Kantharyar Centre
×

ေဖ့စ္ဘြတ္၊ ေယးတကၠသိုလ္နဲ႔ ကယ္လီဖိုးနီးယားတကၠသိုလ္က သုေတသီေတြျဖစ္တဲ့ William Hobbs နဲ႔ James Fowler တို႔ ပူးေပါင္းျပီး ေဖ့စ္ဘြတ္အသုံးျပဳသူေပါင္း ၁၂ သန္းကိုေလ့လာခဲ့ရာ ၄င္းတုိ႔ရဲ႕ ပုံမွန္လူမႈ ဘဝမ်ားနဲ႔ တြဲျပီးေဖ့စ္ဘြတ္ကို သုံးေလ့ရွိတဲ့သူေတြက ပိုျပီးအသက္ရွည္တာကို ေလ့လာေတြ႔ရွိခဲ့ၾကပါတယ္။

ကိုယ့္ရဲ႕ မိသားစုအေရး၊ လူမႈေရးေတြကို လူမႈကြန္ယက္ေပၚမွာ မွ်ေဝေလ့ရွိတဲ့သူေတြမွာ အက်ဳိးေက်းဇူးရႏုိင္ျပီး ႏုိင္ငံေရးပုိ႔စ္ေတြတင္တာ၊ ထင္ျမင္ခ်က္ေပးတာေတြကေတာ့ ႏွလုံးက်န္းမာေရးကို အေထာက္အကူမျပဳဘူးလို႔ ဆိုပါတယ္။William Hobbs က အြန္လိုင္းသုံးတဲ့အခါ မွ်တျပီး ျပင္ပကမာၻနဲ႔လည္း သဟဇာတျဖစ္ေအာင္ သုံးႏုိင္တဲ့သူေတြသာ က်န္းမာေရးေကာင္းမြန္ၾကပါတယ္လုိ႔ ဆုိပါတယ္။ ေဖ့စ္ဘြတ္လို လူမႈကြန္ယက္ကို အသုံးျပဳတဲ့နာရီေတြက ကိုယ့္ရဲ႕ က်န္းမာေရးကို ဆုံးျဖတ္ေပးႏုိင္ပါတယ္တဲ့။

အြန္လိုင္းသုံးတဲ့အခ်ိန္ အရမ္းမ်ားျပီး လက္ေတြ႔ကမာၻနဲ႔ ေဝးလာမယ္။ လူေတြနဲ႔ ထိေတြ႔ဆက္ဆံမႈေတြနည္းလာတာက အသက္ရွည္ေစတဲ့ အေၾကာင္းရင္း လုံးဝမဟုတ္ပါဘူးတဲ့။ ေလ့လာမႈက ၁၉၄၅ ခုႏွစ္နဲ႔ ၁၉၈၉ ခုႏွစ္ၾကားေမြးဖြားတဲ့ သက္တူရြယ္တူအုပ္စုကို အဓိကထားျပီး ေလ့လာခဲ့ပါတယ္။ အသက္ရွင္ေနဆဲျဖစ္ေနတဲ့သူေတြနဲ႔ လြန္ခဲ့တဲ့ ၆ လကေသဆုံးသြားတဲ့သူေတြကို ႏႈိင္းယွဥ္ေလ့လာခဲ့ျပီး ရလဒ္က ေဖ့စ္ဘြတ္သုံးတဲ့သူေတြက အသက္ပိုရွည္တာပဲ ျဖစ္ပါတယ္။ ေဖ့စ္ဘြတ္မွာ သူငယ္ခ်င္းမ်ားမ်ားလက္ခံတဲ့သူက အသက္အရွည္ဆုံးျဖစ္တာကို ေလ့လာေတြ႔ရွိခဲ့ပါတယ္။

အြန္လိုင္းသုံးျပီး ကုိယ့္ရဲ႕ လူမႈအသုိင္းအဝုိင္းနဲ႔ ဆက္သြယ္ျပီး ေပ်ာ္ေပ်ာ္ပါးပါးေနျခင္းက က်န္းမာေရးေကာင္းေအာင္ ကူညီေပးႏုိင္ပါတယ္တဲ့။ လက္ေတြ႔နဲ႔ေရာ အင္တာနက္အသုံးျပဳခ်ိန္ပါ မွ်တေအာင္ ခ်ိန္ညွိႏုိင္တဲ့ ေဖ့စ္ဘြတ္သုံးသူေတြဟာ ေသဆုံးႏုိင္ေခ်နည္းပါတယ္လုိ႔ သုေတသီေတြက အတည္ျပဳေျပာၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

