Property Expo
×

 လိပ္ကြၽန္းလူသတ္မႈႏွင့္ ပတ္သက္ၿပီး ထုိင္းအစိုးရေရွ႕ေန အဖြဲ႕သည္ ျမန္မာလုပ္သားႏွစ္ဦး တြင္ အျပစ္ရွိေၾကာင္း တင္ျပရ မည့္ အယူခံကို ႏိုဝင္ဘာ ၁၀ ရက္၌ မတင္ျပႏိုင္ပါက အယူခံတရား႐ံုးသည္ ျမန္မာအစိုးရက တင္ ျပထားသည့္ အယူခံကိုၾကည့္၍ အမိန္႔ခ်မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။


လိပ္ကြၽန္းလူသတ္မႈေၾကာင့္ ေသဒဏ္ အျပစ္ေပးခံေနရေသာ ျမန္မာလုပ္သားႏွစ္ဦးကို အျပစ္ ေလွ်ာ့ေပါ့ေပးရန္ ျမန္မာလုပ္သား ႏွစ္ဦးအတြက္ ေဆာင္ရြက္ေပးေန သည့္ အဖြဲ႕အစည္းမ်ားက ယခု ႏွစ္ေမလ ၂၃ ရက္တြင္ အယူခံ တင္သြင္းခဲ့သည္။ အယူခံတင္ သြင္ထားမႈကို ျပန္လည္ေခ်ပ သည့္အေနျဖင့္ ျမန္မာလုပ္သား ႏွစ္ဦးအေပၚ ခ်မွတ္ထားသည့္ ျပစ္ ဒဏ္မ်ားသည္ ခုိင္မာမႈရွိသည့္ ျပစ္ဒဏ္သက္ေသျပခ်က္မ်ားျဖစ္ ေၾကာင္း တရားလို ထိုင္းအစိုးရ ေရွ႕ေနအဖြဲ႕က ႏုိဝင္ဘာ ၁၀ ရက္ တြင္ ေနာက္ဆံုးအယူခံတင္ျပရန္ အယူခံတရား႐ံုးက အမိန္႔ခ်မွတ္ ထားသည္။

တရားလုိ ထုိင္းအစိုးရေရွ႕ ေနအဖြဲ႕သည္ အယူခံတင္ျပရန္ မျပည့္စံုေသးေသာေၾကာင့္ အယူ ခံရက္ ထပ္တိုးေတာင္းထားသည္ မွာ (၉)ႀကိမ္ေျမာက္ ရွိေနၿပီျဖစ္ သည္။

‘‘ထိုင္းအစိုးရ ေရွ႕ေနအဖြဲ႕ ကိုလည္း အယူခံတင္ျပဖို႔ အယူခံ တရား႐ံုးက အမိန္႔ခ်ထားတယ္။ သူတို႔ဘက္က အႀကိမ္ႀကိမ္ တိုး ေတာင္းလာတာေပါ့။ ဒီတစ္ႀကိမ္ ေတာ့ ရက္တိုးမေပးေတာ့ဘူး။ လာမယ့္ ၁၀ ရက္ေန႔မွာ တင္ႏိုင္ ရင္တင္၊ မတင္ႏုိင္ရင္ အန္ကယ္ တို႔ဘက္က တင္ထားတာကိုပဲ ၾကည့္ၿပီး အမိန္႔ခ်ေတာ့မယ္လို႔ ေျပာလာပါတယ္’’ဟု ျမန္မာသံ႐ံုး အထူးအဖြဲ႕မွ ေရွ႕ေနဦးေအာင္မ်ိဳး သန္႔ကေျပာသည္။

လာမည့္ ႏိုဝင္ဘာ ၁၀ ရက္ တြင္ ထုိင္းအစိုးရေရွ႕ေနအဖြဲ႕က အယူခံမတင္ျပပါက ျမန္မာလုပ္ သားႏွစ္ဦး၏ အယူခံကို ယခု ႏွစ္အတြင္း အမိန္႔ခ်မွတ္ရန္ ရွိေၾကာင္း ၎က ဆက္လက္ေျပာ သည္။

