Property Expo
×

အဆိပ္ဓာတ္ႏွင့္ ဆိုးေဆးအေရာင္အတုမ်ားပါဝင္ေနေသာ Centrum အားေဆးလို႔ ေခါင္းစဥ္တပ္ထားတဲ့ စာတပုဒ္ကို တေယာက္ကေနပို႔ေပးလို႔ ဖတ္ရပါတယ္။ အေမရိကန္မွာ ေရာင္းအားအေကာင္းဆံုး နာမည္ႀကီးတံဆိပ္အားေဆးCentrumအားမ႐ွိေစတဲ့အျပင္လူကိုအႏၱရာယ္ေတာင္ျဖစ္ေစႏိုင္လို႔လည္းပါတယ္။ စာကို ေတာ္ေတာ္ရွည္ရွည္ေရးထားေပမဲ့ အခ်ဳပ္ကို ထုတ္ယူေတာ့ -

မလိုအပ္ပဲ သတ္မွတ္ထားတ့ဲ ပမာဏထက္ ကာရုိတင္းက္ိုပိုစားမိရင္ အဆုတ္ကင္ဆာနဲ႔ ႏွလုံးေရာဂါျဖစ္ႏိုင္ေျခက္ုိ ၂၀% ျမင့္တက္လာေစတာေတြ႔ရတယ္။ ဗိီတာမင္အီး လိုတာထက္ပိုစားသုံးရင္၊ပရုိစတိ္တ္ဆီးက်ိတ္ကင္ဆာ၁၇%အထိ ျမင့္တက္လာေစတယ္။ ေဖာလစ္အက္စစ္နဲ႔ ဗီတာမင္ေတြက္ို ပမာဏထက္ပိုေသာက္ခ့ဲရင္၊ အဲဒီအူကင္ဆာ ျဖစ္ႏိုင္ေျခေတာင္ ပိုျမင့္တက္လာေစႏိုင္ပါတယ္။ က်န္တာေတြမွာေတာ့ သဘာဝနည္းနဲ႔ ဗီတာမင္ရယူနည္း၊ ျဖည့္စြက္ ဗီတာမင္အားေဆးေတြျဖတ္ၾကပါစို႔လို႔ ႏိႈးေဆာ္ထားပါတယ္။

အဲတာနဲ႔ ႏိုင္ငံတကာ ဝဘ္ဆိုက္ေတြကို လိုက္ဖတ္ရပါတယ္။ အကိုးအကား ၂ ခုကိုသံုးျပီး ကြ်န္ေတာ့္အယူအဆကို တင္ျပပါရေစ။

၃-၁-၂ဝ၁၄ ေန႔စြဲနဲ႔ Centrum ဆင္ထရမ္က ဗီတာမင္ေတြက စိတ္ခ်ရသလားဆိုတာအရင္ဖတ္ပါတယ္။ လူေတြ အဲလို ဆင္ထရမ္ကထုတ္တဲ့ ဗီတာမင္ေတြထဲမွာ တျခားဟာေတြပါေနလို႔ တခ်ိဳ႕လူေတြအတြက္ စိတ္ခ်ရသလားဆန္းစစ္တယ္။ တခုကေတာ့ ခဲဓာတ္ျဖစ္ပါတယ္။ အဲတာေၾကာင့္ FDA ကေန ခဲဓာတ္ပါဝင္မႈကို ေလ့လာေတာ့ လူေတြအတြက္ အႏၲရာယ္ေပးႏိုင္ေခ်ေအာက္မွာရွိတယ္လို႔ ဆံုးျဖတ္ပါတယ္။ အလာဂ်ီရေစတာမ်ားတဲ့ Shellfish ငါးလည္း မပါဝင္လို႔ ဆိုပါတယ္။ ကိုယ္ဝန္ေဆာင္နဲ႔ ႏို႔တိုက္မိခင္ေတြ မသင့္ပါလို႔ Centrum ဝဘ္ဆိုက္မွာေရးထားျပီးျဖစ္တယ္။ ဗီတာမင္ေအ 800 micrograms ပါေနတာဟာ စိတ္ခ်ရတယ္။ မ်ားရင္သာ အထဲကကေလးအတြက္ မေကာင္းပါ။ ဆရာဝန္အညႊန္း ေဆးပုလင္းအညႊန္းထက္ မေက်ာ္ရင္ စိုးရိမ္စရာမရွိပါ။