ဖေ့စ်ဘွတ်၊ ယေးတက္ကသိုလ်နဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသီတွေဖြစ်တဲ့ William Hobbs နဲ့ James Fowler တို့ ပူးပေါင်းပြီး ဖေ့စ်ဘွတ်အသုံးပြုသူပေါင်း ၁၂ သန်းကိုလေ့လာခဲ့ရာ ၎င်းတို့ရဲ့ ပုံမှန်လူမှု ဘဝများနဲ့ တွဲပြီးဖေ့စ်ဘွတ်ကို သုံးလေ့ရှိတဲ့သူတွေက ပိုပြီးအသက်ရှည်တာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။

ကိုယ့်ရဲ့ မိသားစုအရေး၊ လူမှုရေးတွေကို လူမှုကွန်ယက်ပေါ်မှာ မျှဝေလေ့ရှိတဲ့သူတွေမှာ အကျိုးကျေးဇူးရနိုင်ပြီး နိုင်ငံရေးပို့စ်တွေတင်တာ၊ ထင်မြင်ချက်ပေးတာတွေကတော့ နှလုံးကျန်းမာရေးကို အထောက်အကူမပြုဘူးလို့ ဆိုပါတယ်။William Hobbs က အွန်လိုင်းသုံးတဲ့အခါ မျှတပြီး ပြင်ပကမ္ဘာနဲ့လည်း သဟဇာတဖြစ်အောင် သုံးနိုင်တဲ့သူတွေသာ ကျန်းမာရေးကောင်းမွန်ကြပါတယ်လို့ ဆိုပါတယ်။ ဖေ့စ်ဘွတ်လို လူမှုကွန်ယက်ကို အသုံးပြုတဲ့နာရီတွေက ကိုယ့်ရဲ့ ကျန်းမာရေးကို ဆုံးဖြတ်ပေးနိုင်ပါတယ်တဲ့။

အွန်လိုင်းသုံးတဲ့အချိန် အရမ်းများပြီး လက်တွေ့ကမ္ဘာနဲ့ ဝေးလာမယ်။ လူတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေနည်းလာတာက အသက်ရှည်စေတဲ့ အကြောင်းရင်း လုံးဝမဟုတ်ပါဘူးတဲ့။ လေ့လာမှုက ၁၉၄၅ ခုနှစ်နဲ့ ၁၉၈၉ ခုနှစ်ကြားမွေးဖွားတဲ့ သက်တူရွယ်တူအုပ်စုကို အဓိကထားပြီး လေ့လာခဲ့ပါတယ်။ အသက်ရှင်နေဆဲဖြစ်နေတဲ့သူတွေနဲ့ လွန်ခဲ့တဲ့ ၆ လကသေဆုံးသွားတဲ့သူတွေကို နှိုင်းယှဉ်လေ့လာခဲ့ပြီး ရလဒ်က ဖေ့စ်ဘွတ်သုံးတဲ့သူတွေက အသက်ပိုရှည်တာပဲ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်မှာ သူငယ်ချင်းများများလက်ခံတဲ့သူက အသက်အရှည်ဆုံးဖြစ်တာကို လေ့လာတွေ့ရှိခဲ့ပါတယ်။

အွန်လိုင်းသုံးပြီး ကိုယ့်ရဲ့ လူမှုအသိုင်းအဝိုင်းနဲ့ ဆက်သွယ်ပြီး ပျော်ပျော်ပါးပါးနေခြင်းက ကျန်းမာရေးကောင်းအောင် ကူညီပေးနိုင်ပါတယ်တဲ့။ လက်တွေ့နဲ့ရော အင်တာနက်အသုံးပြုချိန်ပါ မျှတအောင် ချိန်ညှိနိုင်တဲ့ ဖေ့စ်ဘွတ်သုံးသူတွေဟာ သေဆုံးနိုင်ချေနည်းပါတယ်လို့ သုတေသီတွေက အတည်ပြုပြောကြားခဲ့ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top