Kantharyar Centre
×

Capital Hypermarket ႏွင့္ Ocean Supercenter ေစ်း ၀ယ္စင္တာတို႔တြင္ ေဖာက္ခဲြမႈျပဳ လုပ္သူမ်ားကို ရွာေဖြေနၿပီး ၎ တို႔၏ CCTV မွတ္တမ္းမ်ား ရရွိ ထားေၾကာင္း ရန္ကုန္တိုင္း လံုၿခံဳ ေရးႏွင့္ နယ္စပ္ေရးရာ ၀န္ႀကီး ဗုိလ္မွဴးႀကီး တင္ေအာင္ထြန္းက ေျပာၾကားသည္။

‘‘ပိုက္စိပ္တိုက္ၿပီးရွာေနပါ တယ္။ CCTV မွတ္တမ္းေတြၾကည့္ ၿပီး ရွာေနပါတယ္။ CCTV မွတ္ တမ္းေတြလည္း ရထားပါတယ္။ အဲဒါကို ၾကည့္ၿပီး အေသးစိတ္စံု စမ္းၿပီး ေဖာ္ထုတ္ေနပါတယ္။ M-150 ပုလင္းထဲကို ဓာတုေဗဒ အရည္ထည့္ၿပီး ေဖာက္ခဲြတာပါ။ လူေတြကုိ အထိတ္တလန္႔ျဖစ္ ေအာင္ လုပ္တဲ့သေဘာပါပဲ’’ဟု ဗုိလ္မွဴးႀကီး တင္ေအာင္ထြန္းက 7Day Daily သတင္းစာအား ေျပာသည္။

ေဒါပံုၿမိဳ႕နယ္ရွိ Capital Hypermarket ေစ်း၀ယ္စင္တာ တြင္ ႏုိ၀င္ဘာ ၂၀ ရက္ ညေနက မိနစ္ပိုင္းအတြင္း ေနရာႏွစ္ခု၌ အ ေသးစားေပါက္ကဲြမႈ ေလးႀကိမ္ ျဖစ္ပြားခဲ့သည္။

Capital Hypermarket ေစ်း၀ယ္စင္တာ အေပၚထပ္ႏွင့္ ေအာက္ထပ္တြင္ ႏုိ၀င္ဘာ ၂၀ ရက္ ညေန ၆ နာရီခန္႔က ေပါက္ ကဲြမႈျဖစ္ပြားၿပီး M-150 အခ်ိဳ ရည္ပုလင္းအတြင္း ဓာတ္ေငြ႕အ ရည္ထည့္ကာ ေဖာက္ခဲြမႈျပဳလုပ္ ျခင္းျဖစ္ႏုိင္ေၾကာင္း မိုင္းရွင္းလင္း ေရးအဖဲြ႕မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။ၿပီးခဲ့သည့္ ႏုိ၀င္ဘာ ၁၇ ရက္ ည ၇ နာရီေက်ာ္တြင္ မရမ္း ကုန္းၿမိဳ႕နယ္ ျပည္လမ္းႏွင့္ ေတာ္ ၀င္လမ္းေထာင့္ရွိ Ocean Center ေျမညီထပ္ရွိ အမ်ားသံုး အမ်ိဳးသား သန္႔စင္ခန္းအတြင္းႏွင့္ ကားပါကင္တို႔၌ ၁၀ မိနစ္အတြင္း အသံျမည္ေပါက္ကဲြမႈ ႏွစ္ႀကိမ္ျဖစ္ ပြားခဲ့သည္။

‘‘CCTV မွတ္တမ္းမွာေတာ့ တရားခံရဲ႕ ပံုရိပ္ကို ရထားပါ တယ္။ အျမန္ဆံုးဖမ္းမိႏုိင္ေရး ေဆာင္ရြက္ေနပါတယ္။ ကိုးမိုင္ အုိးရွင္းျဖစ္စဥ္နဲ႔အတူတူပါပဲ’’ ဟု ရန္ကုန္တုိင္းရဲတပ္ဖဲြ႕မွ တာ၀န္ရွိ သူတစ္ဦးက ေျပာသည္။