ေနာက္သတိေပးစာတပုဒ္ကေတာ့ Centrum ေနာက္ကြယ္က အမွန္တရားလို႔ေခါင္းစဥ္ေပးထာတယ္။ ရက္စြဲမေတြ႔ပါ။
ကေန႔ လူေတြစားေသာက္ေနတာထဲမွာ အာဟာရဓါတ္ မွန္ကန္ေအာင္ ပါမေနပါ။ အေမရိကန္ ၇ဝ% ဟာ ေဆးေတြကို မွီဝဲေနၾကတယ္။ အဲတာက ျပႆနာျဖစ္တယ္။ Centrum ေဆးေတြကို Pfizer ကေနထုတ္တယ္။ Pfizer က အေမရိကန္ ေဆးေစ်းကြက္ရဲ႕ ၇ဝ% ကိုၾကီးစိုးထားတယ္။ ၂ဝ၁၅ ခုႏွစ္ထဲမွာ အျမတ္ေငြ ၄၈ ဘီလီယန္ရရွိခဲ့တယ္။

Centrum ရဲ႕ အခ်က္အလက္မွန္မ်ား
၁။ ေဆးထုတ္လုပ္သူ စိတ္ခ်ရတယ္။
၂။ ေဆးညႊန္းအတိုင္သာေသာက္ရမယ္။ ဆရာဝန္ညႊန္တာထက္ နည္းတယ္။
၃။ အာဟာရဓါတ္တန္ဖိုး ေစ်းအခ်ိဳဆံုးျဖစ္တယ္။ စုပ္ယူႏိုင္စြမ္းနည္းတယ္။
၄။ ေဆးမဟုတ္တာေတြပါတယ္။ ဓါတုေဆးအမည္ေတြ မထည့္ေတာ့ပါ။
၅။ တေန႔ တလံုးတည္းသာဆိုတာ အကြက္ခ်လုပ္တာျဖစ္တယ္။ ေရထဲမွာေပ်ာ္ဝင္ၾကတဲ့ ဗီတာမင္ ဘီ နဲ႔ စီေတြဟာ ကိုယ္ထဲေရာက္တာနဲ႔ ၄ နာရီသာခံတယ္။ တရက္တလံုးဆိုတာ မမွန္ပါ။ တေန႔ ၂-၃ ၾကိမ္လိုတဲ့ဓါတ္ျဖစ္တယ္။

ေဆးထဲမွာပါတာေတြကေတာ့ -
၁။ Calcium Carbonate ဟာ စုပ္ယူမႈအနည္းဆံုးျဖစ္တယ္။ ေဆးထဲက နည္းနည္းသာေသြးထဲေရာက္မယ္။
၂။ Magnesium Oxide ဟာ စုပ္ယူမႈအနည္းဆံုးျဖစ္တယ္။ ေဆးထဲက နည္းနည္းသာေသြးထဲေရာက္မယ္။ ေစ်းအခ်ိဳဆံုးျဖစ္တယ္။
၃။ Ferrous Fumarate ကေန ဝမ္းခ်ဳပ္ေစႏိုင္တယ္။
၄။ Vitamin E (DL-Alpha Tocopherol) ေစ်းၾကီးတာနဲ႔ ေစ်းခ်ိဳတာေရာထားတယ္။
၅။ B vitamins ပါဝင္တာ အလြန္နည္းတယ္။

ျမန္မာလိုသတိေပးစာမွာေရးထားသေလာက္ စိုးရိမ္စရာမရွိပါ။ ေဆးထက္ အစားအေသာက္ကေနရတဲ့ ဗီတာမင္ေတြကို ပိုျပီး ျဖစ္ႏိုင္ရင္လံုးလံုး အားကိုးသင့္ပါတယ္။ အစာအာဟာရခ်ိဳ႕တဲ့ေနသူေတြ၊ တခ်ိဳ႕ကိုယ္ဝန္ေဆာင္ေတြ၊ အရက္ေသာက္သူေတြ၊ အစာလမ္းေရာဂါရွိသူေတြ၊ တမင္တကာ အစာေရွာင္သူေတြ၊ အစာေရွာင္ဘို႔ ဆရာဝန္က ညႊန္ထားသူေတြ ဗီတာမင္ျဖည့္စြက္ဘုိ႔ လိုၾကတယ္။ ဒါေပမဲ့ တေယာက္လိုတာနဲ႔ တေယာက္လိုတာ အမ်ိဳးအစားေရာ ပမာဏပါ မတူၾကပါ။ ေစ်းၾကီးရင္ ေဆးပိုေကာင္းမယ္ဆိုတာေတာ့ ျငင္းမရပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေဒါက္တာတင့္ေဆြ

