Property Expo
×

ဘာမွမေရးခင္ ႀကိဳေျပာျပပါ့မယ္။ ကြၽန္မ မိန္းကေလးတစ္ေယာက္ ကြၽန္မခ်စ္သူကလဲ မိန္းကေလးတစ္ေယာက္ပါ။

သူမ်ားေတြအတြက္ အေဖဆိုတာ သူရဲေကာင္းျဖစ္ခ်င္ျဖစ္လိမ့္မယ္။ ကြၽန္မအတြက္ကေတာ့လုံးဝမမွန္ဘူး။ ၉ နွစ္ ၁၀ နွစ္ အ႐ြယ္ေလး နင္းခိုင္းတာ သူ႕ေပါင္ခြၾကားနားအထိ။ အဲ့တုန္းကဘာမွ နားမလည္ဘူး နင္းေပးဆို နင္းေပးလိုက္တာပဲ ။ စိတ္ထဲမွာ ကေလးပီပီ ကုသိုလ္ရတယ္ဆိုၿပီးေပ်ာ္လို႔။ အပ်ိဳေဖာ္ဝင္ကာစအ႐ြယ္အိမ္ကအုတ္ေရကန္မွာေရခ်ိဳးေတာ့ သူကဝင္ခ်ိဳးတယ္။ ေျပာလာတယ္ နင္ ခြၾကားေတြဘာေတြ ႏွိုက္မေဆးဘူးလားတဲ့ေလ ။

၁၂ ၁၃ အ႐ြယ္ေလးဆိုေတာ့ ကိုယ္ကေတာ့ကေလးပဲ ဘာမွနားမလည္ဘူး အေဖပဲဆိုၿပီး ရွက္စိတ္ေတာင္မရွိဘူး၊။ ေနာက္ပိုဆိုးလာတယ္ ညီမဝမ္းကြဲေတြနနဲ႕အိပ္တဲ့ မိန္းကေလးေတြခ်ည္းေနတဲ့အခန္းထဲ ဘာလိုညာလိုနဲ႕ဝင္ဝင္အိပ္တယ္ ။ ကုန္ကုန္ေျပာပါမယ္ လမ္းေလ်ာက္ရင္ ကြၽန္မ ေနာက္ပိုင္းေတြကို သိသိသာသာ လိုက္ၾကည့္တယ္။ ေရခ်ိဳးရင္ အနီးအနားမွာ မေယာင္မလည္လုပ္တယ္။ ကြၽန္မစိတ္ထဲ တစ္ေန႕ထက္တစ္ေန႕ မသိုးမသန႔္ေတြျဖစ္လာတာ၊ ကိုယ္ေမြးထားတဲ့ သမီးကို ဘယ္သူကအဲ့လိုစိတ္ထားမွာလဲ ငါကိုက ႐ူးေနတာဆိုၿပီး ကိုယ့္စိတ္ကိုေျဖခဲ့တာ။ မွတ္မိပါေသးတယ္ ပန္းၿခံထဲမွာ အေမလဲပါတယ္ ဖ်ာခင္းထမင္းစားရင္းနဲ႕ ဟင္းလွမ္းယူသလိုလိုနဲ႕ ကြၽန္မေပါင္ေပၚလက္ဝါးတစ္ဖက္လာတင္တယ္။ အေမသတိထားမိလား သတိမထားမိလား ကြၽန္မမသိဘူး။ အိမ္မွာ အေမမရွိရင္ ကြၽန္မေနရတာ ဘယ္လိုမွ ေနာက္ေက်ာမလုံဘူး။ အခန္းထဲ ဘယ္အခ်ိန္ဝင္လာမလဲ၊ ငါ့ကို ဘယ္လိုပုံနဲ႕အသားယူဦးမလဲ ေတြးၿပီး စိုးရိမ္ခဲ့ရတာ အခ်ိန္တိုင္းပဲ။ ဒါေပမယ့္ ကြၽန္မဘယ္သူ႕ကိုမွ ဖြင့္မေျပာရဲခဲ့ဘူး။ ေျပာလဲ ကြၽန္မကို ႐ူးေနတာလို႔ပဲေျပာၾကမွာေလ။အိမ္မွာေနရတာ ဘယ္လိုမွ စိတ္မလုံခဲ့ဘူး။ လုံၿခဳံမႈ ေႏြးေထြးမႈေတြလဲ ဘာတစ္ခုမွမရခဲ့ဘူး။ ဆယ္ေက်ာ္သက္ဘဝေတြက လုံးဝ ငရဲပဲ။

