iGREEN Promotion Singapore
×

 ေတာင္အေမရိ ကဇုန္ကမၻာ့ဖလားေျခစစ္ပြဲတြင္ အာဂ်င္တီးနားကုိ ဘရာဇီးက သံုးဂိုးျပတ္အႏုိင္ရရိွခဲ့ ၿပီးေနာက္ကြင္းလယ္လူ ေကာ္တင္ဟုိက ဂုဏ္ယူေၾကာင္း ဖြင့္ဟေျပာၾကား သည္။ သုိ႔ေသာ္မိမိအသင္းသား မ်ားသည္ ေအာက္ေျခလြတ္ျခင္း မရိွဟု ဆက္လက္ေျပာသည္။

ၿပိဳင္ဘက္အာဂ်င္တီးနားကုိ ၃-၀ ဂုိးျဖင့္အႏုိင္ရရိွၿပီးေနာက္ ဘရာဇီးအသင္းသည္ ေတာင္ အေမရိကေျခစစ္ပဲြအမွတ္ေပး ဇယားထိပ္ဆံုး၌ ဆက္လက္ဦးေဆာင္ႏိုင္ခဲ့ၿပီး ေကာ္တင္ဟုိ လည္း အာဂ်င္တီးနားကုိ အဖြင့္ ဂိုးသြင္းယူခဲ့သည္။ ဘရာဇီးသည္ယခုဆိုလွ်င္ ေျခစစ္ပြဲငါးပြဲဆက္တုိက္အႏုိင္ရရိွထားၿပီျဖစ္ကာ ေကာ္တင္ဟုိက ဂုဏ္ယူမဆံုးျဖစ္ေနသည္။

‘‘ဒီအသင္းမွာ ပါ၀င္ေနတာ ကြၽန္ေတာ္အတြက္ဂုဏ္ယူစရာ အခိုက္အတန္႔ပါ။ ႀကီးက်ယ္တဲ့ ကစားသမားေတြနဲ႔အတူ ဒီလို ဂႏၴ၀င္ပြဲမ်ိဳးမွာ ကစားရတာ တ ကယ့္ကုိေပ်ာ္ရႊင္စရာပါ’’ဟု ေကာ္တင္ဟုိက ဆုိသည္။

ထုိအေတာအတြင္း အာဂ်င္ တီးနားေနာက္တန္းလူ မာေရွယာ ႏိုက ဘရာဇီးကုိ ႐ႈံးနိမ့္ျခင္းအ တြက္ အေၾကာင္းျပခ်က္ေပးမည္ မဟုတ္ဟု ေျပာသည္။

‘‘အေျပာင္းအလဲေတြလုပ္ရ မယ္ဆုိတာ ထင္ရွားပါတယ္။ ကြၽန္ေတာ္တုိ႔ ကုိယ့္ဘာသာကုိယ္ ဆြဲတင္ဖုိ႔နည္းလမ္းရွာရပါမယ္။ ကြၽန္ေတာ္တုိ႔လုပ္ဖို႔ လုိအပ္တာ ေတြ အားလံုးကုိ လုပ္ေဆာင္သြား ရပါမယ္။ ဆင္ေျခဆင္လက္ေတြ ေပးေနလို႔ မရပါဘူး။ အခုက ကုိယ္ဘာသာကုိယ္လိမ္ညာေနလုိ႔မရ တဲ့ အေနအထားပါ။ ဒီအခက္အ ခဲကေန ကုိယ့္ဘာသာ႐ုန္းထြက္ ရပါမယ္’’ဟု မာေရွယာႏိုက ေျပာၾကားသည္။ အာဂ်င္တီးနားအသင္း ေခါင္းေဆာင္ မက္ဆီကလည္း အေျပာင္းအလဲျပဳလုပ္ရန္ မိမိတို႔ေပၚတြင္သာ မူတည္ေၾကာင္း ေျပာၾကားသည္။ ဘရာဇီးႏွင့္ပြဲကုိ ေမ့ထားကာ ကုိလံဘီယာႏွင့္ပြဲ အာ႐ံုစိုက္ရေတာ့မည္ဟု မက္ဆီက ဆုိသည္။

