Property Expo
×

(၁) ႏွစ္လိုဖြယ္ level ကိုျမႇင့္တင္ပါေလ

တကယ္ေတာ့ သင္ဟာ ႏွစ္လိုဖြယ္ေကာင္းျပီးသား၊ခ်စ္ဖို႕ေကာင္းျပီးသား ဆိုတာက်ေနာ္သိပါတယ္(မုန္႕ ေကြၽးရမယ္ေနာ္)။ဒါေပသိ ႏွစ္လိုဖြယ္ေကာင္းျပီးသားကိုမွ level ထပ္ျမႇင့္လို႕ရေသးရင္ ျမႇင့္တင္လိုက္ပါ။ အိုဗာ အရမ္းၾကီး တင္းဖို႕ေျပာတာေတာ့မဟုတ္ဘူးေပါ့ဗ်ာ။ လက္ရွိ ေနပံု၊ထိုင္ပံု ေျပာပံု၊ဆိုပံုေလးေတြ ထက္ပိုေကာင္းမယ္ထင္တာေလးေတြရွိရင္ျပင္ၾကည့္ဖို႕၊ျပီး အဝတ္အစားပိုင္းမွာ ဖိုသီဖတ္သီ မ်ားျဖစ္ေနရင္ ျပဳျပင္ဖို႕ ေလာက္ပါ။အေျပာခ်ိဳခ်ိဳ၊ သန္႕သန္႕ ျပန္႕ျပန္႕ျဖစ္ေနရင္ ေဘာစိရယ္မွ မဟုတ္ပဲ လုပ္ေဖာ္ကိုင္ဘက္ ေတြကပါ သေဘာက် ၾကမွာအမွန္ပါပဲ။

 (၂) မရွိရင္ မျဖစ္တဲ့သူတစ္ေယာက္ ျဖစ္ေလာက္တဲ့အထိ ၾကိဳးစားပါ။

သင္ဟာ တကယ္ေတာ္တဲ့ ဝန္ထမ္းေကာင္းတစ္ဦး ျဖစ္ႏွင့္ျပီးသားဆိုရင္ေတာ့ သင္မရွိရင္ မျဖစ္ဘူးဆိုျပီး ဝန္ထမ္းအခ်င္းကျဖစ္ေစ၊ေဘာစိ ကိုယ္တိုင္ကျဖစ္ေစ ေျပာတာမ်ိဳး ၾကားဖူးျပီးသားျဖစ္ပါလိမ့္မယ္။အဲဒီစကားက နဲနဲပိုေျပာတယ္လို႕ ထင္ရေပမယ့္ တကယ္ေတာ့ သင့္အေပၚ အသိအမွတ္ျပဳျပီး ေျပာၾကတာပါ။ သင္ရွိေနလို႕ လုပ္ငန္းကြင္းဆက္ေလးေတြ အခ်ိတ္အဆက္မိမိ နဲ႕ အခ်ိန္မီ ျမန္ဆန္ လွ်င္ျမန္စြာျပီးစီးေနမွေတာ့ အားလုံးက လိုလားၾကျပီေပါ့။သင့္နာမည္ရဲ႕ ေနာက္မွာ မရွိလို႕မျဖစ္ဘူးလို႕ ရုံးမွာ ခဏခဏ ေျပာသံေတြမ်ားလာရင္ ေဘာစိ ကလဲ ရာထူးတိုးေပးတာတို႕၊bonus ေပးလာတာတို႕ ျဖစ္လာပါလိမ့္မယ္။မရွိလို႕ မျဖစ္တဲ့အဆင့္ေရာက္ဖို႕က သူမ်ားေတြထက္ နဲနဲေတာ့ ပိုၾကိဳးစားရတာေပါ့။

