောထားဖူးတယ်။ ဒီကာလမှာပဲ ထူးခြားတဲ့ဒီစုံတွဲပုံလေးတွေတက်လာတော့ အဲ့ဒီနှစ်ခုကြားကစပ်ဆက်မှုကိုလဲသိချင်ပါတယ်။

ဒီနှစ်ပိုင်းမှာတော့ အေးမြတ်သူအိမ်ထောင်ပြုဖို့မရှိပါဘူး။ ၂၀၁၇မှာလဲမဖြစ်နိုင်သေးဘူးပေါ့။ အဲ့ဒီနောက်ပိုင်းကတော့ မပြောတတ်သေးပါဘူး။

-ပရိသတ်တွေကလဲ ဘယ်တော့ အပျိုကြီးဘဝကိုစွန့်လွှတ်မှာလဲဆိုတာသိချင်နေကြတယ်။

အေးမြတ်သူကို ပရိသတ်တွေကချစ်ကြတယ်။ အပျိုကြီးဘဝကနေလဲ မြန်မြန်ကျွတ်စေချင်ကြတယ် ထင်ပါတယ်။ အဲ့ဒီလိုကြားရတဲ့အတွက်လဲ အေးမြတ်သူဝမ်းသာပါတယ်။ အရင်ကဆို ချစ်သူရည်းစားရှိရင်တောင် သိပ်နားလည်မှုမပေးနိုင်ကြတဲ့ ပရိသတ်တွေက အခုဆို မြန်မြန်ယူစေချင်ကြတာကိုတွေ့ရတော့ ဝမ်းသာပါတယ်။ အဲ့ဒီလိုအင်စတာမှာ ပုံလေးတွေတင်ဖြစ်တာကိုတွေ့တဲ့ပရိသတ်တွေအကုန်လုံးက ဘယ်တော့စားရမှာလဲဆိုတာချည်းပဲမေးနေကြတယ်။ ဒါပေမဲ့ အေးမြတ်သူဖက်ကလဲ သေချာအောင်၊ ခိုင်မြဲအောင် ကိုယ့်ရဲ့အိမ်ထောင်ရေးတစ်ခုကို ခိုင်မြဲအောင်အချိန်ယူနေရတဲ့အတွက် ပရိသတ်ကို မချပြသေးပဲ လျှို့ဝှက်ထားရတာပါ။ ဒါပေမဲ့ အရမ်းကြီးတော့လျှို့ဝှက်မထားပါဘူး။

-အရှေ့မှာသွားရောက်လည်ပတ်ခဲ့တဲ့ ကိုရီးယားခရီးစဉ်လေးအကြောင်းကို ပြောပြပေးပါဦး။

အဲ့ဒါက ကိုရီးယား air line က စပွန်ဆာပေးတယ်။ ကိုရီးယားကို ၂၀၁၈ မှာသူတို့Winner Olympic လုပ်မယ်။ ကိုရီးယားရဲ့ ဖြောင်ချန်းဆိုတဲ့မြို့မှာသူတို့ Winner Olympic လုပ်မှာဆိုတော့ အသိပေးချင်တာရယ်၊ ကိုရီးယားခရီးသွားလုပ်ငန်းကို ဗမာပြည်ကလူတွေသိအောင်မြှင့်တင်ချင်တာရယ်ကြောင့် ပရိုမိုးရှင်းအနေနဲ့သွားတာပါ။

-ဘယ်နှစ်ရက်လောက်ကြာခဲ့လဲ။

အေးမြတ်သူ သုံးညအိပ်လေးရက်ကြာခဲ့ပါတယ်။ ၂ မြို့လောက်ပဲ သွားခဲ့တယ်။ ဆိုးလ်နဲ့ဖြောင်ချန်းပေါ့။ ဆိုးလ်ကတော အရင်ကလဲ နှစ်ခေါက်လောက်ရောက်ဖူးတယ်။ အေးမြတ်သူအတွက် တအားကြီးထူးဆန်းမနေဘူး။ ဖြောင်ချန်းကတော့ အေးမြတ်သူအတွက်ထူးခြားတယ်။ တိုက်တာအဆောက်အဦးတွေပဲမြင်နေရာကနေ တကယ့်ကို ဆောင်းဦးရွက်ကြွေချစ်သက်သေကားထဲက သစ်ရွက်လေးတွေအများကြီးတွေ့ခဲ့တယ်။ ဆောင်းဦးပေါက်ဆိုတော့လေ။ အရောင်လေးတွေကလဲပြောင်းနေတယ်။ နောက်သူတို့ဆီက အမြင့်ဆုံးတောင်ထိပ်ကိုရောက်ခဲ့တယ်။ နောက်အိုလံပစ်ကျင်းပမဲ့ ကွင်းကြီးရှိတယ်။ နှင်းလျှောစီးလို့လဲရတယ်။ အဲ့ဒီမြို့ကဖေဖော်ဝါရီလဆိုရင် တစ်မြို့လုံးနှင်းတွေဖုံးနေတာ ရေခဲတွေဆိုတူးရတာ ဆယ်ပေလောက်ထိနက်တယ်ပြောတယ်။ အရမ်းကိုလှတဲ့မြို့ပါ။ အေးမြတ်သူကနှင်းလဲတစ်အားသဘောကျတယ်။ နှင်းအရမ်းကိုင်ချင်တာက အေးမြတ်သူရဲ့အိပ်မက်ပါ။ ဒါပေမဲ့အခုထိမပြည့်သေးဘူး။