ေပါက္ကဲြမႈ ျဖစ္ပြားသည့္ေနရာတြင္ M-150 အခ်ိဳရည္ပုလင္းကြဲအစမ်ား ေတြ႕ရွိၿပီး အခ်ိဳရည္ ပုလင္းအတြင္း ဓာတုေဗဒ ေဆးရည္တစ္မ်ိဳးမ်ိဳးထည့္ၿပီး အျခားဓာတုပစၥည္းပါရွိေသာ ဖန္ႁပြန္တစ္ခုကို ပုလင္းအတြင္း ထပ္မံ ထည့္ထားျခင္းျဖစ္ေၾကာင္းအေနာက္ပိုင္းခ႐ိုင္ရဲတပ္ဖဲြ႕မွ ရဲအရာရွိတစ္ဦးက ေျပာၾကား သည္။

ရန္ကုန္ၿမိဳ႕တြင္ ေပါက္ကဲြမႈ မ်ား ဆက္တိုက္ျဖစ္လာေသာ ေၾကာင့္ ျပည္သူမ်ားအၾကား စိုး ရိမ္ထိတ္လန္႔မႈမ်ား ျဖစ္ေပၚေန သည္။

 ‘‘ဗံုးေပါက္တယ္ဆုိလည္း ဗံုးေပါက္တဲ့အေၾကာင္း ခ်က္ခ်င္း ေျပာသင့္တယ္။ အခုက ဘာမွမ ေျပာဘဲ ကုန္တိုက္ႀကီးပိတ္ၿပီး စစ္ ေဆးေနတယ္။ ဘာမွမေျပာဘဲ ထားေတာ့ ပိုၿပီးစိုးရိမ္ရတာေပါ့။ အရင္ေန႔ကလည္း ကိုးမိုင္မွာ ေပါက္တယ္ၾကားတယ္။ အခု လည္း ကြၽန္ေတာ္တုိ႔နားက ေဒါပံု က စင္တာမွာ ေပါက္တယ္။ ေနာက္ဆို ေစ်း၀ယ္ကုန္တိုက္ေတြ သြားရင္ သတိထားရေတာ့မယ္။ အစိုးရအေနနဲ႔လည္း သတိေပး ခ်က္ေတြ ထုတ္ျပန္ထားရင္ ေကာင္းမယ္’’ဟု ေဒါပံုၿမိဳ႕နယ္ေန ဦးျမတ္သူကေျပာသည္။

 ၂၀၁၃ အတြင္းကလည္း ရန္ကုန္ၿမိဳ႕တြင္ ကုန္သည္ႀကီးမ်ား ဟုိတယ္ အပါအ၀င္ ေနရာသံုးခု၌ ဗံုးေပါက္ကဲြမႈမ်ား ျဖစ္ပြားခဲ့ သည္။

 ယင္းဗံုးေပါက္ကဲြမႈျဖစ္စဥ္ တြင္လည္း ဗံုးေဖာက္ခဲြမႈျပဳလုပ္ သူ ေစာျမင့္လြင္ကို ေထာင္ဒဏ္ ျပစ္ဒဏ္မ်ားခ်မွတ္ထားၿပီး ဗံုး ေဖာက္ခြဲရန္ ေစခုိင္းသူ အဓိကတရားခံေနတိုးကို လက္ရွိအခ်ိန္ ထိ ဖမ္းဆီးမိျခင္းမရွိေသးေပ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 Capital Hypermarket နှင့် Ocean Supercenter ဈေး ဝယ်စင်တာတို့တွင် ဖောက်ခွဲမှုပြု လုပ်သူများကို ရှာဖွေနေပြီး ၎င်း တို့၏ CCTV မှတ်တမ်းများ ရရှိ ထားကြောင်း ရန်ကုန်တိုင်း လုံခြုံ ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားသည်။

‘‘ပိုက်စိပ်တိုက်ပြီးရှာနေပါ တယ်။ CCTV မှတ်တမ်းတွေကြည့် ပြီး ရှာနေပါတယ်။ CCTV မှတ် တမ်းတွေလည်း ရထားပါတယ်။ အဲဒါကို ကြည့်ပြီး အသေးစိတ်စုံ စမ်းပြီး ဖော်ထုတ်နေပါတယ်။ M-150 ပုလင်းထဲကို ဓာတုဗေဒ အရည်ထည့်ပြီး ဖောက်ခွဲတာပါ။ လူတွေကို အထိတ်တလန့်ဖြစ် အောင် လုပ်တဲ့သဘောပါပဲ’’ဟု ဗိုလ်မှူးကြီး တင်အောင်ထွန်းက 7Day Daily သတင်းစာအား ပြောသည်။