#Unicode Version
အဆိပ်ဓာတ်နှင့် ဆိုးဆေးအရောင်အတုများပါဝင်နေသော Centrum အားဆေးလို့ ခေါင်းစဉ်တပ်ထားတဲ့ စာတပုဒ်ကို တယောက်ကနေပို့ပေးလို့ ဖတ်ရပါတယ်။ အမေရိကန်မှာ ရောင်းအားအကောင်းဆုံး နာမည်ကြီးတံဆိပ်အားဆေး Centrum အားမရှိစေတဲ့အပြင် လူကို အန္တရာယ်တောင်ဖြစ်စေနိုင်လို့လည်းပါတယ်။ စာကို တော်တော်ရှည်ရှည်ရေးထားပေမဲ့ အချုပ်ကို ထုတ်ယူတော့ -

မလိုအပ်ပဲ သတ်မှတ်ထားတဲ့ ပမာဏထက် ကာရိုတင်းကိုပိုစားမိရင် အဆုတ်ကင်ဆာနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို ၂၀% မြင့်တက်လာစေတာတွေ့ရတယ်။ ဗီတာမင်အီး လိုတာထက် ပိုစားသုံးရင်၊ ပရိုစတိတ်ဆီးကျိတ်ကင်ဆာ ၁၇% အထိ မြင့်တက်လာစေတယ်။ ဖောလစ်အက်စစ်နဲ့ ဗီတာမင်တွေကို ပမာဏထက်ပိုသောက်ခဲ့ရင်၊ အဲဒီအူကင်ဆာ ဖြစ်နိုင်ခြေတောင် ပိုမြင့်တက်လာစေနိုင်ပါတယ်။ ကျန်တာတွေမှာတော့ သဘာဝနည်းနဲ့ ဗီတာမင်ရယူနည်း၊ ဖြည့်စွက် ဗီတာမင်အားဆေးတွေဖြတ်ကြပါစို့လို့ နှိုးဆော်ထားပါတယ်။

အဲတာနဲ့ နိုင်ငံတကာ ဝဘ်ဆိုက်တွေကို လိုက်ဖတ်ရပါတယ်။ အကိုးအကား ၂ ခုကိုသုံးပြီး ကျွန်တော့်အယူအဆကို တင်ပြပါရစေ။

၃-၁-၂ဝ၁၄ နေ့စွဲနဲ့ Centrum ဆင်ထရမ်က ဗီတာမင်တွေက စိတ်ချရသလားဆိုတာအရင်ဖတ်ပါတယ်။ လူတွေ အဲလို ဆင်ထရမ်ကထုတ်တဲ့ ဗီတာမင်တွေထဲမှာ တခြားဟာတွေပါနေလို့ တချို့လူတွေအတွက် စိတ်ချရသလားဆန်းစစ်တယ်။ တခုကတော့ ခဲဓာတ်ဖြစ်ပါတယ်။ အဲတာကြောင့် FDA ကနေ ခဲဓာတ်ပါဝင်မှုကို လေ့လာတော့ လူတွေအတွက် အန္တရာယ်ပေးနိုင်ချေအောက်မှာရှိတယ်လို့ ဆုံးဖြတ်ပါတယ်။ အလာဂျီရစေတာများတဲ့ Shellfish ငါးလည်း မပါဝင်လို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ မသင့်ပါလို့ Centrum ဝဘ်ဆိုက်မှာရေးထားပြီးဖြစ်တယ်။ ဗီတာမင်အေ 800 micrograms ပါနေတာဟာ စိတ်ချရတယ်။ များရင်သာ အထဲကကလေးအတွက် မကောင်းပါ။ ဆရာဝန်အညွှန်း ဆေးပုလင်းအညွှန်းထက် မကျော်ရင် စိုးရိမ်စရာမရှိပါ။

