Property Expo
×




Credit: duwun

#Unicode Version

နိုဝင်ဘာ ၁၄ ရက် နေ့မှာ ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ညမှာ လမင်းကို အကြီးမားဆုံးအနေအထားနဲ့ မြင်ရဖို့ရှိပါတယ်။ လမင်းဟာ ကမ္ဘာမြေနဲ့ နီးနီးကပ်ကပ်ရှိမယ့် supermoon ဖြစ်စဉ်ကို ကြုံရမှာပါ။ ဒါပေမဲ့ တနင်္လာညမှာ ဖြစ်ပေါ်မှာ စူပါမွန်းဟာ ယခင်ဖြစ်ပေါ်ခဲ့ဖူးတဲ့ စူပါမွန်းတွေထက် ပိုပြီး ကြီးမားပါလိမ့်မယ်။

၁၉၄၈ ခုနှစ်တုန်းကလည်း ယခုလို ကြီးမားတဲ့ စူပါမွန်းဖြစ်စဉ်ကြောင့် လမင်းကို ကြီးမားနီးကပ်စွာ မြင်ခဲ့ရပါသေးတယ်။ ယခုအကြိမ်မှာတော့ ၁၉၄၈ ခုနှစ်ဖြစ်စဉ်ထက် ပိုပြီး ကြီးမားမယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ဒီလိုဖြစ်စဉ်မျိုးဟာ ၂၀၃၄ ခုနှစ်မှသာ နောက်တစ်ကြိမ် ထပ်မံတွေ့ရမှာဖြစ်တယ်လို့လည်း နာဆာက ကြေညာထားပါတယ်။

ယခုနှစ်တန်ဆောင်မုန်းလပြည့်ညရဲ့ စူပါမွန်းဟာ သာမာန်လပြည့်ညတွေထက် ၁၄ ရာခိုင်နှုန်း ပိုကြီးမားပြီး ၃၀ ရာခိုင်နှုန်း ပိုမိုတောက်ပတာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top