Property Expo
×

ဂ်ကာတာရွိျမန္မာသံ ႐ုံးကို ဗုံးခြဲတုိက္ခုိက္ရန္ ႀကံစည္ ေနသည္ဟု သံသယရွိေသာစစ္ ေသြးႂကြတစ္ဦးကို အင္ဒိုနီးရွားရဲ တပ္ဖြဲ႕က ဖမ္းဆီးလုိက္ၿပီး ၎အ သုံးခ်မည့္ဗုံးလုပ္ပစၥည္းအ ေျမာက္အျမားကို သိမ္းဆည္းႏုိင္ခဲ့ေၾကာင္း အင္ဒိုနီးရွားရဲတပ္ဖြဲ႕ ေျပာေရးဆုိခြင့္ရွိသူကႏုိ၀င္ဘာ ၂၆ရက္တြင္ သတင္းေထာက္မ်ားအား ေျပာၾကားသည္။

 လာမည့္ ဒီဇင္ဘာတြင္ ဂ်ကာတာရွိ ျမန္မာသံ႐ုံး၊ အင္ဒို နီးရွားလႊတ္ေတာ္အေဆာက္အ အုံ၊ ရဲတပ္ဖြဲ႕ဌာနခ်ဳပ္၊ ႐ုပ္ျမင္သံ ၾကားအသံလႊင့္႐ုံ၊ ဆုေတာင္း၀တ္ ျပဳေနရာမ်ားစသည္တုိ႔ကို တုိက္ ခုိက္ရန္စီစဥ္ထားသည္ကိုေတြ႕ရ ေၾကာင္း အင္ဒိုနီးရွားရဲတပ္ဖြဲ႕က ဆုိသည္။ သိမ္းဆည္းရမိေသာ ပစၥည္းမ်ားအရ ၂၀၀၂ခုႏွစ္က လူ ၂၀၂ဦးကို ေသေစခဲ့သည့္ဘာလီဗုံးေပါက္ကြဲမႈတြင္ သုံးခဲ့ေသာဗုံးမ်ားထက္ အဆမ်ားစြာပုိႀကီးမားၿပီး ေပါက္ကြဲအား ႏွစ္ဆပုိျပင္းေစမည့္ဗုံးမ်ားကို ျပဳလုပ္ႏုိင္သည့္ပစၥည္းမ်ားျဖစ္ေနေၾကာင္းအင္ဒုိနီးရွားသတင္းဌာနမ်ားက အစီရင္ခံခဲ့သည္။

သံသယတရားခံသည္ အသက္ (၂၃)ႏွစ္အရြယ္ ရီယုိပရီယတၱနာ၀ီဘာ၀ါဆုိသူျဖစ္ေၾကာင္း၊ စုိက္ပ်ဳိးေရးတကၠသုိလ္မွ ပညာတစ္ပုိင္းတစ္စျဖင့္ ေက်ာင္းထြက္ခဲ့သူ  အလုပ္အလက္မဲ့ျဖစ္ၿပီး ဗုံးျပဳလုပ္နည္းကို ၎ဘာသာသင္ယူထားေၾကာင္း၊ အင္ဒိုနီးရွားႏုိင္ငံတစ္၀န္းေနရာေပါင္း အေျမာက္အျမားတြင္ ေဖာက္ခြဲေရးမ်ားျပဳလုပ္ရန္ အစီအစဥ္ခ်ထားသူျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ေျပာေရးဆုိခြင့္ရွိသူ ဘြိဳင္ရာဖလီအာမာက ေျပာသည္။

၎သည္ အိုင္အက္စ္ကို ေထာက္ခံသည့္ Bahrun Naimအမည္ရွိ အင္ဒိုနီးရွားအဖြဲ႕တစ္ဖြဲ႕ႏွင့္ အခ်ိတ္အဆက္ရွိသည္(သုိ႔မဟုတ္)အဖြဲ႕၀င္ တစ္ဦးျဖစ္သည္ဟု ယုံၾကည္ရေၾကာင္း အင္ဒုိနီးရွားအမ်ဳိးသားရဲတပ္ဖြဲ႕ ေျပာေရးဆုိခြင့္ရွိသူ ရစ္ခ္၀န္တူက ေျပာသည္။ ေဆာ္ဒီအာေရးဗီးယား၊မေလးရွားႏွင့္ တိုင္ေပတုိ႔ရွိ သေဘာထားတင္းမာေသာ အင္ဒုိနီးရွားမ်ားထံမွ ေငြေၾကးေထာက္ပံ့မႈရရွိေနသူဟု ဆုိသည္။

