Property Expo
×

၁၉၉၀ ေလာက္ျဖစ္မယ္ထင္တယ္။ ၆ တန္းစာေမးပြဲအျပီး ေႏြရာသီေက်ာင္းပိတ္ရက္။ က်ေနာ္ေနခဲ႕တဲ႕နယ္ျမိဳ႕ေလးနဲ႕သံုးမုိင္ေလာက္ေဝးနယ္ရြာေလးက စာသင္အခန္းေဖာ္သူငယ္ခ်င္းတစ္ေယာက္ရဲ႕ဖိတ္ေခၚမွဳနဲ႕ သူတုိ႕ရြာကို ၁၀ ရက္ေလာက္ အလည္လိုက္ခဲ႕ဖူးတယ္။ ရြာေလးက အိမ္ေျခ ၂၅၀ လို႕ရြာအဝင္ဆိုင္းဘုတ္မွာ ဖတ္ရတယ္။ တစ္ရြာလံုးက လယ္၊ယာ နဲ႕ ျခံ သမားေတြခ်ည္းပဲ။

အေရာင္းအဝယ္ကုန္သည္ပြဲစားလုပ္သူလည္း ႏွစ္ေယာက္သံုးေယာက္ရွိသတဲ႕။ ရြာေလးက ခ်စ္စရာ။ ေအးခ်မ္းတယ္။ ရြာသားေတြက ရိုးသားတယ္။ စကားေျပာရင္ ရွင္းရွင္းဘြင္းဘြင္း။ ရြာက ကာလသားေတြကလည္း တံုးတိုက္တိုက္ က်ားကိုက္ကိုက္ ဆိုသလိုမ်ိဳးေတြ။ ကာယကိုအသံုးျပဳပီး လယ္ယာျခံ လုပ္ကိုက္စားေသာက္ၾကေတာ႕ သူတုိ႕ ကိုယ္ေတြက မာေက်ာေတာင္႕တင္းပီး အသားေရာင္ေတြက အညိဳေတြ မ်ားတယ္။ ညေနဖက္ဆို ေဘာလံုးကန္တဲ႕သူက ကန္၊ ဝိုင္းျခင္းခတ္တဲ႕သူခတ္နဲ႕ ေပ်ာ္စရာေတြ။ က်ေနာ္အလည္လိုက္လုိ႕ ေလးရက္ေလာက္ရွိေတာ႕ ရြာမွာ ရွိတဲ႕ လယ္ယာသမားေတြ သူတုိ႕ရဲ႕ စပါးေတြကို နင္းနယ္ပီး စပါးက်ည္ေတြထဲကို သိမ္းပီးခ်ိန္နဲ႕ဆံုတယ္။

ႏွစ္စဥ္ စပါးတလင္းသိမ္းပီးကုန္တာနဲ႕ လယ္သမား ကာလသားေတြစုပီး တလင္းသိမ္းပဲြ ဆိုပီး ညစားနဲ႕ယမကာ ေတြ ခင္းက်င္းခ်က္ျပဳတ္ စားေသာက္ၾကတယ္။ အဲဒီေန႕က က်ေနာ္တုိ႕ေတြလည္း စားေသာက္လုိ႕ေကာင္းေအာင္ဆိုပီး ဝိုင္းဝန္းေရခတ္၊ထင္းသယ္လုပ္ေပးၾကတယ္။ ခ်က္ျပဳတ္ၾကတာက ရြာထဲမွာ မဟုတ္ပဲ လြပ္လြပ္လပ္လပ္နဲ႕ သက္ၾကီးေတြကို အေႏွာက္အယွက္ျဖစ္မွာစိုးတယ္ဆိုပီး ရြာအျပင္ က စပါးတလင္းထဲမွာပဲ ခ်က္ျပဳတ္ပီး တလင္းထဲမွာပဲ အဲဒီပြဲကိုလုပ္တယ္။ အစား ကေတာ႕ ထမင္းနဲ႕ ၾကက္သားဗူးသီး ကာလသား ဟင္း။ အေသာက္ ကေတာ႕ ေသာက္ေနက် ထန္းရည္နဲ႕ ေတာအရက္ျဖဴ အစား ထူးရွယ္အေနနဲ႕ အနီေရာင္ပုလင္းေတြ။ ျပည္တြင္းျဖစ္ေရာ ႏိုင္ငံျခားျဖစ္ အနည္းအပါးပါ ပါတာ ေတြ႕ရတယ္။

က်ေနာ္တုိ႕သူငယ္ခ်င္းႏွစ္ေယာက္ကိုေတာ႕ လူရာ မသြင္းဘူး။ ငယ္ေသးတယ္အေၾကာင္းျပခ်က္နဲ႕ ထမင္းနဲ႕ၾကက္သားဗူးသီး ပဲ ၾကိဳက္သေလာက္စားရတယ္။ အဲဒီညက လ က သာေတာ႕သာတယ္။ အျပည္႕အဝေတာ႕မဟုတ္ဘူး။ ဒါနဲ႕ ည ၉ နာရီေက်ာ္ေလာက္ထိ စားေသာက္ေနၾကတာ။ က်ေနာ္နဲ႕ သူငယ္ခ်င္းကေတာ႕ သူ႕ဦးေလးရဲ႕ေဘးမွာပဲ ထိုင္ဆြဲေနၾကတာ ။ ထမင္းမစားႏိုင္ေတာ႕ ၾကက္သားနဲ႕ ၾကက္ရိုးေလးေတြထိုင္ကိုက္ရင္ ေပ်ာ္ေနၾကတာ။ ဘက္ထရီနဲ႕ ဖြင္႕တဲ႕ ကက္စက္ က သူခ်င္းေတြကလည္း ျမဴ းမွျမဴ း။ ကာလသားေတြတခ်ိဳ႕လည္း က တဲ႕သူ က ကုန္ပီ။

