Property Expo
×







Credit: 7 day daily

#Unicode Version

ယမန်နေ့က ကစားခဲ့ သော အာဖရိကကမ္ဘာ့ဖလားခြေ စစ်ပွဲတွင်နိုင်ဂျီးရီးယားက ဧည့် သည်အယ်လ်ဂျီးရီးယားကို သုံးဂိုး ပြတ်အနိုင်ရရှိခဲ့ပြီး ကင်မရွန်းကို လေးမှတ်ဖြတ်ကာ အုပ်စု (B) ကို ဦးဆောင်နေသည်။

ယင်းပွဲတွင် ဗစ်တာမော့ ဘက်က နှစ်ဂိုး၊ အိုဘီမီခေးလ်က တစ်ဂိုး သွင်းယူခဲ့သည်။

ဘာကီနာဖာဆိုကလည်း ကေ့ပ်ဗာဒီကို လေဂိုးပြတ် အနိုင်ရ ပြီး အုပ်စု (D) ကို ဦးဆောင်နေ သည်။

ယူဂန်ဒါက ကွန်ဂိုကို ၁-၀ ဂိုးဖြင့် အနိုင်ရကာ အုပ်စု (E) တွင် အုပ်စုဗိုလ်နေရာ ရယူထား သည်။

ဆီနီဂေါမှာမူ တောင်အာဖ ရိကတွင် အငြင်းပွားဖွယ်ရာ အ ခြေအနေများ ကြုံတွေ့ကာ ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီး အုပ်စု (D) တတိ ယနေရာ၌ ရပ်တည်နေသည်။

အာဖရိက ခြေစစ်ပွဲတွင် လေးသင်းစီပါဝင်သော အုပ်စု ငါးစု၏ ဒုတိယပွဲစဉ်များ ကစား နေခြင်းဖြစ်ကာ အုပ်စုဗိုလ်နေရာ ရရှိသူများသာ နောက်တစ်ဆင့် တက်ရေး သေချာကြောင်း သိရ သည်။ 

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top