Property Expo
×

ရန္ကုန္တုိင္း ေဒါပုံၿမိဳ႕နယ္ Capital Hypermarket ေစ်း၀ယ္စင္တာမွာ ႏုိဝင္ဘာ ၂၀ တနဂၤေႏြ ညေနပုိင္းက ျဖစ္ပြားခဲ့တဲ့ ေပါက္ကြဲမႈေတြဟာ ဓါတုပစၥည္းေတြနဲ႔ ေရာစပ္ထားတဲ့ လက္လုပ္ေဖါက္ခြဲေရးပစၥည္းေတြျဖစ္ေၾကာင္း ေဒါပုံၿမဳိ့နယ္ရဲတပ္ဖြဲ႔ တာ၀န္မႉးရဲအရာ႐ွိတဦးက VOA ကုိ ေျပာပါတယ္။

“ အတိအက်ေတာ့ မသိရေသးဘူးခင္ဗ်၊ ေလာေလာဆယ္ေတာ့ ဓါတုပစၥည္းေတြနဲ႔ စပ္ၿပီးေတာ့ လုပ္ထားတဲ့- လက္လုပ္ ေပါက္ကြဲေစတဲ့ ဟာမ်ဳိးေပါ့။ ဗုံးေတာ့ မဟုတ္ဘူး။ ခုမွ က်ေနာ္တုိ႔က ေလာေလာဆယ္ က်န္ခဲ့တဲ့ ေဘးနားက သက္ေသခံပစၥည္းေတြကို Chemical ဓါတုဓါတ္ခြဲခန္းကို ပုိ႔ထားတုန္းပဲ ”

Capital Hypermarket မွာ ၄ ႀကိမ္ ျဖစ္ပြားခဲ့ေၾကာင္း ေရွာ့ပင္စင္တာအေပၚထပ္ လိုင္းနံပတ္ ၂၄နဲ႔ ၂၆ ေတြမွာ ညေန ၆နာရီ ထိုးခါနီးက ႏွစ္ႀကိမ္၊ ေျမညီထပ္ လိုင္းနံပတ္ ၁ နဲ႔ ၄မွာ ၆ နာရီ ၁၅ ေလာက္က ႏွစ္ႀကိမ္ ေပါက္ကြဲမႈ ျဖစ္ခဲ့ေၾကာင္း၊ ေဒါပုံမီးသတ္ဌာနက အေစာပိုင္းမွာ VOA ကုိ ေျပာဆုိခဲ့ပါတယ္။

ဒီေပါက္ကြဲမႈေၾကာင့္ ျဖတ္သြားျဖတ္လာျပည္သူေတြနဲ႔ ေဒသခံေတြက ဗံုးေပါက္ကြဲမႈလို႔ ယူဆၿပီး စိုးရိမ္းမႈ႐ွိေၾကာင္း သိရပါတယ္။ ေပါက္ကြဲမႈေၾကာင့္ လူေတြ ထိခိုက္ဒဏ္ရာရတာမ်ဳိး မရွိပဲ၊ အနီးနား ပလစ္စတစ္အေရာင္းဆိုင္က ပစၥည္းတခ်ဳိ႕နဲ႔ အခ်ိဳရည္ပုလင္းတခ်ိဳ႕ ပ်က္စီးခ့ဲေၾကာင္း ျပန္ၾကားေရး ဌာနက သတင္းထုတ္ျပန္ပါတယ္။ ေပါက္ကြဲမႈရဲ႕ လက္သည္တရားခံကိုလည္း စုံစမ္းေနဆဲပဲျဖစ္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဗြီအိုေအ (ျမန္မာပုိင္း)


#Unicode Version
ရန်ကုန်တိုင်း ဒေါပုံမြို့နယ် Capital Hypermarket ဈေးဝယ်စင်တာမှာ နိုဝင်ဘာ ၂၀ တနင်္ဂနွေ ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေဟာ ဓါတုပစ္စည်းတွေနဲ့ ရောစပ်ထားတဲ့ လက်လုပ်ဖေါက်ခွဲရေးပစ္စည်းတွေဖြစ်ကြောင်း ဒေါပုံမြို့နယ်ရဲတပ်ဖွဲ့ တာဝန်မှူးရဲအရာရှိတဦးက VOA ကို ပြောပါတယ်။

“ အတိအကျတော့ မသိရသေးဘူးခင်ဗျ၊ လောလောဆယ်တော့ ဓါတုပစ္စည်းတွေနဲ့ စပ်ပြီးတော့ လုပ်ထားတဲ့- လက်လုပ် ပေါက်ကွဲစေတဲ့ ဟာမျိုးပေါ့။ ဗုံးတော့ မဟုတ်ဘူး။ ခုမှ ကျနော်တို့က လောလောဆယ် ကျန်ခဲ့တဲ့ ဘေးနားက သက်သေခံပစ္စည်းတွေကို Chemical ဓါတုဓါတ်ခွဲခန်းကို ပို့ထားတုန်းပဲ ”

Capital Hypermarket မှာ ၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ရှော့ပင်စင်တာအပေါ်ထပ် လိုင်းနံပတ် ၂၄နဲ့ ၂၆ တွေမှာ ညနေ ၆နာရီ ထိုးခါနီးက နှစ်ကြိမ်၊ မြေညီထပ် လိုင်းနံပတ် ၁ နဲ့ ၄မှာ ၆ နာရီ ၁၅ လောက်က နှစ်ကြိမ် ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း၊ ဒေါပုံမီးသတ်ဌာနက အစောပိုင်းမှာ VOA ကို ပြောဆိုခဲ့ပါတယ်။

ဒီပေါက်ကွဲမှုကြောင့် ဖြတ်သွားဖြတ်လာပြည်သူတွေနဲ့ ဒေသခံတွေက ဗုံးပေါက်ကွဲမှုလို့ ယူဆပြီး စိုးရိမ်းမှုရှိကြောင်း သိရပါတယ်။ ပေါက်ကွဲမှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိပဲ၊ အနီးနား ပလစ်စတစ်အရောင်းဆိုင်က ပစ္စည်းတချို့နဲ့ အချိုရည်ပုလင်းတချို့ ပျက်စီးခဲ့ကြောင်း ပြန်ကြားရေး ဌာနက သတင်းထုတ်ပြန်ပါတယ်။ ပေါက်ကွဲမှုရဲ့ လက်သည်တရားခံကိုလည်း စုံစမ်းနေဆဲပဲဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: ဗွီအိုအေ (မြန်မာပိုင်း)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top