Property Expo
×

တကယ္ပါ။ အလုပ္ရွိရင္ အခ်စ္ဆိုတာ ရွိလာမွာဘဲ (စစ္မွန္တဲ့ အခ်စ္ မဟုတ္ခဲ့ရင္ေတာင္) ။ ဒါ့အျပင္ အလုပ္နဲ႕ အခ်စ္က တိုက္ရိုက္ မဟုတ္ရင္ေတာင္ သြယ္ဝိုက္တဲ့ နည္းနဲ႕ေတာ့ အခ်ိဳး က်တတ္ပါတယ္။ ဒီေတာ့ အခ်စ္နဲ႕ ေဆြမ်ိဳးေတာ္တဲ့ အလုပ္အေၾကာင္းေလး နည္းနည္းေလာက္ ေလ့လာ ၾကည့္ၾကရေအာင္..

ဂ်ပန္ႏိုင္ငံ Honda ကုမ႑ီကို တည္ေထာင္ခဲ့သူ Honda Soichiro က အလုပ္ဟာ အခ်စ္နဲ႕ တူတယ္လို႔ ဆုိပါတယ္။ အလုပ္ကို စိတ္ညစ္ဖို႔ ေကာင္းတယ္လို႔ ေတြးရင္စိတ္ညစ္စရာေကာင္းေပမယ့္
 ေပ်ာ္တယ္လို႔ ေတြးရင္ေတာ့ အဆံုးမရွိ ေပ်ာ္ရႊင္ရပါတယ္တဲ့။ အဲလိုပဲ သင္ ခ်စ္သူကို ေပ်ာ္စရာလို႔ ေတြးရင္ အဆံုးမရွိတဲ့ ေပ်ာ္စရာေတြနဲ႕ သင္ ၾကံဳေတြ႔ရမွာပါ။

ယခု လုပ္ေနတဲ့ အလုပ္ကို ဘာေၾကာင့္ပဲ လုပ္ရလုပ္ရ ကိုယ္လုပ္ေနတဲ့ အလုပ္ကို အေကာင္းဆံုးျဖစ္ေအာင္ လုပ္ႏိုင္သူက လူျဖစ္ရက်ိဳး နပ္သူ။ (အရွင္ဆႏၵာဓိက)

ေအာင္ျမင္ခ်င္ရင္ ဘယ္အလုပ္မ်ိဳးကိုမဆို ျမန္ျမန္လုပ္၊ မ်ားမ်ားလုပ္၊ မရပ္မနားလုပ္၊ ဇြဲၾကီးၾကီးနဲ႕ ေပ်ာ္ေပ်ာ္ပါးပါးလုပ္။ (သီတဂူဆရာေတာ္ၾကီး)

ကမၻာေပၚမွာ အလုပ္လုပ္တဲ့ လူ ႏွစ္မ်ိဳးႏွစ္စား ရွိပါတယ္။ ပထမလူက .. “ မနက္မိုးလင္းျပီ။ အိပ္ရာျမန္ျမန္ထျပီး လုပ္စရာရွိတာ ျမန္ျမန္လုပ္မွ.”ဆိုသူ ဒုတိယလူက.. မနက္မိုးလင္းျပန္ျပီလား။ မထခ်င္ဘူး စိတ္ညစ္ဖို႔ ေကာင္းလိုက္တာ.. ဆိုတဲ့ ထိုလူႏွစ္မ်ိဳး မွာ ေအာင္ျမင္သူကေတာ့ ပထမလူဘဲ ျဖစ္မွာပါ။ (အေမရိကန္စာေရးဆရာ Wayne Walter Dyer)

လုပ္ငန္းခြင္ဆိုတာ အဆင္မေျပသူေတြ ခဏခိုနားၾကတဲ့ အမိုးတစ္ခုပါ။ ခိုနားသူအခ်င္းခ်င္း အဆင့္အတန္း အခြဲပါနဲ႕၊ မဖိႏွိပ္ပါနဲ႕၊ ေခ်ာက္မခ်ပါနဲ႕၊ ကိုယ္ေကာင္းဖို႔ သူ႔ေခါင္းနင္းမယ့္ အလုပ္မ်ိဳး မလုပ္ပါနဲ႕။ ကိုယ္ပိုင္ေနတဲ့ ေနရာ ရာထူးဆိုတာ သခ်ိဳၤင္းမွာပဲ ရွိပါတယ္။ ကိုယ္ဖိနင္းခဲ့တဲ့ ၾကမ္းခင္းတစ္ခ်ပ္ဟာ တစ္ခ်ိန္မွာ ကိုယ့္ေခါင္းေပၚက မ်က္ႏွာက်က္ ျဖစ္လာႏိုင္တယ္ဆိုတာ အျမဲမွတ္ထားပါ။