 (၃) ေဘာစိ အထာ နားလည္ပါ

ကိုယ့္ ေဘာစိ အတြက္ ဘာေတြက အေရးၾကီးသလဲ။ကိုယ့္ေဘာစိ အေလးထားတာေတြကဘာေတြလဲ ေလ့လာထားေပေရာ့ဗ်ိဳ႕။ ကိုယ့္ေဘာစိ အတြက္ေတာင္ အေရးၾကီးမွ ေတာ့ ကိုယ့္အတြက္လဲ အေရးၾကီးတယ္ေလာက္ေတာ့ လုပ္ကိုလုပ္ရေတာ့မွာ။ေဘာစိအၾကိဳက္ ၁၀၀ % မလုပ္ႏိုင္ရင္ေတာင္ အၾကိဳက္ေလးေတြသိေအာင္လုပ္ထားေတာ့ ေျပာဆိုခံရတာသက္သာတာေပါ့(တစ္ခ်ိဳ႕ ေဘာစိေတြ  ကေရလည္ ဆူတာကလား)။အၾကိဳက္သိ၊အလိုက္သိတတ္တဲ့ ဝန္ထမ္းေတြဆို ဘယ္ေဘာစိမွ သေဘာမက်ဘဲ မေနပါဘူး။

 (၄)သတင္းမွန္မွန္ ပို႕ပါရန္

မ်က္ႏွာျမင္ ခ်စ္ခင္ပါေစ ဆိုတာကေတာ့ ဟုတ္ပါျပီ။ခ်စ္ခင္ဖို႕အတြက္ မ်က္ႏွာအရင္ျမင္ဖို႕ ေတာ့လိုတယ္မလား။ဒီလိုေျပာလို႕ ကိုယ့္မ်က္ႏွာၾကီးကို ေဘာစိျမင္ေအာင္ ခဏခဏ သြားသြားျပခိုင္းေနတာမဟုတ္ဘူးေနာ္။ဆိုလိုရင္းက ကိုယ္ အလုပ္လုပ္ေနတဲ့အေၾကာင္း၊ဒီေန႕မွာေတာ့ ဒါေတြလုပ္ျပီး ဘာေတြလုပ္ဦးမယ္ျဖစ္တဲ့အေၾကာင္းေတာ့ ေဘာစိကို ပံုမွန္သတင္းပို႕ဖို႕ပါ။ ဒီလိုပံုမွန္ သတင္းပို႕ႏိုင္ရင္ ေနာက္ပိုင္း ေဘာစိ ကိုယ္တိုင္ကိုယ္က {ဒီကေလး အလုပ္လုပ္ရွာသား၊မဆိုးဘူး ဘာညာ} ျဖစ္လာလိမ့္မယ္။မ်က္မွန္းလဲတန္းမိသြားတာေပါ့။ ဂဒီးဂဒီးၾကီးေတာ့ မသြားနဲ႕ေပါ့။မ်က္စိေနာက္လို႕ အဆဲခံေနရမွာစိုးလို႕ပါ။

 (၅) အေျပာလြတ္ေအာင္ ၾကိဳတင္ေရွာင္

ဘယ္သူ႕မွေတာ့ ေျခာက္ပစ္ ေတြကင္း ျပီး သဲေတြလည္း စင္ မေနၾကတာေတာ့ အမွန္ပါပဲ။လူဆိုတာ ေကာင္းကြက္၊ဆိုးကြက္ ကိုယ္စီေလးေတြနဲ႕ ကိုး။ အဲဒီ ဆိုးကြက္ေလးေတြကို ကိုယ့္ကိုယ္ကိုယ္ အရင္သိထားဖို႕လိုပါတယ္။သိခ်င္ရင္ အလြယ္ေလးဗ်။ ကိုယ့္ေဘာစိေနရာကေန ခံစားျပီး ကိုယ့္ကိုယ္ကိုယ္ ျပန္ၾကည့္ၾကည့္လိုက္။ ငါသာ ေဘာစိသာဆို ငါ့ရဲ့ ဘာကိုမ်ားမ်က္စိ စပါးေမႊးစူးမိမလဲေပါ့။ရုံးေနာက္က်တာပဲျဖစ္မလား၊စာရင္းတြက္ရင္ သွ်မ္းတတ္တာလား၊အသံက်ယ္က်ယ္ ေျပာတတ္တာလား၊ခြင့္ခဏခဏ ယူတာပဲျဖစ္မလား ေပါ့။ အျပစ္ရွာလို႕ေတြ႕ျပီဆိုရင္ေတာ့ ကိုယ့္ကိုယ္ကိုယ္သာ ၾကိဳေဟာက္ထားျပီးျပဳျပင္ထားၾကည့္လိုက္ဗ်ိဳ႕။ အဲဒါဆို ေဘာစိ ရဲ့ အေျပာအဆို လြတ္ျပီေပါ့။

