Kantharyar Centre
×

အိပ္မက္ေတြမွာ အဓိပၸာယ္ကိုယ္စီ ရွိၾကပါတယ္။

ေရနစ္ေနတာတုိ႔၊ က်ားလုိက္ခံရတာတုိ႔ စတဲ့ ေၾကာက္လန္႔ဖြယ္ အိပ္မက္ေတြ မက္ဖူးပါသလား။

ေအာက္ပါ အိပ္မက္အမ်ဳိးအစားေတြက သင့္ရဲ႕လက္ရွိ ျဖစ္ေပၚေနတဲ့ မသိစိတ္က ခံစားခ်က္ေတြကို ေဖာ္ေဆာင္ေပးပါတယ္။

၁။ ေလယာဥ္ပ်ံ


ေလယာဥ္ပ်ံကို ကိုယ္တုိင္ ေခ်ာေခ်ာေမြ႕ေမြ႕ေမာင္းရတယ္လို႔ အိပ္မက္မက္ရင္ သင့္ရဲ႕ ဆံုးျဖတ္ခ်က္ေတြအေပၚ ယံုၾကည္မႈအျပည့္ရွိေနတဲ့သေဘာပါ။ အဲဒီလုိမဟုတ္ဘဲ ေလယာဥ္ပ်က္က်တယ္လုိ႔ အိပ္မက္မက္ရင္ေတာ့ သင့္ရဲ႕ ကိုယ္ပိုင္စြမ္းရည္ကို မယံုၾကည္တာ ဒါမွမဟုတ္ သင္ခ်မွတ္ထားတဲ့ ပန္းတုိင္ေတြက သင့္အတြက္ အမွန္တကယ္ မျဖစ္ႏုိင္ဘူးလုိ႔ ခံစားရတယ္ဆုိတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။

၂။ ကေလးငယ္


ကေလးငယ္ေတြက အျပစ္ကင္းစင္မႈနဲ႔ ဘဝအသစ္ အစျပမႈကို ေဖာ္ညႊန္းပါတယ္။ ေနာက္တစ္ခု
 ျဖစ္ႏုိင္ေသးတာက သင့္ဘဝထဲက တစ္ေယာက္ေယာက္ ဒါမွမဟုတ္ သင္ကိုယ္တုိင္က ကေလးဆန္ေနတာကို ေဖာ္ညႊန္းတာလည္း ျဖစ္ႏုိင္ပါတယ္။ ဒါမွမဟုတ္ သင့္စိတ္ထဲမွာ ကေလးလိုခ်င္စိတ္ ျဖစ္ေပၚေနတာလည္း ျဖစ္ႏုိင္ပါေသးတယ္။

ကိုယ့္ကေလးကိုယ္ ေမ့က်န္ခဲ့တယ္လို႔ အိပ္မက္မက္ရင္ သင့္ရဲ႕ ခံယူခ်က္တစ္ခုခုကို စြန္႔လႊတ္လုိက္တယ္ဆုိတဲ့ အဓိပၸာယ္ ဒါမွမဟုတ္ သင့္ရဲ႕ ေပ်ာ့ကြက္ေတြကို တျခားသူမျမင္ေအာင္ ဖံုးကြယ္ေနတယ္ဆုိတဲ့ အဓိပၸာယ္ပါ။ ကေလးေလး ငိုေနတယ္လုိ႔ အိပ္မက္မက္ရင္ေတာ့ သင့္ရဲ႕ စိတ္ကို သက္ေသာင့္သက္သာ ျဖစ္ေအာင္ လုပ္ဖုိ႔ လိုအပ္ေနပါၿပီ။

၃။ သြား

သြားေတြ ကၽြတ္ထြက္ကုန္တယ္လုိ႔ အိပ္မက္မက္သလား။ အဲဒီလို အိပ္မက္မ်ဳိးမက္ရင္ ေနာက္တစ္ေန႔အထိ စိုးရိမ္မႈက စြဲကပ္ေနတတ္ပါတယ္။ ဒါဟာ သင့္အသက္အရြယ္ ႀကီးရင့္သြားမွာ ဒါမွမဟုတ္ သင့္ရဲ႕ ႐ုပ္ရည္ႏုနယ္လွပမႈ ေပ်ာက္ဆံုးသြားမွာကို မသိစိတ္ကေန ေၾကာက္ရြံ႕ေနလို႔ ျဖစ္ႏုိင္ပါတယ္။
 ေနာက္လာမယ့္ စိန္ေခၚမႈတစ္ခုအတြက္ မျပင္ဆင္ရေသးတာ၊ ဒါမွမဟုတ္ မဝံ့မရဲျဖစ္ေနရင္လည္း အဲဒီလို အိပ္မက္မ်ဳိး မက္တတ္ပါတယ္။

