Property Expo
×

ဖိလစ္ပုိင္မွာ အသစ္တက္ အုပ္ခ်ဳပ္လာၿပီးလုိ႔ ရက္တစ္ရာေက်ာ္ၿပီး တဲ့ေနာက္မွာ ႏုိင္ငံ့သမုိင္းမွာ အၾကမ္းတမ္းဆံုးနဲ႔ ေၾကာက္စရာ အေကာင္းဆံုး ေခါင္းေဆာင္အျဖစ္ သတ္မွတ္ခံရတဲ့ သမၼတ ဒူတာ ေတးကေတာ့ ကမာၻ႔အၾကမ္းဖက္အင္အားစု အုိင္အက္စ္အၾကမ္း ဖက္နဲ႔ အျခား အစြန္းေရာက္တပ္ဖြဲ႕ေတြအေပၚ ျပင္းျပင္းထန္ထန္ သတိေပးထုတ္ျပန္မႈေတြ တရားဝင္ျပဳလုပ္လုိက္ပါတယ္။
အီရက္နဲ႔ ဆီးရီးယား နယ္ေျမေတြမွာ ေျခကုပ္ယူေသာင္းက်န္းေနတဲ့ အုိင္အက္စစ္ေသြးၾကြတပ္ဖြဲ႕ဝင္ေတြက ဖိလစ္ပုိင္ႏုိင္ငံအတြင္းသုိ႔ ဝင္ ေရာက္ၿပီးေတာ့ အၾကမ္းဖက္တုိက္ခုိက္မႈေတြ ျပဳလုပ္လာမယ္ဆုိပါ က သူ႔အေနနဲ႔ လူ႔အခြင့္အေရးကုိ လံုးဝငဲ့ညွာေနမွာ မဟုတ္ဘူးဆုိတဲ့ အေၾကာင္းကုိ ျပင္းျပင္းထန္ထန္ သတိေပးလုိက္ပါတယ္။

ဖိလစ္ပုိင္ႏုိင္ငံေတာင္ပုိင္းျပည္နယ္ မင္ဒါနာအုိမွာဆုိရင္ ဒုစရုိက္နဲ႔ ပုန္ကန္ထၾကြမႈေတြ၊ အၾကမ္းဖက္တုိက္ခုိက္မႈေတြ မၾကာခဏျဖစ္ ေပၚေနတာနဲ႔ပတ္သက္ၿပီးေတာ့ စိုးရိမ္မႈေတြျဖစ္ေပၚေနၿပီးေတာ့ အၾကမ္းဖက္အုပ္စုေတြ ႀကီးစိုးခ်ဳပ္ကုိင္လာတဲ့ အၾကမ္းဖက္နယ္ေျမ ေတြ ျဖစ္လာမွာကုိ ပူပန္ေနတယ္လုိ႔ ဒူတာေတးက ဆုိပါတယ္။


ဒူတာေတးက ဖိလစ္ပုိင္ သမၼတအျဖစ္ ေရြးခ်ယ္တင္ေျမွာက္ျခင္း ခံရၿပီးေနာက္ လပုိင္းအနည္းငယ္အၾကာမွာပဲ ၾကမ္းတမ္းတဲ့ မူးယစ္ ေဆးဝါးႏွိမ္နင္းလုပ္ေဆာင္ျခင္းေတြ၊ ဒုစရုိက္ရွင္းလင္းေလွ်ာ့ခ်ေရး ေတြကုိ ျပင္းျပင္းထန္ထန္နဲ႔ ၾကပ္ၾကပ္မတ္မတ္ ထိန္းခ်ဳပ္ႏုိင္ခဲ့တာ ေၾကာင့္သူ႕ကုိ ျပည္သူေတြ အေကာင္းျမင္ေထာက္ခံတာမ်ိဳးေတြ ရရွိခဲ့တာ ျဖစ္ပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။

Unicode Version

ဖိလစ်ပိုင်မှာ အသစ်တက် အုပ်ချုပ်လာပြီးလို့ ရက်တစ်ရာကျော်ပြီး တဲ့နောက်မှာ နိုင်ငံ့သမိုင်းမှာ အကြမ်းတမ်းဆုံးနဲ့ ကြောက်စရာ အကောင်းဆုံး ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရတဲ့ သမ္မတ ဒူတာ တေးကတော့ ကမ္ဘာ့အကြမ်းဖက်အင်အားစု အိုင်အက်စ်အကြမ်း ဖက်နဲ့ အခြား အစွန်းရောက်တပ်ဖွဲ့တွေအပေါ် ပြင်းပြင်းထန်ထန် သတိပေးထုတ်ပြန်မှုတွေ တရားဝင်ပြုလုပ်လိုက်ပါတယ်။
အီရက်နဲ့ ဆီးရီးယား နယ်မြေတွေမှာ ခြေကုပ်ယူသောင်းကျန်းနေတဲ့ အိုင်အက်စစ်သွေးကြွတပ်ဖွဲ့ဝင်တွေက ဖိလစ်ပိုင်နိုင်ငံအတွင်းသို့ ဝင် ရောက်ပြီးတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်လာမယ်ဆိုပါ က သူ့အနေနဲ့ လူ့အခွင့်အရေးကို လုံးဝငဲ့ညှာနေမှာ မဟုတ်ဘူးဆိုတဲ့ အကြောင်းကို ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။


ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းပြည်နယ် မင်ဒါနာအိုမှာဆိုရင် ဒုစရိုက်နဲ့ ပုန်ကန်ထကြွမှုတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ မကြာခဏဖြစ် ပေါ်နေတာနဲ့ပတ်သက်ပြီးတော့ စိုးရိမ်မှုတွေဖြစ်ပေါ်နေပြီးတော့ အကြမ်းဖက်အုပ်စုတွေ ကြီးစိုးချုပ်ကိုင်လာတဲ့ အကြမ်းဖက်နယ်မြေ တွေ ဖြစ်လာမှာကို ပူပန်နေတယ်လို့ ဒူတာတေးက ဆိုပါတယ်။


ဒူတာတေးက ဖိလစ်ပိုင် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရပြီးနောက် လပိုင်းအနည်းငယ်အကြာမှာပဲ ကြမ်းတမ်းတဲ့ မူးယစ် ဆေးဝါးနှိမ်နင်းလုပ်ဆောင်ခြင်းတွေ၊ ဒုစရိုက်ရှင်းလင်းလျှော့ချရေး တွေကို ပြင်းပြင်းထန်ထန်နဲ့ ကြပ်ကြပ်မတ်မတ် ထိန်းချုပ်နိုင်ခဲ့တာ ကြောင့်သူ့ကို ပြည်သူတွေ အကောင်းမြင်ထောက်ခံတာမျိုးတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။


Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top