 (၆) မွားတာရွိရင္ ေတာင္းပန္ပါကြယ္

ေယာင္ျပီး ေအာင္လ သီခ်င္းၾကီးလဲ သြားဆိုျပမေနနဲ႕ဦး။ကိုယ့္ေၾကာင့္ တစ္ခုခုလြဲေခ်ာ္သြားျပီ ၊ မွားသြားျပီဆိုရင္ေတာ့ ေဘာစိကို ေတာင္းပန္ပါ။ ေတာင္းပန္တဲ့ေနရာမွာလဲ ေတာင္းပန္ပံု၊ေတာင္းပန္နည္းက အေရးၾကီးပါတယ္။ သင္မွားသြားလို႕ ေတာင္းပန္ပါတယ္ဆိုတာထက္ သင္မွားလိုက္လို႕ သင့္ေဘာစိ ဘယ္လိုဆုံးရွုံးမႈေတြရွိသြားရ၊စိတ္အေႏွာင့္အယွက္ျဖစ္သြားရတာေတြ ကိုသိနားလည္ျပီး ခ်က္က်လက္က် ေနာက္မျဖစ္ေစရေတာ့မယ့္အေၾကာင္း ေျပာျပေတာင္းပန္ႏိုင္မယ္ဆို သင့္ေဘာစိ လဲ အသားေတြ တစ္ဆတ္ဆတ္တုန္ေနတာ ေတြ နည္းပါးသြားမွာပါ။

 (၇) ရွင္းရွင္း၊လင္းလင္း နဲ႕ ကင္းကင္း

အဆိုေတာ္နာမည္ေတြလို႕ မထင္လိုက္နဲ႕ဦးေနာ္။ တစ္ခ်ိဳ႕ေတြ ရွိပါတယ္။ ေဘာစိ အခ်စ္ေတာ္ျဖစ္ဖို႕ အတင္းကာေရာၾကီး ကပ္ဖားရပ္ဖား လုပ္တာမ်ိဳးေတြ၊ရုံးတြင္းမွာ မိမိ မၾကည္ျဖဴသူေတြ ရဲ့ အေၾကာင္းေတြကို ပိုပိုသာသာေတြ ကုန္းေခ်ာေျပာဆိုတာေတြ လုပ္တတ္တဲ့သူေတြ ရွိတတ္ပါတယ္။အဲဒီလိုလုပ္လို႕ ေဘာစိ ကသေဘာက်မယ္လို႕ ထင္ရင္ေတာ့ မွားပါလိမ့္မယ္။ တကယ္လုပ္သင့္တာက ကိုယ္လုပ္စရာရွိတာကို အျပည့္အဝလုပ္၊ရုံးတြင္း drama ခင္းတာေတြ၊အတင္း တုတ္တာေတြ နဲ႕ ကင္းေအာင္ေနျပီး သူမ်ားေဝဖန္လာရင္ ေတာင္အျပဳံးမပ်က္ ေနလိုက္ဖို႕ပါပဲ။ရုံးတြင္း အရွုပ္အရွင္းေတြနဲ႕ ရွင္းရွင္း၊လင္းလင္း နဲ႕ ကင္းကင္း လဲျဖစ္၊ လုပ္စရာရွိတာကိုလဲ လုပ္ေနတဲ့ သင့္ကို ေဘာစိက ဘယ္လိုမွ အျပစ္ျမင္ႏိုင္မွာ မဟုတ္ပါဘူး။

