Property Expo
×

အေမရိကန္ျပည္ေထာင္စု ေတာင္ကယ္႐ုိလိုင္းနားျပည္နယ္မွာ အမ်ဳိးသမီးတဦးကို ေခြးတေကာင္လို သံႀကိဳးနဲ႔ ခ်ဳပ္ေနွာင္ပိတ္ေလွာင္ထားလို႔ ဖမ္းဆီးခံရသူဟာ အရင္က လူ ၇ ဦးကုိ သတ္ျဖတ္ခဲ့တယ္လို႔ ၀န္ခံေျပာဆိုပါတယ္။
အသက္ ၄၅ နွစ္အရြယ္ ေတာ့ ခိုးဟစ္ပ္ Todd Kohlhepp ဟာ ၂၀၀၃ ခုနွစ္က လူ ၄ ေယာက္ကို သတ္ျဖတ္မႈတာ၀န္ရွိတယ္လို႔ ေဒသခံလံုၿခံဳေရးအရာရွိကို ၀န္ခံေျပာဆိုခဲ့တာပါ။

သူၿခံထဲမွာ လူ ၂ ေယာက္ရဲ႕အေလာင္းကို ျမႇဳပ္ႏွံထားတယ္ဆိုတဲ့ ေနရာကိုလည္း တျခားရဲအရာရွိ ၂ ေယာက္ကို ေခၚၿပီးျပသခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ႏုိ၀င္ဘာ ၄ ရက္ေန႔က ၉၅ ဧကရွိတဲ့ ၿခံထဲမွာ လူေသအေလာင္းတေလာင္းကို ေတြ႔ရွိခဲ့ၿပီး ခိုးဟစ္ပ္က ထုတ္ေဖာ္ေျပာဆိုခဲ့တာပါ။

ခိုးဟစ္ပ္ကို သူ႔ၿခံထဲက ကြန္တိန္နာတလံုးထဲမွာ ေခြးခ်ည္ သံႀကိဳးနဲ႔ ခ်ည္ၿပီး ပစ္ထားခံရတဲ့ မစၥ ကာလာ ဘေရာင္းကို ရဲက ေတြ႔ရွိခဲ့ၿပီး ဖမ္းဆီးထားတာပါ။

အဲဒီ ကာလာ ဘေရာင္းနဲ႔ နဲ႔ရည္းစားျဖစ္သူ ခ်ာလီ ကာဗာ တို႔ဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လကတည္းက ေပ်ာက္ဆံုးေနခဲ့တာျဖစ္ၿပီး ႏုိ၀င္ဘာ ၄ ရက္ေန႔ကမွ အမ်ဳိးသမီးကုိ ကြန္တိန္နာထဲ သံႀကိဳးေတြခ်ည္ၿပီး ပိတ္ေလွာင္ထားတာကုိ ရဲေတြက ေတြ႔ရွိခဲ့တာပါ။ သူ႔ရဲ႕ရည္းစားျဖစ္သူကို ခိုးဟစ္ပ္က သူ႔ေရွ႕မွာပဲ ပစ္သတ္ခဲ့တယ္လို႔ ခ်ဳပ္ေနွာင္ခံရတဲ့ ကာလာ ဘေရာင္းက ေျပာဆိုပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ အမျိုးသမီးတဦးကို ခွေးတကောင်လို သံကြိုးနဲ့ ချုပ်နှောင်ပိတ်လှောင်ထားလို့ ဖမ်းဆီးခံရသူဟာ အရင်က လူ ၇ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဝန်ခံပြောဆိုပါတယ်။
အသက် ၄၅ နှစ်အရွယ် တော့ ခိုးဟစ်ပ် Todd Kohlhepp ဟာ ၂၀၀၃ ခုနှစ်က လူ ၄ ယောက်ကို သတ်ဖြတ်မှုတာဝန်ရှိတယ်လို့ ဒေသခံလုံခြုံရေးအရာရှိကို ဝန်ခံပြောဆိုခဲ့တာပါ။

သူခြံထဲမှာ လူ ၂ ယောက်ရဲ့အလောင်းကို မြှုပ်နှံထားတယ်ဆိုတဲ့ နေရာကိုလည်း တခြားရဲအရာရှိ ၂ ယောက်ကို ခေါ်ပြီးပြသခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့က ၉၅ ဧကရှိတဲ့ ခြံထဲမှာ လူသေအလောင်းတလောင်းကို တွေ့ရှိခဲ့ပြီး ခိုးဟစ်ပ်က ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ခိုးဟစ်ပ်ကို သူ့ခြံထဲက ကွန်တိန်နာတလုံးထဲမှာ ခွေးချည် သံကြိုးနဲ့ ချည်ပြီး ပစ်ထားခံရတဲ့ မစ္စ ကာလာ ဘရောင်းကို ရဲက တွေ့ရှိခဲ့ပြီး ဖမ်းဆီးထားတာပါ။

အဲဒီ ကာလာ ဘရောင်းနဲ့ နဲ့ရည်းစားဖြစ်သူ ချာလီ ကာဗာ တို့ဟာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၄ ရက်နေ့ကမှ အမျိုးသမီးကို ကွန်တိန်နာထဲ သံကြိုးတွေချည်ပြီး ပိတ်လှောင်ထားတာကို ရဲတွေက တွေ့ရှိခဲ့တာပါ။ သူ့ရဲ့ရည်းစားဖြစ်သူကို ခိုးဟစ်ပ်က သူ့ရှေ့မှာပဲ ပစ်သတ်ခဲ့တယ်လို့ ချုပ်နှောင်ခံရတဲ့ ကာလာ ဘရောင်းက ပြောဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top