Kantharyar Centre
×

ခ်စ္သူေတြ ဆက္ဆံေရးပိုခိုင္ျမဲေစဖုိ႕ အထိမ္းအမွတ္ေန႕မ်ိဳးေတြမွာမွ မဟုတ္ပဲ အမွတ္မထင္ လက္ေဆာင္ပစၥည္းေလးေတြ ၀ယ္ေပးျခင္းမ်ိဳးကလည္း အမ်ားၾကီးအေရးပါပါတယ္။ ကိုယ့္ခ်စ္သူေကာင္မေလးအတြက္ ဘာလက္ေဆာင္ေပးရင္ ေကာင္းမလဲဆိုျပီး အမ်ိဳးသားေတာေ္တာ္မ်ားမ်ားက ေခါင္းစားၾကရလိမ့္ရွိပါတယ္။ ဘာလို႕လဲဆုိေတာ့ ကိုယ္ေပးတာကို သူမၾကိဳက္ရင္ ေစတနာက ေ၀ဒနာျဖစ္သြားႏိုင္တယ္မဟုတ္လား။ ဒီလို ေခါင္းမစားရေအာင္ ပ်မ္းမ်ွအားျဖင့္ အမ်ိဳးသမီးေတြ ကိုယ့္ခ်စ္သူအမ်ိဳးသားဆီက အမ်ားဆံုး လိုခ်င္တတ္ၾကတဲ့ လက္ေဆာင္ပစၥည္း (၅) မ်ိဳးကို ေျပာျပပါရေစ။

၁။ေရေမႊး

ကိုယ့္ခ်စ္သူေကာင္မေလးနဲ႕အတူရွိခ်ိန္ သူ႕ဆီက ဘယ္လုိရနံ႕မ်ိဳးေလးေတြ ရတတ္လဲ ျပန္စဥ္းစားၾကည့္ပါ။ ခ်ိဳခ်ိဳအီအီ ရနံ႕မ်ိဳးလား၊ ဒါမွမဟုတ္ sexy က်တဲ့ ရနံ႕မ်ိဳးလားဆုိတာ ေသခ်ာေအာင္ ဆံုးျဖတ္ႏိုင္ရင္ေတာ့ ေရေမႊးက ေကာင္မေလးအတြက္ လက္ေဆာင္၀ယ္ေပးသင့္တဲ့အရာပါ။ ကိုယ့္ဘက္က မခြဲျခားႏိုင္ဘူး၊ မခန္႕မွန္းႏိုင္ဘူးဆုိရင္ေတာ့ မ၀ယ္ေပးတာ ေကာင္းပါတယ္။

၂။Gift Cards

ဒီအရာေပးလိုက္ရင္ေတာ့ အမ်ိဳးသမီးတုိင္း ေပ်ာ္ရႊင္သြားမွာ အမွန္ပါပဲ။ ကိုယ္၀ယ္ေပးလိုက္တာ လြဲသြားမွာစိုးရိမ္တဲ့သူတုိင္း သူ႕စိတ္ၾကိဳက္၀ယ္ႏိုင္ဖုိ႕ Gift Card ေလးတစ္ခုသာ လက္ေဆာင္ေပးလိုက္ပါ။

၃။ေရခ်ိဳးဆပ္ျပာ

ခုေခတ္မွာ အမ်ိဳးသမီးေတြဟာ ေရခ်ိဳးတဲ့အခါ အသံုးျပဳတဲ့ ေရခ်ိဳးဆပ္ျပာအဆီ၊ scrub စတာမ်ိဳးေလးကို set လိုက္ ၀ယ္ေပးလိုက္တာကလည္း သူမကို ေပ်ာ္ရႊင္သြားေစမယ့္ေရြးခ်ယ္မႈပါပဲ။

၄။အရုပ္

သူမက သင္နဲ႕အတူရွိခ်ိန္တုိင္း အရုပ္ဆုိင္ေတြ ၀င္ၾကည့္တတ္ပါသလား၊ သူမ သေဘာက်ႏွစ္ျခိဳက္တဲ့ အရုပ္က ဘာလဲဆုိတာ သင္သိပါသလား။ သိတယ္ဆုိရင္ေတာ့ အရုပ္လက္ေဆာင္ေပးတာကလည္း ေကာင္းပါတယ္။