‘‘သူတို႔ဘက္က မတင္ျပ ေတာ့ဘူးဆိုရင္ေတာ့ အယူခံတရားသူႀကီးက ဆံုးျဖတ္ရတာ လြယ္တယ္ေလ။ ကြၽန္ေတာ္တို႔တင္ထားတာပဲ ၾကည့္ၿပီး လုပ္လိုက္႐ံုေပါ့။ ဒါေပမဲ့ သူတို႔ဘက္ကလည္း တင္ျပလာမယ္ဆိုရင္ ႏွစ္ဖက္ျပန္ၾကည့္ရေတာ့မွာေပါ့’’ဟု ျမန္မာသံ႐ံုးအထူးအဖြဲ႕မွ ကိုမင္းဦးကေျပာသည္။

လိပ္ကြၽန္းလူသတ္မႈေၾကာင့္ ေသဒဏ္အျပစ္ေပးခံရေသာ ျမန္ မာလုပ္သားႏွစ္ဦးကို အျပစ္ေလွ်ာ့ ေပါ့ေပးရန္ ျမန္မာအစိုးရအဖြဲ႕က တင္သြင္းသည့္ အယူခံတြင္ DNA ႏွင့္ပတ္သက္သည့္ အေၾကာင္းအရာမ်ား အမ်ားဆံုးေရးသားထားၿပီး စာမ်က္ႏွာ ၁၉၈ မ်က္ႏွာပါရွိ ေၾကာင္း သိရသည္။

‘‘ကြၽန္ေတာ္တို႔ဘက္က ဒီ ကေလးေတြဟာ အျပစ္မရွိဘူး။ DNA စစ္ေဆးတာမွာလည္း လြဲ မွားေနတယ္။ တျခားအေၾကာင္း အရာေတြမွာလည္း လြဲမွားေန တယ္ဆိုတဲ့အေၾကာင္းေတြကို အ ယူခံတင္ထားတာပါ။ ကြၽန္ေတာ္ တို႔က အဲဒါေတြ တင္ထားလို႔မို႔ အ ယူခံတရား႐ံုးက ဒီလိုတင္ထား တယ္။ ေျဖရွင္းခ်က္ေပးဆိုတဲ့ဟာ တရားလိုေရွ႕ေနထံ ေတာင္းထား တာ။ အဲဒါတင္တာပါ’’ဟု ျမန္မာ သံ႐ံုးအထူးအဖြဲ႕မွ ဦးေက်ာ္ ေသာင္းကေျပာသည္။

အယူခံဝင္မည့္ တရား႐ံုး သည္ ေအာက္ေျခတရား႐ံုးျဖစ္ၿပီး ယခုတရား႐ံုး၌ အဆင္မေျပပါက အထက္တရား႐ံုးမ်ားသို႔ ထပ္မံ အယူခံတင္သြင္းမည္ျဖစ္ေၾကာင္း ထုိင္းႏိုင္ငံဆိုင္ရာ ျမန္မာသံအ မတ္ႀကီး ဦးဝင္းေမာင္က ေျပာ သည္။

