Property Expo
×

 လာနီညာျဖစ္ရန္ အ လားအလာ ျပန္လည္ျမင့္တက္ လာေနၿပီး ျမန္မာႏုိင္ငံေဒသအခ်ိဳ႕ အေအးပိုလာႏုိင္ေၾကာင္း မိုးေလဝသပညာရွင္ ေဒါက္တာထြန္းလြင္က သတိေပးသည္။

လတ္တေလာ ရာသီဥတုအေျခအေနအရ လာနီညာျဖစ္ရန္ ၇၀ ရာခုိင္ႏႈန္းအထိ ျမင့္တက္ေန ၿပီး ျမန္မာႏုိင္ငံ ေျမာက္ပိုင္းေဒသမ်ားတြင္ ေရခဲမွတ္ေအာက္ ေရာက္သည္အထိ ေအးေနၿပီျဖစ္ ေၾကာင္း ေဒါက္တာထြန္းလြင္က ေျပာသည္။


လာနီညာျဖစ္စဥ္သည္ အ ခ်ိန္အခါမဟုတ္ မိုးမ်ားကာ အ ေအးလြန္ကဲသည့္ ျဖစ္စဥ္ျဖစ္ၿပီး မုန္တုိင္းေဘးႏွင့္ ေရႀကီးမႈအႏၲ ရာယ္လည္း ျဖစ္ေစတတ္ေၾကာင္း ေဒါက္တာထြန္းလြင္က သတိေပး သည္။

ၿပီးခဲ့သည့္ေႏြႏွင့္ မိုးဦးကာလက ျမန္မာႏုိင္ငံတြင္ အယ္နီညိဳ ရာသီဥတုဒဏ္ခံရၿပီး စံခ်ိန္တင္ပူျပင္းေျခာက္ေသြ႕မႈမ်ားႏွင့္အတူ မီးေဘးႏွင့္ ေရေဘးအႏၲရာယ္ မ်ား ယခင္ႏွစ္မ်ားထက္ ရင္ဆုိင္ရသည္။ ယခုအခါ အယ္နီညိဳ အႏၲရာယ္ကို ျမန္မာႏုိင္ငံအပါအဝင္ အာရွေဒသႏုိင္ငံမ်ားအတြက္ ႏုိင္ငံတကာ မိုးေလဝသဌာနမ်ား က သတိေပးေနျခင္းျဖစ္သည္။

‘‘အခု ေျမာက္ပိုင္းေဒသေတြ ႏွင္းေတြက်တယ္။ ျမဴေတြက် တယ္။ အထက္ပိုင္းေဒသေတြ အေအးပိုလာမယ္။ ကခ်င္ျပည္ နယ္မွာ ေရခဲမွတ္ေအာက္ေရာက္ ေအာင္က်ၿပီ။ အခုဆိုရင္ပဲ ဘဂၤ လားပင္လယ္ေအာ္မွာ ေလဖိအား နည္းရပ္ဝန္းျဖစ္ေနတယ္ဆုိေတာ့ ဒါေတြက လာနီညာနဲ႔ ဆက္စပ္ တယ္’’ဟု ေဒါက္တာထြန္းလြင္က ေျပာသည္။

ဘဂၤလားပင္လယ္ေအာ္ အ ေနာက္ေတာင္ပိုင္းတြင္ ႏိုဝင္ဘာ ၁၇ ရက္မွစ၍ ေလဖိအားနည္းရပ္ဝန္းတစ္ခု ျဖစ္ေပၚခဲ့ျခင္းျဖစ္ သည္။

 မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနက ခ်င္းျပည္ နယ္တြင္ ႏိုဝင္ဘာ၏ ပ်မ္းမွ်အပူ ခ်ိန္ေအာက္ ၃ ဒီဂရီစင္တီဂရိတ္ ေလ်ာ့နည္းခဲ့ၿပီး ခ်င္း၊ ရွမ္းျပည္ နယ္ႏွင့္ မႏၲေလးတုိင္းေဒသႀကီး တုိ႔တြင္ ေဒသအခ်ိဳ႕ အေအးပိုခဲ့ ေၾကာင္း ႏိုဝင္ဘာ ၁၉ ရက္တြင္ သတင္းထုတ္ျပန္သည္။

ႏိုဝင္ဘာသည္ ေဆာင္းဦး ကာလျဖစ္ေသာ္လည္း ျမန္မာ ႏုိင္ငံေဒသအႏွံ႔တြင္ ေနရာကြက္ မိုးႀကီးေနၿပီး ေဒသအခ်ိဳ႕၌ ေတာင္က်ေရေၾကာင့္ ေနအိမ္ၿပိဳက်မႈမ်ား ႏွင့္ လူေသဆံုးမႈအခ်ိဳ႕ ျဖစ္ေပၚခဲ့ သည္။

