Property Expo
×

မုိဆူးလ္ၿမဳိ႕မွာ ေျခကုပ္ယူထားတဲ့ အုိင္အက္စ္အၾကမ္းဖက္အဖြဲ႕ တုိက္ခိုက္ေရးသမားေတြကုိ လက္နက္ခ်ရန္ အီရတ္ဝန္ႀကီးခ်ဳပ္က ရာဇသံေပး ေျပာၾကားလုိက္ပါတယ္။ မုိဆူးလ္ၿမဳိ႕အနီး အီရတ္တပ္ဖြဲ႕မ်ား ေနရာယူထားခဲ့ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ရဲ႕ ရာဇသံေပးမႈ ထြက္ေပၚလာတာ ျဖစ္ပါတယ္။

တုိက္ပြဲဝင္ဝတ္စုံ ဝင္ဆင္ထားတဲ့ အီရတ္ဝန္ႀကီးခ်ဳပ္ ဟုိင္ဒါအယ္လ္အက္ဘာဒီက မိုဆူးလ္ၿမဳိ႕႐ွိ အုိင္အက္စ္တုိ႕မွာ ေ႐ြးခ်ယ္ခြင့္မ႐ွိေၾကာင္းနဲ႕ လက္နက္ခ်အညံ့မခံပါက ေသရမည္ျဖစ္ေၾကာင္း ႐ုပ္ျမင္သံၾကားမွတစ္ဆင့္ ေျပာၾကားလုိက္ပါတယ္။

အီရတ္တပ္ဖြဲ႕ဟာ မုိဆူးလ္ၿမဳိ႕အေ႐ွ႕ဘက္ တစ္မုိင္မျပည့္တဲ့ အကြာအေဝးမွာ အသင့္ေနရာယူထားၿပီး ၿမဳိ႕တြင္းကုိ စီးနင္းတုိက္ခုိက္ရန္ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။ အီရတ္စစ္တပ္ရဲ႕ အျခား တပ္မတစ္ခုကလည္း မုိဆူးလ္ေျမာက္ပုိင္းကုိ ခ်ဥ္းကပ္လာေနတယ္လို႕ ဆုိပါတယ္။

အီရတ္တပ္ဖြဲ႕က ယမန္ေန႕ အ႐ုဏ္တက္ခ်ိန္မွာ မုိဆူးလ္ၿမဳိ႕အနီး ေနာက္ဆုံးလက္က်န္ ေက်း႐ြာကုိ အုိင္အက္စ္တုိ႕ထံမွ တုိက္ခုိက္သိမ္းပုိက္ႏုိင္ခဲ့ၿပီး ၿမဳိ႕နဲ႕အနီးဆုံးကုိ ေရာက္႐ွိလာခဲ့တာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun

#Unicode Version

မိုဆူးလ်မြို့မှာ ခြေကုပ်ယူထားတဲ့ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ တိုက်ခိုက်ရေးသမားတွေကို လက်နက်ချရန် အီရတ်ဝန်ကြီးချုပ်က ရာဇသံပေး ပြောကြားလိုက်ပါတယ်။ မိုဆူးလ်မြို့အနီး အီရတ်တပ်ဖွဲ့များ နေရာယူထားခဲ့ပြီးနောက် ဝန်ကြီးချုပ်ရဲ့ ရာဇသံပေးမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တိုက်ပွဲဝင်ဝတ်စုံ ဝင်ဆင်ထားတဲ့ အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါအယ်လ်အက်ဘာဒီက မိုဆူးလ်မြို့ရှိ အိုင်အက်စ်တို့မှာ ရွေးချယ်ခွင့်မရှိကြောင်းနဲ့ လက်နက်ချအညံ့မခံပါက သေရမည်ဖြစ်ကြောင်း ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားလိုက်ပါတယ်။

အီရတ်တပ်ဖွဲ့ဟာ မိုဆူးလ်မြို့အရှေ့ဘက် တစ်မိုင်မပြည့်တဲ့ အကွာအဝေးမှာ အသင့်နေရာယူထားပြီး မြို့တွင်းကို စီးနင်းတိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း သိရပါတယ်။ အီရတ်စစ်တပ်ရဲ့ အခြား တပ်မတစ်ခုကလည်း မိုဆူးလ်မြောက်ပိုင်းကို ချဉ်းကပ်လာနေတယ်လို့ ဆိုပါတယ်။

အီရတ်တပ်ဖွဲ့က ယမန်နေ့ အရုဏ်တက်ချိန်မှာ မိုဆူးလ်မြို့အနီး နောက်ဆုံးလက်ကျန် ကျေးရွာကို အိုင်အက်စ်တို့ထံမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့နဲ့အနီးဆုံးကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top