‘‘ကြၽန္ေတာ္တုိ႔ ကုိလံဘီယာ ကုိ ႏုိင္ရင္ တုိက္ပြဲ၀င္ဖု႔ိ အခြင့္ အေရးျပန္ရမယ္။ ကြၽန္ေတာ္တို႔ အေပၚပဲ မူတည္တယ္။ ဒီလုိျဖစ္ရ မယ့္အေျခအေနမဟုတ္ဘူးဆုိ တာကုိ သိတယ္’’ဟု ဘာကာၾကယ္ပြင့္က ေျပာသည္။   

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 တောင်အမေရိ ကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အာဂျင်တီးနားကို ဘရာဇီးက သုံးဂိုးပြတ်အနိုင်ရရှိခဲ့ ပြီးနောက်ကွင်းလယ်လူ ကော်တင်ဟိုက ဂုဏ်ယူကြောင်း ဖွင့်ဟပြောကြား သည်။ သို့သော်မိမိအသင်းသား များသည် အောက်ခြေလွတ်ခြင်း မရှိဟု ဆက်လက်ပြောသည်။

ပြိုင်ဘက်အာဂျင်တီးနားကို ၃-၀ ဂိုးဖြင့်အနိုင်ရရှိပြီးနောက် ဘရာဇီးအသင်းသည် တောင် အမေရိကခြေစစ်ပွဲအမှတ်ပေး ဇယားထိပ်ဆုံး၌ ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ကော်တင်ဟို လည်း အာဂျင်တီးနားကို အဖွင့် ဂိုးသွင်းယူခဲ့သည်။ ဘရာဇီးသည်ယခုဆိုလျှင် ခြေစစ်ပွဲငါးပွဲဆက်တိုက်အနိုင်ရရှိထားပြီဖြစ်ကာ ကော်တင်ဟိုက ဂုဏ်ယူမဆုံးဖြစ်နေသည်။

‘‘ဒီအသင်းမှာ ပါဝင်နေတာ ကျွန်တော်အတွက်ဂုဏ်ယူစရာ အခိုက်အတန့်ပါ။ ကြီးကျယ်တဲ့ ကစားသမားတွေနဲ့အတူ ဒီလို ဂန္ထဝင်ပွဲမျိုးမှာ ကစားရတာ တ ကယ့်ကိုပျော်ရွှင်စရာပါ’’ဟု ကော်တင်ဟိုက ဆိုသည်။

ထိုအတောအတွင်း အာဂျင် တီးနားနောက်တန်းလူ မာရှေယာ နိုက ဘရာဇီးကို ရှုံးနိမ့်ခြင်းအ တွက် အကြောင်းပြချက်ပေးမည် မဟုတ်ဟု ပြောသည်။

‘‘အပြောင်းအလဲတွေလုပ်ရ မယ်ဆိုတာ ထင်ရှားပါတယ်။ ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ် ဆွဲတင်ဖို့နည်းလမ်းရှာရပါမယ်။ ကျွန်တော်တို့လုပ်ဖို့ လိုအပ်တာ တွေ အားလုံးကို လုပ်ဆောင်သွား ရပါမယ်။ ဆင်ခြေဆင်လက်တွေ ပေးနေလို့ မရပါဘူး။ အခုက ကိုယ်ဘာသာကိုယ်လိမ်ညာနေလို့မရ တဲ့ အနေအထားပါ။ ဒီအခက်အ ခဲကနေ ကိုယ့်ဘာသာရုန်းထွက် ရပါမယ်’’ဟု မာရှေယာနိုက ပြောကြားသည်။ အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီကလည်း အပြောင်းအလဲပြုလုပ်ရန် မိမိတို့ပေါ်တွင်သာ မူတည်ကြောင်း ပြောကြားသည်။ ဘရာဇီးနှင့်ပွဲကို မေ့ထားကာ ကိုလံဘီယာနှင့်ပွဲ အာရုံစိုက်ရတော့မည်ဟု မက်ဆီက ဆိုသည်။

‘‘ကျွန်တော်တို့ ကိုလံဘီယာ ကို နိုင်ရင် တိုက်ပွဲဝင်ဖု့ိ အခွင့် အရေးပြန်ရမယ်။ ကျွန်တော်တို့ အပေါ်ပဲ မူတည်တယ်။ ဒီလိုဖြစ်ရ မယ့်အခြေအနေမဟုတ်ဘူးဆို တာကို သိတယ်’’ဟု ဘာကာကြယ်ပွင့်က ပြောသည်။   


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top