 ျမန္မာလုပ္သားႏွစ္ဦးကို ျပစ္မႈထင္ရွားသည္ဆိုကာ လူ သတ္မႈႏွင့္ သတင္းထိမ္ခ်န္မႈအ တြက္ ေသဒဏ္၊ ဟန္နာဝစ္သာ ရစ္ခ်္ကို အဓမၼျပဳက်င့္မႈအတြက္ ေထာင္ဒဏ္ ႏွစ္ ၂၀၊ ပစၥည္းခိုးမႈ အတြက္ ေထာင္ဒဏ္၂ ႏွစ္၊ ည အခ်ိန္မေတာ္ ေနထုိင္မႈအတြက္ ေထာင္ဒဏ္တစ္ႏွစ္ခြဲ၊ ထုိင္းႏိုင္ငံ အတြင္း ခိုးဝင္မႈအတြက္ ေထာင္ ဒဏ္ေျခာက္လႏွင့္ တရားမဝင္ေနထုိင္မႈအတြက္ ေထာင္ဒဏ္ ေျခာက္လ စသည့္ျပစ္ဒဏ္မ်ားကို ေကာ့စမြီတရား႐ံုးက ၂၀၁၅ ဒီဇင္ ဘာ ၂၄ ရက္တြင္ ခ်မွတ္ခဲ့ျခင္း ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်ပြီး ထိုင်းအစိုးရရှေ့နေ အဖွဲ့သည် မြန်မာလုပ်သားနှစ်ဦး တွင် အပြစ်ရှိကြောင်း တင်ပြရ မည့် အယူခံကို နိုဝင်ဘာ ၁၀ ရက်၌ မတင်ပြနိုင်ပါက အယူခံတရားရုံးသည် မြန်မာအစိုးရက တင် ပြထားသည့် အယူခံကိုကြည့်၍ အမိန့်ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။


လိပ်ကျွန်းလူသတ်မှုကြောင့် သေဒဏ် အပြစ်ပေးခံနေရသော မြန်မာလုပ်သားနှစ်ဦးကို အပြစ် လျှော့ပေါ့ပေးရန် မြန်မာလုပ်သား နှစ်ဦးအတွက် ဆောင်ရွက်ပေးနေ သည့် အဖွဲ့အစည်းများက ယခု နှစ်မေလ ၂၃ ရက်တွင် အယူခံ တင်သွင်းခဲ့သည်။ အယူခံတင် သွင်ထားမှုကို ပြန်လည်ချေပ သည့်အနေဖြင့် မြန်မာလုပ်သား နှစ်ဦးအပေါ် ချမှတ်ထားသည့် ပြစ် ဒဏ်များသည် ခိုင်မာမှုရှိသည့် ပြစ်ဒဏ်သက်သေပြချက်များဖြစ် ကြောင်း တရားလို ထိုင်းအစိုးရ ရှေ့နေအဖွဲ့က နိုဝင်ဘာ ၁၀ ရက် တွင် နောက်ဆုံးအယူခံတင်ပြရန် အယူခံတရားရုံးက အမိန့်ချမှတ် ထားသည်။

တရားလို ထိုင်းအစိုးရရှေ့ နေအဖွဲ့သည် အယူခံတင်ပြရန် မပြည့်စုံသေးသောကြောင့် အယူ ခံရက် ထပ်တိုးတောင်းထားသည် မှာ (၉)ကြိမ်မြောက် ရှိနေပြီဖြစ် သည်။

‘‘ထိုင်းအစိုးရ ရှေ့နေအဖွဲ့ ကိုလည်း အယူခံတင်ပြဖို့ အယူခံ တရားရုံးက အမိန့်ချထားတယ်။ သူတို့ဘက်က အကြိမ်ကြိမ် တိုး တောင်းလာတာပေါ့။ ဒီတစ်ကြိမ် တော့ ရက်တိုးမပေးတော့ဘူး။ လာမယ့် ၁၀ ရက်နေ့မှာ တင်နိုင် ရင်တင်၊ မတင်နိုင်ရင် အန်ကယ် တို့ဘက်က တင်ထားတာကိုပဲ ကြည့်ပြီး အမိန့်ချတော့မယ်လို့ ပြောလာပါတယ်’’ဟု မြန်မာသံရုံး အထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုး သန့်ကပြောသည်။

လာမည့် နိုဝင်ဘာ ၁၀ ရက် တွင် ထိုင်းအစိုးရရှေ့နေအဖွဲ့က အယူခံမတင်ပြပါက မြန်မာလုပ် သားနှစ်ဦး၏ အယူခံကို ယခု နှစ်အတွင်း အမိန့်ချမှတ်ရန် ရှိကြောင်း ၎င်းက ဆက်လက်ပြော သည်။