ဥာဏ္ဘယ္ေလာက္ေကာင္းေကာင္း အပ်င္းထူထြန္းသူက အလကားလူ ျဖစ္သြားမွာပါပဲ။

အေၾကာင္းတစ္ခုေၾကာင့္ ဆံုးရႈံးမႈ တစ္ခုေၾကာင့္ အလုပ္တစ္ခု ေရွ႕ဆက္ဖို႔ ခက္ေနျပီး မလုပ္ႏိုင္ေတာ့ဘူးလို႔ ယံုၾကည္သြားတဲ့အခါ ကိုယ့္ကိုကိုယ္ေမးၾကည့္ပါ။ မျဖစ္ႏိုင္ဘူးဆိုတာ ေသခ်ာျပီလားလို႔။ တကယ္ေတာ့ ဘဝဆိုတာ ကိုယ္အရႈံုးေပးမွ ရႈံးတာ။ (ယမင္း)

အရာရာဟာ ကိုယ္ေပၚမွာ မူတည္ေနတယ္။ တျခားသူမ်ားကို ယံုၾကည္ေစခ်င္ရင္ ကိုယ့္ကိုကိုယ္ ယံုၾကည့္ႏိုင္သူ ျဖစ္ေအာင္ ၾကိဳးစားရမယ္။

ဒီကမၻာေပၚက ဘယ္သူကိုမွ မွီခိုဖို႔ သင္ မစဥ္းစားနဲ႕။ ဘာျဖစ္လို႔လဲဆို. သင္ အေမွာင္ထဲကို ေရာက္ေနတဲ့အခ်ိန္မွာ သင့္ရဲ႕အရိပ္ေတာင္ သင့္အနားမွာ ရွိမွာမဟုတ္ဘူးဆိုတာ တစ္သက္သာလံုး မွတ္သားသြားပါ။ (နည္းစနစ္က်က် အေတြးအေခၚ)


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmar Lastest News

#Unicode Version
တကယ်ပါ။ အလုပ်ရှိရင် အချစ်ဆိုတာ ရှိလာမှာဘဲ (စစ်မှန်တဲ့ အချစ် မဟုတ်ခဲ့ရင်တောင်) ။ ဒါ့အပြင် အလုပ်နဲ့ အချစ်က တိုက်ရိုက် မဟုတ်ရင်တောင် သွယ်ဝိုက်တဲ့ နည်းနဲ့တော့ အချိုး ကျတတ်ပါတယ်။ ဒီတော့ အချစ်နဲ့ ဆွေမျိုးတော်တဲ့ အလုပ်အကြောင်းလေး နည်းနည်းလောက် လေ့လာ ကြည့်ကြရအောင်..

ဂျပန်နိုင်ငံ Honda ကုမဏ္ဍီကို တည်ထောင်ခဲ့သူ Honda Soichiro က အလုပ်ဟာ အချစ်နဲ့ တူတယ်လို့ ဆိုပါတယ်။ အလုပ်ကို စိတ်ညစ်ဖို့ ကောင်းတယ်လို့ တွေးရင် စိတ်ညစ်စရာကောင်းပေမယ့် ပျော်တယ်လို့ တွေးရင်တော့ အဆုံးမရှိ ပျော်ရွှင်ရပါတယ်တဲ့။ အဲလိုပဲ သင် ချစ်သူကို ပျော်စရာလို့ တွေးရင် အဆုံးမရှိတဲ့ ပျော်စရာတွေနဲ့ သင် ကြုံတွေ့ရမှာပါ။

