Property Expo
×

လူမႈကြန္ရက္ဆုိတာ အခ်င္းခ်င္း မွ်ေဝဖုိ႔ ဆက္သြယ္ဖုိ႔နဲ႔ ပိုၿပီးရင္းႏွီးတဲ့ အသိုက္အဝန္းတစ္ခု တည္ေထာင္ဖုိ႔ပါ။ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ အမွတ္တရနဲ႔ စိတ္ခံစားခ်က္ေတြ မွ်ေဝၾကတဲ့ေနရာလည္းျဖစ္ပါတယ္။ ဒါေပမဲ့ ဒါေတြကိုေတာ့ အြန္လိုင္းေပၚမွာ လူသိေအာင္ မွ်ေဝဖို႔မသင့္ေတာ္ပါဘူး။

၁။ ပတ္စ္ပို႔ သို႔မဟုတ္ ယာဥ္ေမာင္းလိုင္စင္

အတုေတြေပါတဲ့ေခတ္ႀကီးမွာ ကိုယ့္ရဲ႕ပတ္စ္ပို႔၊ လိုင္စင္ေတြကို အတုလုပ္ၿပီး မႈခင္းက်ဴးလြန္သြားရင္ မခက္ဘူးလား။

၂။ အားလပ္ရက္အစီအစဥ္

႐ံုးပိတ္ရက္ရွည္ရလို႔ျဖစ္ျဖစ္ အားလပ္ရက္ကို ခရီးထြက္မယ္ဆို ေဖ့စ္ဘြတ္ေပၚမွာ ႀကိဳၿပီးေျပာမထားပါနဲ႔။ လူမရွိဘဲ ေသာ့ခတ္ထားတဲ့အိမ္ဟာ ေဖာက္ထြင္းေရးသမားေတြအတြက္ အႀကိဳက္ေတြ႔စရာျဖစ္သြားႏိုင္ပါတယ္။

၃။ ဘဏ္စာရင္းအေသးစိတ္

MPU ကတ္ နံပါတ္ကအစ ေငြစုစာအုပ္နံပါတ္အျပည့္အစံု၊ စာရင္းထဲက ေငြလက္က်န္ေတြကအစ အေသးစိတ္ထုတ္ျပတာမ်ိဳး မလုပ္သင့္ပါဘူး။ သူတစ္ပါးေငြကို အေခ်ာင္လိုခ်င္သူေတြအတြက္ လမ္းျပလိုက္သလိုျဖစ္သြားမွာပါပဲ။

၄။ အိမ္လိပ္စာ

ကိုယ္ေနထုိင္ရာ အိမ္လိပ္စာ အတိအက်ကို သူမ်ားကိုသိေစခ်င္တဲ့အခါ သိေစလိုသူတစ္ေယာက္တည္းကိုပဲ သီးသန္႔မက္ေဆ့ပို႔ၿပီးေျပာလိုက္ပါ။ ကိုယ့္ကိုရန္ျပဳခ်င္သူေတြလည္း ရွိေနႏိုင္လို႔ အိမ္လိပ္စာကို လြယ္လြယ္ကူကူနဲ႔ လူသိမခံပါနဲ႔။

၅။ အထက္လူႀကီးကို မေက်နပ္တဲ့အေၾကာင္း

ဒီအလုပ္မွာ ေရ႐ွည္လုပ္မယ္ဆုိရင္ေတာ့ အထက္လူႀကီးမေကာင္းေၾကာင္းကို အြန္လိုင္းေပၚမွာတက္မေရးပါနဲ႔။ ဒီလိုေတြေရးမိလို႔ အလုပ္ထုတ္ခံရတဲ့ရာဇဝင္ေတြ ႏိုင္ငံတုိင္းမွာ အျပည့္ပါပဲ။

၆။ လတ္တေလာလုပ္ေဆာင္မယ့္ အေသးစိတ္အခ်က္အလက္

မနက္ျဖန္ည ၆ နာရီမွာ ဘယ္႐ုပ္ရွင္ရံုကိုသြားၿပီး ဘာကားၾကည့္ပါ့မယ္ဆုိတာမ်ိဳးက အေပ်ာ္သေဘာနဲ႔တင္လိုက္ေပမယ့္ စဥ္းစားစရာေတြရွိေနပါတယ္။ အေၾကာင္းရင္းကေတာ့ လံုျခံဳေရးပါပဲ။ ကိုယ့္ကိုမွ ဦးတည္တိုက္ခိုက္ခ်င္သူေတြအဖုိ႔ ကိုယ္သြားမယ့္ေနရာမွာ တစ္ခုခုလုပ္ထားရင္ မခက္ေပဘူးလား။

၇။ ဆက္စီပံုေတြ

ဆက္စီေမာ္ဒယ္မဟုတ္ဘဲ ဆက္စီပံုေတြတင္ၿပီး Like ေတြ မ်ားမ်ားရကို သာယာယစ္မူးရတာက မူးယစ္ေဆးလိုပါပဲ။ တစ္ခ်ိန္မွာ ကိုယ့္ကိုယ္လမ္းဆံုးေရာက္သြားေစႏိုင္ပါတယ္။ ကိုယ့္ဘက္က ေကာင္းေကာင္္းမြန္မြန္ေနေတာ့မွာျဖစ္ျဖစ္ လက္တြဲေဖာ္နဲ႔ေတြ႔ရင္ျဖစ္ျဖစ္ ဒါေတြသိသြားရင္ ဘယ္လိုမွအဆင္မေျပႏိုင္ဘူးေလ။ ၿပီးေတာ့ ေဖ့စ္ဘြတ္ကလည္း privacy ကို ပိုပိုတင္းက်ပ္လာေတာ့ ကိုယ့္အေကာင့္ေလးပါ ပ်က္သြားႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