‘‘သူတို့ဘက်က မတင်ပြ တော့ဘူးဆိုရင်တော့ အယူခံတရားသူကြီးက ဆုံးဖြတ်ရတာ လွယ်တယ်လေ။ ကျွန်တော်တို့တင်ထားတာပဲ ကြည့်ပြီး လုပ်လိုက်ရုံပေါ့။ ဒါပေမဲ့ သူတို့ဘက်ကလည်း တင်ပြလာမယ်ဆိုရင် နှစ်ဖက်ပြန်ကြည့်ရတော့မှာပေါ့’’ဟု မြန်မာသံရုံးအထူးအဖွဲ့မှ ကိုမင်းဦးကပြောသည်။

လိပ်ကျွန်းလူသတ်မှုကြောင့် သေဒဏ်အပြစ်ပေးခံရသော မြန် မာလုပ်သားနှစ်ဦးကို အပြစ်လျှော့ ပေါ့ပေးရန် မြန်မာအစိုးရအဖွဲ့က တင်သွင်းသည့် အယူခံတွင် DNA နှင့်ပတ်သက်သည့် အကြောင်းအရာများ အများဆုံးရေးသားထားပြီး စာမျက်နှာ ၁၉၈ မျက်နှာပါရှိ ကြောင်း သိရသည်။

‘‘ကျွန်တော်တို့ဘက်က ဒီ ကလေးတွေဟာ အပြစ်မရှိဘူး။ DNA စစ်ဆေးတာမှာလည်း လွဲ မှားနေတယ်။ တခြားအကြောင်း အရာတွေမှာလည်း လွဲမှားနေ တယ်ဆိုတဲ့အကြောင်းတွေကို အ ယူခံတင်ထားတာပါ။ ကျွန်တော် တို့က အဲဒါတွေ တင်ထားလို့မို့ အ ယူခံတရားရုံးက ဒီလိုတင်ထား တယ်။ ဖြေရှင်းချက်ပေးဆိုတဲ့ဟာ တရားလိုရှေ့နေထံ တောင်းထား တာ။ အဲဒါတင်တာပါ’’ဟု မြန်မာ သံရုံးအထူးအဖွဲ့မှ ဦးကျော် သောင်းကပြောသည်။

အယူခံဝင်မည့် တရားရုံး သည် အောက်ခြေတရားရုံးဖြစ်ပြီး ယခုတရားရုံး၌ အဆင်မပြေပါက အထက်တရားရုံးများသို့ ထပ်မံ အယူခံတင်သွင်းမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီး ဦးဝင်းမောင်က ပြော သည်။

 မြန်မာလုပ်သားနှစ်ဦးကို ပြစ်မှုထင်ရှားသည်ဆိုကာ လူ သတ်မှုနှင့် သတင်းထိမ်ချန်မှုအ တွက် သေဒဏ်၊ ဟန်နာဝစ်သာ ရစ်ချ်ကို အဓမ္မပြုကျင့်မှုအတွက် ထောင်ဒဏ် နှစ် ၂၀၊ ပစ္စည်းခိုးမှု အတွက် ထောင်ဒဏ်၂ နှစ်၊ ည အချိန်မတော် နေထိုင်မှုအတွက် ထောင်ဒဏ်တစ်နှစ်ခွဲ၊ ထိုင်းနိုင်ငံ အတွင်း ခိုးဝင်မှုအတွက် ထောင် ဒဏ်ခြောက်လနှင့် တရားမဝင်နေထိုင်မှုအတွက် ထောင်ဒဏ် ခြောက်လ စသည့်ပြစ်ဒဏ်များကို ကော့စမွီတရားရုံးက ၂၀၁၅ ဒီဇင် ဘာ ၂၄ ရက်တွင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top