Property Expo
×

လူမႈကြန္ရက္တစ္ခုေပၚတင္ထားသည့္ အေၾကာင္းအရာတစ္ခုႏွင့္ ပတ္သက္၍ ေဒါသျဖစ္ေနၾကေသာ ဘဂၤလားေဒ႔ရွ္ႏိုင္ငံအေရွ႕ပိုင္းရွိ အစၥလာမ္ဘာသာဝင္ ရာေပါင္းမ်ားစြာက ဟိႏၵဴဘုရားရွိခိုးေက်ာင္းမ်ားႏွင့္ ဟိႏၵဴဘာသာဝင္တို႔၏ ေနအိမ္မ်ားကိုတိုက္ခိုက္ဖ်က္ဆီးသည့္အုပ္စုလိုက္အၾကမ္းဖက္မႈတစ္ခုျဖစ္ပြားခဲ့ေၾကာင္း ဘဂၤလားေဒ့ရွ္ ရဲတပ္ဖြဲ႕ဝင္တစ္ဦးက တနလၤာေန႔တြင္ ေျပာၾကားသည္။

အဆိုပါအၾကမ္းဖက္တိုက္ခိုက္ဖ်က္ဆီးမႈတြင္ပါဝင္သည္ဟု သံသယရွိသည့္ လူ ၁၅ ဦးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးထားသည္။အစၥလာမ္ဘာသာဝင္တို႔၏အထြတ္အျမတ္ထားရာ ေနရာတစ္ခုျဖစ္ေသာ
 ေဆာ္ဒီအာေရဗ်ႏိုင္ငံ မကၠာၿမိဳ႕ရွိ ကားဘာဘာသာသာေရးအေဆာက္အအံုေပၚတြင္ ဟိႏၵဴရွီဗာ နတ္သမီး႐ုပ္ေရးဆြဲထားသည့္ ဓာတ္ပံုတစ္ပံု ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ စာမ်က္ႏွာေပၚသို႔ တင္ခဲ့သည့္ဂယက္ေၾကာင့္ ေပါက္ကြဲေဒါသထြက္ကာ ယခုကဲ့သို႔ အၾကမ္းဖက္တိုက္ခိုက္ၾကျခင္းျဖစ္သည္။



အဆိုပါဓာတ္ပံု လူမႈကြန္ရက္ေပၚတင္ခဲ့သည့္သတင္းသည္ အစၥလာမ္ဘာသာဝင္အမ်ားစုရွိသည့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ ပ်ံ႕ႏွံ႔သြားခဲ့ၿပီး တနဂၤေႏြေန႔တြင္ လူရာေပါင္းမ်ားစြာက ဒါကာၿမိဳ႕ေတာ္ အေရွ႕ဘက္ရွိ ဟိႏၵဴဘုရား ရွိခိုးေက်ာင္းမ်ားႏွင့္ ဟိႏၵဴဘာသာဝင္တို႔၏ ေနအိမ္မ်ား ကို ႏွစ္နာရီခန္႔ၾကာ ဆူပူအၾကမ္္းဖက္ဖ်က္ဆီး တိုက္ခိုက္ခဲ့ၾက သည္ဟု ေဒသဆိုင္ရာ ရဲအရာရွိ အဗၺဒူခရင္က ေျပာၾကားသည္။

လူေနအိမ္ အလံုး ၁ဝဝ ခန္႔ႏွင့္ ဟိႏၵဴဘုရားရွိခိုးေက်ာင္း ငါးေက်ာင္း လုယက္ဖ်က္ဆီးခံရသည္ဟု ရဲတပ္ဖြဲ႕က ေျပာၾကားသည္။ အဓိက႐ုုဏ္းတြင္ ပါဝင္ခဲ့သူအခ်ဳိ႕ကစိတ္အေႏွာင့္အယွက္ျဖစ္ေစသည့္ အဆိုပါဓာတ္ပံုကို အသက္ (၂၇)ႏွစ္အရြယ္ အမ်ဳိးသားတစ္ဦးတင္ခဲ့သည္ဟု ထင္ျမင္ယူ ဆခဲ့ၾကေသာ္လည္း ရဲတပ္ဖြဲ႕က အခိုင္အမာ စြပ္စြဲျခင္းမရွိေသးဘဲ စံုစမ္းစစ္ေဆးေနဆဲျဖစ္သည္ဟု အဗၺဒူခရင္က ေျပာၾကားသည္။

ဒါကာၿမိဳ႕အေရွ႕ဘက္ ကီလိုမီတာ ၁၅ဝ အကြာ(၉၄ မိုင္) ဆူပူ အၾကမ္းဖက္မႈ ျဖစ္ပြားခဲ့သည့္ အဆိုပါေဒသသို႔ ရဲတပ္ဖြဲ႕ႏွင့္ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္ အရန္တပ္ကူအဖြဲ႕မ်ား ျဖန္႔ၾကက္ခ်ထားသည္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ ယခုကဲ့သို႔ ဟိႏၵဴဘာသာဝင္မ်ားႏွင့္ အစၥလာမ္ဘာသာဝင္မ်ားအၾကား ဖ်က္ဆီးတိုက္ခိုက္ျခင္းႏွင့္ ပဋိပကၡျဖစ္ပြားျခင္းမ်ားသည္ ထူးျခားေသာျဖစ္ရပ္ဟု ယူဆရေသာ္လည္း အစြန္းေရာက္အစၥလာမၼစ္စစ္ေသြးၾကြမ်ားက လူနည္းစုဘာသာဝင္မ်ားႏွင့္ ဘာသာမဲ့မ်ားကို ပစ္မွတ္ထားတိုက္ခိုက္သည့္အၾကမ္းဖက္မႈမ်ားႏွင့္ ရင္ဆိုင္ေနရသည္။

