Property Expo
×

လင္မယား ၂ ေယာက္ ငါးႏွစ္ၾကာ အိမ္ ေထာင္ျပဳေနထိုင္ျပီးမွ ကေလး တစ္ေယာက္ ရပါတယ္။ ကေလးငယ္ေလး ၁ ႏွစ္သား အရြယ္အရြယ္ေရာက္တဲ့ အခ်ိန္မွာ ျဖစ္ပါတယ္။ အိမ္မွာ ပုရြက္ဆိတ္ေတြရွင္းဖုိ႔ ေဆးဗူး တစ္ဗူး ရွိသတဲ့။ အဲ့ဒါကို ရံုးသြားခါနီး လွမ္းျမင္လိုက္တဲ့ အမ်ိဳးသားက မီးဖိုေခ်ာင္ထဲမွာ ရွိေနတဲ့ ဇနီးကုိ အေရွ႕ေရာက္ရင္ ပိတ္လိုက္ပါအံုးလို႔ လွမ္းေအာ္ျပီး ကမန္းကတန္းနဲ႔ ထြက္သြား ပါတယ္။

မီးဖိုေခ်ာင္ထဲမွာ အလုပ္မ်ားေနတဲ့ အမ်ိဳးသမီးကလည္း အလုပ္မ်ားေနေတာ့ ခ်က္ခ်င္း လာမပိတ္ႏိုင္ဘူးေပါ့။ ဒါနဲ႔ သြားလာတတ္ျပီ ျဖစ္တဲ့ ကေလးငယ္က အနံ႔ေမြးတဲ့ ေဆးဗူးကုိ စားစရာအမွတ္တဲ့ ေသာက္လိုက္ပါတယ္။ ဒါကိုေနာက္မွ ျမင္တဲ့ အေမက ေဆးရံုကို ခပ္ျမန္ျမန္ ပုိ႔ေပမယ့္ အခ်ိန္ မမွီေတာ့ ပါဘူး။ ကြယ္လြန္သြားရွာ ပါတယ္။ ဒါနဲ႔ မိခင္ ျဖစ္သူက ခင္ပြန္းျဖစ္သူ လာရင္ သူ႔ကို ဆူဆဲမယ္။ ၾကိမ္းေမာင္းမယ္ဆုိတာကို ၾကိဳေတြးလုိ႔လည္း စိုးရိမ္ ပူပန္ေန ပါတယ္။ သူမ အမ်ိဳးသားကို ဘယ္လို ရင္ဆိုင္ရမလဲလဲ မသိပါဘူး။
ဒီလိုနဲ႔ ေယာကၤ်ားျဖစ္သူ ေရာက္လာျပီး ခဏသာ မင္သက္ျပီးမွ ဇနီးကုိ တယုတယ ဖက္လို႔ စကားတစ္ခြန္း စေျပာပါတယ္။

“I Love You Darling.”
ဇနီးျဖစ္သူဟာ အံ့ၾသ ဝမ္းနည္း၊ ဝမ္းသာ ျဖစ္ခဲ့ပါတယ္။
အမွန္ေတာ့ အမ်ိဳးသား ျဖစ္သူက ေဆးဗူူးကို အလုပ္ဘယ္ေလာက္ မ်းမ်ား ေသခ်ာ ပိတ္ခဲ့ရင္ ျဖစ္လာစရာ အေၾကာင္းမရွိဘူးလို႔လဲ သူလက္ခံတာေၾကာင့္ အမ်ိဳးသမီး ျဖစ္သူကုိလည္း သူ အျပစ္ မတင္ပါဘူး။ အမ်ိဳးသမီး ျဖစ္သူဟာလည္း အမ်ိဳးသားကုိ အျပစ္မတင္ေတာ့ ပါဘူး။ ဒါေပမယ့္ သူတုိ႔ ၂ ေယာက္စလံုး မွားယြင္းခ်က္ ရွိတာကိုေတာ့ အတူ လက္ခံခဲ့ၾက ပါတယ္။

သင္ခန္းစာ -
တစ္ခါတစ္ရံမွာ လူေတြဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ ဘယ္သူ မွားတယ္၊ ဘယ္သူ မွန္တယ္ဆုိတာနဲ႔ အျပစ္ဖို႔လုိ႔ ဘဝရဲ႕ ေပ်ာ္ရႊင္မွုေတြကို အဆံုးရွံုးခံေနၾက ပါတယ္။ လုပ္ငန္းခြင္မွာပဲ ျဖစ္ျဖစ္၊ မိသားစုမွာပဲ ျဖစ္ျဖစ္ ဘယ္သူ မွားမွား မွန္မွန္ ေကာင္းေကာင္းဆုိးဆုိး တူတူ ျပဳျပင္ျပီး က်န္ရွိေနေသးတဲ့ ဘဝ အခ်ိန္ေလးမွာ ေပ်ာ္ရႊင္စြာ ေနထိုင္ႏိုင္ဖို႔ လိုအပ္ ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yoyarlay

