Property Expo
×

သုေတသနျပဳခ်က္အရ ညဆိုင္းအလုပ္လုပ္သူမ်ားသည္ က်န္းမာေရး အေျခ အေနကေမာက္က မျဖစ္တတ္သည္။ အမ်ိဳးသမီးမ်ားဆိုလွ်င္ ရာသီမမွန္ျခင္း၊ အရိုးပြေရာဂါျဖစ္ျခင္း၊ရင္သားကင္ဆာျဖစ္ျခင္း၊ ကိုယ္၀န္မရရွိႏိုင္ျခင္း စသည့္ေရာဂါမ်ားပိုမိုျဖစ္တတ္သည္။

ညသန္းေခါင္ည၁၂နာရီ၁၀မိနစ္အထိမအိပ္ေသးသူမ်ားတြင္ခႏၶာကိုယ္၏ဇီ၀ျဖစ္ပ်က္ေျပာင္းလဲျဖစ္စဥ္မ်ားသည္ ကိုယ္တြင္းအရည္ေလာင္ကၽြမ္းမႈကိုသာအားကိုးရသည္။ကိုယ္တြင္းအရည္ ေလာင္ ကၽြမ္းမႈသည္ အဆိပ္အေတာက္ျဖစ္ေပၚမႈမ်ားတတ္သည္။

ခႏၶာကုိယ္၏‘သက္ေစာင့္ရည္’မ်ားကိုအက္ဆစ္ဓါတ္ျဖစ္ေစႏိုင္သည္။ထို႔ေၾကာင့္ခဏခဏအိပ္ေရးပ်က္ခံသူမ်ား
သည္ ေဆးလိပ္ေသာက္၊ အရက္ေသာက္သူမ်ားျဖစ္ႏိုင္သည့္ေရာဂါမ်ိဳးမ်ား
ငါးဆပိုျဖစ္ႏိုင္သည္။ ထို႔ေၾကာင့္ ေန႔စဥ္အတတ္ႏိုင္ဆံုး ည ၁၁-နာရီ မတိုင္မီ အိပ္ရမည္္။

မျဖစ္မေနညအလုပ္လုပ္ရန္ရွိသည္ဆိုလွ်င္လဲ (အသားမပါေသာ) ညလယ္စာစားလွ်င္ ခံသာေသးသည္။နံနက္အခါ ေနထြက္သည္။

လူ႔ခႏၶာကိုယ္လဲ သဘာ၀ ေလာကႀကီးတြင္ တည္ရွိၿပီး အခ်ိန္မွန္မွန္၊စည္း ခ်က္က်က်လႈပ္ရွားမွသာ က်န္းမာေပ်ာ္ရႊင္မည္။

ည ၉-နာရီ မွ နံနက္၃-နာရီ = ခႏၶာကို္ယ္အားျဖည့္ခ်ိန္

ည ၉-နာရီ မွ ည ၁၁-နာရီ = ေရာဂါခုခံကာကြယ္စနစ္အခ်ိိန္

(အလယ္တန္းေအာက္ ကေလးသူငယ္မ်ားသည္ေရာဂါခုခံကာကြယ္စနစ္ တည္ေဆာက္မႈမျပည့္စံုေသးသျဖင့္ ည ၉-နာရီတြင္အိပ္ႏိုင္လွ်င္ေကာင္း၏)

ည ၁၁-နာရီ မွ နံနက္ ၁-နာရီ = ရိုးတြင္းခ်ဥ္ဆီမွ ေသြးနီဥ တည္ေဆာက္ခ်ိန္

နံနက္ ၁-နာရီ မွ နံနက္ ၃-နာရီ= အသည္း၏အခ်ိန္

နံနက ၃-နာရီ မွ နံနက္ ၅-နာရီ= အသက္ရႈစနစ္အတြက္အခ်ိန္

နံနက္ ၄-နာရီ = ခႏၶာကိုယ္၏ ေသြးခုန္အားအေပ်ာ့ဆံုး၊ ႏွလံုးခုန္ႏႈန္း အေႏွးဆံုးအခ်ိန္

(ေဆးပညာတြင္ ‘အႏၱရာယ္မ်ားသည့္ေလးနာရီ’ ဟုေျပာစမွတ္ျပဳၾကသည္။ လက္ေတြ႔တြင္ ဤအခ်ိန္၌ ရင္ၾကပ္၊ႏွလံုး၊ေလျဖတ္၊ဦးေႏွာက္ေ သြးေၾကာေ ရာဂါ၊ေသြးတိုးေရာဂါ စသည္တို႔ ေရာဂါေဖာက္ျပန္ေသာ အခ်ိန္ျဖစ္တတ္ သည္။ ထို႔ေၾကာင့္အဘိုးအဘြားမ်ား နံနက္ ၅-နာရီေက်ာ္မွကိုယ္လက္လႈပ္ရွားလမ္းေလွ်ာက္ထြက္သင့္သည္။)