ယခု လုပ်နေတဲ့ အလုပ်ကို ဘာကြောင့်ပဲ လုပ်ရလုပ်ရ ကိုယ်လုပ်နေတဲ့ အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်နိုင်သူက လူဖြစ်ရကျိုး နပ်သူ။ (အရှင်ဆန္ဒာဓိက)

အောင်မြင်ချင်ရင် ဘယ်အလုပ်မျိုးကိုမဆို မြန်မြန်လုပ်၊ များများလုပ်၊ မရပ်မနားလုပ်၊ ဇွဲကြီးကြီးနဲ့ ပျော်ပျော်ပါးပါးလုပ်။ (သီတဂူဆရာတော်ကြီး)

ကမ္ဘာပေါ်မှာ အလုပ်လုပ်တဲ့ လူ နှစ်မျိုးနှစ်စား ရှိပါတယ်။ ပထမလူက .. “ မနက်မိုးလင်းပြီ။ အိပ်ရာမြန်မြန်ထပြီး လုပ်စရာရှိတာ မြန်မြန်လုပ်မှ.”ဆိုသူ ဒုတိယလူက.. မနက်မိုးလင်းပြန်ပြီလား။ မထချင်ဘူး စိတ်ညစ်ဖို့ ကောင်းလိုက်တာ.. ဆိုတဲ့ ထိုလူနှစ်မျိုး မှာ အောင်မြင်သူကတော့ ပထမလူဘဲ ဖြစ်မှာပါ။ (အမေရိကန်စာရေးဆရာ Wayne Walter Dyer)

လုပ်ငန်းခွင်ဆိုတာ အဆင်မပြေသူတွေ ခဏခိုနားကြတဲ့ အမိုးတစ်ခုပါ။ ခိုနားသူအချင်းချင်း အဆင့်အတန်း အခွဲပါနဲ့၊ မဖိနှိပ်ပါနဲ့၊ ချောက်မချပါနဲ့၊ ကိုယ်ကောင်းဖို့ သူ့ခေါင်းနင်းမယ့် အလုပ်မျိုး မလုပ်ပါနဲ့။ ကိုယ်ပိုင်နေတဲ့ နေရာ ရာထူးဆိုတာ သချိုၤင်းမှာပဲ ရှိပါတယ်။ ကိုယ်ဖိနင်းခဲ့တဲ့ ကြမ်းခင်းတစ်ချပ်ဟာ တစ်ချိန်မှာ ကိုယ့်ခေါင်းပေါ်က မျက်နှာကျက် ဖြစ်လာနိုင်တယ်ဆိုတာ အမြဲမှတ်ထားပါ။

ဉာဏ်ဘယ်လောက်ကောင်းကောင်း အပျင်းထူထွန်းသူက အလကားလူ ဖြစ်သွားမှာပါပဲ။

အကြောင်းတစ်ခုကြောင့် ဆုံးရှုံးမှု တစ်ခုကြောင့် အလုပ်တစ်ခု ရှေ့ဆက်ဖို့ ခက်နေပြီး မလုပ်နိုင်တော့ဘူးလို့ ယုံကြည်သွားတဲ့အခါ ကိုယ့်ကိုကိုယ်မေးကြည့်ပါ။ မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလားလို့။ တကယ်တော့ ဘဝဆိုတာ ကိုယ်အရှုံးပေးမှ ရှုံးတာ။ (ယမင်း)

အရာရာဟာ ကိုယ်ပေါ်မှာ မူတည်နေတယ်။ တခြားသူများကို ယုံကြည်စေချင်ရင် ကိုယ့်ကိုကိုယ် ယုံကြည့်နိုင်သူ ဖြစ်အောင် ကြိုးစားရမယ်။

ဒီကမ္ဘာပေါ်က ဘယ်သူကိုမှ မှီခိုဖို့ သင် မစဉ်းစားနဲ့။ ဘာဖြစ်လို့လဲဆို. သင် အမှောင်ထဲကို ရောက်နေတဲ့အချိန်မှာ သင့်ရဲ့အရိပ်တောင် သင့်အနားမှာ ရှိမှာမဟုတ်ဘူးဆိုတာ တစ်သက်သာလုံး မှတ်သားသွားပါ။



ဖိုးသူတော် (www.phothutaw.com)
Credit:Myanmar Lastest News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top