၅။လက္၀တ္လက္စား

သူမ လက္စြပ္ေတြ အျမဲစြပ္တတ္သူ၊ ဒါမွမဟုတ္ ဆြဲၾကိဳးပါးပါးမ်ွင္မ်ွင္ေလးေတြ အျမဲဆြဲတတ္တယ္ဆုိရင္ သင့္အေနနဲ႕ ဒါမ်ိဳးေလးေတြ ေသခ်ာေရြးခ်ယ္ျပီး လက္ေဆာင္ေပးႏိုင္တယ္ေလ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

ချစ်သူတွေ ဆက်ဆံရေးပိုခိုင်မြဲစေဖို့ အထိမ်းအမှတ်နေ့မျိုးတွေမှာမှ မဟုတ်ပဲ အမှတ်မထင် လက်ဆောင်ပစ္စည်းလေးတွေ ဝယ်ပေးခြင်းမျိုးကလည်း အများကြီးအရေးပါပါတယ်။ ကိုယ့်ချစ်သူကောင်မလေးအတွက် ဘာလက်ဆောင်ပေးရင် ကောင်းမလဲဆိုပြီး အမျိုးသားတောေ်တာ်များများက ခေါင်းစားကြရလိမ့်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ပေးတာကို သူမကြိုက်ရင် စေတနာက ဝေဒနာဖြစ်သွားနိုင်တယ်မဟုတ်လား။ ဒီလို ခေါင်းမစားရအောင် ပျမ်းမျှအားဖြင့် အမျိုးသမီးတွေ ကိုယ့်ချစ်သူအမျိုးသားဆီက အများဆုံး လိုချင်တတ်ကြတဲ့ လက်ဆောင်ပစ္စည်း (၅) မျိုးကို ပြောပြပါရစေ။

၁။ရေမွှေး

ကိုယ့်ချစ်သူကောင်မလေးနဲ့အတူရှိချိန် သူ့ဆီက ဘယ်လိုရနံ့မျိုးလေးတွေ ရတတ်လဲ ပြန်စဉ်းစားကြည့်ပါ။ ချိုချိုအီအီ ရနံ့မျိုးလား၊ ဒါမှမဟုတ် sexy ကျတဲ့ ရနံ့မျိုးလားဆိုတာ သေချာအောင် ဆုံးဖြတ်နိုင်ရင်တော့ ရေမွှေးက ကောင်မလေးအတွက် လက်ဆောင်ဝယ်ပေးသင့်တဲ့အရာပါ။ ကိုယ့်ဘက်က မခွဲခြားနိုင်ဘူး၊ မခန့်မှန်းနိုင်ဘူးဆိုရင်တော့ မဝယ်ပေးတာ ကောင်းပါတယ်။

၂။Gift Cards

ဒီအရာပေးလိုက်ရင်တော့ အမျိုးသမီးတိုင်း ပျော်ရွှင်သွားမှာ အမှန်ပါပဲ။ ကိုယ်ဝယ်ပေးလိုက်တာ လွဲသွားမှာစိုးရိမ်တဲ့သူတိုင်း သူ့စိတ်ကြိုက်ဝယ်နိုင်ဖို့ Gift Card လေးတစ်ခုသာ လက်ဆောင်ပေးလိုက်ပါ။

၃။ရေချိုးဆပ်ပြာ

ခုခေတ်မှာ အမျိုးသမီးတွေဟာ ရေချိုးတဲ့အခါ အသုံးပြုတဲ့ ရေချိုးဆပ်ပြာအဆီ၊ scrub စတာမျိုးလေးကို set လိုက် ဝယ်ပေးလိုက်တာကလည်း သူမကို ပျော်ရွှင်သွားစေမယ့်ရွေးချယ်မှုပါပဲ။

၄။အရုပ်

သူမက သင်နဲ့အတူရှိချိန်တိုင်း အရုပ်ဆိုင်တွေ ဝင်ကြည့်တတ်ပါသလား၊ သူမ သဘောကျနှစ်ခြိုက်တဲ့ အရုပ်က ဘာလဲဆိုတာ သင်သိပါသလား။ သိတယ်ဆိုရင်တော့ အရုပ်လက်ဆောင်ပေးတာကလည်း ကောင်းပါတယ်။

၅။လက်ဝတ်လက်စား

သူမ လက်စွပ်တွေ အမြဲစွပ်တတ်သူ၊ ဒါမှမဟုတ် ဆွဲကြိုးပါးပါးမျှင်မျှင်လေးတွေ အမြဲဆွဲတတ်တယ်ဆိုရင် သင့်အနေနဲ့ ဒါမျိုးလေးတွေ သေချာရွေးချယ်ပြီး လက်ဆောင်ပေးနိုင်တယ်လေ။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top