ည ၁၀ နာရီေက်ာ္ေလာက္က်ေတာ႕ ျပန္တဲ႕သူေတြလည္း ျပန္ကုန္ပီ။ က်န္တာဆိုလို႕ ကာလသား ၁၀ ေယာက္ေက်ာ္ေလာက္ပဲရွိေတာ႕မယ္။ ညနက္လာေတာ႕ သူငယ္ခ်င္းဦးေလးက သူငယ္ခ်င္းကိုမူးမူးနဲ႕ ေဟ႕ေကာင္ေလး ျပန္ေတာ႕ အိမ္က စိတ္ပူေနမယ္ ဧည္သည္ ကိုေခၚပီး ျပန္အိပ္ခ်ည္ေတာ႕ ဆိုပီး ေငါက္ဆတ္ဆတ္ ေျပာတာနဲ႕ သူငယ္ခ်င္းက က်ေနာ္႕ကို ဗိုက္ျပည္႕ရင္ ျပန္ရေအာင္တဲ႕။ က်ေနာ္လည္း ေအး ဆိုပီးႏွစ္ေယာက္သား ျပိဳင္တူ ထ ပီး ရြာဘက္ေျခလွည္႕လိုက္တယ္။

ထ ျပန္လာရင္း တလင္းေထာင္႕မွာ ၁၀ ေပေလာက္ျမင္႕တဲ႕ စပါးနယ္ပီးသား ေကာက္ရိုးပံု တစ္ပံုေတြ႕တာနဲ႕ က်ေနာ္က သူငယ္ခ်င္းကို လသာသာနဲ႕ ေကာက္ရိုးပံုေပၚတက္ပီး ခဏထိုင္ရေအာင္ကြာ ဆိုပီး ႏွစ္ေယာက္သား ေကာက္ရိုးပံု ေပၚတက္သြားပီးထိုင္လိုက္တာ တစ္ကုိယ္လံုးျမဳပီး ေခါင္းေလာက္ပဲ ေပၚေတာ႕တယ္။ ဇိမ္က် သြားေတာ႕ ခ်က္ခ်င္းမျပန္ေသးပဲ ေကာင္ကင္ေပၚေမာ႕ၾကည္႕ပီး ေက်ာင္းခန္းထဲက အေၾကာင္းေတြ စျမံဳျပန္ေနျဖစ္တယ္။ သူငယ္ခ်င္းဦးေလးနဲ႕ ကာလသားအခ်ိဳ႕ကေတာ႕ စားၾက ေသာက္ၾကတုန္း။

သူတုိ႕မျမင္လို႕သာမျမင္တာ က်ေနာ္တုိ႕ကို ။ အကြာအေဝးက ရွိလွ ေပသံုးဆယ္ေက်ာ္ေက်ာ္ပဲရွိမယ္။ သူတုိ႕စကားသံ ေတြကိုသဲသဲကြဲကြဲၾကားေနရတယ္။ က်ေနာ္တုိ႕ထိုင္ပီး မိနစ္ႏွစ္ဆယ္ေလာက္ၾကာေတာ႕ ရြာသားတစ္ေယာက္က ကက္စက္ကိုပိတ္လိုက္ေတာ႕ က ေနတဲ႕လူေတြလည္း ရပ္သြားတယ္။ က်ေနာ္တုိ႕လည္း ဘာလဲဆိုပီး လွမ္းၾကည္႕ေနလိုက္တယ္။ အဲဒီမွာ ကက္စက္ပိတ္တဲ႕လူက အားလံုးကိုေျပာတယ္။ မင္းတုိ႕အားလံုး စားလို႕ဝပီလားတဲ႕။ အားလံုးကလည္း တညီတညြတ္တည္း ဝ ပီတဲ႕။ အဲဒီလူက ဆက္ပီး အားလံုးဝရင္ က်န္တာေတြ အားလံုးေက်ြးလိုက္ေတာ႕မယ္ေနာ္တဲ႕။

အားလံုးကလည္း ဗလံုးပေထြးနဲ႕ ေက်ြးလိုက္တဲ႕။ က်ေနာ္နဲ႕ သူငယ္ခ်င္းလညး္ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည္႕ပီး ဘာလဲေပါ႕။ ပတ္ဝန္းက်င္မွာ ေက်ြးရေအာင္လည္း လူလည္းမရွိ၊ ေခြးလည္းမရွိ။ ၾကည္႕ေနတုန္းပဲ ကက္စက္ပိတ္တဲ႕လူကပဲ သူ႕လူေတြနဲ႕ ဆန္႕က်င္ဘက္ကုိ မ်က္ႏွာမူပီး မင္းတုိ႕ေရာက္ေနပီလားတဲ႕။ က်ေနာ္ေက်ာခ်မ္းသြားတယ္။ ေရာက္ရင္ အဲဒီနားက စားပြဲကို ေခါက္ျပ ဆိုေတာ႕ ခပ္လွမ္းလွမ္းက စားပြဲက ေဒါက္ ေဒါက္ ေဒါက္ ေဒါက္ နဲ႕ အသံေတြထြက္လာတယ္။ သူငယ္ခ်င္းက က်ေနာ္႕လက္ေမာင္းကိုလာကိုင္တယ္။