လူမှုကွန်ရက်ဆိုတာ အချင်းချင်း မျှဝေဖို့ ဆက်သွယ်ဖို့နဲ့ ပိုပြီးရင်းနှီးတဲ့ အသိုက်အဝန်းတစ်ခု တည်ထောင်ဖို့ပါ။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အမှတ်တရနဲ့ စိတ်ခံစားချက်တွေ မျှဝေကြတဲ့နေရာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေကိုတော့ အွန်လိုင်းပေါ်မှာ လူသိအောင် မျှဝေဖို့မသင့်တော်ပါဘူး။

၁။ ပတ်စ်ပို့ သို့မဟုတ် ယာဉ်မောင်းလိုင်စင်

အတုတွေပေါတဲ့ခေတ်ကြီးမှာ ကိုယ့်ရဲ့ပတ်စ်ပို့၊ လိုင်စင်တွေကို အတုလုပ်ပြီး မှုခင်းကျူးလွန်သွားရင် မခက်ဘူးလား။

၂။ အားလပ်ရက်အစီအစဉ်

ရုံးပိတ်ရက်ရှည်ရလို့ဖြစ်ဖြစ် အားလပ်ရက်ကို ခရီးထွက်မယ်ဆို ဖေ့စ်ဘွတ်ပေါ်မှာ ကြိုပြီးပြောမထားပါနဲ့။ လူမရှိဘဲ သော့ခတ်ထားတဲ့အိမ်ဟာ ဖောက်ထွင်းရေးသမားတွေအတွက် အကြိုက်တွေ့စရာဖြစ်သွားနိုင်ပါတယ်။

၃။ ဘဏ်စာရင်းအသေးစိတ်

MPU ကတ် နံပါတ်ကအစ ငွေစုစာအုပ်နံပါတ်အပြည့်အစုံ၊ စာရင်းထဲက ငွေလက်ကျန်တွေကအစ အသေးစိတ်ထုတ်ပြတာမျိုး မလုပ်သင့်ပါဘူး။ သူတစ်ပါးငွေကို အချောင်လိုချင်သူတွေအတွက် လမ်းပြလိုက်သလိုဖြစ်သွားမှာပါပဲ။

၄။ အိမ်လိပ်စာ

ကိုယ်နေထိုင်ရာ အိမ်လိပ်စာ အတိအကျကို သူများကိုသိစေချင်တဲ့အခါ သိစေလိုသူတစ်ယောက်တည်းကိုပဲ သီးသန့်မက်ဆေ့ပို့ပြီးပြောလိုက်ပါ။ ကိုယ့်ကိုရန်ပြုချင်သူတွေလည်း ရှိနေနိုင်လို့ အိမ်လိပ်စာကို လွယ်လွယ်ကူကူနဲ့ လူသိမခံပါနဲ့။

၅။ အထက်လူကြီးကို မကျေနပ်တဲ့အကြောင်း

ဒီအလုပ်မှာ ရေရှည်လုပ်မယ်ဆိုရင်တော့ အထက်လူကြီးမကောင်းကြောင်းကို အွန်လိုင်းပေါ်မှာတက်မရေးပါနဲ့။ ဒီလိုတွေရေးမိလို့ အလုပ်ထုတ်ခံရတဲ့ရာဇဝင်တွေ နိုင်ငံတိုင်းမှာ အပြည့်ပါပဲ။

၆။ လတ်တလောလုပ်ဆောင်မယ့် အသေးစိတ်အချက်အလက်

မနက်ဖြန်ည ၆ နာရီမှာ ဘယ်ရုပ်ရှင်ရုံကိုသွားပြီး ဘာကားကြည့်ပါ့မယ်ဆိုတာမျိုးက အပျော်သဘောနဲ့တင်လိုက်ပေမယ့် စဉ်းစားစရာတွေရှိနေပါတယ်။ အကြောင်းရင်းကတော့ လုံခြုံရေးပါပဲ။ ကိုယ့်ကိုမှ ဦးတည်တိုက်ခိုက်ချင်သူတွေအဖို့ ကိုယ်သွားမယ့်နေရာမှာ တစ်ခုခုလုပ်ထားရင် မခက်ပေဘူးလား။

၇။ ဆက်စီပုံတွေ

ဆက်စီမော်ဒယ်မဟုတ်ဘဲ ဆက်စီပုံတွေတင်ပြီး Like တွေ များများရကို သာယာယစ်မူးရတာက မူးယစ်ဆေးလိုပါပဲ။ တစ်ချိန်မှာ ကိုယ့်ကိုယ်လမ်းဆုံးရောက်သွားစေနိုင်ပါတယ်။ ကိုယ့်ဘက်က ကောင်းကောင်းမွန်မွန်နေတော့မှာဖြစ်ဖြစ် လက်တွဲဖော်နဲ့တွေ့ရင်ဖြစ်ဖြစ် ဒါတွေသိသွားရင် ဘယ်လိုမှအဆင်မပြေနိုင်ဘူးလေ။ ပြီးတော့ ဖေ့စ်ဘွတ်ကလည်း privacy ကို ပိုပိုတင်းကျပ်လာတော့ ကိုယ့်အကောင့်လေးပါ ပျက်သွားနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top