Property Expo
×

ကမာၻ႕အေက်ာ္ၾကားဆံုး စံုတြဲတစ္တြဲျဖစ္ခဲ့တဲ့ Brad Pitt နဲ႔ Angelina Jolie တို႔ ႏွစ္ေယာက္ရဲ ႔ ကြာရွင္းျပတ္စဲမႈ ဟာ တစ္ကမာၻလံုးကို အံ့အားသင့္ေစခဲ့တယ္ဆိုတာထက္ Brad Pitt တစ္ေယာက္ ကေလးသူငယ္ အၾကမ္းဖက္ ႏွိပ္စက္မႈ နဲ႔ စြပ္စြဲခံထားရတယ္ဆိုတာက ပိုၿပီး အံ့အားသင့္စရာ သတင္းတစ္ခု ျဖစ္ခဲ့ပါတယ္။

အသက္ ၅၂ ႏွစ္အရြယ္ ရွိေနၿပီျဖစ္တဲ့ ေဟာလီး၀ုဒ္ မင္းသား Brad Pitt ဟာ သူနဲ႔ Jolie တို႔ရဲ ႔ သားေတာ္စပ္သူ အသက္ ၁၅ ႏွစ္အရြယ္ Maddox ကို အၾကမ္းဖက္ႏွိပ္စက္ခဲ့တယ္လို႔ စက္တင္ဘာလ အတြင္းမွာ စြပ္စြဲခံခဲ့ရၿပီး စံုစမ္း စစ္ေဆးခံေနရတာျဖစ္ပါတယ္။ သူတို႔ရဲ ႔ ကေလးေတြျဖစ္တဲ့ Maddox ၊ Pax ၊ Zahara ၊ Shiloh ၊ Knox နဲ႔ Vivienne တို႔ ၆ ေယာက္လံုးဟာ လက္ရွိအခ်ိန္မွာ Angelina Jolie နဲ႔ အတူတူ ေနထိုင္ေနၿပီး Brad Pitt ကေတာ့ ဖခင္တစ္ေယာက္ရဲ ႔ အခြင့္အေရး အရသာ လာေရာက္ေတြ႔ဆံုခြင့္ရွိၿပီး ေစာင့္ၾကည့္ စစ္ေဆးျခင္းခံေနခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္ အခုေတာ့ Brad Pitt ဟာ ေလာ့အိန္ဂ်လိစ္ခရိုင္ ကေလးသူငယ္နဲ႔ မိသားစုဆိုင္ရာ ၀န္ေဆာင္မႈ ဌာန ရဲ ႔ စံုစမ္းစစ္ေဆးမႈ ၿပီးဆံုးသြားတဲ့ေနာက္ ကေလးသူငယ္ အၾကမ္းဖက္ ႏွိပ္စက္မႈ နဲ႔ စြပ္စြဲခံထားရျခင္းကေန လြတ္ေျမာက္သြားခဲ့ၿပီျဖစ္ပါတယ္။ Brad Pitt ကို သူ႔ရဲ ႔ သား ေတာ္စပ္သူ Maddox ကို အႀကိမ္ေပါင္းမ်ားစြာ ႏႈတ္နဲ႔ အၾကမ္းဖက္ႏွိပ္စက္ခဲ့ကာ ရိုက္ႏွက္မႈေတြလည္း လုပ္ခဲ့တယ္လို႔ စြပ္စြဲခံခဲ့ရတာျဖစ္ၿပီး အဲဒီလို စြပ္စြဲခဲ့တာကေတာ့ Angelina Jolie ကိုယ္တိုင္ပဲ ျဖစ္ပါတယ္။ Brad Pitt ဟာ အဲဒီ စြပ္စြဲခံရမႈအတြက္ သက္ဆိုင္ရာက စစ္ေဆးမႈျပဳလုပ္ခဲ့ရာမွာေတာ့ အျပည့္အ၀ ပူးေပါင္းပါ၀င္ခဲ့တဲ့အျပင္ သူ႔ရဲ ႔ ဆီးနဲ႔ေသြး နမူနာေတြကိုလည္း ေပးအပ္ စစ္ေဆးခံဖို႔ သေဘာတူခဲ့တယ္လို႔ TMZ သတင္းဌာနက ေဖာ္ျပထားပါတယ္။

Brad Pitt နဲ႔ Jolie တို႔ စတင္ လမ္းခြဲ ျပတ္စဲတဲ့အခ်ိန္မွာေတာ့ Brad Pitt ဟာ သူ႔ရဲ ႔ ကေလးေတြကို ၁၉ ရက္တိတိ မေတြ႔ပဲေနခဲ့ရၿပီး သူ႔ကို ကေလးေတြနဲ႔ ျပန္လည္ေတြ႔ဆံုခြင့္ျပဳခဲ့တဲ့ အခါမွာေတာ့ သူ႔ရဲ ႔ သား Maddox ဟာ မိခင္ျဖစ္သူနဲ႔အတူ အိမ္မွာ ေနဖို႔ ေရြးခ်ယ္ခဲ့တာပါ။ သတင္းအရင္းအျမစ္တစ္ဦးရဲ ႔ ေျပာၾကားခ်က္အရေတာ့ Maddox ဟာ သူ႔ကိုယ္သူ Brad Pitt ရဲ႕ သားအျဖစ္ ခံယူထားျခင္း မရွိသလို အျခား ရင္းႏွီးသူေတြကလည္း Maddox ဟာ သူ႔ရဲ ႔ ေမြးစားဖခင္ ေတာ္စပ္သူ Brad Pitt ကို လံုး၀ မေတြ႔ခ်င္ေတာ့ဘူးလို႔ ဆိုၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