၂၀၁၃ကလည္း အင္ဒိုနီးရွား အစြန္းေရာက္အခ်ဳိ႕သည္ ဂ်ကာတာရွိ ျမန္မာသံ႐ုံးကို ဗုံးခြဲရန္စီစဥ္ခဲ့ဖူးၿပီး အင္ဒုိနီးရွားရဲတပ္ဖြဲ႕က ထုိအႀကံကို ေဖာ္ထုတ္ႏုိင္ခဲ့ၿပီးေနာက္ အင္ဒိုနီးရွားစစ္ေသြးႂကြတစ္ဒါဇင္ေက်ာ္ကို ထုိအႀကံအစည္တြင္ ပါ၀င္မႈျဖင့္ ေထာင္ဒဏ္မ်ားခ်မွတ္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ဂျကာတာရှိမြန်မာသံ ရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည် နေသည်ဟု သံသယရှိသောစစ် သွေးကြွတစ်ဦးကို အင်ဒိုနီးရှားရဲ တပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ၎င်းအ သုံးချမည့်ဗုံးလုပ်ပစ္စည်းအ မြောက်အမြားကို သိမ်းဆည်းနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူကနိုဝင်ဘာ ၂၆ရက်တွင် သတင်းထောက်များအား ပြောကြားသည်။

 လာမည့် ဒီဇင်ဘာတွင် ဂျကာတာရှိ မြန်မာသံရုံး၊ အင်ဒို နီးရှားလွှတ်တော်အဆောက်အ အုံ၊ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရုပ်မြင်သံ ကြားအသံလွှင့်ရုံ၊ ဆုတောင်းဝတ် ပြုနေရာများစသည်တို့ကို တိုက် ခိုက်ရန်စီစဉ်ထားသည်ကိုတွေ့ရ ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဆိုသည်။ သိမ်းဆည်းရမိသော ပစ္စည်းများအရ ၂၀၀၂ခုနှစ်က လူ ၂၀၂ဦးကို သေစေခဲ့သည့်ဘာလီဗုံးပေါက်ကွဲမှုတွင် သုံးခဲ့သောဗုံးများထက် အဆများစွာပိုကြီးမားပြီး ပေါက်ကွဲအား နှစ်ဆပိုပြင်းစေမည့်ဗုံးများကို ပြုလုပ်နိုင်သည့်ပစ္စည်းများဖြစ်နေကြောင်းအင်ဒိုနီးရှားသတင်းဌာနများက အစီရင်ခံခဲ့သည်။

သံသယတရားခံသည် အသက် (၂၃)နှစ်အရွယ် ရီယိုပရီယတ္တနာဝီဘာဝါဆိုသူဖြစ်ကြောင်း၊ စိုက်ပျိုးရေးတက္ကသိုလ်မှ ပညာတစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်ခဲ့သူ  အလုပ်အလက်မဲ့ဖြစ်ပြီး ဗုံးပြုလုပ်နည်းကို ၎င်းဘာသာသင်ယူထားကြောင်း၊ အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းနေရာပေါင်း အမြောက်အမြားတွင် ဖောက်ခွဲရေးများပြုလုပ်ရန် အစီအစဉ်ချထားသူဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဘွိုင်ရာဖလီအာမာက ပြောသည်။

၎င်းသည် အိုင်အက်စ်ကို ထောက်ခံသည့် Bahrun Naimအမည်ရှိ အင်ဒိုနီးရှားအဖွဲ့တစ်ဖွဲ့နှင့် အချိတ်အဆက်ရှိသည်(သို့မဟုတ်)အဖွဲ့ဝင် တစ်ဦးဖြစ်သည်ဟု ယုံကြည်ရကြောင်း အင်ဒိုနီးရှားအမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရစ်ခ်ဝန်တူက ပြောသည်။ ဆော်ဒီအာရေးဗီးယား၊မလေးရှားနှင့် တိုင်ပေတို့ရှိ သဘောထားတင်းမာသော အင်ဒိုနီးရှားများထံမှ ငွေကြေးထောက်ပံ့မှုရရှိနေသူဟု ဆိုသည်။

၂၀၁၃ကလည်း အင်ဒိုနီးရှား အစွန်းရောက်အချို့သည် ဂျကာတာရှိ မြန်မာသံရုံးကို ဗုံးခွဲရန်စီစဉ်ခဲ့ဖူးပြီး အင်ဒိုနီးရှားရဲတပ်ဖွဲ့က ထိုအကြံကို ဖော်ထုတ်နိုင်ခဲ့ပြီးနောက် အင်ဒိုနီးရှားစစ်သွေးကြွတစ်ဒါဇင်ကျော်ကို ထိုအကြံအစည်တွင် ပါဝင်မှုဖြင့် ထောင်ဒဏ်များချမှတ်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top