Property Expo
×







Credit:7Day Daily

Unicode Version

CNBLUE အဖွဲ့က ၎င်းတို့၏  ငါးနှစ်ပြည့်အထိမ်းအမှတ်ကို ဂျပန်နိုင်ငံတွင် ကျင်းပရန် ဂျပန် ဂီတခရီးစဉ်ထွက်ခွာခဲ့သည်။

၂၀၁၆ တွင် ငါးနှစ်ပြည့် ဂီတခရီးစဉ်အတွက် ကိုးရီးယားအဆို တော်အဖွဲ့ CNBLUE သည် ပထမဆုံးဖျော်ဖြေပွဲ နှစ်ပွဲကို နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်တွင် တရုတ်နိုင်ငံ၌ ကျင်းပခဲ့သည်။

ထို့နောက် နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက်တွင် ဂျပန်နိုင်ငံ အိုဆာကာ၊ ၁၇ ရက်နှင့် ၁၈ ရက်တွင် နာဂိုယာ၊ ၂၄ ရက်တွင် ဖူကူကာနှင့် ၂၉ ရက်နှင့် ၃၀ ရက်တွင်တိုကျိုမြို့များ၌ ဖျော်ဖြေသွားမည် ဖြစ်သည်။

ထိုဖျော်ဖြေပွဲတွင် ဂျပန်နိုင်ငံ၌ ငါးနှစ်ပြည့်အထိမ်းအမှတ် ကျင်းပရန် ထုတ်ဝေခဲ့သော CNBLUE အဖွဲ့၏ ငါးခုမြောက် ဂျပန်အယ်လ်ဘမ် ‘Euphoria’ ကို အဓိကထားသီဆိုဖျော်ဖြေမည် ဖြစ်သည်။

CNBLUE အဖွဲ့က ပွဲအစ တွင် In My Head နှင့် Glory Daysစသည့် သီချင်းများဖြင့် သီဆိုဖျော် ဖြေခဲ့သည်။

အဖွဲ့ဝင် ယောင်ဟွာက ‘‘ဒါက ကျွန်တော်တို့ ဂီတခရီးစဉ် ရဲ့ ပထမဆုံးဖျော်ဖြေပွဲပါ။ ဒီပွဲ ကို ကျွန်တော်တို့ရဲ့ နောက်ဆုံးဖျော် ဖြေမှုလို့ သဘောထားပြီး အမြဲ တမ်းဖျော်ဖြေပါတယ်။ ကျွန်တော်တို့ပရိသတ်တွေအတွက် အ ကောင်းဆုံးတင်ဆက်သွားပါ မယ်’’ဟု ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top