 (၈) မအားဘူး၊အလုပ္ရွုပ္ေနတယ္။

မအားဘူး၊အလုပ္ရွုပ္ေနတယ္။ဟုတ္တယ္။တခါတေလ ကိုယ္ကအလုပ္ေစာျပီးသြားလို႕ ကိုယ့္စားပြဲေရွ႕မွာ ဘာမွလဲမရွိေတာ့ပဲ ရွင္းလင္းသြားခ်ိန္၊laptop ေတြဘာေတြကိုလဲ sleep ေတြဘာေတြ လုပ္ျပီး ပ်င္းေၾကာဆန္႕ေနတဲ့ အခိုက္မွာမွ ေဘာစိက ကိုယ့္ေရွ႕ကျဖတ္ျပီးေတြ႕သြားတဲ့ အခိုက္အတန္႕ လူတိုင္းမွာရွိတယ္။ ေဘာစိ ဖ်တ္ကနဲ ျမင္လိုက္ရမွာကေတာ့ ပ်င္းေၾကာဆန္႕ေနတဲ့ သင့္ပံုျဖစ္ျပီး ထင္သြားႏိုင္တာကေတာ့ {ဟာ … အလုပ္မလုပ္ပဲ ပ်င္းေၾကာေတာင္ဆန္႕ေနလိုက္ေသးသဟ} ဆိုတာမ်ိဳးေပါ့။ဆိုေတာ့..အၾကံေလးေပးလိုတာက အလုပ္ေတြေစာျပီးသြားရင္ေတာင္ အလုပ္လုပ္ေနတဲ့ ပံုေလးျဖစ္ေအာင္ စားပြဲကို နဲနဲေလး ေတာ့ ပြေနပါေစ။အလုပ္ လုပ္ေနတယ္ေပါ့ေလ။(ဒီ တစ္ခ်က္ကို သင့္ေဘာစိ အားမျမင္ပါေစႏွင့္)



(၉) ပြင့္လင္းျမင္သာ ေျဖဆိုပါ

ေဘာစိက ေမးခြန္းေတြေမးတဲ့အခါ အဓိက အခ်က္က ႐ိုးသားစြာ ေျဖဖို႕ပါ။ျပီး ကိုယ့္အေျဖက ပြင့္လင္းျမင္သာမႈရွိျပီး အသုံးဝင္ပါေစ။ အျမဲတမ္း “ေဘာစိ always right” လုပ္ေနလို႕လဲ မျဖစ္ဘူးေလ။ ေဘာစိေတြ သိခ်င္တာကို ႐ိုး႐ိုးသားသား သာ ေျဖပါ။ မယုတ္မလြန္ ေလးေျပာတတ္ရင္ေတာ့ ပိုေကာင္းတာေပါ့။ ဥပမာ ေဘာစိ က သူ႕ဆုံးျဖတ္ခ်က္အေပၚ မတင္မက်ျဖစ္ေနတာမ်ိဳးဆို  “boss ေျပာတာမွန္ပါတယ္၊ဒါမ်ိဳးေလးေရာ စဥ္းစားလို႕မရႏိုင္ဘူးလား” ဘာညာေပါ့၊ခင္ဗ်ား တို႕ လုပ္တတ္ပါတယ္။

 (၁၀) မုန္းရင္ေတာင္မွ ျပဳံးရႊင္စြာ အေကာင္းဆုံးၾကိဳးစားပါ။

ခင္ဗ်ား ဘယ္လိုပဲ ၾကိဳးစား၊ၾကိဳးစား တခ်ိဳ႕ ေဘာစိေတြကေတာ့ ဆိုးေနမွာပါပဲ။(ဆိုးတယ္ ဆိုတာမွာ ေအာ္တတ္၊ေငါက္တတ္၊နဲနဲေလးမွ အတိမ္းအေစာင္းမခံ၊လက္ေပါက္ကပ္၊ကပ္ေစးႏွဲ အမ်ိဳးမ်ိဳးရွိတတ္ပါတယ္။ သင္တို႕ရဲ့ ေဘာစိက အဲဒီလိုထဲက တစ္ေယာက္ျဖစ္ေနရင္ေတာ့ စိတ္မေကာင္းပါဘူး။{က်ေနာ္တို႕ ေဘာစိကေတာ့ ေကာင္းတဲ့ ေဘာစိ မို႕လို႕ ေတာ္ပါေသးရဲ့၊ဤသည္ကား စကားခ်ပ္}ဒီလို ျဖစ္လာျပီဆိုရင္ေတာ့ ေနာက္ဆုံးအၾကံေပးလိုတာကေတာ့ အေရခြံ ထူဖို႕၊အရစ္ခံ ႏိုင္ ဖို႕နဲ႕ အျပဳံးမပ်က္ဖို႕ပါပဲ။မုန္းစရာေကာင္းတဲ့ ေဘာစိ ရထားရင္ေတာင္ ျပဳံးျပီး အလုပ္လုပ္ႏိုင္ေအာင္ ၾကိဳးစားပါ။ ဘာလို႕လဲဆိုေတာ့ အျပဳံးမ်ားဟာ အမုန္းတရားကို တိုက္ခိုက္ဖို႕ အေကာင္းဆုံးလက္နက္မို႕ပါပဲ။ သင့္ရဲ့ အျပဳံးေတြ နဲ႕ အျပစ္ေျပာစရာမရွိတဲ့ လုပ္ေဆာင္မႈေတြေၾကာင့္ ဆိုးပါတယ္ ဆိုတဲ့ ေဘာစိ ေတြေတာင္ ေျပာင္းလဲသြားႏိုင္လို႕ပါပဲ။

