Property Expo
×

၂၀၁၇ အတြက္ ေမာ္ ေတာ္ယာဥ္တင္သြင္းခြင့္မူ၀ါဒကို ယခုႏွစ္မကုန္မီ ႀကိဳတင္ေၾကညာ ေပးမည္ဟု ေမာ္ေတာ္ယာဥ္ တင္ သြင္းမႈဆုိုင္ရာ ႀကီးၾကပ္မႈ ေကာ္မ တီမွ သတင္းရရွိသည္။

 ‘‘ႏွစ္မကုန္ခင္ေတာ့ ႀကိဳၿပီး ေၾကညာေပးမွာပါ။ လုပ္ငန္းရွင္ ေတြဘက္ကလည္း ၀န္ႀကီးနဲ႔ေတြ႕ တဲ့အခ်ိိန္မွာ ေတာင္းဆုိထားတာ ေတြရွိပါတယ္’’ဟု အဆိုပါေကာ္ မတီမွ အဆင့္ျမင့္ အရာရွိတစ္ဦး က ေျပာသည္။

မူ၀ါဒႏွင့္အတူ တင္သြင္းရာ တြင္ လုိအပ္သည့္ CIF တန္ဖိုးမ်ား ကိုပါ တစ္ပါတည္း ထုတ္ျပန္ေၾက ညာႏုိင္ရန္ စီစဥ္ေပးမည္ဟု ဆုိသည္။

 နည္းဥပေဒထြက္ရွိရန္သာ က်န္ရွိေတာ့သည့္  ေမာ္ေတာ္ ယာဥ္ဥပေဒပါ အခ်က္အလက္ မ်ားကို အဓိကေက်ာ႐ိုးယူၿပီး မူ၀ါ ဒ မထုတ္ျပန္မီတြင္ လုပ္ငန္းရွင္ မ်ားႏွင့္ ေတြ႕ဆံုေဆြးေႏြးမႈမ်ားျပဳ လုပ္မည္ဟုလည္း သိရသည္။

  သတင္း  ထုတ္ျပန္ခ်က္ ေၾကာင့္ ျပည္တြင္းကားေစ်းကြက္ တြင္ လာမည့္ႏွစ္မွ စတင္ကာ ၂၀၁၁  ေမာ္ဒယ္ကုိ တင္သြင္းခြင့္ ရေတာ့မည္ဟု သတင္းမ်ား ဆက္ တိုက္ထြက္ေပၚေန၍ ကားေစ်းကြက္ ကေမာက္ကမ မျဖစ္ေပၚေစရန္ အေလးထား လုပ္ေဆာင္ေနရသည္ဟု ဆုိသည္။

  ‘‘ေစာေစာ  ေၾကညာေလ ေကာင္းေလပါပဲ။ လုပ္ငန္းရွင္ ေတြအေနနဲ႔ ႀကိဳတင္ျပင္ဆင္စရာ ေတြ လုပ္ဖို႔ အခ်ိန္ေတြ အမ်ားႀကီး ရတာေပါ့’’ဟု ေမာ္ေတာ္ယာဥ္ တင္သြင္းျဖန္႔ျဖဴးေရာင္းခ်သူမ်ား အသင္း အတြင္းေရးမွဴး ကုိမ်ိဳးဇင္ ၀င္းက သံုးသပ္သည္။

 လက္ရွိတြင္ ရန္ကုန္လုိင္ စင္ ပိတ္ထားျခင္း၊ ကားပါကင္ ေထာက္ခံခ်က္ႏွင့္ ပတ္သက္၍ မည္ကဲ့သုိ႔ ဆက္လက္က်င့္သံုး မည္ကုိ မသိရွိရေသးေသာေၾကာင့္ ေမာ္ေတာ္ယာဥ္တင္သြင္းေရာင္း ခ်သူမ်ားအတြက္ အခက္အခဲမ်ား ျဖစ္ေပၚေနသည္ဟု ဆုိသည္။

ထို႔ျပင္ ယာဥ္အုိယာဥ္ေဟာင္း ရွားပါးၿပီး စလစ္ေစ်းႀကီးျမင့္ေန ျခင္းကိုလည္း အစိုးရ အေနျဖင့္ အျမန္ဆံုး ေျဖရွင္းေပးရန္လိုအပ္ ေၾကာင္း ေမာ္ေတာ္ယာဥ္  တင္ သြင္းေရာင္းခ်သူမ်ားက အစိုးရ ထံ ေတာင္းဆုိထားသည္။