သူဘယ္အခ်ိန္ ဘယ္လိုပုံစံနဲ႕ အခြင့္အေရးယူဦးမလဲလို႔ေတြးၿပီး က်ီးလန႔္စာ စားေနခဲ့ရတာ။ ကြၽန္မစိတ္ထဲမွာ ေလာကမွာရွိတဲ့ အေဖေတြအကုန္လုံးက သမီးေတြအေပၚဒါမ်ိဳးခ်ည္းပဲလားလို႔အေတြးေတာင္ဝင္ခဲ့တာ။ အားငယ္စိတ္ေတြ အားကိုးရာမဲ့ တြယ္ရာမဲ့စိတ္ေတြ အခ်ိန္တိုင္းျဖစ္ခဲ့တာ။ ကြၽန္မအေဖကို စကားမေျပာတာ ၂၀ ေက်ာ္အ႐ြယ္ကတည္းက။ ဒါေပမယ့္ စိတ္ထဲက ဒဏ္ရာေတြက လုံးဝမေပ်ာက္ေတာ့ဘူး။ လူေတြနဲ႕စကားေျပာတိုင္း တစ္ဆင့္နိမ့္ေနတဲ့လူလိုခံစားရၿပီးစကားေျပာနည္းၿပီးပတ္ဝန္းက်င္နဲ႕ကင္းကြာသလိုေတာင္ျဖစ္ခဲ့တာ။
 ေယာက်္ားယူ ကေလးေမြးရင္ ငါေမြးတဲ့ငါ့သမီးေလးကိုလဲ ငါ့ေယာက်္ား သူ႕အေဖက ႀကံစည္ဦးမွာပဲဆိုတဲ့ စိတၱဇျဖစ္သြားတာ အခုထိ။ ေယာက်္ားေတြဆိုရင္ လုံးဝ အထိမခံခ်င္ အသံေတာင္မၾကားခ်င္ေတာ့ပဲ လာသမွ် ေယာက်္ားေတြ ပစ္ပစ္ခါခါ ေျပာဆိုပစ္ခဲ့တာ။ ဘယ္ေယာက်္ားကိုမွ မယုံနိုင္တာ အခုအသက္ ၂၅ ေက်ာ္တဲ့အထိကိုပဲ။ ကြၽန္မ မိန္းကေလးခ်င္းခ်စ္မိတာ နဂို စိတ္အခံေၾကာင့္လဲျဖစ္ခ်င္ျဖစ္မယ္ ၊ ငယ္ငယ္တုန္းကအေဖလုပ္သူရဲ႕sexualharrassement ေၾကာင့္ ေယာက်္ားေတြကို႐ြံသြားတာျဖစ္ခ်င္ျဖစ္မယ္။ ဒါေပမယ့္ ေသခ်ာတာ တစ္ခုကေတာ့ ကြၽန္မလို victims ေတြအမ်ားႀကီးပဲဆိုတာရယ္၊ ယဥ္ေက်းမႈ ဘာသာတရားေတြရဲ႕အကာကြယ္ယူၿပီးဖခင္မျဖစ္ထိုက္တဲ့paedophile ေတြအမ်ားႀကီး ျမန္မာနိုင္ငံမွာ
ရွိေနတယ္ဆိုတာေတြပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmarload

#Unicode Version
ဘာမှမရေးခင် ကြိုပြောပြပါ့မယ်။ ကျွန်မ မိန်းကလေးတစ်ယောက် ကျွန်မချစ်သူကလဲ မိန်းကလေးတစ်ယောက်ပါ။

သူများတွေအတွက် အဖေဆိုတာ သူရဲကောင်းဖြစ်ချင်ဖြစ်လိမ့်မယ်။ ကျွန်မအတွက်ကတော့လုံးဝမမှန်ဘူး။ ၉ နှစ် ၁၀ နှစ် အရွယ်လေး နင်းခိုင်းတာ သူ့ပေါင်ခွကြားနားအထိ။ အဲ့တုန်းကဘာမှ နားမလည်ဘူး နင်းပေးဆို နင်းပေးလိုက်တာပဲ ။ စိတ်ထဲမှာ ကလေးပီပီ ကုသိုလ်ရတယ်ဆိုပြီးပျော်လို့။ အပျိုဖော်ဝင်ကာစအရွယ်အိမ်ကအုတ်ရေကန်မှာရေချိုးတော့ သူကဝင်ချိုးတယ်။ ပြောလာတယ် နင် ခွကြားတွေဘာတွေ နှိုက်မဆေးဘူးလားတဲ့လေ ။