 ဘယ္လိုလဲ။ေဘာစိ ခ်စ္ေအာင္ ေနၾကည့္ၾကမလား။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: akhayar

#Unicode Version

(၁) နှစ်လိုဖွယ် level ကိုမြှင့်တင်ပါလေ

တကယ်တော့ သင်ဟာ နှစ်လိုဖွယ်ကောင်းပြီးသား၊ချစ်ဖို့ကောင်းပြီးသား ဆိုတာကျနော်သိပါတယ်(မုန့် ကျွေးရမယ်နော်)။ဒါပေသိ နှစ်လိုဖွယ်ကောင်းပြီးသားကိုမှ level ထပ်မြှင့်လို့ရသေးရင် မြှင့်တင်လိုက်ပါ။ အိုဗာ အရမ်းကြီး တင်းဖို့ပြောတာတော့မဟုတ်ဘူးပေါ့ဗျာ။ လက်ရှိ နေပုံ၊ထိုင်ပုံ ပြောပုံ၊ဆိုပုံလေးတွေ ထက်ပိုကောင်းမယ်ထင်တာလေးတွေရှိရင်ပြင်ကြည့်ဖို့၊ပြီး အဝတ်အစားပိုင်းမှာ ဖိုသီဖတ်သီ များဖြစ်နေရင် ပြုပြင်ဖို့ လောက်ပါ။အပြောချိုချို၊ သန့်သန့် ပြန့်ပြန့်ဖြစ်နေရင် ဘောစိရယ်မှ မဟုတ်ပဲ လုပ်ဖော်ကိုင်ဘက် တွေကပါ သဘောကျ ကြမှာအမှန်ပါပဲ။

 (၂) မရှိရင် မဖြစ်တဲ့သူတစ်ယောက် ဖြစ်လောက်တဲ့အထိ ကြိုးစားပါ။

သင်ဟာ တကယ်တော်တဲ့ ဝန်ထမ်းကောင်းတစ်ဦး ဖြစ်နှင့်ပြီးသားဆိုရင်တော့ သင်မရှိရင် မဖြစ်ဘူးဆိုပြီး ဝန်ထမ်းအချင်းကဖြစ်စေ၊ဘောစိ ကိုယ်တိုင်ကဖြစ်စေ ပြောတာမျိုး ကြားဖူးပြီးသားဖြစ်ပါလိမ့်မယ်။အဲဒီစကားက နဲနဲပိုပြောတယ်လို့ ထင်ရပေမယ့် တကယ်တော့ သင့်အပေါ် အသိအမှတ်ပြုပြီး ပြောကြတာပါ။ သင်ရှိနေလို့ လုပ်ငန်းကွင်းဆက်လေးတွေ အချိတ်အဆက်မိမိ နဲ့ အချိန်မီ မြန်ဆန် လျှင်မြန်စွာပြီးစီးနေမှတော့ အားလုံးက လိုလားကြပြီပေါ့။သင့်နာမည်ရဲ့ နောက်မှာ မရှိလို့မဖြစ်ဘူးလို့ ရုံးမှာ ခဏခဏ ပြောသံတွေများလာရင် ဘောစိ ကလဲ ရာထူးတိုးပေးတာတို့၊bonus ပေးလာတာတို့ ဖြစ်လာပါလိမ့်မယ်။မရှိလို့ မဖြစ်တဲ့အဆင့်ရောက်ဖို့က သူများတွေထက် နဲနဲတော့ ပိုကြိုးစားရတာပေါ့။