က်ေနာ္လည္း သူ႕လက္ကို ျပန္တင္းတင္းဆုပ္ထားလိုက္တယ္။ အသက္ရွဴ ဖို႕ေတာင္ေမ႕ပီး စားပြဲကိုစုိက္ၾကည္႕ေနၾကတာ။ ဟိုလူကေတာ႕ေအးေဆးပဲ။ ကဲ ဘယ္ႏွစ္ေယာက္လဲ ၊ တစ္ေယာက္ တစ္ခ်က္ေခါက္ တဲ႕။ က်ေနာ္နားစြင္႕ထားတာ စုစုေပါင္း ငါးခ်က္ေတာင္။ ဟုတ္ပီ ေနာက္ဆုတ္ၾက ဆိုပီး အဲဒီလူက စားပြဲဆီကို ခပ္တည္တည္နဲ႕ ထမင္းအိုးၾကီးကိုင္ပီး ေလွ်ွ်ာက္သြားတယ္ ပီးေတာ႕ ငွက္ေပ်ာရြက္ေတြ စားပြဲေပၚခင္းလိုက္ပီး ထမင္းအက်န္ေတြအားလံုး ပံုခ်လုိက္တယ္ ။ ေနာက္တစ္ေယာက္ကလည္း ဟင္းအိုးၾကီး သယ္သြားပီး ထမင္းပံုေပၚ သြန္ခ်လိုက္တယ္။ ပီးတာနဲ႕ ကဲ စားၾကေတာ႕ ဆိုပီး အဲဒီလူႏွစ္ေယာက္ သူ႕လူေတြဆီကို အိုးအခြံေတြကိုင္ပီး ေနာက္ျပန္ေလွ်ာက္သြားတယ္။

သူတုိ႕ေျပာပီးတာနဲ႕ စားပြဲဆီက အသံဗလံေတြစပီးၾကားရေတာ႕တယ္။ ေနာက္ေတာ႕ကက္စက္ျပန္ဖြင္႕ပီး စားတဲ႕ဟာေတြက တစ္စားပြဲ၊ ေသာက္တဲ႕လူေတြက တစ္စားပြဲ နဲ႕ ဟုတ္ေနၾကတာ။ က်ေနာ္တုိ႕ႏွစ္ေယာက္မွာသာ ေကာက္ရိုးပံုထဲ ေဇာေခြ်းျပန္ေနၾကတာ။ ထ လည္း မေျပးရဲ။ စားေနရင္း လွည္႕ၾကည္႕ပီး ေျပးလိုက္လာရင္ျပသနာ။ ဒါနဲ႕ ေခ်ြးသုတ္ပီးဆက္ၾကည္႕ေနလိုက္တာနာရီဝက္ေလာက္ၾကာေတာ႕။ ကက္စက္သံ ရပ္သြားျပန္ေရာ။ က်ေနာ္တုိ႕လည္း မ်က္လံုးေတြ ျပဴ းထားပီး နားေတြစြင္႕ထားရျပန္တယ္။ အဲဒီမွာ တစ္ေယာက္က ထ ပီး၊ ကဲ အားလံုးစားပီးရင္ ျပန္ၾကေတာ႕ ကိုယ္႕ေနရာကိုယ္ တဲ႕။

စကားဆံုးေတာ႕ ကာလသားတစ္ေယာက္က ထပီး ေနအံုးကြ ဘယ္သူေတြလဲဆိုတာ ေမးၾကည္႕ရင္ မေကာင္းလား တဲ႕ ။ ေနာက္ေတာ႕ တစ္ေယာက္က စားပြဲဘက္ကို မ်က္ႏွာမူပီး ငါတုိ႕ နာမည္ေမးမယ္ ကိုယ္႕နာမည္မွန္ရင္ စားပြဲကို ေခါက္ျပတဲ႕။ သူတုိ႕ေတြ တစ္ေယာက္တစ္ေပါက္ နာမည္ေတြေခၚေနသံၾကားတယ္ ။ ျပန္ေခါက္သံေတာ႕မၾကားရဘူး။ က်ေနာ္က တိုးတိုးေလး သူငယ္ခ်င္းကိုေမးတယ္။ ဘာနာမည္ေတြလည္းဆိုေတာ႕။ သူငယ္ခ်င္းက ထစ္ထစ္ေငါ႕ေငါ႕နဲ႕ သူတုိ႕ေမးေနတဲ႕ နာမည္ေတြက ငါတုိ႕ရြာက သိပ္မၾကာခင္က ေသသြားတဲ႕လူေတြရဲ႕ နာမည္ေတြတဲ႕။ ေျပာပီးတာနဲ႕ ငါေၾကာက္တယ္ကြာ ေျပးၾကရေအာင္တဲ႕။

က်ေနာ္က ျငိမ္ျငိမ္ေန ေျပးရင္ အသံၾကားပီး လိုက္ဖမ္း လိမ္႕မယ္လို႕ ဆိုေတာ႕ သူလည္း ငိုမဲ႕မဲ႕နဲ႕ ျငိမ္သြားတယ္။ က်ေနာ္တုိ႕လည္း ျပန္ၾကည္႕ေနတုန္း… တစ္ေယာက္က ကိုဦး လားကြာ ဆိုေတာ႕ စားပြဲကို ေဒါက္ေဒါက္ေဒါက္ေဒါက္နဲ႕ ေခါက္လိုက္တာ၊ ၾကားယံုနဲ႕တင္ ၾကက္သီးေတြထ ေရာ။ အဲဒီမွာ ကာလသားတစ္ေယာက္က ဟာ ကိုဦး သူငယ္ခ်င္း ေနေကာင္းလား ဘာညာ နဲ႕ အသက္ရွိစဥ္က အရက္အတူေသာက္ၾက ေပ်ာ္ၾကတာေတြကို မူးမူးနဲ႕ ေအာ္ေျပာပီး ငိုပါေလေရာ။ ေနာက္မွသိရတာ ကိုဦးဆိုတာအဲဒီရြာက အရက္အေသာက္မ်ားပီးအသဲေရာဂါနဲ႕ဆံုးသြားတာတဲ႕။