၄။ အိမ္

အိမ္တုိ႔ အေဆာက္အအံုတုိ႔ဆုိတာ သင့္ရဲ႕ အတြင္းစိတ္ကို ကိုယ္စားျပဳပါတယ္။ အခန္းတစ္ခုခ်င္းဆီကလည္း မတူညီတဲ့ စိတ္ခံစားခ်က္ေတြကို ရည္ညႊန္းပါတယ္။ ေယဘုယ်အားျဖင့္ ထပ္ခုိးက အသိဥာဏ္ကို ကိုယ္စားျပဳၿပီး ေျမေအာက္ခန္းက မသိစိတ္ကို ကိုယ္စားျပဳပါတယ္။ အိပ္မက္ထဲမွာ နံရံမပါတဲ့ အိမ္တစ္လံုးကို ျမင္မက္ရင္ သီးသန္႔ဘဝမရွိဘူးလို႔ ခံစားရလို႔ပါတဲ့။ အိမ္ၿပိဳက်တယ္လို႔ အိပ္မက္မက္ရင္ေတာ့ သင့္ရဲ႕ ခံစားခ်က္ကို သင္ကိုယ္တုိင္ လ်စ္လ်ဴ႐ႈထားမိလုိ႔ပါပဲ။

၄။ ေအာက္သို႔ ျပဳတ္က်ျခင္း


ေအာက္ကို ျပဳတ္က်တယ္လုိ႔အိပ္မက္မက္ရင္လံုျခံဳမႈ၊ထိန္းခ်ဳပ္မႈနဲ႔ယံုၾကည္မႈ ေလ်ာ့နည္းစိတ္ ျဖစ္ေပၚေနလို႔ပါ။ ကုိယ့္ရဲ႕ အခ်စ္ေရး ဒါမွမဟုတ္ အလုပ္မွာ တည္ၿငိမ္မႈမရွိဘူးလို႔ ခံစားရတာမ်ဳိးလည္း ျဖစ္ႏုိင္ပါတယ္။

၅။ လမ္းေပ်ာက္ျခင္း

အိပ္မက္ထဲမွာ လမ္းေပ်ာက္တယ္ဆုိရင္ေတာ့ ကိုယ့္ဘဝမွာလည္း လမ္းေပ်ာက္တယ္လို႔ ခံစားရလို႔ပါ။

၆။ ပင္လယ္

ပင္လယ္၊ ေရကူးကန္၊ ျမစ္၊ ေရကန္ ဘာပဲျဖစ္ျဖစ္ ေရက သင့္ရဲ႕ စိတ္ခံစားခ်က္ေတြကိုပဲ ကိုယ္စားျပဳပါတယ္။ ေရနစ္ေနတယ္ ဒါမွမဟုတ္ ေရစီးအတုိင္း ေျမာပါေနရတယ္လို႔ အိပ္မက္မက္ရင္ သင္ဟာ လႊမ္းမိုးခံရတယ္လို႔ ခံစားေနရလို႔ပါလို႔ ဆုိပါတယ္။ တကယ္လို႔ ပင္လယ္မွာ ရြက္လႊင့္ရတယ္လုိ႔ အိပ္မက္မက္ရင္ေတာ့ သင့္မွာ ေကာင္းမြန္တဲ့ သေဘာထားအျမင္ရွိၿပီး လြတ္လပ္မႈကို ခံစားေနရလို႔ပါပဲ။

