Property Expo
×

 ရွမ္းျပည္နယ္ေျမာက္ ပိုင္း နမ့္လန္ၿမိဳ႕မေစ်းတြင္ ႏုိ၀င္ ဘာ ၆ ရက္ညက မီးေလာင္ခဲ့ၿပီး ေစ်းတစ္ခုလံုး မီးေလာင္ျပာက်ခဲ့ ေၾကာင္း ေဒသတြင္း လူမႈေရးအဖဲြ႕ မ်ားမွ သတင္းရရွိသည္။

သီေပါၿမိဳ႕နယ္ နမ့္လန္ၿမိဳ႕၏ တစ္ခုတည္းေသာ ၿမိဳ႕မေစ်းတြင္ ႏုိ၀င္ဘာ ၆ ရက္ ည ၇ နာရီခန္႔က စတင္မီးေလာင္ကာ တစ္ေစ်းလံုး မီးထဲပါသြားခဲ့ေၾကာင္း ဇီ၀ိတလူမႈ ကူညီေရးအဖဲြ႕ဥကၠ႒ ဦးတင္ ေမာင္သိန္းက ေျပာသည္။ မီး ေလာင္ကၽြမ္းၿပီး ၂နာရီေက်ာ္အ ၾကာ ည ၉ နာရီခန္႔တြင္ မီးထိန္းႏိုင္ ခဲ့ေၾကာင္း သတင္းရရွိသည္။

‘‘ဆုိင္ခန္းေတြ အကုန္ပါ သြားတယ္။ အခန္းအေရအတြက္ ကို တာ၀န္ရွိသူေတြလည္း မေျဖ အားေသးဘူးျဖစ္ေနတယ္။ ေစ်း ကေနဆက္မကူးေအာင္ ဆုိင္ခန္း ေတြကို ဘက္ဟိုးနဲ႔ရသမွ် ဖ်က္ခ် လိုက္ၾကရတာ။ ေက်ာက္မဲနဲ႔ သီ ေပါက မီးသတ္ကားေတြ အကုန္ ေရာက္ေနတယ္’’ဟု ဦးတင္ေမာင္ သိန္းက ႏုိ၀င္ဘာ ၆ ရက္ ည ၁၀ နာရီခန္႔တြင္ ေျပာသည္။

မီးေလာင္ကၽြမ္းမႈျဖစ္စဥ္ကို အတိအက်မသိရေသးေၾကာင္း သီေပါၿမိဳ႕မရဲစခန္းတာ ၀န္ရွိသူ တစ္ဦးက ေျပာသည္။ ယခု မီး ေလာင္ကၽြမ္းမႈမွာ ရွမ္းျပည္နယ္ ေျမာက္ပိုင္း နမ့္ဆန္ၿမိဳ႕တြင္ ၂၀၁၆ ႏွစ္ဆန္းက တစ္ၿမိဳ႕လံုးနီး ပါး မီးေလာင္ကၽြမ္းၿပီးေနာက္ ေဒ သတြင္း အဆုိးရြားဆံုး မီးေလာင္ ကၽြမ္းမႈျဖစ္ေၾကာင္း ေဒသခံမ်ား က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
  ရှမ်းပြည်နယ်မြောက် ပိုင်း နမ့်လန်မြို့မဈေးတွင် နိုဝင် ဘာ ၆ ရက်ညက မီးလောင်ခဲ့ပြီး ဈေးတစ်ခုလုံး မီးလောင်ပြာကျခဲ့ ကြောင်း ဒေသတွင်း လူမှုရေးအဖွဲ့ များမှ သတင်းရရှိသည်။


သီပေါမြို့နယ် နမ့်လန်မြို့၏ တစ်ခုတည်းသော မြို့မဈေးတွင် နိုဝင်ဘာ ၆ ရက် ည ၇ နာရီခန့်က စတင်မီးလောင်ကာ တစ်ဈေးလုံး မီးထဲပါသွားခဲ့ကြောင်း ဇီဝိတလူမှု ကူညီရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင် မောင်သိန်းက ပြောသည်။ မီး လောင်ကျွမ်းပြီး ၂နာရီကျော်အ ကြာ ည ၉ နာရီခန့်တွင် မီးထိန်းနိုင် ခဲ့ကြောင်း သတင်းရရှိသည်။

‘‘ဆိုင်ခန်းတွေ အကုန်ပါ သွားတယ်။ အခန်းအရေအတွက် ကို တာဝန်ရှိသူတွေလည်း မဖြေ အားသေးဘူးဖြစ်နေတယ်။ ဈေး ကနေဆက်မကူးအောင် ဆိုင်ခန်း တွေကို ဘက်ဟိုးနဲ့ရသမျှ ဖျက်ချ လိုက်ကြရတာ။ ကျောက်မဲနဲ့ သီ ပေါက မီးသတ်ကားတွေ အကုန် ရောက်နေတယ်’’ဟု ဦးတင်မောင် သိန်းက နိုဝင်ဘာ ၆ ရက် ည ၁၀ နာရီခန့်တွင် ပြောသည်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်ကို အတိအကျမသိရသေးကြောင်း သီပေါမြို့မရဲစခန်းတာ ဝန်ရှိသူ တစ်ဦးက ပြောသည်။ ယခု မီး လောင်ကျွမ်းမှုမှာ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့တွင် ၂၀၁၆ နှစ်ဆန်းက တစ်မြို့လုံးနီး ပါး မီးလောင်ကျွမ်းပြီးနောက် ဒေ သတွင်း အဆိုးရွားဆုံး မီးလောင် ကျွမ်းမှုဖြစ်ကြောင်း ဒေသခံများ က ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top