ႏိုဝင္ဘာလဆန္းခန္႔မွ စတင္ကာ ေနရာကြက္ မိုးေကာင္းခဲ့၍ ေဒသအခ်ိဳ႕တြင္ ေတာင္သူမ်ား သီးႏွံပ်က္စီးမႈႏွင့္ ရင္ဆုိင္ခဲ့ရ သည္။

ကခ်င္ျပည္နယ္ႏွင့္ စစ္ကိုင္း တုိင္းေဒသႀကီးအတြင္း ကားလမ္းမ်ား ပ်က္စီးကာ လမ္းပန္းဆက္သြယ္ေရး ယာယီျပတ္ေတာက္ ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 လာနီညာဖြစ်ရန် အ လားအလာ ပြန်လည်မြင့်တက် လာနေပြီး မြန်မာနိုင်ငံဒေသအချို့ အအေးပိုလာနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။

လတ်တလော ရာသီဥတုအခြေအနေအရ လာနီညာဖြစ်ရန် ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်နေ ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် ရေခဲမှတ်အောက် ရောက်သည်အထိ အေးနေပြီဖြစ် ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။


လာနီညာဖြစ်စဉ်သည် အ ချိန်အခါမဟုတ် မိုးများကာ အ အေးလွန်ကဲသည့် ဖြစ်စဉ်ဖြစ်ပြီး မုန်တိုင်းဘေးနှင့် ရေကြီးမှုအန္တ ရာယ်လည်း ဖြစ်စေတတ်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေး သည်။

ပြီးခဲ့သည့်နွေနှင့် မိုးဦးကာလက မြန်မာနိုင်ငံတွင် အယ်နီညို ရာသီဥတုဒဏ်ခံရပြီး စံချိန်တင်ပူပြင်းခြောက်သွေ့မှုများနှင့်အတူ မီးဘေးနှင့် ရေဘေးအန္တရာယ် များ ယခင်နှစ်များထက် ရင်ဆိုင်ရသည်။ ယခုအခါ အယ်နီညို အန္တရာယ်ကို မြန်မာနိုင်ငံအပါအဝင် အာရှဒေသနိုင်ငံများအတွက် နိုင်ငံတကာ မိုးလေဝသဌာနများ က သတိပေးနေခြင်းဖြစ်သည်။

‘‘အခု မြောက်ပိုင်းဒေသတွေ နှင်းတွေကျတယ်။ မြူတွေကျ တယ်။ အထက်ပိုင်းဒေသတွေ အအေးပိုလာမယ်။ ကချင်ပြည် နယ်မှာ ရေခဲမှတ်အောက်ရောက် အောင်ကျပြီ။ အခုဆိုရင်ပဲ ဘင်္ဂ လားပင်လယ်အော်မှာ လေဖိအား နည်းရပ်ဝန်းဖြစ်နေတယ်ဆိုတော့ ဒါတွေက လာနီညာနဲ့ ဆက်စပ် တယ်’’ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

ဘင်္ဂလားပင်လယ်အော် အ နောက်တောင်ပိုင်းတွင် နိုဝင်ဘာ ၁၇ ရက်မှစ၍ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်ခဲ့ခြင်းဖြစ် သည်။

 မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ချင်းပြည် နယ်တွင် နိုဝင်ဘာ၏ ပျမ်းမျှအပူ ချိန်အောက် ၃ ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး ချင်း၊ ရှမ်းပြည် နယ်နှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် ဒေသအချို့ အအေးပိုခဲ့ ကြောင်း နိုဝင်ဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။

နိုဝင်ဘာသည် ဆောင်းဦး ကာလဖြစ်သော်လည်း မြန်မာ နိုင်ငံဒေသအနှံ့တွင် နေရာကွက် မိုးကြီးနေပြီး ဒေသအချို့၌ တောင်ကျရေကြောင့် နေအိမ်ပြိုကျမှုများ နှင့် လူသေဆုံးမှုအချို့ ဖြစ်ပေါ်ခဲ့ သည်။

နိုဝင်ဘာလဆန်းခန့်မှ စတင်ကာ နေရာကွက် မိုးကောင်းခဲ့၍ ဒေသအချို့တွင် တောင်သူများ သီးနှံပျက်စီးမှုနှင့် ရင်ဆိုင်ခဲ့ရ သည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီးအတွင်း ကားလမ်းများ ပျက်စီးကာ လမ်းပန်းဆက်သွယ်ရေး ယာယီပြတ်တောက် ခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top