 (၃) ဘောစိ အထာ နားလည်ပါ

ကိုယ့် ဘောစိ အတွက် ဘာတွေက အရေးကြီးသလဲ။ကိုယ့်ဘောစိ အလေးထားတာတွေကဘာတွေလဲ လေ့လာထားပေရော့ဗျို့။ ကိုယ့်ဘောစိ အတွက်တောင် အရေးကြီးမှ တော့ ကိုယ့်အတွက်လဲ အရေးကြီးတယ်လောက်တော့ လုပ်ကိုလုပ်ရတော့မှာ။ဘောစိအကြိုက် ၁၀၀ % မလုပ်နိုင်ရင်တောင် အကြိုက်လေးတွေသိအောင်လုပ်ထားတော့ ပြောဆိုခံရတာသက်သာတာပေါ့(တစ်ချို့ ဘောစိတွေ  ကရေလည် ဆူတာကလား)။အကြိုက်သိ၊အလိုက်သိတတ်တဲ့ ဝန်ထမ်းတွေဆို ဘယ်ဘောစိမှ သဘောမကျဘဲ မနေပါဘူး။

 (၄)သတင်းမှန်မှန် ပို့ပါရန်

မျက်နှာမြင် ချစ်ခင်ပါစေ ဆိုတာကတော့ ဟုတ်ပါပြီ။ချစ်ခင်ဖို့အတွက် မျက်နှာအရင်မြင်ဖို့ တော့လိုတယ်မလား။ဒီလိုပြောလို့ ကိုယ့်မျက်နှာကြီးကို ဘောစိမြင်အောင် ခဏခဏ သွားသွားပြခိုင်းနေတာမဟုတ်ဘူးနော်။ဆိုလိုရင်းက ကိုယ် အလုပ်လုပ်နေတဲ့အကြောင်း၊ဒီနေ့မှာတော့ ဒါတွေလုပ်ပြီး ဘာတွေလုပ်ဦးမယ်ဖြစ်တဲ့အကြောင်းတော့ ဘောစိကို ပုံမှန်သတင်းပို့ဖို့ပါ။ ဒီလိုပုံမှန် သတင်းပို့နိုင်ရင် နောက်ပိုင်း ဘောစိ ကိုယ်တိုင်ကိုယ်က {ဒီကလေး အလုပ်လုပ်ရှာသား၊မဆိုးဘူး ဘာညာ} ဖြစ်လာလိမ့်မယ်။မျက်မှန်းလဲတန်းမိသွားတာပေါ့။ ဂဒီးဂဒီးကြီးတော့ မသွားနဲ့ပေါ့။မျက်စိနောက်လို့ အဆဲခံနေရမှာစိုးလို့ပါ။

 (၅) အပြောလွတ်အောင် ကြိုတင်ရှောင်

ဘယ်သူ့မှတော့ ခြောက်ပစ် တွေကင်း ပြီး သဲတွေလည်း စင် မနေကြတာတော့ အမှန်ပါပဲ။လူဆိုတာ ကောင်းကွက်၊ဆိုးကွက် ကိုယ်စီလေးတွေနဲ့ ကိုး။ အဲဒီ ဆိုးကွက်လေးတွေကို ကိုယ့်ကိုယ်ကိုယ် အရင်သိထားဖို့လိုပါတယ်။သိချင်ရင် အလွယ်လေးဗျ။ ကိုယ့်ဘောစိနေရာကနေ ခံစားပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ကြည့်လိုက်။ ငါသာ ဘောစိသာဆို ငါ့ရဲ့ ဘာကိုများမျက်စိ စပါးမွှေးစူးမိမလဲပေါ့။ရုံးနောက်ကျတာပဲဖြစ်မလား၊စာရင်းတွက်ရင် သျှမ်းတတ်တာလား၊အသံကျယ်ကျယ် ပြောတတ်တာလား၊ခွင့်ခဏခဏ ယူတာပဲဖြစ်မလား ပေါ့။ အပြစ်ရှာလို့တွေ့ပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်သာ ကြိုဟောက်ထားပြီးပြုပြင်ထားကြည့်လိုက်ဗျို့။ အဲဒါဆို ဘောစိ ရဲ့ အပြောအဆို လွတ်ပြီပေါ့။

