Property Expo
×

  ေျမာက္ဒဂံုႏွင့္ ဆူးေလသို႔ ေျပးဆြဲသည့္ ဘီအမ္ခရီးသည္တင္၏ ယာဥ္ေနာက္လိုက္က ယာဥ္စီးခပိုမိုေတာင္းခံ၍ မေက် နပ္ေၾကာင္း ေျပာၾကားသည့္ အ သက္ (၆၀) အရြယ္ ခရီးသည္တစ္ ဦးကို ယာဥ္ေပၚမွ ကန္ခ်ကာ လက္ သီးျဖင့္ ထိုးႏွက္ခဲ့ေၾကာင္း သတင္းရရွိသည္။

‘‘ခံရတဲ့ ခရီးသည္က အမႈဖြင့္မသြားဘူး။ တရား႐ုံးနဲ႔ ရဲစခန္းမ လာခ်င္လို႔ဆိုၿပီး လက္မွတ္ထိုးၿပီး ပဲ ျပန္သြားတယ္’’ဟု အေနာက္ ပိုင္းခ႐ိုင္ရဲစခန္းမွ ရဲအရာရွိတစ္ဦး က ေျပာသည္။

ႏုိ၀င္ဘာ ၁၆ ရက္ နံနက္ ၁၀ နာရီခန္႔တြင္ ေျမာက္ဒဂံုမွ ဆူးေလသို႔သြားေသာ ဘီအမ္ခရီးသည္တင္ယာဥ္တြင္ လိုက္ပါစီးနင္းလာသည့္ အသက္ (၆၀) အရြယ္ ခရီးသည္အမ်ဳိးသားတစ္ဦးက ယာဥ္စီးခပိုမိုေတာင္းခံျခင္းကို မေက်နပ္၍ ေျပာၾကားရာမွ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ရန္ကင္း ၁၂ လံုးတန္းမွတ္ တိုင္မွ စီးနင္းလာသည့္ အဆိုပါ ခရီးသည္က တစ္မွတ္တိုင္ခရီးကို ယာဥ္စီးခ  ပိုမိုေတာင္းခံေသာ ေၾကာင့္ မေပးသျဖင့္ ယာဥ္ေနာက္လိုက္က ၁၂ လံုးတန္းမီးပြိဳင့္အေရာက္တြင္ ကားေပၚမွကန္ခ်ကာ လက္သီးျဖင့္ ထိုးခဲ့ျခင္းျဖစ္သည္။

အဆိုပါခရီးသည္သည္ ႏႈတ္ ခမ္းေထာင့္အတြင္း၊ အျပင္တြင္ ေပါက္ၿပဲဒဏ္ရာမ်ားရရွိခဲ့ၿပီး အနီးနားမွ ေစ်းသည္အခ်ဳိ႕က ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ယခုျဖစ္စဥ္ကဲ့သို႔ပင္ ယာဥ္ ေနာက္လိုက္က ခရီးသည္မ်ားအ ေပၚ ရမ္းကားေသာျဖစ္စဥ္မ်ားရွိ ေနၿပီး မၾကာမီက ၁၀၇ မီနီဘတ္စ္ယာဥ္လိုင္းကလည္း ဂိတ္ဆံုးမွတ္ တိုင္ သီရိမဂၤလာေစ်းေဟာင္းသို႔ မေမာင္းဘဲ ဆင္မလိုက္မွတ္တိုင္ မွ ေနာက္ျပန္လွည့္လာျခင္းကို ခရီးသည္တစ္ဦးက ေျပာသျဖင့္ လက္ သီးျဖင့္ ထိုးႏွက္ခဲ့ရာ ရဲစခန္းသို႔ေရာက္ရွိခဲ့ၿပီး အဆုိပါ ယာဥ္ေနာက္လုိက္က က်ပ္ႏွစ္သိန္းေပးေလ်ာ္ခဲ့ရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
  မြောက်ဒဂုံနှင့် ဆူးလေသို့ ပြေးဆွဲသည့် ဘီအမ်ခရီးသည်တင်၏ ယာဉ်နောက်လိုက်က ယာဉ်စီးခပိုမိုတောင်းခံ၍ မကျေ နပ်ကြောင်း ပြောကြားသည့် အ သက် (၆၀) အရွယ် ခရီးသည်တစ် ဦးကို ယာဉ်ပေါ်မှ ကန်ချကာ လက် သီးဖြင့် ထိုးနှက်ခဲ့ကြောင်း သတင်းရရှိသည်။

‘‘ခံရတဲ့ ခရီးသည်က အမှုဖွင့်မသွားဘူး။ တရားရုံးနဲ့ ရဲစခန်းမ လာချင်လို့ဆိုပြီး လက်မှတ်ထိုးပြီး ပဲ ပြန်သွားတယ်’’ဟု အနောက် ပိုင်းခရိုင်ရဲစခန်းမှ ရဲအရာရှိတစ်ဦး က ပြောသည်။

နိုဝင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီခန့်တွင် မြောက်ဒဂုံမှ ဆူးလေသို့သွားသော ဘီအမ်ခရီးသည်တင်ယာဉ်တွင် လိုက်ပါစီးနင်းလာသည့် အသက် (၆၀) အရွယ် ခရီးသည်အမျိုးသားတစ်ဦးက ယာဉ်စီးခပိုမိုတောင်းခံခြင်းကို မကျေနပ်၍ ပြောကြားရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


ရန်ကင်း ၁၂ လုံးတန်းမှတ် တိုင်မှ စီးနင်းလာသည့် အဆိုပါ ခရီးသည်က တစ်မှတ်တိုင်ခရီးကို ယာဉ်စီးခ  ပိုမိုတောင်းခံသော ကြောင့် မပေးသဖြင့် ယာဉ်နောက်လိုက်က ၁၂ လုံးတန်းမီးပွိုင့်အရောက်တွင် ကားပေါ်မှကန်ချကာ လက်သီးဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါခရီးသည်သည် နှုတ် ခမ်းထောင့်အတွင်း၊ အပြင်တွင် ပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး အနီးနားမှ ဈေးသည်အချို့က ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယခုဖြစ်စဉ်ကဲ့သို့ပင် ယာဉ် နောက်လိုက်က ခရီးသည်များအ ပေါ် ရမ်းကားသောဖြစ်စဉ်များရှိ နေပြီး မကြာမီက ၁၀၇ မီနီဘတ်စ်ယာဉ်လိုင်းကလည်း ဂိတ်ဆုံးမှတ် တိုင် သီရိမင်္ဂလာဈေးဟောင်းသို့ မမောင်းဘဲ ဆင်မလိုက်မှတ်တိုင် မှ နောက်ပြန်လှည့်လာခြင်းကို ခရီးသည်တစ်ဦးက ပြောသဖြင့် လက် သီးဖြင့် ထိုးနှက်ခဲ့ရာ ရဲစခန်းသို့ရောက်ရှိခဲ့ပြီး အဆိုပါ ယာဉ်နောက်လိုက်က ကျပ်နှစ်သိန်းပေးလျော်ခဲ့ရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top