 ၂၀၁၇ ခုႏွစ္တြင္ ေမာ္ ေတာ္ယာဥ္တင္သြင္းခြင့္ မူ၀ါဒအ တြက္ လုပ္ငန္းရွင္ အမ်ားစုက ေမာ္ဒယ္ သတ္မွတ္ခ်က္၌ ကား အသစ္မ်ားကိုသာ အစိုးရက ဦး စားေပးတင္သြင္းခုိင္းဖြယ္ရွိၿပီး အ ထူးသျဖင့္ ဘယ္ေမာင္းယာဥ္မ်ား ကိုသာ တင္သြင္းခြင့္ျပဳႏုိင္ဖြယ္ရွိ ေၾကာင္း သံုးသပ္ေနၾကသည္။

‘‘ဘယ္ေမာင္းအသစ္ကို ဦး စားေပးတင္သြင္းခြင့္ေပးေကာင္း ေပးလာႏုိင္တယ္။ ႏုိင္ငံရဲ႕ လမ္း စနစ္နဲ႔လည္း အမ်ားႀကီး သင့္ ေတာ္တယ္။ ကားအေဟာင္းေတြ ကၽြန္ေတာ္တုိ႔ဆီကို အမ်ားႀကီး ေရာက္ၿပီးေနၿပီ။ေနာက္ထပ္ ထပ္ မသြင္းေတာ့ဘူး’’ဟု ေရာင္နီဦး ကားအေရာင္းျပခန္းပိုင္ရွင္ ဦးေအာင္၀င္းက သံုးသပ္သည္။

ျမန္မာႏုိင္ငံတြင္ ဂ်ပန္တစ္ ပတ္ရစ္ ကားမ်ားမွာ ေစ်းကြက္ လိုအပ္ခ်က္ႏွင့္ အမ်ားျပည္သူ၏ ၀င္ေငြႏွင့္ ကိုက္ညီေသာေၾကာင့္ အဆင္ေျပေနေသာ္လည္း အနာ ဂတ္တြင္ ေစ်းသက္သာၿပီး ၀ယ္ ယူႏုိင္မည့္ ကားထုတ္လုပ္ေရးစက္႐ံုမ်ား လာေရာက္တည္ေဆာက္ေရာင္းခ်သင့္ေၾကာင္း ေမာ္ေတာ္ယာဥ္ တင္သြင္းျဖန္႔ျဖဴးေရာင္းခ်သူမ်ားအသင္း ဥကၠ႒ ေဒါက္တာစိုးထြန္းက သံုးသပ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7day Daily

Unicode Version

၂၀၁၇ အတွက် မော် တော်ယာဉ်တင်သွင်းခွင့်မူဝါဒကို ယခုနှစ်မကုန်မီ ကြိုတင်ကြေညာ ပေးမည်ဟု မော်တော်ယာဉ် တင် သွင်းမှုဆိုင်ရာ ကြီးကြပ်မှု ကော်မ တီမှ သတင်းရရှိသည်။

 ‘‘နှစ်မကုန်ခင်တော့ ကြိုပြီး ကြေညာပေးမှာပါ။ လုပ်ငန်းရှင် တွေဘက်ကလည်း ဝန်ကြီးနဲ့တွေ့ တဲ့အချိန်မှာ တောင်းဆိုထားတာ တွေရှိပါတယ်’’ဟု အဆိုပါကော် မတီမှ အဆင့်မြင့် အရာရှိတစ်ဦး က ပြောသည်။

မူဝါဒနှင့်အတူ တင်သွင်းရာ တွင် လိုအပ်သည့် CIF တန်ဖိုးများ ကိုပါ တစ်ပါတည်း ထုတ်ပြန်ကြေ ညာနိုင်ရန် စီစဉ်ပေးမည်ဟု ဆိုသည်။

 နည်းဥပဒေထွက်ရှိရန်သာ ကျန်ရှိတော့သည့်  မော်တော် ယာဉ်ဥပဒေပါ အချက်အလက် များကို အဓိကကျောရိုးယူပြီး မူဝါ ဒ မထုတ်ပြန်မီတွင် လုပ်ငန်းရှင် များနှင့် တွေ့ဆုံဆွေးနွေးမှုများပြု လုပ်မည်ဟုလည်း သိရသည်။