 (၆) မှားတာရှိရင် တောင်းပန်ပါကွယ်

ယောင်ပြီး အောင်လ သီချင်းကြီးလဲ သွားဆိုပြမနေနဲ့ဦး။ကိုယ့်ကြောင့် တစ်ခုခုလွဲချော်သွားပြီ ၊ မှားသွားပြီဆိုရင်တော့ ဘောစိကို တောင်းပန်ပါ။ တောင်းပန်တဲ့နေရာမှာလဲ တောင်းပန်ပုံ၊တောင်းပန်နည်းက အရေးကြီးပါတယ်။ သင်မှားသွားလို့ တောင်းပန်ပါတယ်ဆိုတာထက် သင်မှားလိုက်လို့ သင့်ဘောစိ ဘယ်လိုဆုံးရှုံးမှုတွေရှိသွားရ၊စိတ်အနှောင့်အယှက်ဖြစ်သွားရတာတွေ ကိုသိနားလည်ပြီး ချက်ကျလက်ကျ နောက်မဖြစ်စေရတော့မယ့်အကြောင်း ပြောပြတောင်းပန်နိုင်မယ်ဆို သင့်ဘောစိ လဲ အသားတွေ တစ်ဆတ်ဆတ်တုန်နေတာ တွေ နည်းပါးသွားမှာပါ။

 (၇) ရှင်းရှင်း၊လင်းလင်း နဲ့ ကင်းကင်း

အဆိုတော်နာမည်တွေလို့ မထင်လိုက်နဲ့ဦးနော်။ တစ်ချို့တွေ ရှိပါတယ်။ ဘောစိ အချစ်တော်ဖြစ်ဖို့ အတင်းကာရောကြီး ကပ်ဖားရပ်ဖား လုပ်တာမျိုးတွေ၊ရုံးတွင်းမှာ မိမိ မကြည်ဖြူသူတွေ ရဲ့ အကြောင်းတွေကို ပိုပိုသာသာတွေ ကုန်းချောပြောဆိုတာတွေ လုပ်တတ်တဲ့သူတွေ ရှိတတ်ပါတယ်။အဲဒီလိုလုပ်လို့ ဘောစိ ကသဘောကျမယ်လို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ တကယ်လုပ်သင့်တာက ကိုယ်လုပ်စရာရှိတာကို အပြည့်အဝလုပ်၊ရုံးတွင်း drama ခင်းတာတွေ၊အတင်း တုတ်တာတွေ နဲ့ ကင်းအောင်နေပြီး သူများဝေဖန်လာရင် တောင်အပြုံးမပျက် နေလိုက်ဖို့ပါပဲ။ရုံးတွင်း အရှုပ်အရှင်းတွေနဲ့ ရှင်းရှင်း၊လင်းလင်း နဲ့ ကင်းကင်း လဲဖြစ်၊ လုပ်စရာရှိတာကိုလဲ လုပ်နေတဲ့ သင့်ကို ဘောစိက ဘယ်လိုမှ အပြစ်မြင်နိုင်မှာ မဟုတ်ပါဘူး။

 (၈) မအားဘူး၊အလုပ်ရှုပ်နေတယ်။

မအားဘူး၊အလုပ်ရှုပ်နေတယ်။ဟုတ်တယ်။တခါတလေ ကိုယ်ကအလုပ်စောပြီးသွားလို့ ကိုယ့်စားပွဲရှေ့မှာ ဘာမှလဲမရှိတော့ပဲ ရှင်းလင်းသွားချိန်၊laptop တွေဘာတွေကိုလဲ sleep တွေဘာတွေ လုပ်ပြီး ပျင်းကြောဆန့်နေတဲ့ အခိုက်မှာမှ ဘောစိက ကိုယ့်ရှေ့ကဖြတ်ပြီးတွေ့သွားတဲ့ အခိုက်အတန့် လူတိုင်းမှာရှိတယ်။ ဘောစိ ဖျတ်ကနဲ မြင်လိုက်ရမှာကတော့ ပျင်းကြောဆန့်နေတဲ့ သင့်ပုံဖြစ်ပြီး ထင်သွားနိုင်တာကတော့ {ဟာ … အလုပ်မလုပ်ပဲ ပျင်းကြောတောင်ဆန့်နေလိုက်သေးသဟ} ဆိုတာမျိုးပေါ့။ဆိုတော့..အကြံလေးပေးလိုတာက အလုပ်တွေစောပြီးသွားရင်တောင် အလုပ်လုပ်နေတဲ့ ပုံလေးဖြစ်အောင် စားပွဲကို နဲနဲလေး တော့ ပွနေပါစေ။အလုပ် လုပ်နေတယ်ပေါ့လေ။(ဒီ တစ်ချက်ကို သင့်ဘောစိ အားမမြင်ပါစေနှင့်)



