Property Expo
×

ထိုင္းနိုင္ငံဘန္ေကာက္ျမိဳ ့ လည္မွာ ယေန ့ေန ့လည္ပိုင္းက အျဖဴ ေရာင္ BMW ကားနဲ ့ ကား(၉)စီးကို လိုက္တိုက္ လိုက္တိုက္ခဲ့လို ့ လူနွစ္ ဦးဒဏ္ရာရသြား ခဲ့ေၾကင္း မန္ေနဂ်ာအြန္လိုင္း သတင္း မွာေဖၚျပထားပါတယ္။

ဘန္ေကာက္မွာ BMWစီးနိုင္တဲ့(တစ္စီးတန္ဘိုး ထိုင္းဘတ္ ၃သန္း- က်ပ္သိန္း ၉၀၀ )လူတန္းစားဟာ ေငြေၾကးျပည့္စံု တဲ့ အထက္တန္း စီးပြားေရး လုပ္ငန္း ရွင္ေတြ ခ်မ္းသာတဲ့ လူဂုဏ္တန္ အသိုင္းအ၀န္းေတြျဖစ္ပါတယ္။
တရားခံ အမ်ိဳးသမီးဟာ အသက္(၂၈) ႏွစ္ (net idol) နာမည္ၾကီး အင္တာနက္ အြန္လိုင္း ကိုယ္ဟန္ျပအလွမယ္ လို ့ သတင္းေတြမွာေရးသားေနၾကပါတယ္။
ေဟြ ့ခြမ္ ျမိဳ ့နယ္ ဖလမ္(၉) လမ္းမၾကီးရဲ ့ the mall Esplanade Park ကုန္ တိုက္ၾကီးေရွ ့က လူအစည္ကားဆံုးေနရာမွာ ျဖစ္ပြားခဲ့တာပါ။

မူးယစ္ေဆးေတြ သံုးထားျပီး စိတ္ေဖါက္ျပန္ေနသူ လို ့ယူဆရပါတယ္၊ သူမဟာ ခုလို ကားေတြကို လိုက္တိုက္ခဲ့ျပီး "မေသခ်င္တဲ့သူေတြ ေဘးကိုေရွာင္ ထား မယ္လို " ကားေပၚမွာ ဗံုးေတြေထာင္ထားတယ္လို ့ ေအာ္ဟစ္ျပီးတဲ့ေနာက္ လမ္းမအလည္မွာလက္အုပ္ခ်ီတရားထိုင္ေနလိုက္တယ္လို ့မ်က္ျမင္သက္
ေသေတြကေျပာပါတယ္။

ျပီးခဲ့တဲ့ ဇူလိုင္ ၂၂ ရက္ ညပိုင္းကလည္း ထိုင္းႏုိင္ငံဘန္ေကာက္ ၿမိဳ႕လယ္ေခါင္ က ရတ္ခ်ပရာစုန္ လမ္းဆုံမွာရွိတဲ့ ေလးမ်က္ႏွာ ဧရာ၀ဏ္ နတ္ကြန္းထဲကို ကား တစီး ၀င္တိုက္ခဲ့ပါေသးတယ္။
တိုယိုတာ Sedan ကားက နတ္ကြန္းရဲ႕ ၿခံစည္း႐ုိးကို ၀င္တုိက္ၿပီး နတ္ကြန္းအ ထဲထိ ၀င္သြားလို႔ အနည္းဆုံး လူ ၆ ဦးဒဏ္ရာရသြားတယ္လို႔ထိုင္းဘန္ေကာက္ ပို႔စ္သတင္းက ေရးသားထားပါတယ္။

Social Action for Women - SAW

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
ထိုင်းနိုင်ငံဘန်ကောက်မြို့ လည်မှာ ယနေ့နေ့လည်ပိုင်းက အဖြူ ရောင် BMW ကားနဲ့ ကား(၉)စီးကို လိုက်တိုက် လိုက်တိုက်ခဲ့လို့ လူနှစ် ဦးဒဏ်ရာရသွား ခဲ့ကြေင်း မန်နေဂျာအွန်လိုင်း သတင်း မှာဖေါ်ပြထားပါတယ်။

ဘန်ကောက်မှာ BMWစီးနိုင်တဲ့(တစ်စီးတန်ဘိုး ထိုင်းဘတ် ၃သန်း- ကျပ်သိန်း ၉၀၀ )လူတန်းစားဟာ ငွေကြေးပြည့်စုံ တဲ့ အထက်တန်း စီးပွားရေး လုပ်ငန်း ရှင်တွေ ချမ်းသာတဲ့ လူဂုဏ်တန် အသိုင်းအဝန်းတွေဖြစ်ပါတယ်။
တရားခံ အမျိုးသမီးဟာ အသက်(၂၈) နှစ် (net idol) နာမည်ကြီး အင်တာနက် အွန်လိုင်း ကိုယ်ဟန်ပြအလှမယ် လို့ သတင်းတွေမှာရေးသားနေကြပါတယ်။
ဟွေ့ခွမ် မြို့နယ် ဖလမ်(၉) လမ်းမကြီးရဲ့ the mall Esplanade Park ကုန် တိုက်ကြီးရှေ့က လူအစည်ကားဆုံးနေရာမှာ ဖြစ်ပွားခဲ့တာပါ။

မူးယစ်ဆေးတွေ သုံးထားပြီး စိတ်ဖေါက်ပြန်နေသူ လို့ယူဆရပါတယ်၊ သူမဟာ ခုလို ကားတွေကို လိုက်တိုက်ခဲ့ပြီး "မသေချင်တဲ့သူတွေ ဘေးကိုရှောင် ထား မယ်လို " ကားပေါ်မှာ ဗုံးတွေထောင်ထားတယ်လို့ အော်ဟစ်ပြီးတဲ့နောက် လမ်းမအလည်မှာလက်အုပ်ချီတရားထိုင်နေလိုက်တယ်လို့မျက်မြင်သက်
သေတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက် ညပိုင်းကလည်း ထိုင်းနိုင်ငံဘန်ကောက် မြို့လယ်ခေါင် က ရတ်ချပရာစုန် လမ်းဆုံမှာရှိတဲ့ လေးမျက်နှာ ဧရာဝဏ် နတ်ကွန်းထဲကို ကား တစီး ဝင်တိုက်ခဲ့ပါသေးတယ်။
တိုယိုတာ Sedan ကားက နတ်ကွန်းရဲ့ ခြံစည်းရိုးကို ဝင်တိုက်ပြီး နတ်ကွန်းအ ထဲထိ ဝင်သွားလို့ အနည်းဆုံး လူ ၆ ဦးဒဏ်ရာရသွားတယ်လို့ထိုင်းဘန်ကောက် ပို့စ်သတင်းက ရေးသားထားပါတယ်။

Social Action for Women - SAW


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top