  သတင်း  ထုတ်ပြန်ချက် ကြောင့် ပြည်တွင်းကားဈေးကွက် တွင် လာမည့်နှစ်မှ စတင်ကာ ၂၀၁၁  မော်ဒယ်ကို တင်သွင်းခွင့် ရတော့မည်ဟု သတင်းများ ဆက် တိုက်ထွက်ပေါ်နေ၍ ကားဈေးကွက် ကမောက်ကမ မဖြစ်ပေါ်စေရန် အလေးထား လုပ်ဆောင်နေရသည်ဟု ဆိုသည်။

  ‘‘စောစော  ကြေညာလေ ကောင်းလေပါပဲ။ လုပ်ငန်းရှင် တွေအနေနဲ့ ကြိုတင်ပြင်ဆင်စရာ တွေ လုပ်ဖို့ အချိန်တွေ အများကြီး ရတာပေါ့’’ဟု မော်တော်ယာဉ် တင်သွင်းဖြန့်ဖြူးရောင်းချသူများ အသင်း အတွင်းရေးမှူး ကိုမျိုးဇင် ဝင်းက သုံးသပ်သည်။

 လက်ရှိတွင် ရန်ကုန်လိုင် စင် ပိတ်ထားခြင်း၊ ကားပါကင် ထောက်ခံချက်နှင့် ပတ်သက်၍ မည်ကဲ့သို့ ဆက်လက်ကျင့်သုံး မည်ကို မသိရှိရသေးသောကြောင့် မော်တော်ယာဉ်တင်သွင်းရောင်း ချသူများအတွက် အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ဆိုသည်။

ထို့ပြင် ယာဉ်အိုယာဉ်ဟောင်း ရှားပါးပြီး စလစ်ဈေးကြီးမြင့်နေ ခြင်းကိုလည်း အစိုးရ အနေဖြင့် အမြန်ဆုံး ဖြေရှင်းပေးရန်လိုအပ် ကြောင်း မော်တော်ယာဉ်  တင် သွင်းရောင်းချသူများက အစိုးရ ထံ တောင်းဆိုထားသည်။

 ၂၀၁၇ ခုနှစ်တွင် မော် တော်ယာဉ်တင်သွင်းခွင့် မူဝါဒအ တွက် လုပ်ငန်းရှင် အများစုက မော်ဒယ် သတ်မှတ်ချက်၌ ကား အသစ်များကိုသာ အစိုးရက ဦး စားပေးတင်သွင်းခိုင်းဖွယ်ရှိပြီး အ ထူးသဖြင့် ဘယ်မောင်းယာဉ်များ ကိုသာ တင်သွင်းခွင့်ပြုနိုင်ဖွယ်ရှိ ကြောင်း သုံးသပ်နေကြသည်။

‘‘ဘယ်မောင်းအသစ်ကို ဦး စားပေးတင်သွင်းခွင့်ပေးကောင်း ပေးလာနိုင်တယ်။ နိုင်ငံရဲ့ လမ်း စနစ်နဲ့လည်း အများကြီး သင့် တော်တယ်။ ကားအဟောင်းတွေ ကျွန်တော်တို့ဆီကို အများကြီး ရောက်ပြီးနေပြီ။နောက်ထပ် ထပ် မသွင်းတော့ဘူး’’ဟု ရောင်နီဦး ကားအရောင်းပြခန်းပိုင်ရှင် ဦးအောင်ဝင်းက သုံးသပ်သည်။

မြန်မာနိုင်ငံတွင် ဂျပန်တစ် ပတ်ရစ် ကားများမှာ ဈေးကွက် လိုအပ်ချက်နှင့် အများပြည်သူ၏ ဝင်ငွေနှင့် ကိုက်ညီသောကြောင့် အဆင်ပြေနေသော်လည်း အနာ ဂတ်တွင် ဈေးသက်သာပြီး ဝယ် ယူနိုင်မည့် ကားထုတ်လုပ်ရေးစက်ရုံများ လာရောက်တည်ဆောက်ရောင်းချသင့်ကြောင်း မော်တော်ယာဉ် တင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက သုံးသပ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top