ငိုရင္းကေန ထ၊ အရက္ပုလင္းကိုလွမ္းဆြဲပီး စားပြဲဆီကို ေလွ်ာက္သြားလို႕ က်န္တဲ႕လူေတြက ထပီး ဝိုင္းဆြဲ ၾကေရာ။ အဲလူလည္း ျငိမ္ေရာ တစ္ေယာက္က ထပီး ကဲ ဖိတ္ထားတဲ႕ဧည္သည္ေတြ စားေသာက္ပီးရင္ ကိုယ္႕ေနရာ ကိုယ္ျပန္ၾကေတာ႕ ဆိုပီး ေျပာေပမယ္႕ စားပြဲက ေခါက္သံေတြက ရပ္မသြားတဲ႕အျပင္ ပိုလို႕ေတာင္က်ယ္ေလာင္လာသလိုထင္ရတယ္။ ဒါနဲ႕ ျပန္ဖုိ႕ထပ္ေျပာေပမယ္႕ စားပြဲက ေခါက္သံေတြက ရပ္မသြားဘူး။ ဒါနဲ႕ အထပ္ထပ္ေျပာလို႕မရတဲ႕အဆံုး ကာလသားေတြ ေဒါသ ျဖစ္လာတယ္တဲ႕တူတယ္ ၊ တစ္ေယာက္က ကဲ.. ေကာင္းေကာငး္ေျပာတာ မရတဲ႕ဟာေတြ ေတြ႕ၾကေသးတာေပါ႕ဆိုပီး အနားက ထင္းေခ်ာငး္ကို ေကာက္ကိုင္ပီး စားပြဲကို ေျပးရိုက္ပါေလေရာ ။

အဲဒီမွာ ခုဏ ငိုတဲ႕လူနဲ႕မူးပီးအိပ္ေပ်ာ္ေနတဲ႕တစ္ေယာက္က လြဲလို႕ က်န္တဲ႕ကာလသားေတြ ထင္းေခ်ာငး္ေတြဆြဲပီး စားပြဲကိုေရာ ၊ ေလ ထဲေတြကိုပါ စြပ္ရိုက္ၾကပါေလေ၇ာ။ အားလံုးေမာလို႕ ရိုက္ေနတာ ရပ္လိုက္ေပမယ္႕ စားပြဲကိုေတာ႕ လာေခါက္ေနတုန္း။ ေနာက္ဆံုးေတာ႕ ငိုေနတဲ႕တစ္ေယာက္က ဒယိမ္းဒယိုင္နဲ႕ ထပီး သူငယ္ခ်င္း ကိုဦး ျပန္ပါေတာ႕ကြာ မင္းေကာင္ေတြေခၚပီးေတာ႕…. မနက္ဖန္ၾကရင္ မင္းမိန္းမ ကို မင္းမက်ြတ္ေသးတဲ႕အေၾကာင္းငါေျပာျပျပီး အလွဴလုပ္ အမွ်ေဝေပးမယ္၊ မင္းအခုေတာ႕ ျပန္ပါေတာ႕ကြာ လို႕ေျပာေရာ ေခါက္ေနတာ ျငိမ္သြားတယ္။

ေနာက္တစ္ေယာက္ကလည္း ဆက္ေျပာတယ္ ဟုတ္တယ္ ကိုဦး အခုမင္းတို႕ကို ငါတုိ႕က ေစတနာနဲ႕ ေခၚေက်ြးတာ မင္းတုိ႕ စကားနားမေထာင္ရင္ ေနာက္ႏွစ္ေတြက်ေတာ႕ ငါတို႕ ေခၚမေက်ြးေတာ႕ဘူးးတဲ႕။ အားလံုး ခဏျငိမ္သက္သြားတယ္။ ေနာက္ေတာ႕တစ္ေယာက္က …အားလံုး ျပန္ပီလား။ မျပန္ေသးရင္ ေခါက္ျပ ဆိုေတာ႕ ဘာသံမွ မၾကားရေတာ႕ဘူး။ ခဏၾကာေတာ႕ကာလသားအားလံုး ျပန္ဖို႕ျပင္ေနတာ ျမင္ေတာ႕ သူငယ္ခ်င္းလည္း က်ေနာ္႕ကို လက္တို႕ပီး ေကာက္ရိုးပံုးအေနာက္ဖက္က ေလွ်ာခ်၊ အိမ္ကို တန္းေျပးၾကတာ။ အိမ္ေရာက္ေတာ႕ ေရေသာက္ပီး ရင္ေတြတုန္ေနတာနဲ႕ ႏွစ္ေယာက္သား အေတာ္နဲ႕အိမ္မေပ်ာ္ဘူး။ မနက္ကိုးနာရီေလာက္ၾကေတာ႕ ႏွစ္ေယာက္သားႏိုးတယ္။

