Property Expo
×

horrorယံုတဲ့သူ ရွိသလို မယံုတဲ့သူမ်ားလည္း ရွိျပီး ဇေ၀ဇ၀ါနဲ႔ က်န္ခဲ့တဲ့ ျဖစ္ ရပ္ေလး တစ္ခု ျဖစ္ပါတယ္။
၂၀၀၈ ခုႏွစ္ စက္တင္ဘာလ ၁၂ ရက္ေန႔က အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္၊ San Fernando ေတာင္ၾကားက မီးရထားလမ္္းမွ မီးရထား ေခါင္းခ်င္းဆိုင္တိုက္မွု တစ္ခု ျဖစ္ခဲ့ပါတယ္။ ရလဒ္ ကေတာ့ ၁၃၅ ဦး ဒဏ္ရာရျပီး ၂၅ ဦး ေသဆံုးခဲ့ပါတယ္။ ယင္းေသဆံုးသူ ထဲမွာ တစ္ေယာက္ကေတာ့ သူ႔မိသားစုထံ ဖုန္းေခၚခဲ့တဲ့ ျဖစ္ရပ္တစ္ခု ျဖစ္ပါ တယ္။
အသက္ ၄၉ ႏွစ္အရြယ္ Charles E.Peck ဟာေလဆိပ္မွာ အလုပ္လုပ္တဲ့ ၀န္ထမ္းတစ္ဦး ျဖစ္ျပီး အရြယ္ေရာက္ သားသမီး ၃ ဦးနဲ႔ ဇနီးတစ္ဦး ရွိပါတယ္။ အလုပ္အတြက္ အင္တာဗ်ဴးသြားေျဖ ရန္ ေလာ့အိမ္ဂ်လစ္ျမိဳ ႔သို႔ ရထားနဲ႔ သြားတာ ျဖစ္ပါတယ္။ ခရီးသည္ ၂၂၅ ဦး တင္ေဆာင္တဲ့ ယင္းရထား တစ္နာရီ ၈၃ မိုင္အရွိန္ရွိျပီး က တစ္ဖက္ကလာတဲ့ ရထား နဲ႔ ေခါင္းခ်င္းဆိုင္ တိုက္ပါတယ္။ အလူးလူး အလိမ့္လိမ့္နဲ႔ ႏွစ္စီးလံုး တိမ္းေမွာက္ျပီး ကယ္ဆယ္ေရးမ်ား လာေရာက္ခဲ့ရပါတယ္။
ရထားေမာက္ျပီး ၁၂ နာရီၾကာမွ ေသဆံုးေနသူ Charles ကုိေတြ႔ရွိပါတယ္။ သုိ႔ေပမယ့္ ရထားေမွာက္ျပီး ၁၁ နာရီလံုးလံုး ခ်ားစ္ဟာ သူ႔ဇနီးနဲ႔ သားသမီး ၃ ဦးစီ ဖုန္း ၃၅ ၾကိမ္ တိတိ ေခၚဆုိခဲ့ပါတယ္။ ဖုန္းကိုင္တဲ့အခ်ိန္က် ျပန္ေျဖ တဲ့ အသံမၾကားရပါဘူး။ ျပန္ေခၚေတာ့လည္း Message ထားခဲ့ပါရန္ ဆုိတဲ့ ေအာ္တို answer ကပဲ ေျဖၾကားပါတယ္။
ေနာက္ေတာ့ မိသားစုဟာ ခ်ားစ္မေသေသးဘူး ယံုၾကည္ခ်က္နဲ႔ တိမ္းေမွာက္တဲ့ ေနရာကိုလာျပီး ေစာင့္ဆိုင္းပါတယ္။ ဖုန္းအေခၚ ေနာက္ဆံုး call ျပီး တစ္နာရီၾကာျပီးမွာေတာ့ အသက္မရွိေတာ့တဲ့ ခ်ားစ္ကို ေတြ႔ရွိခဲ့ပါတယ္။ တစ္ခုထူးဆန္းတာက ခ်ားစ္အနားမွာ သူ႔ဖုန္း လံုး၀ မရွိပါဘူး။ အသက္ေသလုနီးနီးမွာ သူခ်စ္ရတဲ့ မိသားစုကို ဖုန္းေခၚတာ မွန္ေပမယ့္ ဖုန္းက်ေတာ့ အနီး၀န္းက်င္မွာ လုံး၀ မရွိပဲ ေပ်ာက္ပါေပ်ာက္ ဆံုးေနပါတယ္။ ေနာက္ေတာ့ အေလာင္းေတြ႔ျပီးခ်ိန္ မွာ ေတာ့ဖုန္းကို ေခၚလို႔ မရေတာ့ပါဘူး။ ရထားေမွာက္ျပီး ေပါက္ကြဲမွုထဲမွာ ဖုန္းပါသြားတယ္လို႔လည္ ယူဆၾကပါတယ္။
ယင္းကို ယံုၾကည္သူ ရွိသလို မယံုၾကည္သူမ်ားလည္း ရွိပါတယ္။ သုိ႔ေပမယ့္ ေၾကာက္စရာ၊ ၀မ္းနည္းစရာ ျဖစ္ရပ္တစ္ခုကေတာ့ ေသျပီးတဲ့ လူက သူ႔မိသားစုထံ ဖုန္းေခၚျခင္း ဆုိတာပဲ ျဖစ္ပါတယ္။
--