ကမ္ဘာ့အကျော်ကြားဆုံး စုံတွဲတစ်တွဲဖြစ်ခဲ့တဲ့ Brad Pitt နဲ့ Angelina Jolie တို့ နှစ်ယောက်ရဲ့ ကွာရှင်းပြတ်စဲမှု ဟာ တစ်ကမ္ဘာလုံးကို အံ့အားသင့်စေခဲ့တယ်ဆိုတာထက် Brad Pitt တစ်ယောက် ကလေးသူငယ် အကြမ်းဖက် နှိပ်စက်မှု နဲ့ စွပ်စွဲခံထားရတယ်ဆိုတာက ပိုပြီး အံ့အားသင့်စရာ သတင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

အသက် ၅၂ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဟောလီးဝုဒ် မင်းသား Brad Pitt ဟာ သူနဲ့ Jolie တို့ရဲ့ သားတော်စပ်သူ အသက် ၁၅ နှစ်အရွယ် Maddox ကို အကြမ်းဖက်နှိပ်စက်ခဲ့တယ်လို့ စက်တင်ဘာလ အတွင်းမှာ စွပ်စွဲခံခဲ့ရပြီး စုံစမ်း စစ်ဆေးခံနေရတာဖြစ်ပါတယ်။ သူတို့ရဲ့ ကလေးတွေဖြစ်တဲ့ Maddox ၊ Pax ၊ Zahara ၊ Shiloh ၊ Knox နဲ့ Vivienne တို့ ၆ ယောက်လုံးဟာ လက်ရှိအချိန်မှာ Angelina Jolie နဲ့ အတူတူ နေထိုင်နေပြီး Brad Pitt ကတော့ ဖခင်တစ်ယောက်ရဲ့ အခွင့်အရေး အရသာ လာရောက်တွေ့ဆုံခွင့်ရှိပြီး စောင့်ကြည့် စစ်ဆေးခြင်းခံနေခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် အခုတော့ Brad Pitt ဟာ လော့အိန်ဂျလိစ်ခရိုင် ကလေးသူငယ်နဲ့ မိသားစုဆိုင်ရာ ဝန်ဆောင်မှု ဌာန ရဲ့ စုံစမ်းစစ်ဆေးမှု ပြီးဆုံးသွားတဲ့နောက် ကလေးသူငယ် အကြမ်းဖက် နှိပ်စက်မှု နဲ့ စွပ်စွဲခံထားရခြင်းကနေ လွတ်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။ Brad Pitt ကို သူ့ရဲ့ သား တော်စပ်သူ Maddox ကို အကြိမ်ပေါင်းများစွာ နှုတ်နဲ့ အကြမ်းဖက်နှိပ်စက်ခဲ့ကာ ရိုက်နှက်မှုတွေလည်း လုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာဖြစ်ပြီး အဲဒီလို စွပ်စွဲခဲ့တာကတော့ Angelina Jolie ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ Brad Pitt ဟာ အဲဒီ စွပ်စွဲခံရမှုအတွက် သက်ဆိုင်ရာက စစ်ဆေးမှုပြုလုပ်ခဲ့ရာမှာတော့ အပြည့်အ၀ ပူးပေါင်းပါဝင်ခဲ့တဲ့အပြင် သူ့ရဲ့ ဆီးနဲ့သွေး နမူနာတွေကိုလည်း ပေးအပ် စစ်ဆေးခံဖို့ သဘောတူခဲ့တယ်လို့ TMZ သတင်းဌာနက ဖော်ပြထားပါတယ်။

Brad Pitt နဲ့ Jolie တို့ စတင် လမ်းခွဲ ပြတ်စဲတဲ့အချိန်မှာတော့ Brad Pitt ဟာ သူ့ရဲ့ ကလေးတွေကို ၁၉ ရက်တိတိ မတွေ့ပဲနေခဲ့ရပြီး သူ့ကို ကလေးတွေနဲ့ ပြန်လည်တွေ့ဆုံခွင့်ပြုခဲ့တဲ့ အခါမှာတော့ သူ့ရဲ့ သား Maddox ဟာ မိခင်ဖြစ်သူနဲ့အတူ အိမ်မှာ နေဖို့ ရွေးချယ်ခဲ့တာပါ။ သတင်းအရင်းအမြစ်တစ်ဦးရဲ့ ပြောကြားချက်အရတော့ Maddox ဟာ သူ့ကိုယ်သူ Brad Pitt ရဲ့ သားအဖြစ် ခံယူထားခြင်း မရှိသလို အခြား ရင်းနှီးသူတွေကလည်း Maddox ဟာ သူ့ရဲ့ မွေးစားဖခင် တော်စပ်သူ Brad Pitt ကို လုံး၀ မတွေ့ချင်တော့ဘူးလို့ ဆိုကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top