၇။ ေျပးျခင္း

ေျပးဖို႔ ႀကိဳးစားေပမယ့္ ေျခေထာက္ေတြက လႈပ္လို႔မရဘူးလို႔ အိပ္မက္မက္သလား။ ဒါဟာ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈ မရွိတာကို ညႊန္ျပေနတာပါ။ တစ္ေယာက္တည္း ေျပးေနတယ္လို႔ အိပ္မက္မက္ရင္ေတာ့ ကိုယ့္ရဲ႕ ပန္းတုိင္ေတြကို ေရာက္ရွိဖို႔ ဆံုးျဖတ္ခ်က္ ခုိင္မာေနလို႔ပါပဲ။ တစ္ခုခုကေန ထြက္ေျပးေနရတယ္လို႔ အိပ္မက္မက္ရင္ေတာ့ ကိုယ့္ရဲ႕ ေၾကာက္ရြံ႕မႈေတြကုိ ရင္ဆုိင္ေျဖရွင္းလုိစိတ္ မရွိတာကို ေဖာ္ျပပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version
အိပ်မက်တွေမှာ အဓိပ္ပာယ်ကိုယ်စီ ရှိကြပါတယ်။

ရေနစ်နေတာတို့၊ ကျားလိုက်ခံရတာတို့ စတဲ့ ကြောက်လန့်ဖွယ် အိပ်မက်တွေ မက်ဖူးပါသလား။

အောက်ပါ အိပ်မက်အမျိုးအစားတွေက သင့်ရဲ့လက်ရှိ ဖြစ်ပေါ်နေတဲ့ မသိစိတ်က ခံစားချက်တွေကို ဖော်ဆောင်ပေးပါတယ်။

၁။ လေယာဉ်ပျံ

လေယာဉ်ပျံကို ကိုယ်တိုင် ချောချောမွေ့မွေ့မောင်းရတယ်လို့ အိပ်မက်မက်ရင် သင့်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ယုံကြည်မှုအပြည့်ရှိနေတဲ့သဘောပါ။ အဲဒီလိုမဟုတ်ဘဲ လေယာဉ်ပျက်ကျတယ်လို့ အိပ်မက်မက်ရင်တော့ သင့်ရဲ့ ကိုယ်ပိုင်စွမ်းရည်ကို မယုံကြည်တာ ဒါမှမဟုတ် သင်ချမှတ်ထားတဲ့ ပန်းတိုင်တွေက သင့်အတွက် အမှန်တကယ် မဖြစ်နိုင်ဘူးလို့ ခံစားရတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

၂။ ကလေးငယ်

ကလေးငယ်တွေက အပြစ်ကင်းစင်မှုနဲ့ ဘဝအသစ် အစပြမှုကို ဖော်ညွှန်းပါတယ်။ နောက်တစ်ခု

 ဖြစ်နိုင်သေးတာက သင့်ဘဝထဲက တစ်ယောက်ယောက် ဒါမှမဟုတ် သင်ကိုယ်တိုင်က ကလေးဆန်နေတာကို ဖော်ညွှန်းတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သင့်စိတ်ထဲမှာ ကလေးလိုချင်စိတ် ဖြစ်ပေါ်နေတာလည်း ဖြစ်နိုင်ပါသေးတယ်။

ကိုယ့်ကလေးကိုယ် မေ့ကျန်ခဲ့တယ်လို့ အိပ်မက်မက်ရင် သင့်ရဲ့ ခံယူချက်တစ်ခုခုကို စွန့်လွှတ်လိုက်တယ်ဆိုတဲ့ အဓိပ္ပာယ် ဒါမှမဟုတ် သင့်ရဲ့ ပျော့ကွက်တွေကို တခြားသူမမြင်အောင် ဖုံးကွယ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ကလေးလေး ငိုနေတယ်လို့ အိပ်မက်မက်ရင်တော့ သင့်ရဲ့ စိတ်ကို သက်သောင့်သက်သာ ဖြစ်အောင် လုပ်ဖို့ လိုအပ်နေပါပြီ။

၃။ သွား

သွားတွေ ကျွတ်ထွက်ကုန်တယ်လို့ အိပ်မက်မက်သလား။ အဲဒီလို အိပ်မက်မျိုးမက်ရင် နောက်တစ်နေ့အထိ စိုးရိမ်မှုက စွဲကပ်နေတတ်ပါတယ်။ ဒါဟာ သင့်အသက်အရွယ် ကြီးရင့်သွားမှာ ဒါမှမဟုတ် သင့်ရဲ့ ရုပ်ရည်နုနယ်လှပမှု ပျောက်ဆုံးသွားမှာကို မသိစိတ်ကနေ ကြောက်ရွံ့နေလို့ ဖြစ်နိုင်ပါတယ်။