#Unicode Version
လင်မယား ၂ ယောက် ငါးနှစ်ကြာ အိမ် ထောင်ပြုနေထိုင်ပြီးမှ ကလေး တစ်ယောက် ရပါတယ်။ ကလေးငယ်လေး ၁ နှစ်သား အရွယ်အရွယ်ရောက်တဲ့ အချိန်မှာ ဖြစ်ပါတယ်။ အိမ်မှာ ပုရွက်ဆိတ်တွေရှင်းဖို့ ဆေးဗူး တစ်ဗူး ရှိသတဲ့။ အဲ့ဒါကို ရုံးသွားခါနီး လှမ်းမြင်လိုက်တဲ့ အမျိုးသားက မီးဖိုချောင်ထဲမှာ ရှိနေတဲ့ ဇနီးကို အရှေ့ရောက်ရင် ပိတ်လိုက်ပါအုံးလို့ လှမ်းအော်ပြီး ကမန်းကတန်းနဲ့ ထွက်သွား ပါတယ်။

မီးဖိုချောင်ထဲမှာ အလုပ်များနေတဲ့ အမျိုးသမီးကလည်း အလုပ်များနေတော့ ချက်ချင်း လာမပိတ်နိုင်ဘူးပေါ့။ ဒါနဲ့ သွားလာတတ်ပြီ ဖြစ်တဲ့ ကလေးငယ်က အနံ့မွေးတဲ့ ဆေးဗူးကို စားစရာအမှတ်တဲ့ သောက်လိုက်ပါတယ်။ ဒါကိုနောက်မှ မြင်တဲ့ အမေက ဆေးရုံကို ခပ်မြန်မြန် ပို့ပေမယ့် အချိန် မမှီတော့ ပါဘူး။ ကွယ်လွန်သွားရှာ ပါတယ်။ ဒါနဲ့ မိခင် ဖြစ်သူက ခင်ပွန်းဖြစ်သူ လာရင် သူ့ကို ဆူဆဲမယ်။ ကြိမ်းမောင်းမယ်ဆိုတာကို ကြိုတွေးလို့လည်း စိုးရိမ် ပူပန်နေ ပါတယ်။ သူမ အမျိုးသားကို ဘယ်လို ရင်ဆိုင်ရမလဲလဲ မသိပါဘူး။
ဒီလိုနဲ့ ယောင်္ကျားဖြစ်သူ ရောက်လာပြီး ခဏသာ မင်သက်ပြီးမှ ဇနီးကို တယုတယ ဖက်လို့ စကားတစ်ခွန်း စပြောပါတယ်။

“I Love You Darling.”
ဇနီးဖြစ်သူဟာ အံ့သြ ဝမ်းနည်း၊ ဝမ်းသာ ဖြစ်ခဲ့ပါတယ်။
အမှန်တော့ အမျိုးသား ဖြစ်သူက ဆေးဗူူးကို အလုပ်ဘယ်လောက် မျးများ သေချာ ပိတ်ခဲ့ရင် ဖြစ်လာစရာ အကြောင်းမရှိဘူးလို့လဲ သူလက်ခံတာကြောင့် အမျိုးသမီး ဖြစ်သူကိုလည်း သူ အပြစ် မတင်ပါဘူး။ အမျိုးသမီး ဖြစ်သူဟာလည်း အမျိုးသားကို အပြစ်မတင်တော့ ပါဘူး။ ဒါပေမယ့် သူတို့ ၂ ယောက်စလုံး မှားယွင်းချက် ရှိတာကိုတော့ အတူ လက်ခံခဲ့ကြ ပါတယ်။

သင်ခန်းစာ -
တစ်ခါတစ်ရံမှာ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်သူ မှားတယ်၊ ဘယ်သူ မှန်တယ်ဆိုတာနဲ့ အပြစ်ဖို့လို့ ဘဝရဲ့ ပျော်ရွှင်မှုတွေကို အဆုံးရှုံးခံနေကြ ပါတယ်။ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ မိသားစုမှာပဲ ဖြစ်ဖြစ် ဘယ်သူ မှားမှား မှန်မှန် ကောင်းကောင်းဆိုးဆိုး တူတူ ပြုပြင်ပြီး ကျန်ရှိနေသေးတဲ့ ဘဝ အချိန်လေးမှာ ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ လိုအပ် ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Yoyarlay
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top