၁၂ ၁၃ အရွယ်လေးဆိုတော့ ကိုယ်ကတော့ကလေးပဲ ဘာမှနားမလည်ဘူး အဖေပဲဆိုပြီး ရှက်စိတ်တောင်မရှိဘူး၊။ နောက်ပိုဆိုးလာတယ် ညီမဝမ်းကွဲတွေနနဲ့အိပ်တဲ့ မိန်းကလေးတွေချည်းနေတဲ့အခန်းထဲ ဘာလိုညာလိုနဲ့ဝင်ဝင်အိပ်တယ် ။ ကုန်ကုန်ပြောပါမယ် လမ်းလျောက်ရင် ကျွန်မ နောက်ပိုင်းတွေကို သိသိသာသာ လိုက်ကြည့်တယ်။ ရေချိုးရင် အနီးအနားမှာ မယောင်မလည်လုပ်တယ်။ ကျွန်မစိတ်ထဲ တစ်နေ့ထက်တစ်နေ့ မသိုးမသန့်တွေဖြစ်လာတာ၊ ကိုယ်မွေးထားတဲ့ သမီးကို ဘယ်သူကအဲ့လိုစိတ်ထားမှာလဲ ငါကိုက ရူးနေတာဆိုပြီး ကိုယ့်စိတ်ကိုဖြေခဲ့တာ။ မှတ်မိပါသေးတယ် ပန်းခြံထဲမှာ အမေလဲပါတယ် ဖျာခင်းထမင်းစားရင်းနဲ့ ဟင်းလှမ်းယူသလိုလိုနဲ့ ကျွန်မပေါင်ပေါ်လက်ဝါးတစ်ဖက်လာတင်တယ်။ အမေသတိထားမိလား သတိမထားမိလား ကျွန်မမသိဘူး။ အိမ်မှာ အမေမရှိရင် ကျွန်မနေရတာ ဘယ်လိုမှ နောက်ကျောမလုံဘူး။ အခန်းထဲ ဘယ်အချိန်ဝင်လာမလဲ၊ ငါ့ကို ဘယ်လိုပုံနဲ့အသားယူဦးမလဲ တွေးပြီး စိုးရိမ်ခဲ့ရတာ အချိန်တိုင်းပဲ။ ဒါပေမယ့် ကျွန်မဘယ်သူ့ကိုမှ ဖွင့်မပြောရဲခဲ့ဘူး။ ပြောလဲ ကျွန်မကို ရူးနေတာလို့ပဲပြောကြမှာလေ။အိမ်မှာနေရတာ ဘယ်လိုမှ စိတ်မလုံခဲ့ဘူး။ လုံခြုံမှု နွေးထွေးမှုတွေလဲ ဘာတစ်ခုမှမရခဲ့ဘူး။ ဆယ်ကျော်သက်ဘဝတွေက လုံးဝ ငရဲပဲ။

သူဘယ်အချိန် ဘယ်လိုပုံစံနဲ့ အခွင့်အရေးယူဦးမလဲလို့တွေးပြီး ကျီးလန့်စာ စားနေခဲ့ရတာ။ ကျွန်မစိတ်ထဲမှာ လောကမှာရှိတဲ့ အဖေတွေအကုန်လုံးက သမီးတွေအပေါ်ဒါမျိုးချည်းပဲလားလို့အတွေးတောင်ဝင်ခဲ့တာ။ အားငယ်စိတ်တွေ အားကိုးရာမဲ့ တွယ်ရာမဲ့စိတ်တွေ အချိန်တိုင်းဖြစ်ခဲ့တာ။ ကျွန်မအဖေကို စကားမပြောတာ ၂၀ ကျော်အရွယ်ကတည်းက။ ဒါပေမယ့် စိတ်ထဲက ဒဏ်ရာတွေက လုံးဝမပျောက်တော့ဘူး။ လူတွေနဲ့စကားပြောတိုင်း တစ်ဆင့်နိမ့်နေတဲ့လူလိုခံစားရပြီးစကားပြောနည်းပြီးပတ်ဝန်းကျင်နဲ့ကင်းကွာသလိုတောင်ဖြစ်ခဲ့တာ။

 ယောကျ်ားယူ ကလေးမွေးရင် ငါမွေးတဲ့ငါ့သမီးလေးကိုလဲ ငါ့ယောကျ်ား သူ့အဖေက ကြံစည်ဦးမှာပဲဆိုတဲ့ စိတ္တဇဖြစ်သွားတာ အခုထိ။ ယောကျ်ားတွေဆိုရင် လုံးဝ အထိမခံချင် အသံတောင်မကြားချင်တော့ပဲ လာသမျှ ယောကျ်ားတွေ ပစ်ပစ်ခါခါ ပြောဆိုပစ်ခဲ့တာ။ ဘယ်ယောကျ်ားကိုမှ မယုံနိုင်တာ အခုအသက် ၂၅ ကျော်တဲ့အထိကိုပဲ။ ကျွန်မ မိန်းကလေးချင်းချစ်မိတာ နဂို စိတ်အခံကြောင့်လဲဖြစ်ချင်ဖြစ်မယ် ၊ ငယ်ငယ်တုန်းကအဖေလုပ်သူရဲ့sexualharrassement ကြောင့် ယောကျ်ားတွေကိုရွံသွားတာဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ ကျွန်မလို victims တွေအများကြီးပဲဆိုတာရယ်၊ ယဉ်ကျေးမှု ဘာသာတရားတွေရဲ့အကာကွယ်ယူပြီးဖခင်မဖြစ်ထိုက်တဲ့paedophile တွေအများကြီး မြန်မာနိုင်ငံမှာ

ရှိနေတယ်ဆိုတာတွေပဲ။


ဖိုးသူတော် (www.phothutaw.com)
Credit:Myanmarload
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top