နားစြင္႕ၾကည္႕လုိက္ေတာ႕ ညက ငိုတဲ႕လူက ကိုဦး မိန္းမကို အေၾကာင္းစံုေျပာျပလုိက္လို႕ ကိုဦးမိန္းမ ေအာ္ငိုေနသတဲ႕။ ေနာက္တစ္ရက္ ရြာဦးေက်ာင္းဆရာေတာ္ကို ဆြမ္း၊ သကၤန္း လွဴ႕၊ တရားနာ လာၾကသူေတြကိုေတာ႕ မုန္႕ဟင္းခါး ခ်က္ေက်ြ်း၊ လွဴ ပီး အမွ်ေဝတယ္လို႕ သိရတယ္။ ေနာက္တစ္ရက္မွ သိလိုက္တာက အဲဒီညက ကာလသားေတြအေပ်ာ္ဆိုပီး ရြာသခ်္ဳင္းက အပင္တစ္ပင္ရဲ႕ အကိုင္းကို ခ်ိဳး ယူလာပီး ဒီည ငါတို႕တလင္းသိမ္းပဲြဲရွိတယ္ စားခ်င္တဲ႕ သူ လိုက္ခဲ႕ဆိုပီး ေခၚထားတာတဲ႕ေလ။ သူငယ္ခ်င္းရြာက အျပန္လမ္းမွာ စိတ္ထဲက ေနပီး ကိုဦးတစ္ေယာက္ အမွ်ေဝတာ ရပီး ေကာငး္ရာဘံုဘဝေရာက္ပါေစလို႕ ဆုေတာင္းေပးမိလိုက္တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:သဘက္ ဘီလူး အစရွိေသာ ေပတေလာကသားမ်ားအေၾကာင္း

#Unicode Version
၁၉၉၀ လောက်ဖြစ်မယ်ထင်တယ်။ ၆ တန်းစာမေးပွဲအပြီး နွေရာသီကျောင်းပိတ်ရက်။ ကျနော်နေခဲ့တဲ့နယ်မြို့လေးနဲ့သုံးမိုင်လောက်ဝေးနယ်ရွာလေးက စာသင်အခန်းဖော်သူငယ်ချင်းတစ်ယောက်ရဲ့ဖိတ်ခေါ်မှုနဲ့ သူတို့ရွာကို ၁၀ ရက်လောက် အလည်လိုက်ခဲ့ဖူးတယ်။ ရွာလေးက အိမ်ခြေ ၂၅၀ လို့ရွာအဝင်ဆိုင်းဘုတ်မှာ ဖတ်ရတယ်။ တစ်ရွာလုံးက လယ်၊ယာ နဲ့ ခြံ သမားတွေချည်းပဲ။

အရောင်းအဝယ်ကုန်သည်ပွဲစားလုပ်သူလည်း နှစ်ယောက်သုံးယောက်ရှိသတဲ့။ ရွာလေးက ချစ်စရာ။ အေးချမ်းတယ်။ ရွာသားတွေက ရိုးသားတယ်။ စကားပြောရင် ရှင်းရှင်းဘွင်းဘွင်း။ ရွာက ကာလသားတွေကလည်း တုံးတိုက်တိုက် ကျားကိုက်ကိုက် ဆိုသလိုမျိုးတွေ။ ကာယကိုအသုံးပြုပီး လယ်ယာခြံ လုပ်ကိုက်စားသောက်ကြတော့ သူတို့ ကိုယ်တွေက မာကျောတောင့်တင်းပီး အသားရောင်တွေက အညိုတွေ များတယ်။ ညနေဖက်ဆို ဘောလုံးကန်တဲ့သူက ကန်၊ ဝိုင်းခြင်းခတ်တဲ့သူခတ်နဲ့ ပျော်စရာတွေ။ ကျနော်အလည်လိုက်လို့ လေးရက်လောက်ရှိတော့ ရွာမှာ ရှိတဲ့ လယ်ယာသမားတွေ သူတို့ရဲ့ စပါးတွေကို နင်းနယ်ပီး စပါးကျည်တွေထဲကို သိမ်းပီးချိန်နဲ့ဆုံတယ်။

နှစ်စဉ် စပါးတလင်းသိမ်းပီးကုန်တာနဲ့ လယ်သမား ကာလသားတွေစုပီး တလင်းသိမ်းပွဲ ဆိုပီး ညစားနဲ့ယမကာ တွေ ခင်းကျင်းချက်ပြုတ် စားသောက်ကြတယ်။ အဲဒီနေ့က ကျနော်တို့တွေလည်း စားသောက်လို့ကောင်းအောင်ဆိုပီး ဝိုင်းဝန်းရေခတ်၊ထင်းသယ်လုပ်ပေးကြတယ်။ ချက်ပြုတ်ကြတာက ရွာထဲမှာ မဟုတ်ပဲ လွပ်လွပ်လပ်လပ်နဲ့ သက်ကြီးတွေကို အနှောက်အယှက်ဖြစ်မှာစိုးတယ်ဆိုပီး ရွာအပြင် က စပါးတလင်းထဲမှာပဲ ချက်ပြုတ်ပီး တလင်းထဲမှာပဲ အဲဒီပွဲကိုလုပ်တယ်။ အစား ကတော့ ထမင်းနဲ့ ကြက်သားဗူးသီး ကာလသား ဟင်း။ အသောက် ကတော့ သောက်နေကျ ထန်းရည်နဲ့ တောအရက်ဖြူ အစား ထူးရှယ်အနေနဲ့ အနီရောင်ပုလင်းတွေ။ ပြည်တွင်းဖြစ်ရော နိုင်ငံခြားဖြစ် အနည်းအပါးပါ ပါတာ တွေ့ရတယ်။