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yoyarlay

#Unicode Version
horrorယုံတဲ့သူ ရှိသလို မယုံတဲ့သူများလည်း ရှိပြီး ဇဝေဇဝါနဲ့ ကျန်ခဲ့တဲ့ ဖြစ် ရပ်လေး တစ်ခု ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ San Fernando တောင်ကြားက မီးရထားလမ်းမှ မီးရထား ခေါင်းချင်းဆိုင်တိုက်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။ ရလဒ် ကတော့ ၁၃၅ ဦး ဒဏ်ရာရပြီး ၂၅ ဦး သေဆုံးခဲ့ပါတယ်။ ယင်းသေဆုံးသူ ထဲမှာ တစ်ယောက်ကတော့ သူ့မိသားစုထံ ဖုန်းခေါ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါ တယ်။
အသက် ၄၉ နှစ်အရွယ် Charles E.Peck ဟာလေဆိပ်မှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတစ်ဦး ဖြစ်ပြီး အရွယ်ရောက် သားသမီး ၃ ဦးနဲ့ ဇနီးတစ်ဦး ရှိပါတယ်။ အလုပ်အတွက် အင်တာဗျူးသွားဖြေ ရန် လော့အိမ်ဂျလစ်မြို့သို့ ရထားနဲ့ သွားတာ ဖြစ်ပါတယ်။ ခရီးသည် ၂၂၅ ဦး တင်ဆောင်တဲ့ ယင်းရထား တစ်နာရီ ၈၃ မိုင်အရှိန်ရှိပြီး က တစ်ဖက်ကလာတဲ့ ရထား နဲ့ ခေါင်းချင်းဆိုင် တိုက်ပါတယ်။ အလူးလူး အလိမ့်လိမ့်နဲ့ နှစ်စီးလုံး တိမ်းမှောက်ပြီး ကယ်ဆယ်ရေးများ လာရောက်ခဲ့ရပါတယ်။
ရထားမောက်ပြီး ၁၂ နာရီကြာမှ သေဆုံးနေသူ Charles ကိုတွေ့ရှိပါတယ်။ သို့ပေမယ့် ရထားမှောက်ပြီး ၁၁ နာရီလုံးလုံး ချားစ်ဟာ သူ့ဇနီးနဲ့ သားသမီး ၃ ဦးစီ ဖုန်း ၃၅ ကြိမ် တိတိ ခေါ်ဆိုခဲ့ပါတယ်။ ဖုန်းကိုင်တဲ့အချိန်ကျ ပြန်ဖြေ တဲ့ အသံမကြားရပါဘူး။ ပြန်ခေါ်တော့လည်း Message ထားခဲ့ပါရန် ဆိုတဲ့ အော်တို answer ကပဲ ဖြေကြားပါတယ်။
နောက်တော့ မိသားစုဟာ ချားစ်မသေသေးဘူး ယုံကြည်ချက်နဲ့ တိမ်းမှောက်တဲ့ နေရာကိုလာပြီး စောင့်ဆိုင်းပါတယ်။ ဖုန်းအခေါ် နောက်ဆုံး call ပြီး တစ်နာရီကြာပြီးမှာတော့ အသက်မရှိတော့တဲ့ ချားစ်ကို တွေ့ရှိခဲ့ပါတယ်။ တစ်ခုထူးဆန်းတာက ချားစ်အနားမှာ သူ့ဖုန်း လုံး၀ မရှိပါဘူး။ အသက်သေလုနီးနီးမှာ သူချစ်ရတဲ့ မိသားစုကို ဖုန်းခေါ်တာ မှန်ပေမယ့် ဖုန်းကျတော့ အနီးဝန်းကျင်မှာ လုံး၀ မရှိပဲ ပျောက်ပါပျောက် ဆုံးနေပါတယ်။ နောက်တော့ အလောင်းတွေ့ပြီးချိန် မှာ တော့ဖုန်းကို ခေါ်လို့ မရတော့ပါဘူး။ ရထားမှောက်ပြီး ပေါက်ကွဲမှုထဲမှာ ဖုန်းပါသွားတယ်လို့လည် ယူဆကြပါတယ်။
ယင်းကို ယုံကြည်သူ ရှိသလို မယုံကြည်သူများလည်း ရှိပါတယ်။ သို့ပေမယ့် ကြောက်စရာ၊ ဝမ်းနည်းစရာ ဖြစ်ရပ်တစ်ခုကတော့ သေပြီးတဲ့ လူက သူ့မိသားစုထံ ဖုန်းခေါ်ခြင်း ဆိုတာပဲ ဖြစ်ပါတယ်။
--


ဖိုးသူတော် (www.phothutaw.com)
Credit:Yoyarlay
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top