Property Expo
×




Credit: thithtoolwin

#Unicode Version

“One Call Away” , “We Don’t Talk Anymore” စတဲ့ သီချင်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကိုခံနေရတဲ့ အဆိုတော် Charlie Puth ကတော့ သူ့ရဲ့ သီချင်းသစ် Dangerously ကို စတင်ပြီး မိတ်ဆက်လိုက်ပါပြီ။
ရည်းစားဟောင်းကြောင့် ပေါက်ကွဲနေတဲ့ စတိုင်လ်ကို သီချင်းမှာ ပုံဖော်ထားပြီး ဒီသီချင်းကတော့ သူ့ရဲ့ လေးခွေမြောက် အယ်လ်ဘမ်ထဲမှာ စတင်ပါဝင်လာမှာဖြစ်ပါတယ်။

သီချင်းဗီဒီယိုထဲမှာတော့ Charlie ဟာ အချစ်ကြောင့် ပေါက်ကွဲနေပြီး မှန်တွေကို ထိုးခွဲတဲ့ ရိုက်ကွင်းတွေနဲ့ သွေးပေနေတဲ့ လက်တွေက Charlie ရဲ့ ပေါက်ကွဲအားကို ပိုပြီး ပြင်းထန်စေသလိုဖြစ်နေခဲ့တာပါ။

သီချင်းစာသားတွင်းမှာလည်း “You are the fire, I’m gasoline” စတဲ့ စာသားတွေကို ထည့်သွင်းသီဆိုထားပြီး အချစ်ကြောင့် အန္တရာယ်ကျရောက်နေတဲ့ Charlie Puth ရဲ့ သီချင်းကို ဟန်ပါပါနားဆင်နိုင်မှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top