Kantharyar Centre
×

(၅)ႏွစ္ေအာက္ကေလး ငယ္သံုးဦးကို စိတ္လြတ္ၿပီး သတ္ မိျခင္းျဖစ္ေၾကာင္း အ သက္ (၃၂)ႏွစ္အရြယ္ ပေယာဂဆရာထြန္းႏိုင္က 7Day Daily သတင္းေထာက္ ၏ ေမးျမန္းမႈကို ေျဖၾကားသည္။

‘‘ကြၽန္ေတာ္ စိတ္လြတ္ၿပီး သတ္မိတာပါ။ မေကာင္းတေယာင္းေတြကပ္ၿပီး သတ္မိတာပါ။ ကပ္ၿပီး ျဖစ္သြားတာပါ’’ဟု က်ဴးလြန္သူ ထြန္းႏိုင္က ယမန္ေန႔က တရား႐ံုးထုတ္လာစဥ္ ေျဖၾကားသည္။ သို႔ေသာ္ ေနာင္တရသလားဟု ဆက္လက္ေမးျမန္းရာတြင္ ေျဖၾကားျခင္းမရွိေပ။

႐ံုးထုတ္ၿပီး အခ်ဳပ္ကားေပၚ သို႔ မတင္မီ သတင္းေထာက္၏ ေမးျမန္းခ်က္ကို ေျဖၾကားျခင္း ျဖစ္သည္။ ရန္ကုန္တိုင္း တြံေတးၿမိဳ႕ နယ္ မိုင္ ၂၀ ေက်းရြာတြင္ ျဖစ္ပြားခဲ့သည့္ (၅)ႏွစ္ေအာက္ ကေလးငယ္ေလးဦးအား ပေယာဂ ဝင္သည္ဆိုကာ ႐ိုက္ႏွက္ရာမွ သံုးဦး ေသဆံုးၿပီး အေလာင္းမ်ားကို ေရေမွ်ာျခင္း၊ ေနာက္ကေလးငယ္တစ္ဦး အျပင္းအထန္ဒဏ္ရာ ရရွိခဲ့ျခင္းႏွင့္ပတ္သက္၍ က်ဴးလြန္သူ ထြန္းႏုိင္ကုိ လူသတ္မႈ၊ သာမန္နာက်င္ေစမႈ၊ အေလာင္းေဖ်ာက္ဖ်က္မႈ ပုဒ္မ ၃၀၂၊ ၃၂၃၊ ၂၀၁ တို႔ျဖင့္ ယမန္ေန႔ ႏုိဝင္ဘာ ၁၈ ရက္၌ ေတာင္ပိုင္းခ႐ိုင္ တရား႐ံုးက စြဲခ်က္တင္ ႐ံုးထုတ္ခဲ့သည္။

ေသဆံုးသူ ကေလးငယ္မ်ား ၏ ဖခင္ ဦးစိုးမင္းက တရားလို ျပဳလုပ္ စြဲဆိုျခင္းျဖစ္သည္။ ယင္း အမႈကို စတင္စစ္ေဆးမည့္ ႐ံုးခ်ိန္းကို ဒီဇင္ဘာ ၂ ရက္သို႔ ခ်ိန္းဆို ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

(၅)နှစ်အောက်ကလေး ငယ်သုံးဦးကို စိတ်လွတ်ပြီး သတ် မိခြင်းဖြစ်ကြောင်း အ သက် (၃၂)နှစ်အရွယ် ပယောဂဆရာထွန်းနိုင်က 7Day Daily သတင်းထောက် ၏ မေးမြန်းမှုကို ဖြေကြားသည်။

‘‘ကျွန်တော် စိတ်လွတ်ပြီး သတ်မိတာပါ။ မကောင်းတယောင်းတွေကပ်ပြီး သတ်မိတာပါ။ ကပ်ပြီး ဖြစ်သွားတာပါ’’ဟု ကျူးလွန်သူ ထွန်းနိုင်က ယမန်နေ့က တရားရုံးထုတ်လာစဉ် ဖြေကြားသည်။ သို့သော် နောင်တရသလားဟု ဆက်လက်မေးမြန်းရာတွင် ဖြေကြားခြင်းမရှိပေ။

ရုံးထုတ်ပြီး အချုပ်ကားပေါ် သို့ မတင်မီ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားခြင်း ဖြစ်သည်။ ရန်ကုန်တိုင်း တွံတေးမြို့ နယ် မိုင် ၂၀ ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် (၅)နှစ်အောက် ကလေးငယ်လေးဦးအား ပယောဂ ဝင်သည်ဆိုကာ ရိုက်နှက်ရာမှ သုံးဦး သေဆုံးပြီး အလောင်းများကို ရေမျှောခြင်း၊ နောက်ကလေးငယ်တစ်ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ခြင်းနှင့်ပတ်သက်၍ ကျူးလွန်သူ ထွန်းနိုင်ကို လူသတ်မှု၊ သာမန်နာကျင်စေမှု၊ အလောင်းဖျောက်ဖျက်မှု ပုဒ်မ ၃၀၂၊ ၃၂၃၊ ၂၀၁ တို့ဖြင့် ယမန်နေ့ နိုဝင်ဘာ ၁၈ ရက်၌ တောင်ပိုင်းခရိုင် တရားရုံးက စွဲချက်တင် ရုံးထုတ်ခဲ့သည်။

သေဆုံးသူ ကလေးငယ်များ ၏ ဖခင် ဦးစိုးမင်းက တရားလို ပြုလုပ် စွဲဆိုခြင်းဖြစ်သည်။ ယင်း အမှုကို စတင်စစ်ဆေးမည့် ရုံးချိန်းကို ဒီဇင်ဘာ ၂ ရက်သို့ ချိန်းဆို ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top