ကျနော်တို့သူငယ်ချင်းနှစ်ယောက်ကိုတော့ လူရာ မသွင်းဘူး။ ငယ်သေးတယ်အကြောင်းပြချက်နဲ့ ထမင်းနဲ့ကြက်သားဗူးသီး ပဲ ကြိုက်သလောက်စားရတယ်။ အဲဒီညက လ က သာတော့သာတယ်။ အပြည့်အဝတော့မဟုတ်ဘူး။ ဒါနဲ့ ည ၉ နာရီကျော်လောက်ထိ စားသောက်နေကြတာ။ ကျနော်နဲ့ သူငယ်ချင်းကတော့ သူ့ဦးလေးရဲ့ဘေးမှာပဲ ထိုင်ဆွဲနေကြတာ ။ ထမင်းမစားနိုင်တော့ ကြက်သားနဲ့ ကြက်ရိုးလေးတွေထိုင်ကိုက်ရင် ပျော်နေကြတာ။ ဘက်ထရီနဲ့ ဖွင့်တဲ့ ကက်စက် က သူချင်းတွေကလည်း မြူ းမှမြူ း။ ကာလသားတွေတချို့လည်း က တဲ့သူ က ကုန်ပီ။

ည ၁၀ နာရီကျော်လောက်ကျတော့ ပြန်တဲ့သူတွေလည်း ပြန်ကုန်ပီ။ ကျန်တာဆိုလို့ ကာလသား ၁၀ ယောက်ကျော်လောက်ပဲရှိတော့မယ်။ ညနက်လာတော့ သူငယ်ချင်းဦးလေးက သူငယ်ချင်းကိုမူးမူးနဲ့ ဟေ့ကောင်လေး ပြန်တော့ အိမ်က စိတ်ပူနေမယ် ဧည်သည် ကိုခေါ်ပီး ပြန်အိပ်ချည်တော့ ဆိုပီး ငေါက်ဆတ်ဆတ် ပြောတာနဲ့ သူငယ်ချင်းက ကျနော့်ကို ဗိုက်ပြည့်ရင် ပြန်ရအောင်တဲ့။ ကျနော်လည်း အေး ဆိုပီးနှစ်ယောက်သား ပြိုင်တူ ထ ပီး ရွာဘက်ခြေလှည့်လိုက်တယ်။

ထ ပြန်လာရင်း တလင်းထောင့်မှာ ၁၀ ပေလောက်မြင့်တဲ့ စပါးနယ်ပီးသား ကောက်ရိုးပုံ တစ်ပုံတွေ့တာနဲ့ ကျနော်က သူငယ်ချင်းကို လသာသာနဲ့ ကောက်ရိုးပုံပေါ်တက်ပီး ခဏထိုင်ရအောင်ကွာ ဆိုပီး နှစ်ယောက်သား ကောက်ရိုးပုံ ပေါ်တက်သွားပီးထိုင်လိုက်တာ တစ်ကိုယ်လုံးမြုပီး ခေါင်းလောက်ပဲ ပေါ်တော့တယ်။ ဇိမ်ကျ သွားတော့ ချက်ချင်းမပြန်သေးပဲ ကောင်ကင်ပေါ်မော့ကြည့်ပီး ကျောင်းခန်းထဲက အကြောင်းတွေ စမြုံပြန်နေဖြစ်တယ်။ သူငယ်ချင်းဦးလေးနဲ့ ကာလသားအချို့ကတော့ စားကြ သောက်ကြတုန်း။

သူတို့မမြင်လို့သာမမြင်တာ ကျနော်တို့ကို ။ အကွာအဝေးက ရှိလှ ပေသုံးဆယ်ကျော်ကျော်ပဲရှိမယ်။ သူတို့စကားသံ တွေကိုသဲသဲကွဲကွဲကြားနေရတယ်။ ကျနော်တို့ထိုင်ပီး မိနစ်နှစ်ဆယ်လောက်ကြာတော့ ရွာသားတစ်ယောက်က ကက်စက်ကိုပိတ်လိုက်တော့ က နေတဲ့လူတွေလည်း ရပ်သွားတယ်။ ကျနော်တို့လည်း ဘာလဲဆိုပီး လှမ်းကြည့်နေလိုက်တယ်။ အဲဒီမှာ ကက်စက်ပိတ်တဲ့လူက အားလုံးကိုပြောတယ်။ မင်းတို့အားလုံး စားလို့ဝပီလားတဲ့။ အားလုံးကလည်း တညီတညွတ်တည်း ဝ ပီတဲ့။ အဲဒီလူက ဆက်ပီး အားလုံးဝရင် ကျန်တာတွေ အားလုံးကျွေးလိုက်တော့မယ်နော်တဲ့။

အားလုံးကလည်း ဗလုံးပထွေးနဲ့ ကျွေးလိုက်တဲ့။ ကျနော်နဲ့ သူငယ်ချင်းလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပီး ဘာလဲပေါ့။ ပတ်ဝန်းကျင်မှာ ကျွေးရအောင်လည်း လူလည်းမရှိ၊ ခွေးလည်းမရှိ။ ကြည့်နေတုန်းပဲ ကက်စက်ပိတ်တဲ့လူကပဲ သူ့လူတွေနဲ့ ဆန့်ကျင်ဘက်ကို မျက်နှာမူပီး မင်းတို့ရောက်နေပီလားတဲ့။ ကျနော်ကျောချမ်းသွားတယ်။ ရောက်ရင် အဲဒီနားက စားပွဲကို ခေါက်ပြ ဆိုတော့ ခပ်လှမ်းလှမ်းက စားပွဲက ဒေါက် ဒေါက် ဒေါက် ဒေါက် နဲ့ အသံတွေထွက်လာတယ်။ သူငယ်ချင်းက ကျနော့်လက်မောင်းကိုလာကိုင်တယ်။