နံနက္ ၅-နာရီ မွ နံနက္ ၇-နာရီ = အူမႀကီးအလႈပ္ရွားဆံုးအခ်ိန္

နံနက္ ၇-နာရီ မွ နံနက္ ၉-နာရီ = အစာအိမ္အလႈပ္ရွားဆံုးအခ်ိန္
(ထို႔ေၾကာင့္ နံနက္ ၇-နာရီ မတိုင္ခင္ နံနက္စာစားသင့္သည္)

နံနက္ ၉-နာရီ မွ နံနက္ ၁၁-နာရီ = သရက္ရြက္အလႈပ္ရွားဆံုးအခ်ိန္

နံနက္ ၁၁-နာရီ မွ ေန႔လယ္ ၁-နာရီ = ရိုးတြင္းခ်ဥ္ဆီ ေသြးတည္ေဆာက္ခ်ိန္
(ေကာင္းစြာအနားယူႏိုင္ပါက ေသြးအားနည္းေရာဂါမျဖစ္ေတာ့ေပ)

ေန႔လယ္ ၁-နာရီ မွ ညေန ၃-နာရီ = အူသိမ္အလႈပ္ရွားဆံုးအခ်ိန္

(ေန႔လယ္ ၁-နာရီ မတိုင္ခင္ေန႔လည္စာစားလွ်င္ေကာင္း၏ – သို႔မဟုတ္က အစာအိမ္ေရာဂါေလထိုးေလေအာင့္ေရာဂါျဖစ္တတ္သည္။)

ညေန ၃-နာရီ မွ ညေန ၅-နာရီ = ဆီးအိမ္အလႈပ္ရွားဆံုးအခ်ိန္
(ဤအခ်ိန္တြင္ေရမ်ားမ်ားေသာက္ရန္အေရးႀကီးသည္။)

ညေန ၅-နာရီ မွ ည ၇-နာရီ = ေက်ာက္ကပ္အလႈပ္ရွားဆံုးအခ်ိန္

ည ၇-နာရီမွ ည ၉-နာရီ = ႏွလံုးႏွင့္ဦးေႏွာက္အာရံုေၾကာစနစ္၏ အလႈပ္ရွား ဆံုးအခ်ိန္
(ဤသည္မွာ ေရွးတရုတ္တိုင္းရင္းေဆးပညာရွင္တို႔၏ အဆိုျဖစ္သည္။)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေတြးမိေတြးရာ အျဖာျဖာ

#Unicode Version
သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေး အခြေ အနေကမောက်က မဖြစ်တတ်သည်။ အမျိုးသမီးများဆိုလျှင် ရာသီမမှန်ခြင်း၊ အရိုးပွရောဂါဖြစ်ခြင်း၊ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့်ရောဂါများပိုမိုဖြစ်တတ်သည်။

ညသန်းခေါင်ည၁၂နာရီ၁၀မိနစ်အထိမအိပ်သေးသူများတွင်ခန္ဓာကိုယ်၏ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာအားကိုးရသည်။ကိုယ်တွင်းအရည် လောင် ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်။

ခန္ဓာကိုယ်၏‘သက်စောင့်ရည်’များကိုအက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ထို့ကြောင့်ခဏခဏအိပ်ရေးပျက်ခံသူများ

သည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်သည့်ရောဂါမျိုးများ
ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။

မဖြစ်မနေညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။နံနက်အခါ နေထွက်သည်။

လူ့ခန္ဓာကိုယ်လဲ သဘာ၀ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊စည်း ချက်ကျကျလှုပ်ရှားမှသာ ကျန်းမာပျော်ရွှင်မည်။

ည ၉-နာရီ မှ နံနက်၃-နာရီ = ခန္ဓာကိုယ်အားဖြည့်ချိန်

ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန်

(အလယ်တန်းအောက် ကလေးသူငယ်များသည်ရောဂါခုခံကာကွယ်စနစ် တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင်အိပ်နိုင်လျှင်ကောင်း၏)

ည ၁၁-နာရီ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်

နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန်

နံနက ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်

နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန်

(ဆေးပညာတွင် ‘အန္တရာယ်များသည့်လေးနာရီ’ ဟုပြောစမှတ်ပြုကြသည်။ လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်ေ သွးကြောေ ရာဂါ၊သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ် သည်။ ထို့ကြောင့်အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။)

နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန်

နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)

နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန်

နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန်
(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)

နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန်

(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ – သို့မဟုတ်က အစာအိမ်ရောဂါလေထိုးလေအောင့်ရောဂါဖြစ်တတ်သည်။)

ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန်
(ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)

ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်

ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏ အလှုပ်ရှား ဆုံးအချိန်
(ဤသည်မှာ ရှေးတရုတ်တိုင်းရင်းဆေးပညာရှင်တို့၏ အဆိုဖြစ်သည်။)


ဖိုးသူတော် (www.phothutaw.com)
Credit:တွေးမိတွေးရာ အဖြာဖြာ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top