 နောက်လာမယ့် စိန်ခေါ်မှုတစ်ခုအတွက် မပြင်ဆင်ရသေးတာ၊ ဒါမှမဟုတ် မဝံ့မရဲဖြစ်နေရင်လည်း အဲဒီလို အိပ်မက်မျိုး မက်တတ်ပါတယ်။

၄။ အိမ်

အိမ်တို့ အဆောက်အအုံတို့ဆိုတာ သင့်ရဲ့ အတွင်းစိတ်ကို ကိုယ်စားပြုပါတယ်။ အခန်းတစ်ခုချင်းဆီကလည်း မတူညီတဲ့ စိတ်ခံစားချက်တွေကို ရည်ညွှန်းပါတယ်။ ယေဘုယျအားဖြင့် ထပ်ခိုးက အသိဉာဏ်ကို ကိုယ်စားပြုပြီး မြေအောက်ခန်းက မသိစိတ်ကို ကိုယ်စားပြုပါတယ်။ အိပ်မက်ထဲမှာ နံရံမပါတဲ့ အိမ်တစ်လုံးကို မြင်မက်ရင် သီးသန့်ဘဝမရှိဘူးလို့ ခံစားရလို့ပါတဲ့။ အိမ်ပြိုကျတယ်လို့ အိပ်မက်မက်ရင်တော့ သင့်ရဲ့ ခံစားချက်ကို သင်ကိုယ်တိုင် လျစ်လျူရှုထားမိလို့ပါပဲ။

၄။ အောက်သို့ ပြုတ်ကျခြင်း

အောက်ကို ပြုတ်ကျတယ်လို့အိပ်မက်မက်ရင်လုံခြုံမှု၊ထိန်းချုပ်မှုနဲ့ယုံကြည်မှု လျော့နည်းစိတ် ဖြစ်ပေါ်နေလို့ပါ။ ကိုယ့်ရဲ့ အချစ်ရေး ဒါမှမဟုတ် အလုပ်မှာ တည်ငြိမ်မှုမရှိဘူးလို့ ခံစားရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

၅။ လမ်းပျောက်ခြင်း

အိပ်မက်ထဲမှာ လမ်းပျောက်တယ်ဆိုရင်တော့ ကိုယ့်ဘဝမှာလည်း လမ်းပျောက်တယ်လို့ ခံစားရလို့ပါ။

၆။ ပင်လယ်

ပင်လယ်၊ ရေကူးကန်၊ မြစ်၊ ရေကန် ဘာပဲဖြစ်ဖြစ် ရေက သင့်ရဲ့ စိတ်ခံစားချက်တွေကိုပဲ ကိုယ်စားပြုပါတယ်။ ရေနစ်နေတယ် ဒါမှမဟုတ် ရေစီးအတိုင်း မြောပါနေရတယ်လို့ အိပ်မက်မက်ရင် သင်ဟာ လွှမ်းမိုးခံရတယ်လို့ ခံစားနေရလို့ပါလို့ ဆိုပါတယ်။ တကယ်လို့ ပင်လယ်မှာ ရွက်လွှင့်ရတယ်လို့ အိပ်မက်မက်ရင်တော့ သင့်မှာ ကောင်းမွန်တဲ့ သဘောထားအမြင်ရှိပြီး လွတ်လပ်မှုကို ခံစားနေရလို့ပါပဲ။

၇။ ပြေးခြင်း

ပြေးဖို့ ကြိုးစားပေမယ့် ခြေထောက်တွေက လှုပ်လို့မရဘူးလို့ အိပ်မက်မက်သလား။ ဒါဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတာကို ညွှန်ပြနေတာပါ။ တစ်ယောက်တည်း ပြေးနေတယ်လို့ အိပ်မက်မက်ရင်တော့ ကိုယ့်ရဲ့ ပန်းတိုင်တွေကို ရောက်ရှိဖို့ ဆုံးဖြတ်ချက် ခိုင်မာနေလို့ပါပဲ။ တစ်ခုခုကနေ ထွက်ပြေးနေရတယ်လို့ အိပ်မက်မက်ရင်တော့ ကိုယ့်ရဲ့ ကြောက်ရွံ့မှုတွေကို ရင်ဆိုင်ဖြေရှင်းလိုစိတ် မရှိတာကို ဖော်ပြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top