ကျနော်လည်း သူ့လက်ကို ပြန်တင်းတင်းဆုပ်ထားလိုက်တယ်။ အသက်ရှူ ဖို့တောင်မေ့ပီး စားပွဲကိုစိုက်ကြည့်နေကြတာ။ ဟိုလူကတော့အေးဆေးပဲ။ ကဲ ဘယ်နှစ်ယောက်လဲ ၊ တစ်ယောက် တစ်ချက်ခေါက် တဲ့။ ကျနော်နားစွင့်ထားတာ စုစုပေါင်း ငါးချက်တောင်။ ဟုတ်ပီ နောက်ဆုတ်ကြ ဆိုပီး အဲဒီလူက စားပွဲဆီကို ခပ်တည်တည်နဲ့ ထမင်းအိုးကြီးကိုင်ပီး လျှျှောက်သွားတယ် ပီးတော့ ငှက်ပျောရွက်တွေ စားပွဲပေါ်ခင်းလိုက်ပီး ထမင်းအကျန်တွေအားလုံး ပုံချလိုက်တယ် ။ နောက်တစ်ယောက်ကလည်း ဟင်းအိုးကြီး သယ်သွားပီး ထမင်းပုံပေါ် သွန်ချလိုက်တယ်။ ပီးတာနဲ့ ကဲ စားကြတော့ ဆိုပီး အဲဒီလူနှစ်ယောက် သူ့လူတွေဆီကို အိုးအခွံတွေကိုင်ပီး နောက်ပြန်လျှောက်သွားတယ်။

သူတို့ပြောပီးတာနဲ့ စားပွဲဆီက အသံဗလံတွေစပီးကြားရတော့တယ်။ နောက်တော့ကက်စက်ပြန်ဖွင့်ပီး စားတဲ့ဟာတွေက တစ်စားပွဲ၊ သောက်တဲ့လူတွေက တစ်စားပွဲ နဲ့ ဟုတ်နေကြတာ။ ကျနော်တို့နှစ်ယောက်မှာသာ ကောက်ရိုးပုံထဲ ဇောချွေးပြန်နေကြတာ။ ထ လည်း မပြေးရဲ။ စားနေရင်း လှည့်ကြည့်ပီး ပြေးလိုက်လာရင်ပြသနာ။ ဒါနဲ့ ချွေးသုတ်ပီးဆက်ကြည့်နေလိုက်တာနာရီဝက်လောက်ကြာတော့။ ကက်စက်သံ ရပ်သွားပြန်ရော။ ကျနော်တို့လည်း မျက်လုံးတွေ ပြူ းထားပီး နားတွေစွင့်ထားရပြန်တယ်။ အဲဒီမှာ တစ်ယောက်က ထ ပီး၊ ကဲ အားလုံးစားပီးရင် ပြန်ကြတော့ ကိုယ့်နေရာကိုယ် တဲ့။

စကားဆုံးတော့ ကာလသားတစ်ယောက်က ထပီး နေအုံးကွ ဘယ်သူတွေလဲဆိုတာ မေးကြည့်ရင် မကောင်းလား တဲ့ ။ နောက်တော့ တစ်ယောက်က စားပွဲဘက်ကို မျက်နှာမူပီး ငါတို့ နာမည်မေးမယ် ကိုယ့်နာမည်မှန်ရင် စားပွဲကို ခေါက်ပြတဲ့။ သူတို့တွေ တစ်ယောက်တစ်ပေါက် နာမည်တွေခေါ်နေသံကြားတယ် ။ ပြန်ခေါက်သံတော့မကြားရဘူး။ ကျနော်က တိုးတိုးလေး သူငယ်ချင်းကိုမေးတယ်။ ဘာနာမည်တွေလည်းဆိုတော့။ သူငယ်ချင်းက ထစ်ထစ်ငေါ့ငေါ့နဲ့ သူတို့မေးနေတဲ့ နာမည်တွေက ငါတို့ရွာက သိပ်မကြာခင်က သေသွားတဲ့လူတွေရဲ့ နာမည်တွေတဲ့။ ပြောပီးတာနဲ့ ငါကြောက်တယ်ကွာ ပြေးကြရအောင်တဲ့။

ကျနော်က ငြိမ်ငြိမ်နေ ပြေးရင် အသံကြားပီး လိုက်ဖမ်း လိမ့်မယ်လို့ ဆိုတော့ သူလည်း ငိုမဲ့မဲ့နဲ့ ငြိမ်သွားတယ်။ ကျနော်တို့လည်း ပြန်ကြည့်နေတုန်း… တစ်ယောက်က ကိုဦး လားကွာ ဆိုတော့ စားပွဲကို ဒေါက်ဒေါက်ဒေါက်ဒေါက်နဲ့ ခေါက်လိုက်တာ၊ ကြားယုံနဲ့တင် ကြက်သီးတွေထ ရော။ အဲဒီမှာ ကာလသားတစ်ယောက်က ဟာ ကိုဦး သူငယ်ချင်း နေကောင်းလား ဘာညာ နဲ့ အသက်ရှိစဉ်က အရက်အတူသောက်ကြ ပျော်ကြတာတွေကို မူးမူးနဲ့ အော်ပြောပီး ငိုပါလေရော။ နောက်မှသိရတာ ကိုဦးဆိုတာအဲဒီရွာက အရက်အသောက်များပီးအသဲရောဂါနဲ့ဆုံးသွားတာတဲ့။