နောက်သတိပေးစာတပုဒ်ကတော့ Centrum နောက်ကွယ်က အမှန်တရားလို့ခေါင်းစဉ်ပေးထာတယ်။ ရက်စွဲမတွေ့ပါ။
ကနေ့ လူတွေစားသောက်နေတာထဲမှာ အာဟာရဓါတ် မှန်ကန်အောင် ပါမနေပါ။ အမေရိကန် ၇ဝ% ဟာ ဆေးတွေကို မှီဝဲနေကြတယ်။ အဲတာက ပြဿနာဖြစ်တယ်။ Centrum ဆေးတွေကို Pfizer ကနေထုတ်တယ်။ Pfizer က အမေရိကန် ဆေးဈေးကွက်ရဲ့ ၇ဝ% ကိုကြီးစိုးထားတယ်။ ၂ဝ၁၅ ခုနှစ်ထဲမှာ အမြတ်ငွေ ၄၈ ဘီလီယန်ရရှိခဲ့တယ်။

Centrum ရဲ့ အချက်အလက်မှန်များ
၁။ ဆေးထုတ်လုပ်သူ စိတ်ချရတယ်။
၂။ ဆေးညွှန်းအတိုင်သာသောက်ရမယ်။ ဆရာဝန်ညွှန်တာထက် နည်းတယ်။
၃။ အာဟာရဓါတ်တန်ဖိုး ဈေးအချိုဆုံးဖြစ်တယ်။ စုပ်ယူနိုင်စွမ်းနည်းတယ်။
၄။ ဆေးမဟုတ်တာတွေပါတယ်။ ဓါတုဆေးအမည်တွေ မထည့်တော့ပါ။
၅။ တနေ့ တလုံးတည်းသာဆိုတာ အကွက်ချလုပ်တာဖြစ်တယ်။ ရေထဲမှာပျော်ဝင်ကြတဲ့ ဗီတာမင် ဘီ နဲ့ စီတွေဟာ ကိုယ်ထဲရောက်တာနဲ့ ၄ နာရီသာခံတယ်။ တရက်တလုံးဆိုတာ မမှန်ပါ။ တနေ့ ၂-၃ ကြိမ်လိုတဲ့ဓါတ်ဖြစ်တယ်။

ဆေးထဲမှာပါတာတွေကတော့ -
၁။ Calcium Carbonate ဟာ စုပ်ယူမှုအနည်းဆုံးဖြစ်တယ်။ ဆေးထဲက နည်းနည်းသာသွေးထဲရောက်မယ်။
၂။ Magnesium Oxide ဟာ စုပ်ယူမှုအနည်းဆုံးဖြစ်တယ်။ ဆေးထဲက နည်းနည်းသာသွေးထဲရောက်မယ်။ ဈေးအချိုဆုံးဖြစ်တယ်။
၃။ Ferrous Fumarate ကနေ ဝမ်းချုပ်စေနိုင်တယ်။
၄။ Vitamin E (DL-Alpha Tocopherol) ဈေးကြီးတာနဲ့ ဈေးချိုတာရောထားတယ်။
၅။ B vitamins ပါဝင်တာ အလွန်နည်းတယ်။

မြန်မာလိုသတိပေးစာမှာရေးထားသလောက် စိုးရိမ်စရာမရှိပါ။ ဆေးထက် အစားအသောက်ကနေရတဲ့ ဗီတာမင်တွေကို ပိုပြီး ဖြစ်နိုင်ရင်လုံးလုံး အားကိုးသင့်ပါတယ်။ အစာအာဟာရချို့တဲ့နေသူတွေ၊ တချို့ကိုယ်ဝန်ဆောင်တွေ၊ အရက်သောက်သူတွေ၊ အစာလမ်းရောဂါရှိသူတွေ၊ တမင်တကာ အစာရှောင်သူတွေ၊ အစာရှောင်ဘို့ ဆရာဝန်က ညွှန်ထားသူတွေ ဗီတာမင်ဖြည့်စွက်ဘို့ လိုကြတယ်။ ဒါပေမဲ့ တယောက်လိုတာနဲ့ တယောက်လိုတာ အမျိုးအစားရော ပမာဏပါ မတူကြပါ။ ဈေးကြီးရင် ဆေးပိုကောင်းမယ်ဆိုတာတော့ ငြင်းမရပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:ဒေါက်တာတင့်ဆွေ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top