-ထပ်သွားဖို့ရောရှိဦးမလား။

အကျိုးအကြောင်းတိုက်ဆိုင်ရင်တော့ လာမဲ့ ၂၀၁၈ အိုလံပစ်ပွဲကိုသွားချင်ပါတယ်။

-ရန်ကုန်မှာဆို ရှုတင်တွေနဲ့ပြည့်နေတယ်ဆိုတော့ အခုကိုရီးယားကိုသွားလိုက်တဲ့အတွက်ဘယ်လိုစိတ်အပြောင်းအလဲတွေရော ရှိလဲ။

အေးမြတ်သူကခရီးသွားရရင်အရမ်းပျော်တယ်။ ခရီးသွားနေရတာကိုကြိုက်တယ်။ ပြည်တွင်းပဲသွားသွား၊ ပြည်ပပဲသွားသွားပေါ့။ ဒါပေမဲ့နောက်ပိုင်းသွားတာတွေတော်တော်များများက အလုပ်ဆိုတာထက် ပရိုဂရမ်ရိုက်တာတို့ဘာတို့နဲ့ပဲသွားရတယ်။ အဲ့ဒီလိုသွားရတာကပိုလဲလွတ်လပ်တယ်။ ဥပမာကားရိုက်နဲ့သွားရရင် မလွတ်လပ်ဘူး။ မနက် ကိုး၊ ညခြောက်ထိဆိုတော့ ဘယ်မှမသွားရဘူး။ သွားရင်လဲပြင်ဦးလွင်၊ မန္တလေး၊ တောင်ကြီးဒီလောက်ပဲဆိုတော့ တခြားနေရာတွေသွားရတာအရမ်းပျော်တယ်။ အလုပ်နဲ့ဆိုပေမဲ့အလုပ်ကပေါ့ပေါ့ပါးပါးလေးဆိုတော့ အဆင်ပြေတယ်ရှင့်။ ခရီးသွားရင်မပင်ပန်းဘူး။ ပိုပိုဝလာတယ်။ အချိန်မှန်စားရတယ်။ အချိန်မှန်အိပ်တယ်။ အဲ့ဒီတော့နည်းနည်းလဲပိုဝလာတယ်။

-ဘွန္ဒောကြက်သူခိုးကားလေးက ပရိသတ်တော်တော်အားပေးတဲ့ကားတစ်ကားဖြစ်ခဲ့တယ်နော်။

ကိုယ်ပါဝင်ရတယ်။ တစ်ခန်းဖြစ်ဖြစ်နှစ်ခန်းဖြစ်ဖြစ်ပေါ့။ ဒါပေမဲ့ကိုယ်ပါဝင်ရတဲ့ကားက ပရိသတ်အကြိုက်တွေ့တယ်။ တကယ်ကို ကောင်းတဲ့ကွာလတီကားလေးဖြစ်တဲ့အတွက် ပရိသတ်တွေ အရမ်းကြိုက်တာတွေ့ရတော့အေးမြတ်သူအရမ်းဝမ်းသာတယ်။ ကားကောင်းတစ်ကားမှာ ပါဝင်ခဲ့ရတယ်။ အဲ့ဒီလိုမှန်းသိလို့အဲ့ဒီကားကို လက်ခံခဲ့တာပါ။ ဆင်းန်နည်းတာများတာကိုအေးမြတ်သူ မကြည့်ပါဘူး။ အဲ့ဒီထဲမှာ ဝတ်တာလေးတွေကိုလဲ ပရိသတ်တွေကြိုက်ကြတယ်။ ကိုယ့်အိုက်တင်တွေကိုတော့ သူတို့သိပ်အားမရကြဘူး။ ဇာတ်ပို့လား။ ဇာတ်ရန်လားပေါ့။ ဘာမှန်းမသိဘူးပေါ့။ ဒါကတော့ ကိုယ့်ကိုချစ်တဲ့စိတ်လေးနဲ့ပြောကြတာဆိုတော့ အားမလိုအားမရစိတ်လေးနဲ့ပေါ့လေ။

-ဒါပြီးရင်ရောဘာတွေရှိဦးမလဲ။

ဘန်ကောက်ကို မဂ္ဂဇင်းကာဗာရိုက်တစ်ခုအတွက်သွားမယ်။ ပြီးရင်စင်ကာပူကို အပျော်ပဲ။ ခရီးသွားအေဂျင်စီတစ်ခုကစပွန်ဆာပေးတာပါ။ Maldives သွားတဲ့ဆီကပါပဲ။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top