Kantharyar Centre
×
Unicode Version
စကြာဝဠာဂြိုလ်ကြီးရဲ့သက်တမ်းက နှစ်သန်းပေါင်း ၅. ၄ဘီလျံ သက်တမ်းရှိနေခဲ့ပါပြီ။ လူသားတွေရဲ့ ဖြစ်တည်မှု သက်တမ်းက လည်း နှစ်ပေါင်း ၂ သိန်းကျော်ရှိနေခဲ့ပါတယ်။ ကမ္ဘာမြေထုကြီးရဲ့ တည်ရှိမှုမှာ ခေတ်အမျိုးမျိုးအဆက်ဆက်ပြောင်းလဲတည်ရှိလာတဲ့ အချိန်များစွာမှာ ယနေ့လူသားတွေအတွက် အကျိုးပြုနိုင်ခဲ့တဲ့ ပြောင်းလဲခြင်းများစွာလည်း ဖြစ်ပေါ်နေခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် ပေါင်း ၁၂၀ ကျော်မှာ ဖန်တီးတည်ရှိလာခဲ့တဲ့ အရာတွေကကမ္ဘာ ကြီးကို အကြီးအကျယ်ပြောင်းလဲလိုက်နိုင်ခဲ့ပါတယ်….
၁။ လျှပ်စစ်မီးလုံးတွေ တီထွင်ပြီးလိုက်ချိန်ကစလို့ ကမ္ဘာကြီးမှာ အလင်းရောင်ကို စတင်ထိတွေ့သွားနိုင်ခဲ့ပါတယ်။ သိပ္ပံပညာရှင် ကြီး သောမတ်အက်ဒီဆင်က ၁၈၉၇ ခုနှစ်မှာ မီးလုံးတွေကို စတင် ဖန်တီးတည်ထွင်လိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
၂။ ရိုက်ညီနောင်ရဲ့ ၁၉၀၃ ခုနှစ်မှာ ဖနတီးလိုက်တဲ့ လေယာဉ်ပျံတွေ ကြောင့်ပဲ ယနေ့အနာဂတ်မှာ သွားလာရအလွယ်ကူဆုံး နည်းလမ်း တစ်ခုကို ပေးစွမ်းနိုင်ခဲ့ပါတယ်။
၃။ www. ဆိုတဲ့ World Wide Web ဆိုတဲ့ ကမ္ဘာကြီးအနှံ့အပြာင်း ချိတ်ဆက်ပေးနိုင်တဲ့ ဖန်တီးမှုကြီးကို ဗြိတိန်ကွန်ပျူတာ ပညာရှင် တင်းဘာလာလီးက ၁၉၈၉ ခုနှစ်မှာ ဖန်တီးခဲ့ပါတယ်။ ဒါ့ကြောင့်မို့လို့ အခုဆိုရင်တော့ ကမ္ဘာကြီးဘယ်နေရာမဆို ဆက်စပ်သိရှိဖို့အတွက် www. ဆိုတဲ့ စာလုံးလေးတွေကို အလွယ်တကူပဲ ရိုက်နှိပ်အသုံးပြု ရှာဖွေလို့ရနိုင်တာပဲ ဖြစ်ပါတယ်။
၄။ လျှပ်စစ်ဂစ်တာတွေကို ၁၉၄၀ ခုနှစ်မှာ လက်စ်ပေါလ်ဆိုသူက စတင်ဖန်တီးပြုလုပ်ခဲ့ပါတယ်။ ယခင်က ခက်ခဲစွာတီးခတ်ရတဲ့ တူရိယာ ပစ္စည်းတွေထက်စရင် ဒီလို လျှပ်စစ်ဂစ်တာနဲ့ လျှပ်စစ်နဲ့ ချိတ်ဆက်ပြီး အသုံးပြုရတဲ့ပစ္စည်းတွေက ပိုပြီးတော့အသုံးပြုရသက် သာပြီးတော့ လွယ်ကူစေတာဖြစ်ပါတယ်။
Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top