Property Expo
×

 အစိုးရသစ္တက္ၿပီး ေနာက္ပိုင္း ေျခာက္လခန္႔ ေခတၱရပ္ဆုိင္းျခင္းခံရသည့္ ရန္ကုန္ၿမိဳ႕ရွိ အထပ္ျမင့္၊ အထပ္နိမ့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားအားလံုးကို ႏိုဝင္ဘာဒုတိယပတ္တြင္ ျပန္ လည္ခြင့္ျပဳေပးမည္ဟု ရန္ကုန္ ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီမွ သတင္းရရွိသည္။

ေျမျပင္လုပ္ငန္းမ်ား စတင္ ေနသည့္ အထပ္ျမင့္စီမံကိန္း ၅၅ လံုး၊ ေျမျပင္လုပ္ငန္းမ်ားပင္ မစတင္ရေသးသည့္ အထပ္ျမင့္ စီမံကိန္း ၁၃၀ ေက်ာ္အပါအဝင္ အျခားအေဆာက္အအံုမ်ားအား လံုးကို ႏိုဝင္ဘာ ဒုတိယပတ္တြင္ ျပန္လည္  ခြင့္ျပဳေပးမည္ျဖစ္ ေၾကာင္း အင္ဂ်င္နီယာႏွင့္ အ ေဆာက္အအံုဌာနမွ အဆင့္ျမင့္ အရာရွိက ေျပာသည္။

ျပန္လည္ခြင့္ျပဳေပးရာတြင္ လက္ရွိ တည္ဆဲလုပ္ထံုးလုပ္နည္း ဥပေဒမ်ားႏွင့္အညီ ခြင့္ျပဳေပးမည္ ဟု ဆုိသည္။


အားလံုးကို ျပန္လည္ခြင့္ျပဳ ေပးလိုက္ၿပီျဖစ္ေသာ္လည္း ရွစ္ ထပ္ႏွင့္အထက္ တည္ေဆာက္ မည့္ အထပ္ျမင့္အေဆာက္အအံု ၁၀ လံုးကိုမူ ခြင့္ျပဳဦးမည္မဟုတ္ဘဲ ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားျဖင့္ ျပန္လည္ညႇိႏိႈင္းရန္  ရွိေနေၾကာင္း သိရသည္။

ယခင္က ရန္ကုန္ၿမိဳ႕မွ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကို အသစ္တည္ေဆာက္ရန္ လာ ေရာက္တင္ျပသည့္ အေဆာက္ အအံုမ်ားႏွင့္ ေဆာက္လုပ္ဆဲမ်ား ကို မူအသစ္ျဖင့္သာ ခြင့္ျပဳမည္ဟု သတင္းမ်ား ထြက္ေပၚခဲ့သည္။

ယခု ခြင့္ျပဳေပးလိုက္သည့္ စီမံကိန္းမ်ားကို လက္ရွိက်င့္သံုး ေနသည့္မူအတုိင္း စစ္ေဆးၿပီး ဆက္လက္ေဆာင္ရြက္ခြင့္ျပဳေပး မည္ဟု သိရသည္။

‘‘ကြၽန္ေတာ္တို႔ဆီ ဘာအ ေၾကာင္းၾကားစာမွေတာ့ မရေသး ဘူး။ ဒါေပမဲ့ လုပ္ငန္းရွင္ေတြနဲ႔ လာမယ့္တစ္ပတ္ကို စည္ပင္မွာ ေခၚေတြ႕ဖို႔ေတာ့ရွိတယ္။ အားလံုးကို အရင္မူအတုိင္း ျပန္ၿပီးခြင့္ျပဳ ေပးမယ္ဆုိရင္ေတာ့ အေကာင္းဆံုးေပါ့။ ဘာေျပာစရာလိုမွာလဲ’’ ဟု ျမန္မာႏုိင္ငံ ေဆာက္လုပ္ေရး လုပ္ငန္းရွင္မ်ားအသင္း ဗဟိုအလုပ္အမႈေဆာင္တစ္ဦးက ေျပာသည္။

 အသစ္တည္ေဆာက္ရန္ ထပ္မံတင္ျပလာသည့္ ေလးထပ္ ခြဲႏွင့္အထက္ အထပ္ျမင့္စီမံကိန္း မ်ား လက္ခံျခင္းကို ရပ္ဆုိင္းထား ရာမွ ႏိုဝင္ဘာ ဒုတိယပတ္တြင္ ျပန္လည္ခြင့္ျပဳမည္ျဖစ္ေၾကာင္း အင္ဂ်င္နီယာႏွင့္ အေဆာက္အ အံုဌာနမွ သတင္းရရွိသည္။