၂ဝ၁၂ ခုႏွစ္ကလည္း ပင္လယ္ကမ္းေျခၿမိဳ႕ျဖစ္ေသာ ေကာ့ဘဇားၿမိဳ႕တြင္ အစၥလာမ္ဘာသာဝင္မ်ား က ဗုဒၶဘာသာဘုန္းေတာ္ႀကီးေက်ာင္းမ်ား၊ လူေနအိမ္မ်ားႏွင့္ ေစ်းဆိုင္မ်ားကို မီး႐ႈိ႕ဖ်က္ဆီးခဲ့ၾကသည္။


 ဖိုးသူေတာ္ (www.phothutaw.com)
Credit:MOI Webportal Myanmar

#Unicode Version
လူမှုကွန်ရက်တစ်ခုပေါ်တင်ထားသည့် အကြောင်းအရာတစ်ခုနှင့် ပတ်သက်၍ ဒေါသဖြစ်နေကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့ပိုင်းရှိ အစ္စလာမ်ဘာသာဝင် ရာပေါင်းများစွာက ဟိန္ဒူဘုရားရှိခိုးကျောင်းများနှင့် ဟိန္ဒူဘာသာဝင်တို့၏ နေအိမ်များကို တိုက်ခိုက်ဖျက်ဆီးသည့် အုပ်စုလိုက်အကြမ်းဖက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ဝင်တစ်ဦးက တနင်္လာနေ့တွင် ပြောကြားသည်။

အဆိုပါအကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုတွင်ပါဝင်သည်ဟု သံသယရှိသည့် လူ ၁၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။ အစ္စလာမ်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ နေရာတစ်ခုဖြစ်သော ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ရှိ ကားဘာဘာသာသာရေးအဆောက်အအုံပေါ်တွင် ဟိန္ဒူရှီဗာ နတ်သမီးရုပ်ရေးဆွဲထားသည့် ဓာတ်ပုံတစ်ပုံ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာပေါ်သို့ တင်ခဲ့သည့်ဂယက်ကြောင့် ပေါက်ကွဲဒေါသထွက်ကာ ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်ကြခြင်းဖြစ်သည်။


အဆိုပါဓာတ်ပုံ လူမှုကွန်ရက်ပေါ်တင်ခဲ့သည့်သတင်းသည် အစ္စလာမ်ဘာသာဝင်အများစုရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပျံ့နှံ့သွားခဲ့ပြီး တနင်္ဂနွေနေ့တွင် လူရာပေါင်းများစွာက ဒါကာမြို့တော် အရှေ့ဘက်ရှိ ဟိန္ဒူဘုရား ရှိခိုးကျောင်းများနှင့် ဟိန္ဒူဘာသာဝင်တို့၏ နေအိမ်များ ကို နှစ်နာရီခန့်ကြာ ဆူပူအကြမ်းဖက်ဖျက်ဆီး တိုက်ခိုက်ခဲ့ကြ သည်ဟု ဒေသဆိုင်ရာ ရဲအရာရှိ အဗ္ဗဒူခရင်က ပြောကြားသည်။

လူနေအိမ် အလုံး ၁ဝဝ ခန့်နှင့် ဟိန္ဒူဘုရားရှိခိုးကျောင်း ငါးကျောင်း လုယက်ဖျက်ဆီးခံရသည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။ အဓိကရုုဏ်းတွင် ပါဝင်ခဲ့သူအချို့ကစိတ်အနှောင့်အယှက်ဖြစ်စေသည့် အဆိုပါဓာတ်ပုံကို အသက် (၂၇)နှစ်အရွယ် အမျိုးသားတစ်ဦးတင်ခဲ့သည်ဟု ထင်မြင်ယူ ဆခဲ့ကြသော်လည်း ရဲတပ်ဖွဲ့က အခိုင်အမာ စွပ်စွဲခြင်းမရှိသေးဘဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု အဗ္ဗဒူခရင်က ပြောကြားသည်။

ဒါကာမြို့အရှေ့ဘက် ကီလိုမီတာ ၁၅ဝ အကွာ(၉၄ မိုင်) ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့် အဆိုပါဒေသသို့ ရဲတပ်ဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် အရန်တပ်ကူအဖွဲ့များ ဖြန့်ကြက်ချထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုကဲ့သို့ ဟိန္ဒူဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအကြား ဖျက်ဆီးတိုက်ခိုက်ခြင်းနှင့် ပဋိပက္ခဖြစ်ပွားခြင်းများသည် ထူးခြားသောဖြစ်ရပ်ဟု ယူဆရသော်လည်း အစွန်းရောက်အစ္စလာမ္မစ်စစ်သွေးကြွများက လူနည်းစုဘာသာဝင်များနှင့် ဘာသာမဲ့များကို ပစ်မှတ်ထားတိုက်ခိုက်သည့်အကြမ်းဖက်မှုများနှင့် ရင်ဆိုင်နေရသည်။

၂ဝ၁၂ ခုနှစ်ကလည်း ပင်လယ်ကမ်းခြေမြို့ဖြစ်သော ကော့ဘဇားမြို့တွင် အစ္စလာမ်ဘာသာဝင်များ က ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များနှင့် ဈေးဆိုင်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။



 ဖိုးသူတော် (www.phothutaw.com)
Credit:MOI Webportal Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top