ဒေါပုံမြို့နယ်ရှိ Capital Hypermarket ဈေးဝယ်စင်တာ တွင် နိုဝင်ဘာ ၂၀ ရက် ညနေက မိနစ်ပိုင်းအတွင်း နေရာနှစ်ခု၌ အ သေးစားပေါက်ကွဲမှု လေးကြိမ် ဖြစ်ပွားခဲ့သည်။

Capital Hypermarket ဈေးဝယ်စင်တာ အပေါ်ထပ်နှင့် အောက်ထပ်တွင် နိုဝင်ဘာ ၂၀ ရက် ညနေ ၆ နာရီခန့်က ပေါက် ကွဲမှုဖြစ်ပွားပြီး M-150 အချို ရည်ပုလင်းအတွင်း ဓာတ်ငွေ့အ ရည်ထည့်ကာ ဖောက်ခွဲမှုပြုလုပ် ခြင်းဖြစ်နိုင်ကြောင်း မိုင်းရှင်းလင်း ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက် ည ၇ နာရီကျော်တွင် မရမ်း ကုန်းမြို့နယ် ပြည်လမ်းနှင့် တော် ဝင်လမ်းထောင့်ရှိ Ocean Center မြေညီထပ်ရှိ အများသုံး အမျိုးသား သန့်စင်ခန်းအတွင်းနှင့် ကားပါကင်တို့၌ ၁၀ မိနစ်အတွင်း အသံမြည်ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ် ပွားခဲ့သည်။

‘‘CCTV မှတ်တမ်းမှာတော့ တရားခံရဲ့ ပုံရိပ်ကို ရထားပါ တယ်။ အမြန်ဆုံးဖမ်းမိနိုင်ရေး ဆောင်ရွက်နေပါတယ်။ ကိုးမိုင် အိုးရှင်းဖြစ်စဉ်နဲ့အတူတူပါပဲ’’ ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာတွင် M-150 အချိုရည်ပုလင်းကွဲအစများ တွေ့ရှိပြီး အချိုရည် ပုလင်းအတွင်း ဓာတုဗေဒ ဆေးရည်တစ်မျိုးမျိုးထည့်ပြီး အခြားဓာတုပစ္စည်းပါရှိသော ဖန်ပြွန်တစ်ခုကို ပုလင်းအတွင်း ထပ်မံ ထည့်ထားခြင်းဖြစ်ကြောင်းအနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြား သည်။

ရန်ကုန်မြို့တွင် ပေါက်ကွဲမှု များ ဆက်တိုက်ဖြစ်လာသော ကြောင့် ပြည်သူများအကြား စိုး ရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေ သည်။

 ‘‘ဗုံးပေါက်တယ်ဆိုလည်း ဗုံးပေါက်တဲ့အကြောင်း ချက်ချင်း ပြောသင့်တယ်။ အခုက ဘာမှမ ပြောဘဲ ကုန်တိုက်ကြီးပိတ်ပြီး စစ် ဆေးနေတယ်။ ဘာမှမပြောဘဲ ထားတော့ ပိုပြီးစိုးရိမ်ရတာပေါ့။ အရင်နေ့ကလည်း ကိုးမိုင်မှာ ပေါက်တယ်ကြားတယ်။ အခု လည်း ကျွန်တော်တို့နားက ဒေါပုံ က စင်တာမှာ ပေါက်တယ်။ နောက်ဆို ဈေးဝယ်ကုန်တိုက်တွေ သွားရင် သတိထားရတော့မယ်။ အစိုးရအနေနဲ့လည်း သတိပေး ချက်တွေ ထုတ်ပြန်ထားရင် ကောင်းမယ်’’ဟု ဒေါပုံမြို့နယ်နေ ဦးမြတ်သူကပြောသည်။

 ၂၀၁၃ အတွင်းကလည်း ရန်ကုန်မြို့တွင် ကုန်သည်ကြီးများ ဟိုတယ် အပါအဝင် နေရာသုံးခု၌ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ သည်။

 ယင်းဗုံးပေါက်ကွဲမှုဖြစ်စဉ် တွင်လည်း ဗုံးဖောက်ခွဲမှုပြုလုပ် သူ စောမြင့်လွင်ကို ထောင်ဒဏ် ပြစ်ဒဏ်များချမှတ်ထားပြီး ဗုံး ဖောက်ခွဲရန် စေခိုင်းသူ အဓိကတရားခံနေတိုးကို လက်ရှိအချိန် ထိ ဖမ်းဆီးမိခြင်းမရှိသေးပေ။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top