ရန္ကုန္ၿမိဳ႕တြင္ အသစ္ထပ္မံ တည္ေဆာက္မည့္ ေဆာက္လုပ္ ေရးလုပ္ငန္းရွင္မ်ားသည္ ဌာန၌ အမႈတြဲအသစ္ (ေဆာက္လုပ္ ခြင့္ ေလွ်ာက္ထားျခင္း)တင္ျပျခင္း ကို ႏိုဝင္ဘာ ဒုတိယပတ္တြင္ ျပန္ လည္တင္ျပႏုိင္ၿပီျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အစိုးရသစ်တက်ပြီး နောက်ပိုင်း ခြောက်လခန့် ခေတ္တရပ်ဆိုင်းခြင်းခံရသည့် ရန်ကုန်မြို့ရှိ အထပ်မြင့်၊ အထပ်နိမ့် ဆောက်လုပ်ရေးလုပ်ငန်းများအားလုံးကို နိုဝင်ဘာဒုတိယပတ်တွင် ပြန် လည်ခွင့်ပြုပေးမည်ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။

မြေပြင်လုပ်ငန်းများ စတင် နေသည့် အထပ်မြင့်စီမံကိန်း ၅၅ လုံး၊ မြေပြင်လုပ်ငန်းများပင် မစတင်ရသေးသည့် အထပ်မြင့် စီမံကိန်း ၁၃၀ ကျော်အပါအဝင် အခြားအဆောက်အအုံများအား လုံးကို နိုဝင်ဘာ ဒုတိယပတ်တွင် ပြန်လည်  ခွင့်ပြုပေးမည်ဖြစ် ကြောင်း အင်ဂျင်နီယာနှင့် အ ဆောက်အအုံဌာနမှ အဆင့်မြင့် အရာရှိက ပြောသည်။

ပြန်လည်ခွင့်ပြုပေးရာတွင် လက်ရှိ တည်ဆဲလုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ ခွင့်ပြုပေးမည် ဟု ဆိုသည်။


အားလုံးကို ပြန်လည်ခွင့်ပြု ပေးလိုက်ပြီဖြစ်သော်လည်း ရှစ် ထပ်နှင့်အထက် တည်ဆောက် မည့် အထပ်မြင့်အဆောက်အအုံ ၁၀ လုံးကိုမူ ခွင့်ပြုဦးမည်မဟုတ်ဘဲ ဆောက်လုပ်ရေးလုပ်ငန်းရှင်များဖြင့် ပြန်လည်ညှိနှိုင်းရန်  ရှိနေကြောင်း သိရသည်။

ယခင်က ရန်ကုန်မြို့မှ ဆောက်လုပ်ရေးလုပ်ငန်းများကို အသစ်တည်ဆောက်ရန် လာ ရောက်တင်ပြသည့် အဆောက် အအုံများနှင့် ဆောက်လုပ်ဆဲများ ကို မူအသစ်ဖြင့်သာ ခွင့်ပြုမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ယခု ခွင့်ပြုပေးလိုက်သည့် စီမံကိန်းများကို လက်ရှိကျင့်သုံး နေသည့်မူအတိုင်း စစ်ဆေးပြီး ဆက်လက်ဆောင်ရွက်ခွင့်ပြုပေး မည်ဟု သိရသည်။

‘‘ကျွန်တော်တို့ဆီ ဘာအ ကြောင်းကြားစာမှတော့ မရသေး ဘူး။ ဒါပေမဲ့ လုပ်ငန်းရှင်တွေနဲ့ လာမယ့်တစ်ပတ်ကို စည်ပင်မှာ ခေါ်တွေ့ဖို့တော့ရှိတယ်။ အားလုံးကို အရင်မူအတိုင်း ပြန်ပြီးခွင့်ပြု ပေးမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ဘာပြောစရာလိုမှာလဲ’’ ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ပြောသည်။

 အသစ်တည်ဆောက်ရန် ထပ်မံတင်ပြလာသည့် လေးထပ် ခွဲနှင့်အထက် အထပ်မြင့်စီမံကိန်း များ လက်ခံခြင်းကို ရပ်ဆိုင်းထား ရာမှ နိုဝင်ဘာ ဒုတိယပတ်တွင် ပြန်လည်ခွင့်ပြုမည်ဖြစ်ကြောင်း အင်ဂျင်နီယာနှင့် အဆောက်အ အုံဌာနမှ သတင်းရရှိသည်။

ရန်ကုန်မြို့တွင် အသစ်ထပ်မံ တည်ဆောက်မည့် ဆောက်လုပ် ရေးလုပ်ငန်းရှင်များသည် ဌာန၌ အမှုတွဲအသစ် (ဆောက်လုပ် ခွင့် လျှောက်ထားခြင်း)တင်ပြခြင်း ကို နိုဝင်ဘာ ဒုတိယပတ်တွင် ပြန် လည်တင်ပြနိုင်ပြီဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top