(၉) ပွင့်လင်းမြင်သာ ဖြေဆိုပါ

ဘောစိက မေးခွန်းတွေမေးတဲ့အခါ အဓိက အချက်က ရိုးသားစွာ ဖြေဖို့ပါ။ပြီး ကိုယ့်အဖြေက ပွင့်လင်းမြင်သာမှုရှိပြီး အသုံးဝင်ပါစေ။ အမြဲတမ်း “ဘောစိ always right” လုပ်နေလို့လဲ မဖြစ်ဘူးလေ။ ဘောစိတွေ သိချင်တာကို ရိုးရိုးသားသား သာ ဖြေပါ။ မယုတ်မလွန် လေးပြောတတ်ရင်တော့ ပိုကောင်းတာပေါ့။ ဥပမာ ဘောစိ က သူ့ဆုံးဖြတ်ချက်အပေါ် မတင်မကျဖြစ်နေတာမျိုးဆို  “boss ပြောတာမှန်ပါတယ်၊ဒါမျိုးလေးရော စဉ်းစားလို့မရနိုင်ဘူးလား” ဘာညာပေါ့၊ခင်ဗျား တို့ လုပ်တတ်ပါတယ်။

 (၁၀) မုန်းရင်တောင်မှ ပြုံးရွှင်စွာ အကောင်းဆုံးကြိုးစားပါ။

ခင်ဗျား ဘယ်လိုပဲ ကြိုးစား၊ကြိုးစား တချို့ ဘောစိတွေကတော့ ဆိုးနေမှာပါပဲ။(ဆိုးတယ် ဆိုတာမှာ အော်တတ်၊ငေါက်တတ်၊နဲနဲလေးမှ အတိမ်းအစောင်းမခံ၊လက်ပေါက်ကပ်၊ကပ်စေးနှဲ အမျိုးမျိုးရှိတတ်ပါတယ်။ သင်တို့ရဲ့ ဘောစိက အဲဒီလိုထဲက တစ်ယောက်ဖြစ်နေရင်တော့ စိတ်မကောင်းပါဘူး။{ကျနော်တို့ ဘောစိကတော့ ကောင်းတဲ့ ဘောစိ မို့လို့ တော်ပါသေးရဲ့၊ဤသည်ကား စကားချပ်}ဒီလို ဖြစ်လာပြီဆိုရင်တော့ နောက်ဆုံးအကြံပေးလိုတာကတော့ အရေခွံ ထူဖို့၊အရစ်ခံ နိုင် ဖို့နဲ့ အပြုံးမပျက်ဖို့ပါပဲ။မုန်းစရာကောင်းတဲ့ ဘောစိ ရထားရင်တောင် ပြုံးပြီး အလုပ်လုပ်နိုင်အောင် ကြိုးစားပါ။ ဘာလို့လဲဆိုတော့ အပြုံးများဟာ အမုန်းတရားကို တိုက်ခိုက်ဖို့ အကောင်းဆုံးလက်နက်မို့ပါပဲ။ သင့်ရဲ့ အပြုံးတွေ နဲ့ အပြစ်ပြောစရာမရှိတဲ့ လုပ်ဆောင်မှုတွေကြောင့် ဆိုးပါတယ် ဆိုတဲ့ ဘောစိ တွေတောင် ပြောင်းလဲသွားနိုင်လို့ပါပဲ။

ဘယ်လိုလဲ။ဘောစိ ချစ်အောင် နေကြည့်ကြမလား။

ဖိုးသူတော် (www.phothutaw.com)
Credit: akhayar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top