ငိုရင်းကနေ ထ၊ အရက်ပုလင်းကိုလှမ်းဆွဲပီး စားပွဲဆီကို လျှောက်သွားလို့ ကျန်တဲ့လူတွေက ထပီး ဝိုင်းဆွဲ ကြရော။ အဲလူလည်း ငြိမ်ရော တစ်ယောက်က ထပီး ကဲ ဖိတ်ထားတဲ့ဧည်သည်တွေ စားသောက်ပီးရင် ကိုယ့်နေရာ ကိုယ်ပြန်ကြတော့ ဆိုပီး ပြောပေမယ့် စားပွဲက ခေါက်သံတွေက ရပ်မသွားတဲ့အပြင် ပိုလို့တောင်ကျယ်လောင်လာသလိုထင်ရတယ်။ ဒါနဲ့ ပြန်ဖို့ထပ်ပြောပေမယ့် စားပွဲက ခေါက်သံတွေက ရပ်မသွားဘူး။ ဒါနဲ့ အထပ်ထပ်ပြောလို့မရတဲ့အဆုံး ကာလသားတွေ ဒေါသ ဖြစ်လာတယ်တဲ့တူတယ် ၊ တစ်ယောက်က ကဲ.. ကောင်းကောင်းပြောတာ မရတဲ့ဟာတွေ တွေ့ကြသေးတာပေါ့ဆိုပီး အနားက ထင်းချောင်းကို ကောက်ကိုင်ပီး စားပွဲကို ပြေးရိုက်ပါလေရော ။

အဲဒီမှာ ခုဏ ငိုတဲ့လူနဲ့မူးပီးအိပ်ပျော်နေတဲ့တစ်ယောက်က လွဲလို့ ကျန်တဲ့ကာလသားတွေ ထင်းချောင်းတွေဆွဲပီး စားပွဲကိုရော ၊ လေ ထဲတွေကိုပါ စွပ်ရိုက်ကြပါလေရော။ အားလုံးမောလို့ ရိုက်နေတာ ရပ်လိုက်ပေမယ့် စားပွဲကိုတော့ လာခေါက်နေတုန်း။ နောက်ဆုံးတော့ ငိုနေတဲ့တစ်ယောက်က ဒယိမ်းဒယိုင်နဲ့ ထပီး သူငယ်ချင်း ကိုဦး ပြန်ပါတော့ကွာ မင်းကောင်တွေခေါ်ပီးတော့…. မနက်ဖန်ကြရင် မင်းမိန်းမ ကို မင်းမကျွတ်သေးတဲ့အကြောင်းငါပြောပြပြီး အလှူလုပ် အမျှဝေပေးမယ်၊ မင်းအခုတော့ ပြန်ပါတော့ကွာ လို့ပြောရော ခေါက်နေတာ ငြိမ်သွားတယ်။

နောက်တစ်ယောက်ကလည်း ဆက်ပြောတယ် ဟုတ်တယ် ကိုဦး အခုမင်းတို့ကို ငါတို့က စေတနာနဲ့ ခေါ်ကျွေးတာ မင်းတို့ စကားနားမထောင်ရင် နောက်နှစ်တွေကျတော့ ငါတို့ ခေါ်မကျွေးတော့ဘူးးတဲ့။ အားလုံး ခဏငြိမ်သက်သွားတယ်။ နောက်တော့တစ်ယောက်က …အားလုံး ပြန်ပီလား။ မပြန်သေးရင် ခေါက်ပြ ဆိုတော့ ဘာသံမှ မကြားရတော့ဘူး။ ခဏကြာတော့ကာလသားအားလုံး ပြန်ဖို့ပြင်နေတာ မြင်တော့ သူငယ်ချင်းလည်း ကျနော့်ကို လက်တို့ပီး ကောက်ရိုးပုံးအနောက်ဖက်က လျှောချ၊ အိမ်ကို တန်းပြေးကြတာ။ အိမ်ရောက်တော့ ရေသောက်ပီး ရင်တွေတုန်နေတာနဲ့ နှစ်ယောက်သား အတော်နဲ့အိမ်မပျော်ဘူး။ မနက်ကိုးနာရီလောက်ကြတော့ နှစ်ယောက်သားနိုးတယ်။

နားစွင့်ကြည့်လိုက်တော့ ညက ငိုတဲ့လူက ကိုဦး မိန်းမကို အကြောင်းစုံပြောပြလိုက်လို့ ကိုဦးမိန်းမ အော်ငိုနေသတဲ့။ နောက်တစ်ရက် ရွာဦးကျောင်းဆရာတော်ကို ဆွမ်း၊ သင်္ကန်း လှူ့၊ တရားနာ လာကြသူတွေကိုတော့ မုန့်ဟင်းခါး ချက်ကျေျွး၊ လှူ ပီး အမျှဝေတယ်လို့ သိရတယ်။ နောက်တစ်ရက်မှ သိလိုက်တာက အဲဒီညက ကာလသားတွေအပျော်ဆိုပီး ရွာသချ်ုင်းက အပင်တစ်ပင်ရဲ့ အကိုင်းကို ချိုး ယူလာပီး ဒီည ငါတို့တလင်းသိမ်းပွဲရှိတယ် စားချင်တဲ့ သူ လိုက်ခဲ့ဆိုပီး ခေါ်ထားတာတဲ့လေ။ သူငယ်ချင်းရွာက အပြန်လမ်းမှာ စိတ်ထဲက နေပီး ကိုဦးတစ်ယောက် အမျှဝေတာ ရပီး ကောင်းရာဘုံဘဝရောက်ပါစေလို့ ဆုတောင်းပေးမိလိုက်တယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:သဘက် ဘီလူး အစရှိသော ပေတလောကသားများအကြောင်း
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top